မေးမြန်းသူ – RAIN
ဖြေဆိုသူ – Salai Lukar၊ တွဲဖက်အတွင်းရေးမှူး၊ ပလက်ဝကောင်စီ
RAIN – မိဘပြည်သူများ အားလုံးမင်္ဂလာပါရှင်။ The Kaladan Post ရဲ့ Youth and Women’s Affairs program ကနေပြီးတော့ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီအပတ်အစီအစဉ်မှာတော့ ပလက်ဝကောင်စီရဲ့ တွဲဖက်အတွင်းရေးမှူး ဆရာလုကာကို ဖိတ်ခေါ်ထားပါတယ်ရှင်။ မင်္ဂလာပါဆရာ။
Salai Lukar – ဟုတ်ကဲ့ မင်္ဂလာပါဆရာမ။
RAIN – ဟုတ်ကဲ့ပါ အရင်းဦးဆုံးအနေနဲ့ ကျွန်မတို့အစီအစဉ်လေးမှာ ပါဝင်ပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်ရှင်။
Salai Lukar – ဟုတ်ကဲ့ပါ ဆရာမ။
RAIN – ဟုတ်ကဲ့။ ဆိုတော့ အရင်ဆုံးအနေနဲ့ပေါ့နော် ဆရာ ဒီတော်လှန်ရေးကို ဘယ်ပုံစံနဲ့ စတင်ဝင်ရောက်ခဲ့လဲဆိုတာလေးလဲ မိတ်ဆက်ပေးပါဦး။ ပြီးတော့ လက်ရှိ ဆရာဘယ်အဖွဲ့အစည်းမှာ ဘယ်လိုတာဝန်အနေနဲ့ ဆောင်ရွက်နေလဲဆိုတာလေးကို အရင်ဦးဆုံးအနေနဲ့ မိတ်ဆက်ပေးပါဦးရှင်။
Salai Lukar – ဟုတ်ကဲ့ပါ။ ဒီလိုမျိုး The Kaladan Post ဘက်ကနေ interview အခွင့်ရတဲ့အကြောင်းလည်း ထူးပြီး ကျေးဇူးတင်ရှိကြောင်း ရှေးဦးစွာပြောလိုပါတယ်။ အာ ကျွန်တော့်နာမည်ကတော့ ဆလိုင်းလုကာပေါ့လေ။ အာ ကျွန်တော်ဒီ အာဏာမသိမ်းခင် မှာတော့ ဒီဘာသာရေးကျောင်းမှာ ကျောင်းတက်တယ်။ အဲ့ကျောင်း M.Div final year မှာ ဒီ တက်ဖို့လုပ်တဲ့အချိန်မှာ Covid ကြောင့်နဲ့ အာ ကျောင်းလည်းပိတ်တယ်။ ပိတ်တဲ့နောက်မှာ ဒီအာဏာသိမ်းမှုကို ကြုံလာရတာဖြစ်ပါတယ်။ အဲ့ဒီကြုံလာရတဲ့အချိန်မှာ ကိုယ့်ရဲ့နယ်မြေ ဘက်မှာ ပြန်လာပြီးတော့ ဒီလိုမျိုးတော်လှန်ရေးကို စတင်လှုပ်ရှားခဲ့တာ ပါဆိုတဲ့ဟာလေး ပြောချင်ပါတယ်။ ဒုတိယအနေနဲ့ ကျွန်တော်ဒီ တော်လှန်ရေးလေးနှစ်တာ ကာလမှာ လှုပ်ရှားခဲ့တာတွေကတော့ ဒီ အစမှာတော့ ၂၀၂၁ ခုနှစ်ကုန်ပိုင်းမှာတော့ ကျွန်တော် ဒီ CDF ပလက်ဝရဲ့ ဒုဥက္ကဋ္ဌ -၂ နေရာမှာ ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ပြီးတော့ အဲ့ဒီနောက် ၂၀၂၂-၂၀၂၃ မှာဆိုတော့ ဒီ အာ ပလက်ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်ကောင်စီ ဆိုပြီးတော့ ကျွန်တော်တို့ သွားခဲ့ဖူးတယ်။ အဲ့ဒီအချိန်မှာ အာ ကျွန်တော်ကဒီ ဆမီးဒေသ အတွက် ကောင်စီဝင်တစ်ယောက်အနေနဲ့ ကျွန်တော် အာ ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၂၄ မှာတော့ ဒီ ပလက်ဝကောင်စီဆိုပြီးတော့ ကျွန်တော်တို့ ထပ်ပြီးတော့ ဖွဲ့ခဲ့တယ်။ ဒီပလက်ဝ ကောင်စီမှာ ဒုဥက္ကဋ္ဌ-၂နေရာမှာ အာ ကျွန်တော်တို့ ကျွန်တော်တာဝန်ယူခဲ့ပါတယ်။ အခု ၂၀၂၅ ဆိုတော့ အာ ပြန်ပြီးတော့ ပြုပြင်ပြောင်းလဲမှုလုပ်တဲ့အချိန်မှာ ကျွန်တော်ကဒီ PC ရဲ့ ပလက်ဝကောင်စီရဲ့ အာ တွဲဖက်အတွင်းရေးမှူးဖြစ်သလို ကာကွယ်ရေးဒီ CDF ပလက်ဝ ကာကွယ်ရေးတာဝန်ခံ အနေနဲ့ ကျွန်တော်တာဝန် ထမ်းဆောင်နေပါတယ်။ ဆိုတဲ့ဟာကို လည်း ရှေးဦးစွာမိတ်ဆက်လိုပါတယ် ဟုတ်ကဲ့ဆရာမ။
RAIN – ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်။ ဆိုတော့ လက်ရှိ ကျွန်မတို့ရဲ့ ဆရာခုနပြောသွားတယ်။ ကျွန်မတို့ ဒီနွေဦးတော်လှန်ရေးကဆိုလို့ရှိရင် ဒါလေးနှစ်ကြာ ငါးနှစ်တာ ကာလဖြစ်တယ်ပေါ့နော်။ ဆိုတော့ အာ ဆရာတို့ ပလက်ဝဒေသအနေနဲ့လည်း ဒါအဖွဲ့အစည်းတစ်ခုပြီးတစ်ခု အာ ဒါပြောင်းလဲတွေလုပ်တာတွေကိုလည်း ကျွန်မတို့ ကြားရတယ်။ ဆိုတော့ အာ ဆရာတို့အနေနဲ့ ဒီပလက်ဝကောင်စီ ဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်လေးကိုလည်းပေါ့နော် အာ မိဘပြည်သူတွေကို ပြောပြပေးပါဦးရှင်။
