မေးမြန်းသူ – RAIN

ဖြေဆိုသူ – Bawi Nu ၊ အတွင်းရေးမှူး၊ Kuki Women’s Human Rights Organization

 

RAIN – မိဘပြည်သူများ အားလုံးပဲ မင်္ဂလာပါရှင် ။ The Kaladan Post ရဲ့ Youth and women’s affairs program ကနေပြီးတော့ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ် interview အစီအစဉ်မှာတော့ ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်အရုံးရဲ့ အတွင်းရေးမှု ဆရာမ Bawi Nuကို ဖိတ်ခေါ်ထားပါတယ်။ မင်္ဂလာပါ ဆရာမ ။

 

Bawi Nu –  မင်္ဂလာပါ ဆရာမရေ ။

 

RAIN – ဟုတ်ကဲ့ပါ ။ အခုလိုမျိုး ကျွန်မတို့ကို အချိန်ပေးပြီးတော့မှ လာရောက်ပေးတဲ့ အတွက် အများကြီး ကျေးဇူးတင်ပါတယ်ရှင့် ။

 

Bawi Nu –  ဟုတ်ကဲ့ပါ ရှင့် ။

 

RAIN – ဟုတ်ကဲ့ပါ ။ ဆိုတော့ ပထမဦးဆုံး အနေနဲ့ ဒါ ဆရာမရဲ့ နာမည်လေး ရယ် ပြီးတော့ ဆရာမတို့က အခု ကူကီးအမျိုးသမီးဆိုင်ရာ ပေါ့နော် ။ လူ့အခွင့်အရေးအဖွဲ့အစည်း ဘယ်အချိန်ကတည်းက စတင်တည်ထောင်ခဲ့လဲ ဆိုတာရယ် ပြီးတော့မှ ဘယ်လို ရည်ရွယ် ချက်တွေနဲ့ ဖွဲ့စည်းတည်ထောင်ခဲ့လဲ ဆိုတာလေးကို အရင်ဦးဆုံး အနေနဲ့ မိဘ ပြည်သူများကို မိတ်ဆက်ပေးပါဦးရှင့် ။

 

Bawi Nu –  ဟုတ်ကဲ့ပါ ။ အားလုံးပဲ မင်္ဂလာပါ ။ ကျွန်မ နာမည်ကတော့ Bawi Nu ဖြစ်ပါ တယ် ။ လက်ရှိမှာတော့ ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံးမှာ အထွေထွေအတွင်းရေးမှူး အနေနဲ့ တာဝန်ယူထားပါတယ်ရှင် ။ ကျွန်မတို့ ကူကီးအမျိုးသမီး များဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံးက ၈၈ အရေးခင်း ပြီးနောက် ထွက်ပြေး တိမ်းရှောင် လာခဲ့ကြတဲ့ ကူကီး အမျိုးသမီးတွေ ကနေ စတင် ပြီးမှ သက္ကရာဇ် ၂၀၀၇ မှာ စပြီး တည်ထောင် ခဲ့တဲ့ အဖွဲ့ ဖြစ်တဲ့ ပေါ့နော် ။ စတင် တည်ထောင်ရတဲ့ အဓိက မျှော်မှန်းချက်ပေါ့နော်။ မျှော်မှန်းချက်က ဆိုလို့ ရှိရင် တော့ ကျွန်မတို့ မြန်မာပြည်ကြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ Federal Democracy ဖြစ်ပေါ်လာ ဖို့ ရယ် ။ ကူကီး တမျိုးသားလုံး ဖွံ့ဖြိုး တိုးတက် ရေး နဲ့ အမျိုးသမီးတွေ က ဦးဆောင်မှု အခန်း ကဏ္ဍ သီးသီး မှာ ပါဝင်လာရေး ကို မျှော်မှန်းပြီး မှ ဖွဲ့စည်းခဲ့ကြတာ ပေါ့နော် ။ ဆိုတော့ အဲ့လို ပါပဲ ။ နောက် တစ်ခု က ကျတော့ ဒီလို မျှော်မှန်းချက် တွေ ပြည့်မှီဖို့ ဆိုတဲ့ ရည်မှန်းချက် ပေါ့နော် ။ ဘာလို့မျိုးတွေ ကျွန်မတို့ မှာ ရည်မှန်းချက် သုံးချက် ရှိတယ် ။ ခေတ် အဆက်ဆက် ပေါ့ ။ ခေတ် အဆက်ဆက် မှာ အစိုးရ အဆက်ဆက် က နေပြီး မှ ကူကီး လူမျိုးတွေ အပေါ် မှာ အခြေခံ လူ့အခွင့်အရေး ကို ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်နေတဲ့ ဟာ တွေ ကို အဆုံးသတ်စေရေး ပေါ့ နော် ။ အဲ့ဒါ ကို ကျွန်မတို့ က ရည်မှန်းချက် ထားပါတယ် ။ နောက် တစ်ခု က ကျတော့ စစ်အာဏာရှင် အစိုးရ ပြိုကွဲပြီး မှ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ နဲ့ ပြန်လည် ထူထောင်ရေး ကို ဦးတည် ဆောင်ရွက် ဖို့ ။ ပြီးလို့ ရှိရင် တော့ လူမှု နိုင်ငံရေး နယ်ပယ် သီးသီး မှာ အမျိုးသမီးတွေ ရဲ့ ပါဝင်မှု အခန်းကဏ္ဍ ကို မြှင့်တင်ပြီး မှ လူထု ကြား မှာ လူ့အခွင့်အရေး နဲ့ ပတ်သက်တဲ့ အသိပညာ တွေ လူ့အခွင့်အရေး နဲ့ ပတ်သက်တဲ့ စံတန်ဖိုး တွေ မြှင့်တင်လာ ဖို့ သဘော ရည်မှန်းပြီး မှ လုပ်ဆောင်ကြတဲ့ အဖွဲ့ ဖြစ်ပါတယ် ပေါ့ နော် ။ လက်ရှိမှာတော့ ကျွန်မတို့ စတင် ဖွဲ့စည်းတဲ့ အချိန်ကနေ ယနေ့ အချိန် ထိ တော့ စစ်ကိုင်းတိုင်း အထက်ပိုင်း မှာ ကျွန်မတို့ အဓိက လှုပ်ရှား ဆောင်ရွက်နေတဲ့ အဖွဲ့ ဖြစ်ပါတယ် ရှင့် ။

