—————————————————————————
စက်တင်လာ ၃
The Kaladan Post
၂၀၂၅ခုနှစ်၊ စက်တင်ဘာလ၂ရက်နေ့တွင် အညာ‌မြေတပ်ပေါင်းစုမှ Drone team ဖွဲ့စည်းကြောင်း ကြေညာချက်ထုတ်ပြန်ထားပါသည်။ အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး အညာမြေတပ်ပေါင်းစုရဲ့ တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့အညာမြေတပ်ပေါင်းစုကနေ ထပ်မံဖွဲ့လိုက်တဲ့ Drone team မှာတော့ ဒရုန်းမစ်ရှင်ဦးဆောင်သူနှစ်ဦး၊ ဗုံးထုတ်လုပ်ရာမှာ ဦးဆော်သူနှစ်ဦးနဲ့ ဒရုန်းအဖွဲ့မှာ ရဲဘော်၂၅ဦးပါဝင်ပါတယ်။ အဆိုပါရဲဘော်တွေက ဒရုန်းနဲ့ပတ်သက်တဲ့ ပညာတွေ မတတ်မြောက် သေးလို့ အခုတချိန်တစ်လခန့်စနစ်တကျသင်ကြားပေးနေပါတယ် နောက်ထပ်လည်းပေးပါဦးမယ် ဟု “The Kaladan Post သို့ပြောဆိုသည်။ ထို့အပြင် ယခုခေတ်စစ်ပွဲများသည် သမာရိုးကျစစ်ပွဲများ မှ ခွဲထွက်လာပြီး နည်းပညာအသုံးပြုမှုကို နှစ်ဘက်စလုံးမှ ပြောင်းလဲနေပြီဖြစ်သည်။ အညာမြေ တပ်ပေါင်းစုသည် စစ်ကောင်စီကိုတိုက်ခိုက်ရာတွင် ဒရုန်းကိုအသုံးပြုခဲ့ကြသော်လည်း တိုက်ခိုက်မှု ပိုမိုထိရောက်အောင် Drone team ကို သီးသန့်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဤနည်းပညာများကို လေ့လာသင်ယူကာ တော်လှန်ရေးတွင် ပိုမိုအသုံးပြုနိုင်အောင် ပြည်သူလူထု၏ ပံ့ပိုးဝန်းရံမှုသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေပါလို့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
အညာမြေတပ်ပေါင်းစုသည် တိုက်ခိုက်မှုအတွင်းဒရုန်းများကို ပိုမိုထိရောက်စွာ အသုံးပြုလာနိုင်ရန် အတွက် – ၁ ။ အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသော နည်းပညာများဖြင့် ရန်သူကို အထိရောက်ဆုံး ရင်ဆိုင်နိုင်ရန်။
၂ ။ ပြည်သူများအား လုံခြုံမှု ပိုမိုပေးစွမ်းနိုင်ရန်။
၃။ မြေပြင်တွင်သာမက ဝေဟင်ဖြင့်ပါ ရန်သူကို တုန့်ပြန် ရင်ဆိုင်နိုင်ရန် ။
၄ ။ နည်းပညာကျွမ်းကျင်သော လူငယ်များအား လူမှန်နေရာမှန်ထားခြင်းဖြင့် တော်လှန်ရေးတွင် မိုပိုစိတ်အားတက်ကြွစေရန်။
၅ ။ ပိုမိုစည်းလုံး ညီညွတ်စွာဖြင့် တော်လှန်ရေးအရှိန်မြှင့်တင်ရန်။ စသည့် ရည်ရွယ်ချက်များဖြင့်
drone team အဖွဲ့အား ထပ်မံ၍ ဖွဲ့စည်းခြင်းဖြစ်ကြောင်း ၎င်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။
ဤဖော်ပြချက်များသည် ခေတ်မီစစ်ရေးနည်းပညာများကို လေ့လာသင်ယူပြီး တော်လှန်ရေး အတွက် အသုံးပြုလိုသည့် စိတ်ဓာတ်နှင့် ကြိုးပမ်းအားထုတ်မှုကို ထင်ရှားစွာ ပြသထားပါသည်။ ဒရုန်းနည်းပညာကဲ့သို့ ခေတ်မီစစ်ရေးနည်းစနစ်များကို ကျွမ်းကျင်စွာ အသုံးပြုရန် လေ့ကျင့်သင် ကြားမှုများပြုလုပ်နေခြင်းသည် အဖွဲ့၏ စွမ်းရည်မြှင့်တင်ရေးနှင့် ရည်မှန်းချက်ကြီးမားမှုကို ထင်ဟပ်စေပါသည်။
အညာမြေတပ်ပေါင်းစု drone team မှ ဒရုန်းမစ်ရှင်များကို စွမ်းစွမ်းတမံဖော်ဆောင် ၊အောင်ပန်းဆင် သွားပါမည်။ ရိုးသားစွာဖြင့် ၊ခံယူချက်မှန်ကန်စွာဖြင့် တော်လှန်ရမည်ဆိုသည်က အညာမြေတပ်ပေါင်း စု၏ မူဝါဒတွေထဲက မူဝါဒကို ကိုင်ဆောင်ထားသော တပ်ဖွဲ့ဖြစ်ပါသည်။