ဖေဖေါ် ၂၃
The Kaladan Post
အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီး အမိတ်ရှား (Amit Shah) က အိန္ဒိယနိုင်ငံအနေဖြင့် နာဇယ် (Naxal) သူပုန်ပြဿနာကို ဖြေရှင်းနိုင်ခဲ့သကဲ့သို့ တရားမဝင် ဝင်ရောက်လာသူများ ကိစ္စကိုလည်း ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ လာမည့် ၅ နှစ်အတွင်း တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို မဲပေးပိုင်ခွင့်စာရင်း (Electoral Rolls) မှ ပယ်ဖျက်ရုံသာမက နိုင်ငံအတွင်းမှပါ ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်ကြောင်း ၎င်းက အခိုင်အမာ ပြောဆိုခဲ့သည်။
ထို့အပြင် အတိုက်အခံ ကွန်ဂရက်ပါတီခေါင်းဆောင် ရာဟူးဂန္ဒီ (Rahul Gandhi) ကိုလည်း ဝေဖန်တိုက်ခိုက်ခဲ့ပြီး၊ ရာဟူးဂန္ဒီက တရားမဝင် ဝင်ရောက်လာသူများကို ဖယ်ရှားမည်ဟု ပြောဆိုခဲ့ဖူးသော်လည်း လက်တွေ့တွင် ကွန်ဂရက်ပါတီအနေဖြင့် ထိုသို့ လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း၊ အကြောင်းမှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများသည် ကွန်ဂရက်ပါတီ၏ မဲဆန္ဒရှင် အခြေခံလူတန်းစား (Vote Bank) ဖြစ်နေသောကြောင့် ဖြစ်ကြောင်း အမိတ်ရှားက ထောက်ပြ ပြောဆိုခဲ့သည်။
အာဏာရ BJP ပါတီအနေဖြင့် အမျိုးသားလုံခြုံရေးကို ဦးစားပေးကာ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများနှင့် တရားမဝင် နေထိုင်မှုများကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖြေရှင်းသွားမည့် သဘောထားကို ထပ်လောင်း အတည်ပြုလိုက်ခြင်းလည်း ဖြစ်သည်။
Source: DNA India