 

RAIN – ဟုတ်ကဲ့ပါ ။ ကျေးဇူးတင်ပါတယ် ။ ဆိုတော့ ခုန ဆရာမ ပြောတဲ့ အထဲ မှာ ဒါ အမျိုးသမီးတွေ ရဲ့ အခွင့်အရေး ဆိုင်ရာ နဲ့ ပတ်သက်ပြီးတော့မှ အများကြီး ပြောသွားတယ် ပေါ့နော် ။ ဒီ အတွက် လည်းပဲ ဆရာမတို့ များ အများကြီး လုပ်ဆောင်နေတယ် ဆိုတာကို ကြားသိရတာ ဆိုရင်တော့ အင်မတန်မှ အားရ ဝမ်းမြောက်စရာ ဖြစ်ပါတယ်။ ဆိုတော့ ထိုနည်းတူပဲ ဒီ တော်လှန်ရေး ကာလမှာ ဆိုလို့ ရှိရင် ဟို လူငယ်တွေ နဲ့ အမျိုးသမီးတွေ ရဲ့ ပါဝင်မှု ကဏ္ဍ ပေါင်းစုံ ကနေပြီးတော့မှ ဦးဆောင်မှု ကဏ္ဍတွေက ဟို အရင်ကထက် ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဒါ တွေ့ရှိနေရတယ် ပေါ့နော် ။ ဆိုတော့ ဒီလိုမျိုး လူငယ်တွေ ပြီးတော့ အဓိက အနေနဲ့ အမျိုးသမီးတွေ အနေနဲ့ အခုလိုမျိုး ကဏ္ဍစုံ ကနေပြီးတော့မှ ဦးဆောင်မှု အခန်းကဏ္ဍကို ဆရာမ အနေနဲ့ ဘယ်လို များ သုံးသပ်ထားပါလဲပေါ့နော် ။ ပြီးတော့မှ ဒီ ထက် ပိုပြီးတော့မှ ပါဝင်မှု ပူးပေါင်းပါဝင်မှု မြှင့်တင်ပေးဖို့ အတွက်ရော ဘယ်လိုတွေ ပူးပေါင်း ဆောင်ရွက်သင့်တယ် လို့ ဆရာမ အနေနဲ့ ထင်မြင်ယူဆထားပါလဲရှင့် ။

 

Bawi Nu –  ဒီ ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီး နောက် မြန်မာပြည်ရဲ့ တော်လှန်ရေး ရဲ့ အရည်အချင်းက အရင် ခေတ် တုန်းက နှစ်ပေါင်း ၇၀ ကျော် တိုင်းရင်းသားတွေ တိုက်လှန်ခဲ့တဲ့ တော်လှန်ရေး နဲ့တော့ နည်းနည်းလေး တော့ ကွဲသွားတယ် ။ ဘာဖြစ်လို့ လဲ ဆိုလို့ ရှိရင် မြန်မာနိုင်ငံ တစ်ဝှမ်း အကုန်လုံး ပူးပေါင်း ပါဝင် ကြတဲ့ တော်လှန်ရေး ဖြစ်တယ် ။ အဲ့ဒီ ထဲ မှာ မှ အမျိုးသမီးတွေရော လူငယ်တွေရော ကိုယ်ရဲ့ တတ်ကျွမ်းတဲ့ကဏ္ဍ ကနေပြီးမှ ဒီ တော်လှန် ရေးမှာ အင်တိုက်အားတိုက် ပါဝင် ကြတဲ့ အခင်းအကျင်း ဖြစ်တယ်ပေါ့နော် ။ ဆိုတော့ စစချင်း ရှေ့ထွက်ပြီး မှ ဥပမာ သပိတ်တွေ ဖြစ်စေ ပေါ့နော် ။ နောက်ပြီးတော့ ဆန္ဒပြတဲ့ နေရာမှာ ဆိုလို့ ရှိရင်လည်း ပြန်ကြည့် မယ် ဆိုလို့ ရှိရင် လူငယ်နဲ့ အမျိုးသမီးတွေက အဓိက ထားပြီး မှ လုပ်ဆောင်လာခဲ့ကြတဲ့ အခင်းအကျင်း ဖြစ်တယ်ပေါ့နော် ။ ဆိုတော့ ဒါပေမဲ့လည်း ဒီ ဆက်လက်ပြီး မှ အခု အချိန် အခြေအနေ မှာ ကျတော့ ဒီ ဦးဆောင်မှု အခန်းကဏ္ဍ ပြောရမလား ။ ဆုံးဖြတ်ချက်ချတဲ့ အခန်းကဏ္ဍတွေ မှာ ကတော့ ပါဝင်လာတဲ့ အရေအတွက် က အရမ်းကို နည်းတာကို စိတ်မကောင်းစရာ နဲ့ တွေ့ရတယ် ပေါ့နော် ။ ဆိုတော့ ပြောချင်တာ က တော့ တစ်နိုင်ငံလုံး အတိုင်းအတာ မှာ အစုအဖွဲ့တွေက အများကြီးရှိတယ် ။ အစုအဖွဲ့ အစုအဖွဲ့ တိုင်းမှာပဲ ။ ဒါပေမဲ့ တချို့တော့ အစုအဖွဲ့တွေ ကျတော့ အရမ်းကို ဟို ဘယ်လို ပြောမလဲ ။ ဂုဏ်ယူစရာ လုပ် ပြောရမှာလား ။ အမျိုးသမီးတွေ ပါဝင်မှု လူငယ်တွေ ရဲ့ ပါဝင်မှု ပြီးတော့ LGBTQ တွေ ရဲ့ ပါဝင်မှုကို အခန်းကဏ္ဍကို မြှင့်တင်ပေးထားတဲ့ အစုအဖွဲ့တွေ လည်း ရှိတယ် ။ ဒါပေမဲ့ လည်း အရမ်းရှားတယ်ပေါ့နော် ။ ဆိုတော့ ဒီလိုမျိုး အစုအဖွဲ့တွေ ပါဝင်ဖို့ အခင်းအကျင်း လုပ်ဆောင်ပေးတဲ့ အသိုင်းအဝိုင်းက အရမ်းရှားတယ် လို့ ပြောလို့ ရတယ် ပေါ့နော် ။ ဆိုတော့ ဒီ ဟာ ကြောင့် လည်း ကျွန်မတို့ ရဲ့ ဒီ တော်လှန်ရေးကြီးက ပိုပြီးမှ ရှည်ကြာတာများ ဖြစ်မလား ဆိုတဲ့ဟာ လည်း ကျွန်မ ကတော့ သုံးသပ်မိတယ် ပေါ့နော် ။

