————————————————————————
ဇွန် ၂
The Kaladan Post
၂၀၂၅ ခုနှစ်၊ မေလ ၁၈ ရက်နေ့မှစတင်ကာ ချင်းတောင်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များသည် ရှေ့သို့တိုးလို့မရ၊ နောက်ပြန်ဆုတ်လို့လည်းမရ အခြေအနေသို့ ရောက်ရှိနေကြောင်း ယနေ့ ဇွန်လ ၂ ရက်တွင် ကလေးမြို့ဒေသခံတစ်ဦးက The Kaladan Post သို့ ပြောကြားသည်။ အဆိုပါစစ်ကြောင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်ဦးရေ ၂၀ နီးပါး ဖမ်းဆီးခံထားရပြီး သေဆုံးသူစာရင်းအတိအကျ မသိရသော်လည်း သေဆုံးသူများနိုင်ချေ ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ ထို့ပြင် ပိတ်မိနေသော စစ်ကောင်စီတပ်များ ကို စစ်ကူပေးမည်ဟု ကလေးမြို့တွင်းနေထိုင်သည့် စစ်ကောင်စီအရာရှိတစ်ဦးက ပြောကြား ခဲ့ကြောင်း၊ ၎င်းအရာရှိသည် ချင်းလူမျိုးဖြစ်ပြီး ပြည်သူများနှင့် ပူးပေါင်းရန် ဆန္ဒမရှိဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို အကြမ်းဖက်အဖွဲ့များဟုဆိုကာ တစ်နေ့နေ့တွင် အနိုင်ယူနိုင်ရမည်ဟု ပြောကြားခဲ့သည်ဟုလည်း ဆိုသည်။