အောက်တို ၉
The Kaladan Post
ယင်းမာပင်ခရိုင်၊ ကနီမြို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့၊ နေ့လည် ၁၂ နာရီ ၄၀ မိနစ် အချိန်က ကနီမြို့စောင့်တပ်မှ ကင်းလှည့်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်အင်အား ၂၀ ခန့်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း KLG – PDF ကျောက်လုံးကြီး တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါသည်။
အဆိုပါသတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး KLF – PDF ကျောက်လုံးကြီးတပ်ဖွဲ့ရဲတာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့မဟာမိတ်ပူးပေါင်းတပ်တွေက ကနီမြို့စောင့်တပ်မှ ကင်းလှည့်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်အင်အား ၂၀ ခန့်ကို စောင့်ကြိုပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ဒီတိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်ဖက်က ၇ယောက် သေဆုံးပြီးတော့ ဒဏ်ရာရရှိသူတွေကိုတော့ အတိအကျမသိရသေးပါဘူး ကျွန်တော်တို့က ဂမ်းတွေ အကုန်ကောက်မယ်လုပ်တဲ့အချိန်မှ စခဖက်က တပ်ကူလာတဲ့အတွက် ဂမ်းနှစ်ချောင်းဘဲ ကောက်ခဲ့ ရပြီးနောက်ပြန်ဆုတ်ခဲ့ရတာပေါ့ ပြီးတော့ ဒီတိုက်ပွဲဟာ မိနစ် ၂၀ကျော်ကြာ အပြင်းအထန်ဖြစ်ခဲ့ပါ တယ် ဟု” The Kaladan Post သို့ ပြောဆိုသည်။ ၎င်းတိုက်ပွဲကို ယင်းမာပင်ခရိုင် (၉+ အဖွဲ့ဝင်) ဗျူဟာ(၄၅) KLG PDF နှင့် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) လှုပ်ရှားတပ်စိပ်(၁)တို့မှ ပူးပေါင်းစီစဉ်ကာ ရပ်ကွက်(၃)အတွင်း စောင့်ကြိုတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဖက်မှ ထိခိုက်မှုမရှိဘဲ ဘေးကင်းစွာပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်းသိရသည်။ ဤတိုက်ခိုက် မှုသည် စစ်ကောင်စီတပ်ဖွဲ့များ၏ လှုပ်ရှားမှုကို ကြိုတင်စီစဉ်ထားသည့် ဗျူဟာမြောက်တိုက်ခိုက်မှု ဖြစ်ပြီး၊ KLG PDF နှင့် ပကဖ ရဲဘော်များ၏ ညှိနှိုင်းဆောင်ရွက်မှုကြောင့် အောင်မြင်စွာ ဆောင် ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့သည့် အပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ MA-1 သေနတ် ၁ လက်နှင့် MA-11 သေနတ် ၁ လက်တို့ ကို သိမ်းဆည်းရရှိခဲ့သည်။ယခုလို စစ်ကောင်စီတပ်ဖွဲ့များကို ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ခြင်းသည် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စည်းလုံးညီညွတ်မှုနှင့် ဗျူဟာမြောက်စွမ်းဆောင်ရည်ကို ပြသလျက်ရှိသည်။ KLG PDF နှင့် ပကဖ တို့သည် ဆက်လက်၍ ဒေသအတွင်း စစ်ကောင်စီတပ်ဖွဲ့ များ၏ လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်လျက် ပြည်သူများ၏ လုံခြုံရေးအတွက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။