 

RAIN – ဟုတ်ကဲ့ပါ ။ ဆိုတော့ လက်ရှိ အချိန် မှာ ဆိုလို့ ရှိရင် လည်း ဒါ စစ်ကောင်စီ အနေနဲ့ ဒါ ရွေးကောက်ပွဲ ပြုလုပ်ဖို့ ကို အကြိတ်အနယ် ကြိုးစားနေတဲ့ ကာလ ဖြစ်တယ် ပေါ့နော် ။ ဆိုတော့ စစ်ကောင်စီ အနေနဲ့ ကျင်းပဖို့ စီစဉ်နေတဲ့ ဒီ အတုအယောင် ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီးတော့ ဘာတွေရော ကူကီး အမျိုးသမီး အဖွဲ့ရဲ့ ရပ်တည်ချက် က ဘာများ ဖြစ်မလဲ ပေါ့နော် ။ ပြီးတော့ ပြည်သူ လူထု အနေနဲ့ ရော ဒီ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ ရော ဒီ ရွေးကောက်ပွဲ အပေါ် မှာ ဘယ်လိုတွေ တုံ့ပြန်ပြီးတော့ ဆောင်ရွက်သင့်တယ် လို့ အကြံပြုချင်ပါလဲ ရှင့် ။

 

Bawi Nu –  မေးခွန်းမှာလည်း ပါသွားတဲ့ အတိုင်းပဲ ပေါ့နော် ။ အတုအယောင် လေနော် ။ ဒါက အမှန် စစ်မှန် မဟုတ် ။ တရားမျှတမှု မရှိဘူး ။ အတုအယောင် ဖြစ်နေတာ ။ နောက် တစ်ခုက ဘယ်လို မှ ကို ဟို ဘယ်လို ပြောမလဲ ။ ပြောရမယ် ဆိုလို့ ရှိရင် တော့ စစ်ကောင်စီ နဲ့ သူ့ရဲ့ အပေါင်းအပါတွေ က နိုင်ငံရေး ထွက်ပေါက် နေ နဲ့ ဒီ ကောင် ကို သွား က Show အနေနဲ့ လုပ်ပြမယ့် သဘောပုံစံ ပေါ့နော် လို့ ဖြစ်တယ် ။ ပြောရမယ် ဆိုတာ လည်း Show ပေါ့ ။ Show ပြတာ ပေါ့နော် ။ ဆိုတော့ အဲ့လို သဘောတော့ ဖြစ်တယ် ။ ဒါကြောင့် မို့လို့ ကျွန်မတို့ ပြည်သူ ပြည်သားတွေ က မဲ ထည့်ထည့် မထည့်ထည့် သူ့ မှာ က ရလဒ်က သူ့ အတွက် က ရှိထားပြီးသားပဲ ။ ဒါပေမဲ့တော့ ကျွန်မတို့ ဟို ပြည်သူတွေ အနေနဲ့ ကတော့ ဒီအတိုင်း ပြောရမယ် ဆိုလို့ ရှိရင် တော့ တော်တော်တော့ ခက်ပါတယ် ။ မြန်မာပြည်ထဲ မှာ ရှိနေတဲ့ ပြည်သူတွေ ဥပမာ သူတို့ ရဲ့ မဲ ဆန္ဒနယ်အထဲ မှာ အကျုံးဝင်တဲ့ ပြည်သူတွေ ကတော့ မသွားနဲ့ လို့ ပြောလို့ မရဘူး လေနော် ။ အထဲ မှာ ရှိနေတယ် ။ သူတို့ မှာ လက်နက် ရှိတယ် ။ သူတို့ မထင်မထင် သလို လုပ်နိုင်တဲ့ လူ တွေ ဖြစ်တဲ့ လူ လူ့ စိတ်တောင် မရှိတော့ဘူး ပေါ့ ။ ဆိုတော့ ကျွန်မတို့ ပြည်သူတွေ ရဲ့ အတတ်နိုင်ဆုံး ကျွန်မတို့ လုပ်နိုင်တာ မဲ မထည့်ဖို့ပဲ ။ ဒါပေမဲ့ လည်း တချို့တော့ ပြည်သူတွေ အတွက်တော့ လွန်ဆန်နိုင် ဖို့ တော့ ခက်ခဲတော့ ဖြစ်လိမ့်မယ် ။ ဒါပေမဲ့ ကျွန်မတို့တွေ က ထုတ်ဖော် ပြောရမှာပဲ ။ ဒီ လုပ်မယ့် ဒီ အတုအယောင် ရွေးကောက်ပွဲ ဆိုတဲ့ ဟာ က လုံးဝ ကို တရားမျှတမှု ရှိမယ့် ဟာ မဟုတ်ဘူး ဆိုတဲ့ ဟာ ကို ကမ္ဘာ က သိအောင် ကျွန်မတို့ က ထုတ်ဖော် ပြောရမယ့် တာဝန်တော့ ကျွန်မတို့မှာ ရှိတယ် ။ ဒီဟာနဲ့ ပတ်သက်ပြီး မှ ကျွန်မတို့ ပြည်သူတွေ ကတော့ အတတ်နိုင်ဆုံး ဒီ ဟာ ကို မဲ မထည့်အောင် အတတ်နိုင်ဆုံး ပေါ့ ။ မသွားတာ ကတော့ အတတ်နိုင်ဆုံး ကောင်းတယ် ပေါ့ ။ ဒါပေမဲ့ လုံးဝ ပြောလို့ တော့ မရဘူး ။ ဒါပေမဲ့ သွားသွား မသွားသွား သူ ကတော့ မဲ တွေ သန်းခေါင်စာရင်းထဲက စာရင်း ဇယားတွေ အတိုင်း သူတို့ ကောက်ထားတာ လေနော် ။ ထည့်ဖို့ သွားသွား မသွားသွား သူ ထည့်တော့ ထည့်နေမှာ ပဲ ။ ဆိုတော့ အဲ့ဒီ သဘောတော့ ရှိတယ် ။ ဒါကြောင့် မို့လို့ ဒီ ရွေးကောက်ပွဲ က ဘယ်လို နည်းနဲ့ မှ မျှတတဲ့ အရာ ဖြစ်မှာ မဟုတ်ဘူး ပေါ့ ။ ဆိုတော့ ဘယ်လို ပဲ လုပ်လုပ် ရလဒ် အတွက် ကို သူ့ မှာ ပြင်ထားပြီးသား ပဲ လေနော် ။ ဆိုတော့ ဘယ်လို မှ တရားမျှတမှု ဖြစ်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး ပေါ့ ။

