ဩဂုတ် ၄
The Kaladan Post
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းရှိ ပဲခူးရိုးမရှိ မင်းလှသည်ဘောင်တွင် စကစ တပ်မှ ထွက် ပြေးလာသော တပ်သား စောထူးဖော (ပစ-၁၅၇၂၇၄) နှင့် စောအယ်ကညော (ပစ-၁၅၇၂၇၇) တို့အား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက် နံနက် ၈ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅၊ ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး တပ်ဖွဲ့ရဲ့တာဝန်ရှိသူက “ စစ်ကောင်စီကနေထွက်ပြေးလာတဲ့သူတွေက စုစုပေါင်း ၆ ယောက်ရှိပါတယ် ကျွန်တော်တို့ ဖမ်းမိတာက ၂ယောက်ပါခင်ဗျ တခြားလူငယ် ၄ယောက်ကိုတော့ မဖမ်းမိပါဘူး သူတို့ အစီအစဥ်နဲ့သူတို့ပြေးကြတာဆိုတော့ ဘယ်ကိုထွက်ပြေးလဲမသိပါဘူး ပြီးတော့ ယခုဖမ်းဆီးထား သူတွေကိုလည်း မကြာမီပြန်ပြီးလွှတ်ပေးမှာဖြစ်ပါတယ် “ဟု The Kaladan Post သို့ပြောဆိုသည်။ စောထူးဖောသည် အုတ်ဖိုမြို့နယ်မှဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ မတ်လ ၁၄ ရက်တွင် သစ်ရောင်း၍ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် တောင်သုံးလုံးရွာသစ်တွင် စစ်ကောင်စီတပ်၏ ပေါ်တာဆွဲခံခဲ့ရသူဖြစ်သည်။ စောအယ်ကညော သည် မင်းလှမြို့နယ်မှဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် ကိုင်းပြင်ကြီးရွာထိပ်တွင် ဝါးခုတ်နေစဉ် စစ်ကောင်စီတပ်၏ ပေါ်တာဆွဲခံခဲ့ရကြောင်း ၎င်းတို့၏ ပြောဆိုချက်အရ သိရှိရသည်။ ၎င်းတို့ သည် သက်ဆိုင်ရာမြို့နယ်ထွေအုပ်ရုံးများမှတဆင့် ရန်ကုန်တိုင်း၊ လှည်ကူးမြို့နယ်၊ ရဲမွန်တပ်မြို့ရှိ သင်တန်း ကျောင်းသို့ ပို့ဆောင်ခံခဲ့ရပြီး စစ်မှုထမ်း အပတ်စဉ်(၁၂)အဖြစ် ၁၁ ပတ်ကြာ စစ်သင်တန်းတက်ခဲ့ရသည်။ ထို့နောက် ရခိုင်ပြည်နယ်သို့ ပို့ဆောင်ရန် လှိုင်မြို့နယ်ရှိ ဘုရင့်နောင် စစ်ကြောရေးစင်တာတွင် လူစုနေစဉ် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်တွင် ၎င်းတို့အပါအဝင် တပ်သားသစ် ၄ ဦးနှင့်အတူ ထွက်ပြေးခဲ့ခြင်းဖြစ် ကြောင်း ၎င်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။၎င်းတို့သည် မတရားပေါ်တာဆွဲခံရပြီး စစ်ကောင်စီ တပ်ထဲသို့ အတင်းအဓမ္မထည့်သွင်းခံခဲ့ရသူများဖြစ်သည်။ ၎င်းတို့၏ ထွက်ပြေးမှုမှာ ၎င်းတို့၏ ကိုယ်ပိုင် အစီအစဉ်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မည်သည့်နေရာသို့ ဦးတည်မည်ကို မသိရှိရပေ။ သို့သော် ၎င်းတို့အား ပြန်လည်လွတ်မြောက်ရန် စီစဉ်ထားကြောင်း သိရှိရသည်။ ဤဖြစ်ရပ်သည် စစ်ကောင်စီ၏ မတရားပေါ်တာ ဆွဲခြင်းနှင့် အတင်းအဓမ္မစစ်မှုထမ်းခိုင်းစေမှုများကို ထင်ရှားစေသည့် သာဓကတစ်ခုဖြစ်သည်။ ဖမ်းဆီးရမိ ထားသူများအား လွတ်မြောက်ရေးအတွက် ဆောင်ရွက်မည်ဖြစ်ပြီး ၎င်းတို့၏ လွတ်လပ်မှုနှင့် လုံခြုံမှုအ တွက် ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။