ဇူလိုင် ၃၁

The Kaladan Post

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာရဲစခန်းမှ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့အား MSRF၊ YPDF နှင့် KNLA တပ်ရင်း (၂၇) တပ်ခွဲ (၁) တို့ မှ ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၇:၁၀ တွင် ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Mon State Revolution Force ၏ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး Mon State Revolution Force ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိတလညဏ်က “ ပထမ တိုက်ပွဲ‌ပေါ့နော် ဒီအနင်းရဲစခန်းကနေထွက်လာတဲ့ စစ်ကောင်စီတွေဟာဆိုလို့ရှိရင် သူတို့အနေနဲ့ကတော့ အဲ့ဒီနယ်မြေတွေမှာ လှည့်လည်ပြီးတော့ တော်လှန်ရေးတပ်ဖွဲ့တွေရှိရင် တိုက်တဲ့ကင်း တိုက်ကင်းဖြစ်ပါတယ် ဒုတိယ တိုက်ပွဲကတော့ ကျွန်မတို့ဘက်ကနေပြီး သွားရောက်ပြီးတော့ ဝင်ရောက်ပစ်ခတ်တဲ့ ပြောက်ကြားစစ်ဆင်ရေးဖြစ်တယ် ပထမ တိုက်ပွဲကချုံခိုတိုက်ခိုက်တာဖြစ်ပြီးတော့ ဒုတိယ တိုက်ပွဲကတော့ဝင်ရောက်ပစ်ခတ်တာဖြစ်တဲ့ ပြောက်ကြားစစ်ဆင်ရေးဖြစ်တဲ့ အတွက်ကြောင့် ကျွန်မတို့ အနေနဲ့ လျင်လျင်မြန်မြန်ဘဲဝင်တိုက်တယ်ပြီးတော့ ကျွန်မတို့အနေနဲ့ အောင်မြင်စွာနဲ့ဘဲ ခွါစစ်ဆင်နိုင်ခဲ့တာပါဟု ‘The Kaladan Post သို့ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ နိုင်ငံ‌ရေးတွက်ပေါက်ရဖို့အတွက်ကို ရွေးကောက်ပွဲမဖြစ်ဖြစ်အောင် လုပ်မှာဖြစ်ပါတယ် ဒီမဖြစ်ဖြစ်အောင်လုပ်နည်းမှာလည်းဘဲ မတရားတဲ့ ဥပဒေတင်းကျပ်မှာဖြစ်ပြီး အပြင်းအထန်လုပ်ပြီးတော့ ဆက်လက်လုပ်ဆောင်နေမှာဖြစ်ပါတယ် ဒီလုပ်ဆောင်မှုပေါ်မှာ ကျွန်မတို့အနေနဲ့ကလည်း စစ်အာဏာရှင်ကို အမြစ်ဖြတ်မှာဖြစ်တဲ့အတွက်ကြောင့် စစ်ရေးအရအရှိန်မြှင့်မှာ ဖြစ်တဲ့ဲ့တွက်ကြောင့် ပြည်သူလူထုအနေနဲ့ စစ်အာဏာရှင်ကို သက်စိုးရှည်စေမည့် ရွေးကောက်ပွဲမှာပါဝင်ခြင်း မပြုဖို့ ကျွန်မအနေနဲ့ တိုက်တွန်းလိုပါတယ်ဟု ဆက်လက်ပြော ဆိုသည်။  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၁၁:၃၀ တွင် ရေးမြို့နယ်၊ ကွမ်ကျိုက်ကျေးရွာ အနီးရှိ စစ်ကောင်စီ၏ ကင်းစခန်းကို အဆိုပါတော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်များမှ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့သည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ၃၀ ကြိမ်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ သော်လည်း တော်လှန်ရေးတပ်များသည် အောင်မြင်စွာ စစ်ဆင်ရေးများ ဆောင်ရွက်နိုင်ခဲ့သည်။ ဤစစ်ဆင်ရေးများတွင် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) လက်အောက်ရှိ မွန်ပြည်တော်လှန် ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) နှင့် KNLA တပ်ရင်း (၂၇) တပ်ခွဲ (၁) တို့ ပူးပေါင်းပါဝင်ခဲ့သည်။