 

RAIN – ဟုတ်ကဲ့ပါ ။ ဆိုတော့ ဒါ တော်လှန်ရေး ကာလဟာ ဆိုလို့ ရှိရင် လည်း လေးနှစ် ကျော် ငါးနှစ်တာ ကာလမှာ ပေါ့နော် ရောက်ရှိလာပြီ ဖြစ်တယ် ။ ဆိုတော့ ဒီ ကာလ အတွင်း မှာ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ အချင်းချင်း ကြား မှာ ဒါ ပဋိပက္ခလေးတွေ အငြင်းပွားမှုလေးတွေလည်း ကြုံတွေ့နေရတာ ဖြစ်တယ်ပေါ့နော် ။ ဒီ အပေါ်မှာ မိဘ ပြည်သူတွေ အနေနဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်နေတာကို တွေ့ရတယ် ။ ဆိုတော့ ဆရာမ အနေနဲ့ရော ဒီတော်လှန်ရေး အဖွဲ့အစည်းတွေ အနေနဲ့ လက်ရှိ တော်လှန်ရေး ကာလမှာ တစ်စုတစ်စည်းထဲနဲ့ ပိုမိုပြီးတော့မှ စည်းလုံး ညီညွတ်စွာနဲ့ပဲ ပူးပေါင်း ဆောင်ရွက်နိုင် ဖို့ ဘယ်လိုမျိုး ချဉ်းကပ်နည်းတွေ လိုအပ်တယ် လို့ ထင်မြင်ယူဆထားပါလဲ ရှင့် ။

 