Salai Lukar – ဟုတ်ကဲ့ ပလက်ဝကောင်စီရဲ့ အဓိကအဖွဲ့အစည်း အတွက် ရည်ရွယ်ချက် ကတော့ ကျွန်တော်တို့ ပလက်ဝပြည်သူဟာ ဒီပလက်ဝနယ်မြေကို အာ ဟို ကာကွယ်ဖို့ဖြစ် တယ်။ ပြီးတော့ ကျွန်တော်တို့အစက ချင်းတစ်ပြည်လုံး အာ ကျွန်တော်တို့တော်လှန်ရေးကို တစ်စုတစ်စည်းထဲမသွားနိုင်တဲ့အတွက်ကြောင့် ဒီပလက်ဝကောင်စီအနေနဲ့ ကျွန်တော်တို့ အာ မိမိရဲ့ အာ မြို့နယ် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဆိုတဲ့ဟာ ဟို သွားကြတော့ ကျွန်တော်တို့ လည်း ပလက်ဝကောင်စီအနေနဲ့ အဓိကကျွန်တော်တို့ရဲ့ နယ်မြေ ကျွန်တော်တို့ဟာ ချင်းပြည်နယ်ဖြစ်ပါတယ်။ အာ ဒီချင်းပြည်နယ်ပလက်ဝကို ကျွန်တော်တို့ ကာကွယ်ရမယ်။ စောင့်ရှောက်ရမယ်။ ပြည်သူလူထုတွေကိုလည်း အာ အဓိကဝန်ဆောင်မှုပေးရမယ်။ အခုတော်လှန်ရေးကာလ ဒီ Covid နဲ့စပြီးတော့ ဒီကလေးသူငယ်များလည်း ဒီပညာရေးလည်း ကောင်းကောင်းမွန် အာ မသွားနိုင်ဘူး။ ကျန်တဲ့ အာ ယန္တရားတွေလည်း ကောင်းကောင်း မွန်မွန်မသွားနိုင်တဲ့အတွက်ကြောင့် ဒီဟာကို ကျွန်တော်တို့ အကောင်းဆုံး ယန္တရားလည်ပတ် မယ်။ ပြီးတော့ ကျွန်တော်တို့ဒီပလက်ဝမြို့နယ်ဟာ ကျွန်တော်တို့ချင်းပြည်နယ် ဖြစ်တယ်ဆိုတဲ့ဟာကို ကျွန်တော်တို့ ထိန်းသိမ်းမယ်။ ယဉ်ကျေးမှုစာပေတွေကိုလည်း ကျွန်တော်တို့ ထိန်းသိမ်းမယ်ဆိုတဲ့ဟာကို ကျွန်တော်တို့ ဒီဟာနဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ လုပ်ခဲ့တယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ဖွဲ့စည်းပုံထဲမှာ တစ်ချက်ရှိတာက ပလက်ဝဟာ ၁၉၄၇ ခုနှစ်ပြည်ထောင်စု မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ၁၉၇၄ ခုနှစ်ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၀၈ ခုနှစ်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတို့တွင် အစဉ်အဆက် ဖော်ပြထားရှိသည့် ချင်းပြည် နယ်ဟာ ပလက်ဝဖြစ်တယ်ဆိုတဲ့ဟာကို ကျွန်တော်တို့ ထိန်းသိမ်းဖို့ အာ ဖြစ်တယ်။ ပြီးတော့ ပလက်ဝမှာလိုအပ်တဲ့ဟာတွေ အများကြီး ရှိတာပေါ့လေ။ အဲ့ဒီဟာကို မိမိရဲ့ ချင်းလူမျိုးဟာ ချင်းတွေပဲ အုပ်ချုပ်စီမံ မှုရတဲ့ အဆင့်ထိ ကျွန်တော်တို့ သွားမယ်ဆိုပြီးတော့ ဒီဟာကို ပလက်ဝကောင်စီကို ကျွန်တော်တို့ ဖွဲ့စည်းခဲ့ရခြင်းဖြစ်ပါတယ်လို့ ဟုတ်ကဲ့ပါ။
RAIN – ဟုတ်ကဲ့ပါ။ နောက်တစ်ခုအနေနဲ့ ကျွန်မတို့ ဒီတော်လှန်ရေးကာလကလည်း ငါးနှစ်တာကာလဖြစ်လာတဲ့အခါမှာ ပြည်သူလူထုတွေအနေနဲ့လည်းပဲ အာ ဒါအမျိုးမျိုးပေါ့ နော်။ ဒုက္ခပေါင်းများစွာကို ခံစားရင်းနဲ့ တချို့သော အာ ဟို ပြည်သူတွေမှာလည်းပဲ ငြီးငွေ့လာတာမျိုးတွေ ပြီးတော့ သံသယဖြစ်လာတာမျိုးတွေရှိတယ်ပေါ့လေ။ ဒီတော်လှန် ရေးက အောင်ပါ့မလားဆိုတဲ့ဟာမျိုးတွေပေါ့နော်။ ဆိုတော့ ဆရာ့အနေနဲ့ရော ဒီနွေဦးတော် လှန်ရေးကြီးအပေါ်မှာ လက်ရှိအချိန်အထိပေါ့လေ။ အာ ဆရာ့ရဲ့သုံးသပ်ချက်လေး နည်းနည်းလောက်ပြောပြပေးပါဦးရှင်။
Salai Lukar – ဟုတ်ကဲ့ ကျွန်တော်ဒီဟာနဲ့ သုံးသပ်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ဒီတော်လှန်ရေးက ၁၉၈၈ အရေးအခင်းနဲ့ ဒီ ၂၀၂၁ နွေဦးတော်လှန်ရေးဟာ အလွန်တန်မှ ကွာခြားမှုရှိပါတယ်။ ၂၀၂၁ တော်လှန်ရေး ဒီအာဏာသိမ်းပြီးတဲ့နောက်မှာ ဖြစ်ပေါ်လာတဲ့ နွေဦးတော်လှန်ရေးဟာ ကမ္ဘာ့သမိုင်းမှာ မကြုံဖူးလောက်အောင် တကယ့် ကျယ်ပြန့်တဲ့ လူထုရဲ့ပါဝင်မှု စိတ်ဓာတ်ပြင်းထန်မှုကို ကျွန်တော်တို့ တွေ့ရတယ်ဆိုဆိုတာလေး ရှေးဦးစွာပြောလိုပါတယ်။ ပြီးတော့ အထူးသဖြင့်တော့ လူငယ်တွေပေါ့လေ။ ဒီအာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့အချိန်မှာ အကြမ်းမဖက်နည်းနဲ့ အာ ကျွန်တော်တို့ လှုပ်ရှားမှုတွေ လုပ်တယ်။ ပြီးတော့ လက်နက်ကို ထပ်ပြီးတော့ ဆန္ဒပြခဲ့တာပေါ့လေ။ ဆန္ဒပြတဲ့ထဲ့မှာတောင်မှ ကိုယ်ကိုယ်တိုင် ရန်ကုန်မှာ ဆန္ဒပြခဲ့တာပေါ့။ အဲ့ဒီနောက်ပိုင်းမှာ စစ်တပ်တွေက ထိန်းချုပ်နိုင်စွမ်းမရှိတဲ့အချိန်မှာ သူတို့က သူတို့ရဲ့အာဏာကို အာဏာကိုသုံးပြီးတော့ ပြည်သူတွေကိုဖြိုခွင်းတယ်။ ဖြိုခွင်းပြီးတဲ့နောက်မှာ လူငယ်တွေက ဒီလိုမျိုးဆက်သွားရင် မရတော့ဘူး။ ဒီတော်လှန်ရေးက ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့် ရှိမှသာလျှင် ရမယ်ဆိုပြီးတော့ ရရာလက်နက်ကို ကိုင်ပြီးတော့ ဒီမြန်မာနိုင်ငံတစ်ခွင်လုံးမှာ PDF တို့နဲ့အတူအခြားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးက ဒီတော်လှန်ရေးကို ထဲထဲဝင်ဝင် ပါဝင် ရတာ ကျွန်တော်တို့ခုခံရတာကို တွေ့ရတယ်။ အဲ့ဒါကြောင့်နဲ့ ကျွန်တော်တို့ရဲ့ လူထုတိုင်းရဲ့ မျှော်လင့်ချက်က ဘာလဲဆိုတော့ ရည်ရွယ်ချက်က ဘာလဲဆိုတော့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး စစ်မှန်သော Federal Democracy ပြည်ထောင်စု တည်ဆောက်ရေး အားလုံးလိုလားလို့အတွက်ကြောင့် ဒီဟာကို လှုပ်ရှားရခြင်းဖြစ်တယ်။ အဲ့ဒါကြောင့်နဲ့ ကျွန်တော်တို့ ဒီတော်လှန်ရေးဟာ မဖြစ်မနေအောင်မယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်တယ်။ ပြီးတော့ မြန်မာပြည်သူလူထုရဲ့ လွတ်လပ်ရေးနဲ့ တရားမျှတမှုအပေါ် စိတ်ဓာတ်ပြင်းထန်တဲ့ဟာတွေ ပြီးတော့ ထက်သန်တဲ့ဟာတွေ ပြသနေပြီ အခုအချိန်မှာ အဲ့ဒါကြောင့်နဲ့ ကျွန်တော်တို့ဟာ ဒီသမိုင်းဟာ တော်လှန်ရေးဟာ သမိုင်းဝင်တဲ့ အလှည့်အပြောင်းတစ်ခုလောက်ပဲ ကျွန်တော်ကအောင်မြင်မယ်လို့ သုံးသပ်ပါတယ်။ ဟုတ်ကဲ့ဆရာမ။
RAIN – ဟုတ်ကဲ့ပါ။ ဆိုတော့ ခုနဆရာပြောသလိုပဲ ဒါဒီတော်လှန်ရေးရဲ့အစက လူငယ်တွေရဲ့ကြွေးကြော်သံတွေပေါ့နော်။ ဆန္ဒပြမှုတွေနဲ့ စတင်ခဲ့တာဖြစ်တယ်။ ထိုနည်းတူ စွာပဲ တော်လှန်ရေးတစ်လျှောက်က ဒီကာလမှာလည်းပဲ ဟိုအဖွဲ့အစည်းတိုင်းကိုကြည့်လို့ရှိရင် လူငယ်တွေရဲ့ဦးဆောင်ပါဝင်မှုတွေကို တွေ့ရတယ်ပေါ့နော်။ ပြီးတော့ တစ်ဆက်တည်းမှာပဲ အမျိုးသမီးတွေရဲ့ အာ ဦးဆောင်ပါဝင်မှုကိုလည်း အားကောင်းကောင်း ပါလာတာကို တွေ့ရတယ်ပေါ့လေ။ ဆိုတော့ အဲ့ဒီအပေါ်မှာရော ဆရာ့ရဲ့အမြင်ကို သိချင်ပါတယ်။ ဟိုဒီ လူငယ်တွေ ပြီးတော့မှ အမျိုးသမီးငယ်လေးတွေရဲ့ ဦးဆောင်ပါဝင်မှုက တော်လှန်ရေးရဲ့ အောင်မြင်ဖို့အတွက် ဘယ်လောက်ထိအရေးပါတယ်ဆိုတာလေးကိုလည်းပဲ ပြောပြပေး ပါဦးရှင်။
Salai Lukar – ကျွန်တော် မြန်မာနိုင်ငံမှာဆိုတော့ ဒီ ၂၀၂၁ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာတော့ ကျွန်တော်တို့ လူငယ်တွေ ဒီအမျိုးသမီးတွေ တော်တော်များများ ဒီအာဏာသိမ်းတာကို မလိုလို့အတွက်ကြောင့် သူတို့ရဲ့ ကြားရတဲ့ ကဏ္ဍကနေ အသီးသီးကနေ သူတို့အာဏာဖီဆန်ရေးလုပ်ကြတယ်။ CDM တွေလုပ်ကြတယ်။ သူတို့ရဲ့ အာ အလုပ်တွေကိုစွန့်ပြီးတော့ တော်လှန်ရေးမှာ ပါဝင်ကြတာပေါ့လေ။ ၂၀၂၁ နောက်ပိုင်းမှာတော့ လူငယ်တွေပဲလုပ်တာများတယ်။ လူကြီးထက်လေ။ လူကြီးထက် လူငယ်တွေက ပိုပြီးတော့ အားသန်တယ်။ ပြီးတော့ အမျိုးသမီးတွေလည်း ပိုပြီးတော့ လှုပ်ရှားလာတာကိုအများကြီး ကျွန်တော်တို့ တွေ့ရတယ်။ အဲ့ဒီဟာကို ကြည့်မယ်ဆိုရင်တော့ ဒီ အစိုးရယန္တရားဖြိုဖျက်နိုင်ဖို့ ရပ်တန့်နိုင်ဖို့က ဒီ လူငယ်တွေဖြစ်ဖြစ်တယ် အခုအချိန်မှာလေ။ အဲ့ဒီလူငယ်တွေက ဦးဆောင်ပြီးတော့ ဒီကျရာကဏ္ဍကနေ လှုပ်ရှားတဲ့အချိန်မှာ အာ ပြောရမယ်ဆိုရင်တော့ အမျိုးသမီးတွေဆိုရင်တော့ တော်လှန်ရေးမှာ အာဏာဖီဆန်တဲ့ဘက်မှာ ဦးဆောင်တဲ့အချိန်မှာ လှုပ်ရှားတဲ့အချိန်အချိန်မှာ ကြည့်မယ်ဆိုရင်တော့ ၆၀ ရာခိုင်နှုန်းထိတောင်မှ အမျိုးသမီး တွေက အာ ရှေ့တန်းမှာပြေးပြီးတော့ လုပ်တဲ့ဟာတွေလေး ကျွန်တော်တို့ မြင်တွေ့ခဲ့ရတာ ပေါ့လေ။ အာ ပြီးတော့ အာ ဒီလက်နက်ကိုင်တဲ့အချိန်မှာ တစ်ခါတည်း အမျိုးသားနဲ့ တန်းတူ အမျိုးသမီးလည်းသွားနိုင်တာပေါ့။ အမျိုးသမီးတွေလည်း လှုပ်ရှားနိုင်တယ်။ အာ ကြည့်မယ်ဆို ရင်တော့ ဆန္ဒပြလို့မရတော့ဘူးဆိုတဲ့အချိန်မှာ လက်နက်ကိုင်တဲ့ လက်နက်ကိုင်ပြီးတဲ့ နောက်မှာ အမျိုးသမီးတွေလည်း လက်နက်တွေကိုင်တယ်။ ရှေ့တန်းလည်းသွားတယ်။ ပြီးတော့ သူတို့ သူတို့ကိုတာဝန်ပေးတဲ့ဒီထောက်ပို့ရေးမှာလည်း ဒီအမျိုးသမီးတွေက ဦးဆောင် တာကို ကျွန်တော်တို့ တွေ့ရတယ်။ ပြီးတော့ ဆေးတပ်သားတို့ ဘဏ္ဍာရေးတို့ စာရင်းတို့ ဘာတို့က အာ တော်တော်များများ အဖွဲ့အစည်းတိုင်းကိုကြည့်တဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးအဖွဲ့အစည်းတိုင်းကိုကြည့်တဲ့အချိန်မှာ အမျိုးသမီးတွေကပါဝင်တက်ကြွတာကို အာ အများကြီးကျွန်တော်တို့ မြင်တွေ့ရတာပေါ့လေ။ ပြီးတော့ လူငယ်တွေပေါ့။ ဒီလူငယ်တွေ အမျိုးသမီးနှင့်အတူ တန်းတူ အာ ရှေ့ပြေးပြီးတော့ အလုပ်လုပ်ခဲ့တာပေါ့လေ။ အစမှာဆန္ဒ ပြတဲ့အချိန်မှာ လူငယ်တွေက ရှေ့ပြေးပြီးတော့ ကမ္ဘာသိအောင် အာ လူငယ်တွေကပြသခဲ့ တာဖြစ်တယ်။ အဲ့ဒီဟာက လူငယ်တွေရဲ့ တကယ့် မြင့်မြတ်တဲ့ အာ ဒီတော်လှန်ရေးမှာ ပါဝင်မှုဖြစ်တယ်ဆိုတဲ့ဟာလေး ပြောချင်တယ်။ အဲ့ဒါကြောင့်နဲ့ ဒီ အာ လူငယ်တွေရဲ့အခန်း ကဏ္ဍက အခုချိန်မက ဒီတော်လှန်ရေး Federal Democracy ပြည်ထောင်စုတည်ဆောက်တဲ့ အချိန်မှာ တည်ဆောက်ရေးမှာ နိုင်ငံရေးပန်းတိုင်ကို ရှင်းရှင်းလင်းလင်းချမှတ်ပြီး တော်လှန်ရေးကိုတွန်းအားပေးတဲ့နေရာမှာ လူငယ်တွေက အဓိကအက္ခရာကျတယ်ဆိုတဲ့ ဟာကိုလေး ကျွန်တော် ပြောချင်တယ်။ ယခုတော်လှန်ရေးဟာ အမျိုးသမီးနဲ့ လူငယ်တွေဟာ ကျားမအသက်အရွယ်ကို အခြေမခံဘဲနဲ့ ဒီအာဏာရှင်စနစ်က ကျွန်တော်တို့ ဟိုး ၇၀ ကျော်ထိတောင်မှ အာဏာရှင်တွေက ကြီးစိုးခဲ့ပြီ။ အဲ့ဒါကြောင့်နဲ့ ကျွန်တော်တို့ ဒီဟာကို ဒီတိုင်းပဲ ကျွန်တော်တို့နေမယ်ဆိုရင် ကျွန်တော်တို့ရဲ့လူငယ်ဘဝကလည်း တော်တော်လေး အရာရောက်မှာမဟုတ်ဘူး။ ပြောရမယ်ဆိုရင်တော့ ဟိုးအရင်ကဆိုရင်တော့ ဒီမြန်မာနိုင်ငံဟာ ဒီအာရှထဲမှာတောင်မှ အကောင်းဆုံးသော အာ တက္ကသိုလ်ကျောင်းတွေလည်းရှိတယ်။ အာ ပြီးတော့ တကယ့်ပညာရေးပိုင်းမှာ နိုင်ငံခြားကတောင်မှ ဒီမှာလာသင်တဲ့အဆင့်ထိတောင်မှ ရှိတဲ့မြန်မာနိုင်ငံကြီးက ဒီလိုမျိုး ယိုယွင်းပျက်စီးနေတဲ့ဟာကို လူငယ်တွေက ဆက်ပြီးတော့ မခံနိုင်တော့ဘူး။ အဲ့ဒီထက် ကျွန်တော်တို့ဟာ တကယ့် ဒီ Federal Democracy နဲ့ တန်းတူတဲ့ တကယ့် လူတိုင်းရဲ့လွတ်လပ်ခွင့် လူတိုင်းရဲ့ တန်းတူခွင့်တွေ ရရှိပြီးတော့ တကယ့် အာ ကျွန်တော်တို့လည်း ကမ္ဘာမှာ နံပါတ်တစ်ဆိုတဲ့ဟာကို သွားမယ့်အချိန်ရောက်ပြီဆိုတဲ့ဟာကို လူငယ်အားလုံးက သဘောပေါက်တယ်။ ပြီးတော့ ဖွဲ့စည်းပုံဆိုင်ရာပြုပြင်ပြောင်းလဲမှု မှာလည်း အကောင်းဆုံးဖော်ဆောင်နိုင်မယ်ဆိုတဲ့ဟာကို ကျွန်တော် ယုံကြည်တယ်။ အရေးပါ တယ်ဆိုတဲ့ဟာလေး ပြောချင်တယ်။ ဒါကြောင့်မို့ အမျိုးသမီးနဲ့ လူငယ်တွေရဲ့ တက်ကြွ ဦးဆောင်မှုဟာ အာဏာရှင်စနစ်ကို တွန်းလှန်ချေမှုန်းဖို့ရဲ့အတွက် မျက်မှောက်ရဲ့ တွန်းအား ဖြစ်ရုံမျှမကပဲ ကျွန်တော်တို့တော်လှန်ရေးအောင်မြင်ပြီးနောက်မှာ တည်ဆောက်ရမယ့် Federal Democracy နိုင်ငံတော်ရဲ့ အဓိကအခြေခံအုတ်မြစ်ပါ ချမှတ်နိုင်မယ်လို့ ကျွန်တော့် အနေနဲ့ အာ ယုံကြည်မှုရှိတယ်ဆိုတဲ့ဟာကိုလည်း အာ ပြောချင်ပါတယ်။ ဟုတ်ကဲ့ဆရာမ။
RAIN – ဟုတ်ကဲ့ပါ။ နောက်တစ်ခုအနေနဲ့ကတော့ ဒါလက်ရှိ ချင်းတော်လှန်ရေး အင်အားစုတွေကြားမှာ ဖြစ်ပေါ်နေတဲ့ အာ အငြင်းပွားမှုနဲ့ပတ်သက်ပြီးတော့မှ ရောဆရာ့ရဲ့ အမြင်လေးလဲ သိချင်ပါတယ်။ ဆရာအနေနဲ့ ဘယ်လိုမျိုး မြင်လဲပေါ့နော်။ ဒီအခြေအနေမျိုးကို အာ စည်းလုံးညီညွတ်မှုရရှိအောင်လို့ရော ဘယ်လို အာ နည်းလမ်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်သင့်တယ်လို့ ဆရာအကြံပြုလိုပါလဲရှင်။
Salai Lukar – ဟုတ်ကဲ့ ကျွန်တော် ချင်းပြည်နယ်မှာဖြစ်တဲ့ပြဿနာတွေက ခေါင်းဆောင်မှု ပိုင်းမှာပဲလို့ ကျွန်တော်မြင်တာပေါ့လေ။ အစမှာ ကျွန်တော်တို့ဒီ ဒီချင်းတခုလုံးကို ခြုံဖို့ရန်အတွက် ICNCC နဲ့ ကျွန်တော်တို့ သွားခဲ့တာပေါ့လေ။ ICNCC နဲ့ သွားခဲ့ပေမယ့်လည်း တစ်နှစ်ကျော်လောက်ပဲခံတာပေါ့လေ။ အဲ့ အဲ့ထဲ့မှာ ခေါင်းဆောင်တွေက တချို့ခေါင်းဆောင် တွေက ထွက်လိုက် ဒါနဲ့ ဒီဟာကို ချင်းတစ်ခွင်လုံးကို မခြုံနိုင်တော့ဘူး။ အဲ့ဒါကြောင့်နဲ့ ကျွန်တော်တို့ CJDC ကိုပြန်သွားတာပေါ့လေ။ CJDC မှာလည်း ကျွန်တော်တို့လည်း အကုန်လုံးပါဝင်တာပေါ့။ CJDC မှာသွားတယ်။ CJDC မှာ တစ်နှစ်လောက် အာ ကျွန်တော်တို့ run တယ်။ ကောင်းကောင်းမွန် run တယ်။ အဲ့ဒီနောက်ပိုင်းမှာ ဒီ CC ဆိုပြီးတော့ ထွက်တယ်။ CCကို အကုန်လုံး ဆွေးနွေးတယ်။ ဆွေးနွေးပြီးတဲ့နောက်မှာ ဒီ CC ကိုဖွဲ့စည်းခါစပေါ့လေ။ အဲ့ဒီအချိန်မှာ တချို့က CC ကိုမကြိုက်တဲ့သူတွေက ဟို Chin Brotherhood ဆိုပြီးတော့ ထွက်ခဲ့တဲ့ဟာတွေလည်းရှိတယ်။ အဲ့ဒီ ပဋိပက္ခတွေက အဓိကတရာခံကတော့ ခေါင်းဆောင်မှု ဆိုင်ရာပဲ ထင်ပါတယ်။ အဲ့ဒီခေါင်းဆောင်တွေကသာ အာ စည်းစည်းလုံးလုံးနဲ့ သူ့ရဲ့ဖွဲ့စည်း ကြီးတဲ့အဖွဲ့အစည်းတွေက အဖွဲ့အစည်းသေးတဲ့ဟာကို အထင်မသေးဖို့ အဓိက လိုအပ်တယ်။ အခုတော်လှန်ရေးကာလမှာ အာ သူတို့က အဖွဲ့အစည်းသေးတယ်။ ကျွန်တော်တို့က အဖွဲ့အစည်းကကြီးတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့က နှစ်ပေါင်းဒီလောက်ရှိပြီဆိုတဲ့ဟာကို အဓိက အုတ်မြစ်အခြေခံမယူဘဲနဲ့ အခုတော်လှန်ရေးဟာ ပြည်သူလူထုရဲ့ တော်လှန်ရေး ဖြစ်တယ်။ အားလုံးပါဝင်မှုရှိမှသာလျှင် ဒီတော်လှန်ရေးကအောင်မြင်မယ်ဆိုတဲ့ ဘုံရန်သူက အာဏာရှင်စနစ်ဆိုတဲ့ဟာကို ကျွန်တော်တို့ ထားပြီးတော့ သွားမယ်ဆိုရင် ဒီနေ့ဒီအချိန်ကွဲ မှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကျွန်တော်တို့ရဲ့ချင်းတွေက အရင်ကတည်းက ဟို သူ့နေရာနဲ့သူ အုပ်ချုပ်တာကို အဲ့ဒီစနစ်ကိုပြန်သွားသလိုမျိုး ဖြစ်သွားတာပေါ့လေ။ အာ အဲ့ဒါကြောင့်နဲ့ အခုချင်းတွေက ကွဲကွဲပြဲပြဲဖြစ်လာတယ်။ ဒါပေမယ့် အာ ကွဲပြားမှုကြောင့်က ဘယ်လောက်ထိပြည်သူလူထုအပေါ်မှာ ကျဆုံးမှုတွေရသလဲဆိုရင် အာ အများကြီး ယုံကြည်မှုတွေ ကျဆင်းခဲ့ရတယ်။ ပြီးတော့ ဒီတော်လှန်ရေးအင်အားစုရဲ့ထောက်ခံမှု တွေလည်း အာ ပြည်သူလူထုရဲ့ထောက်ခံမှုလည်း ကျဆင်းတယ်။ ပြီးတော့ ဒီလိုမျိုးဆက် သွားနေမယ်ဆိုရင် ကျွန်တော်တို့အဖွဲ့အစည်းဟာ ဒီချင်းပြည်ဟာ တစ်စုတစ်စည်းတည်းဖြစ်ဖို့ အလွန်တန်မှ ကြာဦးမယ်။ အဲ့ဒါကြောင့် တော်တော်နဲ့ပြောရမယ်ဆိုရင် ဒီအချိန်ဟာ အဖွဲ့အစည်းအသွင်း ကွဲလွဲမှုတွေကို ထုတ်ဖော်ပြသပြီးတော့ ကျွန်တော်ပြောချင်တဲ့ အချိန်ကုန်ခံရမယ့်အချိန်မဟုတ်ဘဲ ဘုံရန်သူကိုအာရုံစူးစိုက်ပြီး အင်အားပြန်ပြီးတော့ စုစည်းဖို့ အရေးကြီးတဲ့အချိန်ဖြစ်တယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ ဘယ်လိုမျိုးနဲ့ စည်းလုံးမလဲဆိုရင်တော့ ကဲ ကျွန်တော်တို့ ကျွန်တော်တို့ရဲ့ နိုင်ငံရေးမျှော်လင့်ချက်ကဘာလဲ။ ကျွန်တော်တို့ တော်လှန်ရေးလုပ်ရတဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာကို အဓိကကျွန်တော်တို့ စဉ်းစားရမှာဖြစ်တယ်။ ဘယ်ခေါင်းဆောင်ပဲဖြစ်ဖြစ် ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် အာ ကျွန်တော်တို့ အခုအချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ရန်တိုက်ရမလား။ မဟုတ်ဘူး။ အချင်းချင်းတိုက်ရမလား။ မဟုတ်ဘူး။ အချင်းချင်းဝေဖန်မှုကကို ပိုပြီးတော့ နှောင့်ယှက်ရ မလားဆိုတဲ့ဟာကိုပဲ ကျွန်တော်တို့ တွေ့နေတာကို။ အဲ့ဒီဟာတွေကို ကျွန်တော်တို့ ဖယ်ပြီးတော့ ကျွန်တော်တို့ရဲ့ ဘုံရန်သူကဘယ်သူလဲ။ ကျွန်တော်တို့ရည်မှန်းချက်က Federal Democracy တည်ဆောက်ရေးပြည်ထောင်စု တည်ဆောက်ရေးအတွက် ကျွန်တော်တို့ အလုပ်လုပ်တာပဲ။ ကျွန်တော်တို့အာဏာရှင်စနစ်ကို ကျွန်တော်တို့မကြိုက်လို့ အာဏာရှင် စနစ်ကို တွန်းလှန်နေတဲ့အဖွဲ့အစည်းပဲဆိုတဲ့ဟာကို ကိုယ့်ရဲ့ခေါင်းဆောင်သီးသီးရဲ့ စဉ်းစားတဲ့ အထဲမှာ mindset တွေပြောင်းဖို့လိုအပ်တယ်။ အဲ့ဒီ mindset မပြောင်းဘူးဆိုရင်တော့ ကျွန်တော်တို့ ချင်းတော်လှန်ရေးက ဒီလိုတိုင်းပဲဖြစ်မှာဖြစ်တယ်။ ပိုပြီးတော့ဆိုးနိုင်သေး တယ်။ အဲ့ဒီမဆိုးခင်မှာ ကျွန်တော်တို့ အာ ဒီနိုင်ငံရေးသမားတွေကို ခေါ်ပြီးတော့ တော်လှန်ရေးအဖွဲ့အစည်းတွေခေါ်ပြီးတော့ အာ အရပ်ဖက်ပြည်သူတွေကိုခေါ်ပြီးတော့ တကယ့်ကောင်းမွန်တဲ့ညှိနှိုင်းမှုလေး ချင်းတွေကွဲပြားနေတဲ့ဟာတွေကို ပြန်ပြီးတော့ သင့်မြတ်ဖို့ အရင်ကတော့ CNC နဲ့သွားမယ်လို့တော့ ပြောတယ်။ ဒါပေမယ့် CNC ကိုတော့ ဖွဲ့တော့ဖွဲ့တယ်။ ဒါပေမယ့် ဒီနေ့ဒီအချိန်ထိအလုပ်မဖြစ်ဘူးပေါ့လေ။ အဲ့လိုမျိုးတွေ အများကြီး ကျွန်တော်တို့ချင်းမှာ တွေ့ရတော့ ဒီဟာတွေကို ကျွန်တော်တို့ ကျွန်တော်တို့ရည်မှန်းချက်က ဒီ Federal Democracy ဖြစ်လို့အတွက်ကြောင့် အကုန်လုံးဒီမှာ အာ အရပ်ဖက်ရော နိုင်ငံရေးသမားရော တော်လှန်ရေးအင်အားစုတွေရော စုပေါင်းပြီးတော့ ညှိနှိုင်းမှုတွေ အကြိမ်ကြိမ် လုပ်ရမယ်။ ညှိနှိုင်းမှုလုပ်တဲ့အချိန်မှာ ကျွန်တော်တို့ ဘယ်လိုမျိုးလုပ်ရမလဲ ဆိုရင်တော့ ဒီညှိနှိုင်းမှုကနေ ခေါင်းဆောင်မှုကို စုပေါင်းခေါင်းဆောင်မှုကို တည်ဆောက် ရမှာပဲ။ စုပေါင်းခေါင်းဆောင်မှုကိုမတည်ဆောက်သ၍တော့ အာ ကျွန်တော်တို့ သူက အဲ့ဒီနေရာမှာ position ယူတာပဲ။ သူက အဲ့ဒီနေရာမှာ ရာထူးယူတာပဲဆိုတဲ့ဟာကို သူ့အာဏာ ကိုယ့်အာဏာကိုပဲ အာ အမြဲတမ်းကြည့်တတ်တဲ့သဘာဝက မပျောက်ပြီးတော့လေ။ ပြီးတော့ နိုင်ငံရေးရဲ့သန္ဓေကလည်း အာ မမှန်ဘူးလို့ပဲ ပြောရမလားပေါ့လေ။ အာ အဲ့လိုမျိုး အာ ရှိနေတော့ တကယ့်ကျွန်တော်တို့ချင်းပြည်သူလူထုကို ချစ်သလား။ ချစ်ရင် မပူးပေါင်း နိုင်စရာမရှိဘူး။ ကိုယ့်မှာရှိတဲ့ ဒီပြည်သူလူထုတွေက ဒီလိုမျိုးဆက်ဖြစ်ရင် ဘယ်သူနာမလဲ။ ပြည်သူလူထုပဲနာနာမယ်။ ဒီပြည်သူလူထုမနာအောင် အခုချင်းပြည်နယ်မှာကြည့်မယ်ဆိုရင် ဒီ ၁၀၀ ရာခိုင်နှုန်းမှာ ၉၀ ရာခိုင်နှုန်းကတော့ ထိန်းချုပ်နယ်မြေအထိတောင်မှ ဖြစ်နေပြီ။ ဒါပေမယ့် ပြည်သူလူထုတွေအခုချိန်ထိမပြန်နိုင်သေးဘူး။ ဘာကြောင့်လဲ။ စည်းလုံးမှုမရှိ လို့ဖြစ်တယ်။ ဒီစည်းလုံးမှုရှိဖို့ ကျွန်တော် ခုနပြောထားသလိုမျိုး အကုန်လုံး ညှိနှိုင်းဆွေးနွေး ပြီးတော့ ဒီအကြံပြုချက်တွေကို အသိယူပြီးတော့ ဘယ်လိုမျိုး ပြန်လည်ပြီးတော့ စုပေါင်း ခေါင်းဆောင်မှုကိုပြန်ပြီးတော့ တည်ဆောက်ပြီးတော့ ဒီတော်လှန်ရေးကို သွားရမယ် ဆိုတဲ့ဟာကိုလည်း ပြောချင်တယ်။ ပြီးတော့ နောက်ဆုံးအနေနဲ့ တစ်ဦးနဲ့တစ်ဦး အဖွဲ့အစည်း အတွင်းမှာ ဝေဖန်မှုတွေကိုလည်း ကျွန်တော်တို့ လျှော့ချရမယ်။ အခုကြည့်မယ်ဆိုရင်တော့ ချင်းပြည်နယ်ရဲ့ စီစီ မကောင်းတဲ့ဝေဖန်မှုလည်းရှိသလို စီဘီမကောင်းတဲ့ဝေဖန်မှုလည်း ရှိရှိတယ်။ အဲ့ထဲ့မှာ တော်တော်လေး အာ ယုတ္တိမရှိတဲ့ ဝေဖန်မှုလည်းအများကြီး ကျွန်တော်တို့ တွေ့ရတာပေါ့လေ။ ဝေဖန်တော့ဝေဖန်တာပေါ့လေ။ ဒါပေမယ့်လည်း ဒီအဖွဲ့အစည်း တစ်ခွင်လုံးကို မထိခိုက်ဖို့ အဲ့လိုမျိုး အာ ဝေဖန်မှုကတော့ ကျွန်တော်တို့ သွားသင့်တယ်။ အဲ့ဒီအကြံပြုချက်ကနေ တစ်ဆင့် ကျွန်တော်တို့ အာ အဖွဲ့အစည်းအားလုံး အချင်းချင်း ကွဲပြားမှုကို ဘေးဖယ်ထားပြီးတော့ ကျွန်တော်တို့ ပြန်လည်ပြီးတော့ တစ်ညီတစ်ညွတ်တည်း ပူးပေါင်းဆောင်ရွက်ဖို့အလွန်တန်မှ အရေးကြီးတယ်။ ဒီလိုမျိုး အာ ဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့ချင်းပြည်ပြန်လည်ပြီးတော့ စည်းလုံးမယ်။ ဒီလိုမျိုးမဟုတ်ဘဲနဲ့ သူကအာဏာပြ ကိုယ်ကအာဏာပြ သူကအာဏာပြ ကိုယ်ကအာဏာပြဆိုရင်တော့ ဘယ်လိုမှ တော်လှန်ရေးက ဘုံရန်သူကို ပျောက်သွားမှာဖြစ်တယ်။ ဘုံရန်သူကအချင်းချင်းတောင်မှ ဖြစ်သွားနိုင်တယ်။ အခုတောင်မှ ဘာမှမဟုတ်ဘဲနဲ့ အာ ကျွန်တော်တို့အချင်းချင်း လူတွေဖြုန်းတီးကြတယ်။ ဘယ်လောက်ထိနှမြောစရာကောင်းလဲ။ လူ့ရဲ့အသက်တစ်ချောင်း ကို ဘယ်လောက်ထိ နှမြောစရာကောင်းလဲ။ ဘာမဟုတ်တဲ့ အဖွဲ့အစည်း အာ ဟိုဘက်အဖွဲ့ ဒီဘက်အဖွဲ့ဆိုပြီးတော့ ခွဲခြားမှုတွေ အာ ရှိပြီးတော့ အချင်းချင်းတိုက်ကြတယ်။ အာ ပဋိပက္ခတွေကျွန်တော်တို့ ဖော်ဆောင်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အသက်တွေ ပေးဆပ်ကြတယ်။ ဘယ်လောက်ထိ နှမြောစရာကောင်းလဲ။ အဲ့ဒီဟာတွေကို ကျွန်တော်တို့ ပြန်လည်ပြီးတော့ သင့်မြတ်ဖို့ ကျွန်တော်တို့ ဘုံရန်သူဟာ စစ်ကောင်စီဖြစ်တယ်။ အာဏာရှင်စနစ်ဖြစ်တယ်ဆိုတဲ့ဟာကို ကျွန်တော်တို့ မှန်မှန်ကန်ကန် သိရှိပြီးတော့ အာ ကျွန်တော်တို့ ဒီဟာကို ပြန်လည်ပြီးတော့ တစ်ညီတစ်ညွတ်တည်း ပူးပေါင်းပြီးတော့ သွားမယ် ဆိုရင် ဒီတော်လှန်ရေးက ကျွန်တော်တို့ချင်းအတွက် စည်းလုံးမှု တစ်ရပ်လည်းဖြစ်မှာ ဖြစ်ပါတယ်။
RAIN – ဟုတ်ကဲ့ပါ နောက်တစ်ခုကတော့ ဒီ အာ နွေဦးတော်လှန်ရေးအပေါ်မှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ရပ်တည်ချက်တွေကိုရော ဆရာအနေနဲ့ ဘယ်လိုတွေ အာ ထင်မြင် ယူဆ ထားလဲပေါ့နော်။ ဘယ်လိုတွေမြင်လဲ။ ပြီးတော့ အဓိကအနေနဲ့တော့ ချင်းအင်အားစု အနေနဲ့ကတော့ ဒါအိန္ဒိယနိုင်ငံနဲ့ အာ အဓိက အာ ဆက်ဆံတယ် လို့ပြောရမှာပေါ့လေ။ ဆိုတော့ အိန္ဒိယအိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံအပေါ်မှာရော ဒီနွေဦးတော်လှန်ရေး အတွက် အာ ဘယ်လိုမျိုးပံ့ပိုးကူညီမှုတွေ ပေးစေချင်ပါလဲ ဆရာအနေနဲ့ပေါ့နော်။
