————————————————————————
ဇူလိုင် ၂၅
The Kaladan Post
ချောင်းဦးမြို့၊ ဆည်မြောင်းရုံးအနီး မုံရွာ-မန္တလေးလမ်းမကြီးပေါ်သို့ ဆိုင်ကယ် ၂စီးဖြင့် ကင်းပုန်းဝပ်ရန် ထွက်လာသော စစ်ကောင်စီ တပ်သား ၄ဦးသည် ၂၀၂၅ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ နံနက်၅နာရီခွဲ ခန့်တွင် Brave Heart Army – BHA အဖွဲ့နှင့်မဟာမိတ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း BHA ၏ထုတ်ပြန် ချက်အရသိရသည်။
အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီးBrave Heart Army – BHA တပ်ဖွဲ့ရဲ့တာဝန် ရှိသူ တစ်ဦးက “ ဒီတိုက်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများဟာဆိုရင် တိုက်ပွဲအပြီး အချိန်အတော်ကြာမှ စကစတွေက အင်အားအလုံးအရင်း အသုံးပြုပြီး လာကောက်သွား ပါတယ်ခင်ဗျ အဲ့ဒီလာကောက်သွားတဲ့ စစ်ကောင်စီတွေကို ကျွန်တော်တို့ဘက်က လက်နက်ခဲ့ယမ်းများ လိုအပ်ချက်တွေကြောင့် တိုက်ခိုက်လို့မရပါဘူး ပြီးတော့ဒီတိုက်ပွဲမှာတောင် ကျွန်တော်တို့က ရဲဘော် တစ်ယောက်ကို အနည်းဆုံး ကျည်(၁၅၀)အထက်ပေးရတာဆိုတော့ တိုက်ပွဲဖော်ဆောင်ဖို့အတွက် ငွေကြေးက အင်မတန်အရေးကြီးပါတယ်” ဟု The Kaladan Post သို့ပြောဆိုသည်။ ဒါ့အပြင် ကျွန်တော်တို့တပ်ဖွဲ့နှင့်မဟာမိတ်တပ်ဖွဲ့များသည် အကြမ်းဘက် စစ်ကောင်စီကို ဆက်လက်တိုက်ခိုက် သွားမှာဖြစ်တဲ့အတွက် တော်လှန်ပြည်သူများအနေဖြင့် တိုက်ပွဲ့အတွက်လိုအက်လျက်ရှိသော လက်နက် ခဲယမ်းများ ဝယ်ယူစုဆောင်းနိုင်အောင် မိမိစေတနာရှိစွာဖြင့် တတ်နိုင်သလောက် ကူညီထောက်ပံ့ပေး ကြပါရန် Brave Heart Army – BHA ဖွဲ့ရဲ တာဝန်ရှိသူက မေတ္တာရပ်ခံထားပါသည်။ Brave Heart Army -BHA တပ်ဖွဲ့သည် ဘဏ္ဍာငွေအား ပုံမှန်ရရှိသော လစဥ်ဝင်ငွေမရှိဘဲ ပြည်သူတွေက ထောက်ပံ့ တာလည်းကိုစုဆောင်းပြီး လက်နက်ခဲယမ်းများဝယ်ယူကာ တိုက်ပွဲများစွာကို အောင်မြင်စွာ ဖော်ဆောင် နိုင်သောတပ်ဖွဲ့ဖြစ်ပါသည်။ ထိုကြောင့် တိုက်ပွဲ့များ ဆက်လက်ဖော်ဆောင်နိုင်ရန်အတွက် တော်လှန် ပြည်သူ ပီသစွာတတ်နိုင်သမျှဖြင့် ဝိုင်းဝန်းကူးညီထောက်ပံ့ပေးကြရန် လိုအပ်ကြောင်းနှင့် Brave Heart Army _ BHA Page ကနေပြီးတော့ ဝင်ငွေတွေတိုးလာအောင် Facebook Page နှင့် Telegram ကို Like / Share and Follow ဖြင့်အားပေးကူညီနိုင်ပါကြောင်း တပ်ဖွဲ့ရဲ့တာဝန် ရှိသူက တိုက်တွန်းထား ပါသည်။ ၎င်းတိုက်ပွဲသည် စစ်ကောင်စီတပ်ဖွဲ့များ ထွက်လာသည်ကို ကြိုတင် သတင်းရရှိထားသဖြင့် Brave Heart Army နှင့် ချောင်းဦးမြို့နယ် ပကဖ အမှတ် (၁) တိုက်နယ် တိုက်ခိုက်ရေးတပ်စိပ် တို့ ပူးပေါင်း၍ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား (၄) ဦးလုံးသေဆုံးခဲ့သည့်အပြင် ဆိုင်ကယ် ၂ စီး၊ MA 3 ၁ လက်၊ MA 11 ၃ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ ဖုန်း ၂ လုံး၊ ၅.၅၆ ကျည် ၄၀၀ တောင့် သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်စဉ်အတွင်း တော်လှန်ရေး ရဲဘော်များ ထိခိုက်မှု့မရှိပဲ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပါသည်။ ပြည်သူများအနေဖြင့် တိုက်ပွဲသတင်း များရရှိသည်နှင့်အမျှ ကျေးရွာထဲမှာမနေကြဘဲ ကျေးရွာအပြင်ဘက်ကို ထွက်ပြေးကာ လုံခြုံသည့်နေရာ များသို့ ထွက်ပြေးတိန်းရှောင်ကြရန်လိုအပ်ကြောင်း Brave Heart Army -BHA ရဲ့တာဝန်ရှိသူက အကြံ ပြုထားပါသည်။