Bawi Nu –  ကျွန်မတို့ မြန်မာပြည်မှာ က တော်လှန်ရေး လုပ်နေတဲ့ အစုအဖွဲ့တွေက အများကြီး ရှိနေတယ် ပေါ့နော် ။ အများကြီး ရှိနေတယ် ။ ပြီးလို့ ရှိရင် တစ်စုတစ်စည်းတည်း ရှိနေတဲ့ ဟာတွေ ရှိ သလို တချို့က တစ်စုတစ်စည်းတည်း မရှိနေတဲ့ ဟာတွေ ရှိတယ် ပေါ့ ။ ဆိုတော့ အဲ့ဒါတွေ အတွက်ကို ရင်လေးစရာ ကောင်းတယ် ။ ဒါကြောင့် မို့လို့ လည်း ကျွန်မတို့ ရဲ့ ဒီ ကြမ်းဖက် စစ်ကောင်စီ ကို တွန်းလှန် တော်လှန်တဲ့ နေရာမှာ မလိုအပ်ဘဲ နဲ့ အရမ်း ရှည်ကြာနေတဲ့ ခရီး ကို ကျွန်မတို့ လျှောက်နေရတယ်လို့ ကျွန်မ ကတော့ သုံးသပ်မိတယ် ။ ဘာဖြစ်လို့လဲဆိုလို့ ရှိရင် ကျွန်မတို့တွေ က အစုအဖွဲ့တွေ တစ်ဖွဲ့ချင်းစီ ရဲ့ လုပ်ဆောင်မှုတွေ ပုံစံတွေ ကျွန်မတို့ မတူဘူး ဆိုပေမယ့်လည်း ကျွန်မတို့ ပုံလုံးတွေ ရဲ့ ပင်မ ပေါ့နော် ။ ပင်မ ကျွန်မတို့ ရဲ့ မျှော်မှန်းထားတာ က စစ်အာဏာရှင် စနစ် ချုပ်ငြိမ်း ဖို့ပဲ ။ ဆိုလိုချင်တော့ သူ့ကို ကျွန်မတို့ တိုက်ထုတ် ဖို့ ပဲ ။ ဆိုတော့ ဘုံ ရည်မှန်းချက် ကတော့ အတူတူပဲ ။ လုပ်ဆောင်ပုံ ပဲ ကျွန်မတို့ မတူကြတာပေါ့နော် ။ တစ်ယောက်ကတမျိုး လက်နက်ကိုင် တော်လှန်တဲ့ လူ ရှိသလို တချို့က လက်နက် မကိုင်ဘဲ နဲ့ လည်း စစ်ကောင်စီကို against လုပ်နေတဲ့ အဖွဲ့တွေ လည်း ရှိတာ ပါပဲ ။ ဆိုတော့ ဒါပေမဲ့ လည်း ဘုံ ရည်မှန်းချက် က ကျွန်မတို့ က ဒီ စစ်အာဏာရှင် အမြစ်ပြတ် ဖို့ အတွက် ကျွန်မတို့ ရဲ့ ဘုံ ရည်မှန်းချက်ဖြစ်တဲ့ အခါ ကျတော့ အစုအဖွဲ့တွေ တိုင်း အစုအဖွဲ့တွေတိုင်းက ကျွန်မတို့ တစ်စုတစ်စည်းတည်း စုစည်းနိုင်တဲ့ အခင်းအကျင်း လွှမ်းခြုံနိုင်တဲ့ အခင်းအကျင်း တစ်နိုင်ငံလုံး ကတော့ လွှမ်းခြုံနိုင်တဲ့ အခင်းအကျင်း ဖြစ်ဖို့ ကတော့ ရှာ ခက်ခဲလိမ့်မယ် ။ နားလည် လက်ခံတယ် အဲ့ဒါ ကိုတော့ လေ ။ ဒါပေမဲ့ လည်း ဥပမာ ထားပါတော့ ဟို ပြည်နယ်နဲ့ တိုင်းတွေ ရှိတယ် ။ တိုင်းအလိုက် မှာ ဆိုလို့ ရှိရင် လည်း ဥပမာ တိုင်း တစ်တိုင်း မှာ ရှိနေတဲ့ ကျွန်မတို့ ဆို စစ်ကိုင်းတိုင်း ။ စစ်ကိုင်းတိုင်း မှာ ရှိနေတဲ့ အစုအဖွဲ့တွေ အကုန်လုံး စုစည်းနိုင်တဲ့ ယန္တရားplatform တစ်ခုပေါ်လာဖို့တော့ လိုအပ်တယ်။ အဲ့လို ယန္တရား platform တစ်ခု ပေါ်လာဖို့ အတွက် ဆိုလို့ ရှိရင် ဘယ်သူကိုမှ ချန်ထားခဲ့လို့ မရတဲ့ နည်းနဲ့ ကျွန်မတို့ သွားရမှာ ။ ပြောချင်တာ က စစ်ကိုင်းတိုင်း ထဲ မှာ က စစ်ကိုင်းတိုင်း မှာ က ဟုတ်တယ် ။ ဗမာ လူမျိုးတွေ များတယ် ။ ဒါပေမဲ့ လည်း တိုင်းရင်းသားတွေ အများကြီး ရှိတယ် ။ ဥပမာ ကျွန်မတို့ ဆိုလို့ ရှိရင် လည်း စစ်ကိုင်းတိုင်း မှာ နေတဲ့ တိုင်းရင်းသား ကူကီးတွေ ဖြစ်တယ် ။ နောက်ပြီးတော့ နာဂတွေ လည်း ရှိတယ် ။ ရှမ်းတွေ ရှိတယ် ။ ကဒူးတွေ ၊ ဂနန်းတွေ ၊ တခြားသော ဟာတွေ လည်း ရှိတယ် ။ ဆိုတော့ ဒီလိုမျိုးတွေ အကုန်လုံး ပါဝင်တဲ့ စုရပ်တစ်ခု နဲ့ platform တစ်ခု ဖြစ်လာ ဖို့ က ဒီ အခု လောလောဆယ် ခေါင်းဆောင် ပိုင်းတွေ မှာ တာဝန်ယူနေတဲ့ လူတွေက ဒါ ကို အဓိက ထားပြီး လုပ်ရမယ် ။ ဥပမာ ကိုယ့် ရဲ့ တခြား တခြားသော မဲင်းသိတ် တွေ ကို ပဲ အရမ်းကြီး ကိုင်စွဲနေရမယ့် အချိန် မဟုတ်တော့ဘူး လို့ တော့ ကျွန်မ ပြောချင်တယ် ။ အကုန်လုံး စုစည်းနိုင်မယ့် platform ကို ကျွန်မတို့တွေ ဘယ်သူ မှ လာလုပ်ပေးမှာ မဟုတ်ဘူး ။ ကိုယ်တွေ အချင်းချင်း ပဲ ပေါ့နော် ။ လောလောဆယ် မှာ ခေါင်းဆောင် လုပ်နေတဲ့ လူတွေ အချင်းချင်း ခုနက ပြောသလို ပဲ ဘုံ ရည်မှန်းချက် တူညီတယ် ဆိုလို့ ရှိရင် တော့ လုပ်ဆောင် ပုံစံ ကျွန်မတို့ မတူရင်တောင်မှ ကျွန်မတို့ စုစည်းလို့ ရတယ် လေနော် ။ ဘုံ ရည်မှန်းချက် မတူမှ သာ ကျွန်မတို့ စုစည်း ဖို့ အတွက် က ခက်မှာ ဖြစ်တယ် ပေါ့နော် ။ ဆိုတော့ အကုန်လုံး ကို ဘယ်သူ ကို မှ ချန်မထားခဲ့တဲ့ စနစ် နဲ့ စုစည်းနိုင်တဲ့ ယန္တရား တစ်ခု ပေါ်လာဖို့ အရမ်းကို လိုအပ်ပါတယ်လို့ ။

 

RAIN – ဟုတ်ကဲ့ပါ ။ ဆိုတော့ ဆရာမက အခု အချိန် မှာ ဆိုလို့ ရှိရင် လည်း ကူကီး အမျိုးသမီး ဆိုင်ရာ လူ့အခွင့်အရေး အစည်းအရုံး နဲ့ ပေါ့နော် ။ ဒါ လှုပ်ရှားနေတဲ့ သူ တစ်ဦး အနေနဲ့ ရော ဒါ အနာဂတ် Federal Democracy နိုင်ငံတော်သစ် တည်ဆောက်တဲ့ အခါ ကျလို့ ရှိရင် ဆရာမတို့ ကူကီး အမျိုးသမီး အဖွဲ့ရဲ့ အဓိက မျှော်မှန်းချက်တွေ ဒါ ရည်ရွယ်ချက်တွေ က ဘာများ ဖြစ်မလဲ ။ ဒီ ရည်မှန်းချက်တွေ အောင်မြင် ဖို့ အတွက် ရော အဖွဲ့အစည်း အနေနဲ့ ဘယ်လို အခန်းကဏ္ဍကနေပြီးတော့မှ ပါဝင်သွားဖို့ စီစဉ်ထားတာမျိုး ရှိ လဲ ရှင့် ။

 