Salai Lukar – အိမ်နီးချင်းနိုင်ငံရဲ့ပံ့ပိုးမှုကိုတော့ အများကြီးလိုချင်တာပေါ့လေ။ အာ ကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့ ဒီ ကျွန်တော်တို့ချင်းဆိုရင်တော့ အိန္ဒိယနဲ့ တော်တော် လေး နယ်နိမိတ်ချင်းဆက်တဲ့ အာ ဟို နိုင်ငံပေါ့လေ။ အိန္ဒိယကိုကြည့်မယ်ဆိုရင်တော့ အိန္ဒိယကကမ္ဘာမှာ အကြီးဆုံးဒီမိုကရေစီနိုင်ငံလည်းဖြစ်သလို အာ မြန်မာနိုင်ငံနဲ့လည်း ဆက်စပ်တဲ့ နိုင်ငံလည်းဖြစ်တယ်။ အမှန်ဆိုရင်တော့ ဒီလိုမျိုးတော်လှန်ရေးကာလမှာ မိတ်ဆွေကောင်းလည်း အာ ဖြစ်ကိုဖြစ်ရမယ်။ ပြီးတော့ ဒီမိတ်ဆွေကောင်းလည်းဖြစ်မယ်။ အိမ်နီးချင်းကောင်းလည်းဖြစ်မယ်။ ပြီးတော့ လုံခြုံရေး၊ စီးပွားရေး၊ လူသားချင်းစာနာမှု တွေလည်း နိုင်ငံရေးအရေးပါတဲ့ဟာတွေကို အိန္ဒိယနိုင်ငံကနေ ပေးပို့ပံ့ပိုးပေးစေချင်တာ ပေါ့လေ။ ဒီလိုမျိုးပံ့ပိုးမှုအားဖြင့် ကျွန်တော်တို့တော်လှန်ရေးအင်အားလည်း ပိုပြီးတော့ အားရှိမှာကိုး။ ဒီအိန္ဒိယနိုင်ငံသော်လည်းကောင်း တခြားနိုင်ငံသော်လည်းကောင်း ဒီတော်လှန် ရေးအင်အားစုကို အသိအမှတ်ပြုဖို့ ဆက်ဆံပေးဖို့လည်း အင်မတန်မှ လိုအပ်တာပေါ့လေ။ ပြီးတော့ ကျွန်တော်တို့ အဓိကလိုချင်တာကတော့ ဒီစစ်ကောင်စီအပေါ်မှာ အာ နိုင်ငံတကာမှာ အိန္ဒိယက ဖိအားပေးဖို့ အင်မတန်မှ လိုအပ်တယ်။ ဒီစစ်ကောင်စီကို ဖြုတ်ချပါယ်။ သူမတရားအာဏာသိမ်းမှုကို အာ သူကယူထားတယ်။ အာ ဆိုပြီးတော့ ပြည်သူ့ဖက်မှာ ရပ်တည်ပေးဖို့လည်း အာ ကျွန်တော်တို့က အမြဲတမ်းလိုချင်တာပေါ့။ ဒီလိုမျိုးရပ်တည်ခြင်း အားဖြင့် ကျွန်တော်တို့ ဒီတော်လှန်ရေးလှုပ်တဲ့အချိန်မှာ ကျွန်တော်တို့အတွက်လည်း ဒီအင်အားတစ်ခုဖြစ်တာပေါ့လေ။ ပြီးတော့ အာ အိန္ဒိယနိုင်ငံနဲ့ ဥပမာ လက်နက်ရောင်းချ ရေးသော်လည်းကောင်း စည်းရေးပူးပေါင်းမှုတွေကိုလည်း ကျွန်တော်တို့ လိုအပ်တာပေါ့လေ။ အခုဆိုရင်တော့ မင်းအောင်လှိုင်နဲ့ဆိုရင်တော့ ပိုပြီးတော့ သူတို့က ဆက်ဆံရေး ကောင်းလာတယ်။ အာ အမြန်ဆုံးဒီဟာကိုလည်း ရပ်တန့်ဖို့လည်း ကျွန်တော်တို့အနေနဲ့ လိုချင်တာပေါ့လေ။ လုံးဝကိုရပ်ဆိုင်းစေချင်တာပေါ့။ ပြီးတော့ မြန်မာနိုင်ငံရဲ့ စစ်ရှောင်တွေအတွက် လူသားချင်းစာနာမှုနှင့် ဒုက္ခသည်များကို ပံ့ပိုးကူညီပေးဖို့ ကျွန်တော်တို့က အဓိကလိုတဲ့ဟာက အဲ့ဒါပဲ။ အခု အာ ဒုက္ခသည်တွေမြောက်များစွာ အာ ဒီအိန္ဒိယနိုင်ငံမှာရှိတယ်။ ချင်းဒုက္ခသည်တွေပေါ့လေ။ အာ ကျွန်တော်တို့ဒီတိုက်ပွဲအတွင်းမှာ အိန္ဒိယဖက်ထွက်ပြေးပြီးတော့ ခိုလှုံရတဲ့ ဒုက္ခသည်ထောင်ပေါင်းများစွာရှိတယ်။ အဲ့ဒီဟာတွေကို နိုင်ငံတကာစံနှုန်းနဲ့အညီ လုံခြုံမှုတွေ အကာအကွယ်တွေ ပြီးတော့ အခြေခံဖြစ်သော ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အကူအညီတွေကို ပေးစေချင်တာပေါ့လေ။ ကျွန်တော်တို့ အခုချိန်မှာ ကျွန်တော်တို့ တော်လှန်ရေးအနေနဲ့ကတော့ မပေးနိုင်ဘူး။ ဒါပေမယ့် အိန္ဒိယကအိမ်နီးချင်းကောင်းလည်းဖြစ်သလို ကျွန်တော်တို့ရဲ့မိတ်ဆွေကောင်း လည်းဖြစ်တယ်ဆိုတဲ့ဟာကိုပြောသလိုမျိုး ဒီဒုက္ခသည်အရေးကိုလည်း သူတို့က ကောင်းကောင်းလည်း နိုင်ငံတကာစံနှုန်းနဲ့အညီ သူတို့က ကာကွယ်ပေးရမယ်။ လုံခြုံမှုလည်းပေးရမယ်။ အာ လိုအပ်တဲ့ဝန်ဆောင်မှုကိုလည်း အာ အိန္ဒိယက ပေးစေချင်ပါ တယ်ဆိုတဲ့ဟာလေးပြောချင်တယ်။ ပြီးတော့ ပြောရမယ်ဆိုရင်တော့ အခုနောက်ပိုင်းဆို ရင်တော့ မြန်မာနိုင်ငံကလူတွေကို ကျွန်တော်တို့ ဒုက္ခသည်တွေပေါ့လေ။ အဲ့ဒီဟာတွေကို ပိတ်ပင်မှုတွေအများကြီးကျွန်တော်တို့ တွေ့လာရတယ်။ ပြီးတော့ ဒီနယ်စပ်ခြံတံခါးတောင်မှ ခတ်ရတဲ့ အာ အဆင့်ထိတောင်မှ သူတို့တဖြည်းဖြည်းနဲ့ အာ ရှိလာတယ်။ အဲ့ဒီလမ်းကြောင်းကိုလည်း လူသားချင်းစာနာမှုအကူအညီလမ်းကြောင်းအဖြစ် ဖွင့်ပေးဖို့ လည်း အလွန်တန်မှ ဖွင့်ပေးစေချင်တယ်ဆိုတဲ့ဟာလေးပြောချင်တယ်။