Bawi Nu –  ခုနက ကျွန်မ ပြောတဲ့ ကျွန်မတို့ ရဲ့ အဖွဲ့ ရဲ့ မျှော်မှန်းချက် မှာ လည်း ပါတယ် ပေါ့နော် ။ ကျွန်မတို့ ကူကီး တစ်မျိုးသား ထဲ ငြိမ်းချမ်း ဖို့ မဟုတ်ဘဲ မြန်မာနိုင်ငံ တစ်ဝှမ်း မှာ စစ်မှန်တဲ့ Federal Democracy ပေါ်ပေါက်လာ ဖို့ ကို ကျွန်မတို့က အဓိက မျှော်မှန်းထားတယ် ပေါ့နော် ။ ဆိုတော့ အခု ကာလ မှာ ဆိုလို့ ရှိရင် လည်း ဒီ မြန်မာပြည် မှာ အခု ဟာက အခင်းကျင်းက နိုင်ငံ ရဲ့ အခင်းကျင်းက လုံးဝ ကို မတူတော့ဘူး ။ အရင် ခေတ်တွေ နဲ့ တော့ မတူတော့ဘူး ။ ဆိုတော့ မြန်မာပြည် မှာ တကယ်ကို လိုအပ်တာ က bottom up Federal နဲ့ ပတ်သက်တဲ့ နိုင်ငံတော်သစ် ပဲ ကျွန်မတို့ အတွက် ။ ကျွန်မတို့ကတော့ မျှော်လင့်တယ် ။ အဲ့ဒီ မှာ တောင် မှ bottom up Federal ဆိုတဲ့ နေရာ တောင် မှ ကျွန်မတို့ မှာ တိုင်း၊ ပြည်နယ်နဲ့ တိုင်း တိုင်း မှာ လူမျိုး တိုင်း ရှိတယ် ။ ဆိုတော့ မြန်မာပြည် က အရင်တုန်းက လူမျိုးကြီးတွေ ကနေ လုပ်ထားတဲ့ သူ့ ရဲ့ လူမျိုးကြီး ဖြစ်သည်မှု နဲ့ တခြားသော ဌာနေတိုင်းရင်းသားတွေကို လွှမ်းမိုးတာ တွေ ဟို အဲ့လိုမျိုး ဖြစ်တဲ့ ဟာတွေ မဖြစ်သင့်ဘူး ။ ဆိုတော့ ကျွန်မတို့ ဒီ အနာဂတ် Federal မြန်မာနိုင်ငံ ပေါ့နော် ။ Federal တည်ဆောက်တဲ့ နေရာမှာ bottom up Federal ကို လုံးဝ ကျွန်မတို့ မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသားတွေ အကုန်လုံး တွန်းရမယ် ။ အဲ့ဒီ ထဲ မှာ တောင် မှ မြန်မာပြည် ထဲ မှာ နေတဲ့ မူရင်း ဌာနေတိုင်းရင်းသားတွေ လည်း သူ့ ရဲ့ လူမျိုး ဖြစ်တည်မှုကို ကျွန်မတို့က အသိအမှတ်ပြု ပေးရမယ် ။ အဲ့ဒီ ပြီးလို့ ရှိရင် ကြီးနိုင်ငယ်ညှဉ်းတဲ့ နိုင်ငံတော် စနစ်က ပေါ်ထွက်လာမယ် ။ အဲ့ဒီ အဲ့ဒီ အခါ ကျ မှ ကျွန်မတို့ မြန်မာ တစ်နိုင်ငံလုံး က ငြိမ်းချမ်းပြီး တရားမျှတတဲ့ စနစ် ပေါ်ထွက်လာမှာ ဖြစ်တယ် ပေါ့နော် ။ ကျွန်မတို့ လူမျိုး ကတော့ အဲ့လိုမျိုးကို ပဲ ကျွန်မတို့ ကူကီး လူမျိုး အနေနဲ့ က bottom up Federal ဖြစ်ရမယ် ။ ပြီးလို့ ရှိရင် ဌာနေတိုင်းရင်းသားတွေ နဲ့ တခြားသော သူ့ ရဲ့ လူမျိုး ဖြစ်သည်မှုတွေ ကို အသိအမှတ်ပြု ပေးတဲ့ နိုင်ငံတော်သစ် ကို ပဲ ကျွန်မတို့က မျှော်လင့်ပါတယ် လို့ ။

 

RAIN – ဟုတ်ကဲ့ပါ ။ ဆိုတော့ ဒါ နွေဦး တော်လှန်ရေး အောင်မြင် ဖို့ အတွက် ဒါ ပြည်သူ လူထု အနေနဲ့ ရော ဘယ်လို နည်းလမ်းတွေ ပြီးတော့ ဘယ်လို ကဏ္ဍတွေကနေ ပိုပြီးတော့မှ ပူးပေါင်း ပါဝင်သင့်တယ် လို့ အကြံပြုချင်ပါလဲ ရှင့် ။ ဒီ အထူးသဖြင့် ပေါ့နော် ။ အမျိုးသမီးတွေ နဲ့ ကလေးသူငယ်တွေ အတွက် ဘယ်လိုမျိုး ပံ့ပိုးမှုတွေ လိုအပ်နေသေးတယ် လို့ ဆရာမ အနေနဲ့ မြင်မိပါလဲ ရှင့် ။

 

Bawi Nu –  ဟုတ်ကဲ့ ။ နွေဦး တော်လှန်ရေး အောင်မြင် ဖို့ အတွက်ကို ကျွန်မတို့ ဒီ တော်လှန်ရေး တစ်ခုလုံး အောင်မြင် ဖို့ အတွက် ကျွန်မတို့ မြန်မာနိုင်ငံ မှာ ရှိတဲ့ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား အားလုံး ပါဝင်စေတယ် လို့ တော့ ကျွန်မ ပထမဦးဆုံး ပြောချင်တယ် ပေါ့နော် ။ ဘာလို့ လဲ ဆိုရင် စစချင်း အာဏာသိမ်းပြီး ကတည်းက ကျွန်မတို့ ပြည်သူတွေ ရဲ့ လုပ်ဆောင်ခဲ့တဲ့ ဟာတွေ ကို ပြန်ကြည့် မယ် ဆိုလို့ ရှိရင် အရမ်း ချီးကျူးစရာ ကောင်းတယ် ကျွန်မတို့ ပြည်သူတွေ က ပေါ့နော် ။ ဘာလို့ လဲ ဆိုလို့ ရှိရင် ခေတ် အဆက်ဆက် မှာ ကျွန်မတို့ မြန်မာနိုင်ငံ က အစိုးရ အဆက်ဆက် ရဲ့ ဖိနှိပ် ချုပ်ချယ်မှု အောက် မှာ နေခဲ့ကြတာ ဖြစ်တယ် ။ ဒါပေမဲ့ လည်း ဒီ ၂၀၂၁ အာဏာသိမ်းတဲ့ အချိန်မှာ ကျွန်မတို့ မြန်မာနိုင်ငံ တစ်ဝှမ်း တောင်ပေါ် မြေပြန့် အကုန် ဒီ ဟာ က မတရားဘူး ဆိုတာကို လည်း မြင်တယ် ။ မတရားတာကို လည်း မတရားတဲ့ အကြောင်း ကို ကျွန်မတို့က တွန်းလှန်ရမယ့် တာဝန် ရှိတယ် ဆိုတဲ့ အသိစိတ် နဲ့ ပြည်သူ ပြည်သား တိုင်း က ပူးပေါင်းပါဝင်ကြတယ် ပေါ့နော် ။ အများစု ပေါ့နော် ။ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတွေက အရမ်း တာဝန်ကျေတယ် လို့ တော့ ကျွန်မ ပထမဦးဆုံး ပြောချင်တယ် ။ ကျွန်မတို့တွေ အရမ်း တာဝန်ကျေကြတယ်ပေါ့နော် ။ ဒါပေမဲ့ လည်း တစ်ဖက် မှာ ကျွန်မတို့ ပြည်သူတွေက ဆက်လက်ပြီး မှ ဘယ်လို ပူးပေါင်းရမလဲ ဆိုလို့ ရှိရင် ဒီ အကြမ်းဖက်တဲ့ စစ်တပ်တွေ ၊ စစ်အာဏာရှင် ၊ အကြမ်းဖက်တဲ့ စစ်အာဏာရှင် စနစ် လုံးဝ ချုပ်ငြိမ်းသွားတဲ့ အထိကို ကျွန်မတို့က ဆက်ပြီး တိုက်ပွဲဝင်နေရမှာ ။ ဆိုတော့ အဲ့ဒီ ထဲ မှာ မှ ကျွန်မတို့ အမျိုးသမီးတွေ ၊ တခြားသော ဌာနေတိုင်းရင်းသား လူ လူမျိုးနွယ်စု ငယ်တွေ ရော ပိုပြီး မှ တခြား လူတွေထက်တော့ ဆက်ပြီး ကျွန်မတို့ ဆက်ပြီး တွန်းတိုက် ရဦးမယ့် အရာတွေ တော့ ရှိတယ် ။ ဥပမာ ဆိုလို့ ရှိရင် အမျိုးသမီးတွေ ကဏ္ဍ နဲ့ ဆိုလို့ ရှိရင် လည်း ကျွန်မတို့ အမျိုးသမီးတွေက တစ်ဖက် မှာ စစ်အာဏာရှင်ကို လည်း တော်လှန် သလို တစ်ဖက် မှာ လည်း ဒီ patriarchy စနစ်ကို တော်လှန်နေတာ ကျွန်မတို့ အမျိုးသမီးတွေက ။ အဲ့လိုပဲ နှစ်ခု ကို လုပ်နေရတာ ပေါ့နော် ။ တခြား ပုံမှန် လူတွေ ထက်စာ လို့ ရှိရင် အဲ့လိုမျိုး လုပ်နေရတယ် ။ နောက် တစ်ခု က ကျွန်မတို့ ဌာနေတိုင်းရင်းသား ဥပမာ လူမျိုးနွယ်စုငယ်တွေ ဆိုလို့ ရှိရင် လည်း ထိုနည်းလည်းကောင်းပဲ ။ စစ်အာဏာရှင်ကို လည်း တော်လှန်တယ် ။ ပြီးလို့ ရှိရင် ဒီမှာ လူမျိုးကြီး ဝါဒ ကို ချုပ်ငြိမ်းဖို့ အတွက်ကိုလည်း ကျွန်မတို့ တွန်းလှန် တိုက်ပွဲ ဝင်နေရတဲ့ အခြေအနေ ဖြစ်တယ် ။ ဆိုတော့ ကျွန်မတို့က ဆက်ပြီးတော့ တွန်းလှန်ရမှာပဲ ။ ကျွန်မတို့ မျှတတဲ့ လူကို လူလို တန်ဖိုးထားပြီး မှ ခွဲခြား ဆက်ဆံမှု မရှိတဲ့ အကုန်လုံး လူတိုင်း တန်းတူ ညီတူ အခွင့်အရေး ရနိုင်တဲ့ အဆင့်ထိ ကတော့ ကျွန်မတို့က ဆက်ပြီး တော်လှန်နေကြမှာ ဖြစ်တယ် ။ ဒါကြောင့် မို့လို့ ကျွန်မတို့ အားမလျှော့သင့်ဘူး ။ ဆက်ပြီး မှ လည်း ကျွန်မတို့ အခု အချိန် လုပ်နေရတဲ့ ဒီ ဟာတွေ အကုန်လုံးက ကျွန်မတို့ ဒီ လောကမှာ အသက်ရှင်နေတဲ့ အချိန်မှာ အသီးအပွင့် ကို တွေ့ရချင် မှ တွေ့ရလိမ့်မယ် ။ ဒါပေမဲ့ နောင် တစ်ချိန်ချိန်မှာ ကျွန်မတို့ ရဲ့ သားသမီး ဖြစ်စေ ၊ မြေး မြေးတွေ ဖြစ်စေ မှာတော့ အကျိုးသက်ရောက်မှု ကတော့ ရှိမှာ ဖြစ်တယ် ။ တစ်ချိန်ချိန်တော့ ကျွန်မတို့ ရဲ့ တော်လှန်ရေးက လုံးဝ အောင်မြင်မှာတော့ မှန်တယ် ။ ဒါပေမဲ့ ဘယ် အချိန် ဆိုတဲ့ အပိုင်းအသား ကတော့ ခေါင်းဆောင်တွေ အပေါ်မှာတော့ မူတည်တာ ပေါ့နော် ။ ဆိုတော့ ကျွန်မတို့ ရဲ့ တော်လှန်ရေး အရွေ့ မြန်ခြင်း ၊ နှေးခြင်း က သူတို့ အပေါ် မှာ လည်း မူတည် သလို ကျွန်မတို့ ပြည်သူတွေက လည်း တော်လှန်ရေး ဘက်တော်သားတွေ အပေါ်မှာ ကျွန်မတို့ ဘယ်လိုမျိုးတွေ နဲ့ ဘယ်လို နည်းလမ်း နဲ့ ကျွန်မတို့ ကူညီ ပံ့ပိုးပေးနိုင်မလဲ ။ ဘယ်လို နည်းလမ်း နဲ့ ကျွန်မတို့တွေ တာဝန်ယူသင့်သလဲ ဆိုတဲ့ ဟာကိုတော့ ကျွန်မတို့ အကုန်လုံးတွေ မှာ ဆက်ပြီး မှ အချင်းချင်း အပြန်အလှန် ပံ့ပိုးပြီး မှ လုပ်ဆောင်ဖို့ တော့ လိုအပ် သေးတယ် ပေါ့နော် ။

 

RAIN – ဟုတ်ကဲ့ပါ ။ နောက်ဆုံး အနေနဲ့ ပေါ့နော် ။ ဒီ နွေဦး တော်လှန်ရေး ရဲ့ နောက်ဆုံး ရလဒ်ကိုရော ဆရာမ အနေနဲ့ ဘယ်လိုတွေ မျှော်လင့်ထားလဲ ပေါ့နော် ။ ဒီလို ရလဒ် ကောင်းတွေ ရရှိအောင် လို့ ဆရာမတို့ ကူကီး အမျိုးသမီး အဖွဲ့ အနေနဲ့ ရော ဘယ်လို ကတိကဝတ်တွေ နဲ့ ဆက်ပြီးတော့မှ ကြိုးပမ်းသွားမလဲ လို့ မိဘ ပြည်သူတွေကို ပြောပြ လိုပါလဲ ရှင့် ။

 

Bawi Nu –  ဟုတ်ကဲ့ ။ ဒီ နွေဦး တော်လှန်ရေး ဒီ တော်လှန်ရေး ရဲ့ နောက်ဆုံး ရလဒ်ကတော့ ဘယ်လို နည်းနဲ့ပဲဖြစ်ဖြစ် ကျွန်မတို့က အောင်မြင်ခြင်း ပန်းတိုင် နဲ့ ကျွန်မတို့ နိုင်အောင် တိုက်ရမှာ ပေါ့နော် ။ မနိုင်မချင်း ကျွန်မတို့ တိုက်နေရမှာ ဖြစ်တယ် ။ ဆိုတော့ တစ်ချိန်ချိန်မှာတော့ ကျွန်မတို့ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတွေ ရဲ့ မျှော်လင့်တဲ့ ကျွန်မတို့ တရားမျှတတဲ့ လုံးဝ ကို စစ်မှန်တဲ့ အကုန်လုံး ပါဝင်နိုင်တဲ့ မြန်မာနိုင်ငံသစ် ဖြစ်လာ ဖို့ အချိန်ထိ ကို ကျွန်မတို့က ဆက်ပြီး တော်လှန်ကြရမယ် ။ ကျွန်မတို့တွေ လည်း မျှော်လင့်တယ် ။ ယုံ လည်း ယုံကြည်တယ် ။ လုံးဝ ကျွန်မတို့ ဒီ တော်လှန်ရေး မှာတော့ ကျွန်မတို့ လုံးဝ အောင်မြင်စွာ နဲ့ ကျွန်မတို့ လုပ်နိုင်မှာ တော့ ကျွန်မတို့ ယုံကြည်တယ် ။ ဒါကြောင့် မို့လို့ အကုန်လုံး ပူးပေါင်း ပါဝင်ပြီး မှ ကျွန်မတို့ ဆက်ပြီး လုပ်သွားရမှာ ပေါ့နော် ။ ဆိုတော့ ကျွန်မတို့ ကူကီး အမျိုးသမီး အဖွဲ့ အနေနဲ့ ဆိုလို့ ရှိရင်တော့လည်း ထိုနည်းလည်းကောင်းပါပဲ ။ ဒီ မတရားတာကို ငြိမ်ခံနေမယ့် အဖွဲ့ ထဲ မှာတော့ ကျွန်မတို့ မပါဘူး ။ မတရားတာကို မတရားတဲ့ အတိုင်း ခုခံ တော်လှန်မယ့် အဖွဲ့ ထဲ မှာ ပါတယ် ။ ဆိုတော့ ကျွန်မတို့ ကူကီး အမျိုးသမီး အဖွဲ့ ဆိုလို့ ရှိရင် လည်း ကျွန်မတို့က အားလုံး မြန်မာနိုင်ငံမှာ ကျွန်မတို့ အားလုံး ပါဝင်နိုင်တဲ့ စစ်မှန်တဲ့ Federal Democracy နဲ့ ကျင့်သုံးတဲ့ နိုင်ငံတော်သစ် ကို မျှော်မှန်းတယ် ။ အဲ့ဒီ လို မျှော်မှန်း သလို ပဲ ကျွန်မတို့ ကတော့ ကျွန်မတို့ ရဲ့ ကျရာ ကဏ္ဍကနေ ကျွန်မတို့ လုပ်နိုင်တဲ့ ကဏ္ဍကနေ ကတော့ အာဏာရှင် မှန်သမျှကို တိုက်ဖျက်တဲ့ နေရာမှာ အမြဲတမ်း ပါဝင်နေမယ် ။ ဆက်ပြီး လည်း လုပ်သွားမှာ ဖြစ်ပါတယ် လို့ ။ ကျွန်မတို့တွေ အကုန်လုံး ဒီလိုမျိုး ပူးပေါင်း ပါဝင်ခြင်းကြောင့် တစ်ချိန် ကျလို့ ရှိရင် တော့ ကျွန်မတို့ ရဲ့ မြန်မာနိုင်ငံဟာ လုံးဝ စစ်မှန်ပြီး မှ Federal Democracy စနစ် နဲ့ နိုင်ငံသစ် အနေနဲ့ ကျွန်မတို့ မြင်တွေ့ရမှာ ဖြစ်ပါတယ် လို့ ။

 

RAIN – ဟုတ်ကဲ့ပါ ။ အခုလို ဖြေကြားပေးတဲ့ အတွက် ကျေးဇူး အများကြီး တင်ပါတယ် ရှင့် ။

 

Bawi Nu –  ဟုတ်ကဲ့ပါ ။ ကျေးဇူး အများကြီး တင်ပါတယ် ဆရာမရေ ။