RAIN – ဟုတ်ကဲ့ပါ။ ဆိုတော့ နောက်တစ်ခုအနေနဲ့ ဒါ အာ လက်ရှိမှာ စကစ ကနေပြီးတော့မှ ပြုလုပ်မယ့် ရွေးကောက်ပွဲပေါ့နော်။ ဒီရွေးကောက်ပွဲကို ဒီတော်လှန်ရေး အင်အားစုတွေအနေနဲ့ ဘယ်လိုတွေ တုန့်ပြန်ဆောင်ရွက်သင့်တယ်လို့ ဆရာအနေနဲ့ အကြံပြုလိုပါလဲရှင်။
Salai Lukar – အခု စကစတွေ ကျင်းပမယ့် ရွေးကောက်ပွဲပေါ့လေ။ အမှန်ဆိုရင်တော့ ဒီရွေးကောက်ပွဲဟာ နိုင်ငံတကာထောက်ခံမှုရအောင် လုပ်မှာပဲ။ သူက ရွေးကောက်ပွဲကို ကျင်းပမယ်။ သူတို့ရှိတဲ့နေရာမှာပဲ ကျင်းပမယ်ထင်ပါတယ်။ အခုချင်းမှာဆိုလည်း ဟာခါးနဲ့ တီးတိန်ပေါ့။ အဲ့ဒီနှစ်ခုကိုပဲ သူက ကျင်းပနိုင်မယ်။ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတော့ သူကျင်းပနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် သူကတော့ ရွေးကောက်ပွဲကို ကျင်းပမယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် သူက လုပ်ဆောင်မယ်။ အဲ့ဒီဟာကိုလုပ်ပြီးတော့ လွှတ်တော်ခေါ်မှာပေါ့လေ။ လွှတ်တော်ခေါ်ပြီးတော့ တိုင်းရင်းသားပေါင်းစုံ တိုင်းရင်းသား ဝတ်စုံတွေ ဝတ်ခိုင်းမှာပေါ့လေ။ ဒီဟာက ကျွန်တော်တို့ဟာ ရွေးကောက်ပွဲကို ဒီလိုမျိုးရှိတယ် ဒီလိုမျိုးရှိတယ်။ အဲ့ဒါကြောင့်နဲ့ တိုင်းရင်းသားအားလုံးလည်း ထောက်ခံပါတယ်ဆိုပြီးတော့ နိုင်ငံတကာကိုသူက ပြသမှာပေါ့။ ပြသပြီးတော့ သူက နိုင်ငံတော်စီမံအုပ်ချုပ်ခွင့်ရမယ် ဆိုတဲ့ဟာကိုသူက ကြေညာမှာပေါ့လေ။ အဲ့လိုမျိုးတွေရှိရှိမှာပေါ့။ ဒါပေမယ့် ဒီရွေးကောက်ပွဲ ဟာ အတုအယောင်ပဲဖြစ်မယ်လို့ပြောချင်တယ်။ ပြီးတော့ နိုင်ငံရေးရဲ့လှည့်ကွက် ထောင်ချောက်တစ်ခုတည်းလို့ပဲ ကျွန်တော်က ပြောချင်ပါတယ်။ မြင်မိပါတယ်။ အမှန်ဆိုရင် တော့ တရားဝင်မှုမှမရှိတာ။ ဒီလိုမျိုးလုပ်ခြင်းအားဖြင့် ပိုပြီးတော့ တရားဝင်မှုမရှိခြင်းအားဖြင့် လူထုတွေကလည်း လုံးဝထောက်ခံမှာမဟုတ်ဘူး။ တော်လှန်ရေးအင်အားစုကလည်း ဒီရွေးကောက်ပွဲဟာ အတုအယောင်ဖြစ်တယ်ဆိုတဲ့ဟာကို အကုန်လုံး ဟိုတစ်ခေါက် NUG ကလည်း ဒီ statement ထုတ်တဲ့ဟာလည်း ကျွန်တော်တို့ တွေ့ရတယ်။ သူတို့မျှမကပဲ တခြားသောလက်နက်ကိုင်အဖွဲ့အစည်းတွေလည်း လုံးဝလက်ခံမှာမဟုတ်ဘူး။ ကျွန်တော်တို့ တော်လှန်ရေးရဲ့အခုမှထွက်ပေါ်လာတဲ့ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းလည်း ဘယ်သူမှ ဒီရွေးကောက်ပွဲကို လက်ခံမှာမဟုတ်ဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့ ပြတ်ပြတ်သားသား ထုတ်ဖော်ရမှာပဲ။ ဒီဟာကအတုအယောင်ရွေးကောက်ပွဲဖြစ်တယ်။ ဒီဟာကနိုင်ငံရေး လှည့်ကွက်တစ်ခုတည်းဖြစ်တယ်ဆိုတဲ့ဟာကို ကျွန်တော်တို့ ပြတ်ပြတ်သားသား ကျွန်တော်တို့ ရပ်တည်ရမှာပေါ့။ ပြောဆိုရမှာပေါ့လေ။ အာ ပြီးတော့ ပြည်သူလူထုကိုလည်း ပြောရမယ်။ စည်းရုံးရမယ်။ ဒီဟာကမင်းအောင်လှိုင်ရဲ့အာဏာရှင် ကြီးဆိုးဖို့ရန်အတွက် နိုင်ငံရေးထွက်ပေါက်အနေနဲ့ သူက ရှာရတာပါဆိုတဲ့ဟာတွေကိုလည်း ပြည်သူလူထုကိုလည်း ပြောပေးရမှာပေါ့။ ပြီးတော့ ဒီဟာက တော်လှန်ရေးအင်အားစုအတွက် အင်မတန်မှ အနှောင့်အယှက်လေးအများကြီးတို့ဖြစ်မှာမဟုတ်ဘူးလို့ ကျွန်တော်ကတော့ ထင်မိတာ ပေါ့လေ။ အာ ကျွန်တော်တို့တုန့်ပြန်သင့်တဲ့ဟာကတော့ အများကြီးပါ statement တွေထုတ်မယ်။ ဒီဟာကမင်အောင်လှိုင်ရဲ့ရွေးကောက်ပွဲက အတုအယောင်ပါဆိုတဲ့ဟာတွေ လုံးဝဆန့်ကျင်ရမှာပေါ့။ ပြီးတော့ ဒီဟာကို နယ်ဆင်းပြီးတော့ ဥပမာ PDF တို့ ပြီးတော့ တခြားသောလက်နက်ကိုင်အဖွဲ့အစည်းတို့ ပြီးတော့ အဲ့လိုမျိုးတွေဟာက ကိုယ့်ရဲ့ထိန်း ချုပ်နယ်မြေမှာ ကိုယ်ကပြည်သူလူထုကို စည်းရုံးရမယ်။ အုပ်ချုပ်ရေးယန္တရားကိုလည်း မားမားမတ်မတ်ရပ်တည်အောင် ကျွန်တော်တို့လုပ်ပြီးတော့ ဒီအာဏာရှင်စနစ်ရဲ့လှုပ်ရှား နေသော ဒီရွေးကောက်ပွဲဟာ တရားဝင်မှုလုံးဝမရှိကြောင်း ကျွန်တော်တို့ကို ဒီတော်လှန်ရေး ကို ကွဲအောင်လုပ်တဲ့ဟာ ဖြစ်ကြောင်းကို ပြည်သူလူထုကို ပြောဖို့အင်မတန်မှ အရေးကြီး တယ်။ ပြီးတော့ နိဂုံးချုပ်အနေနဲ့ ဒီရွေးကောက်ပွဲနဲ့ ပြောမယ်ဆိုရင်တော့ စကစရွေးကောက်ပွဲ သည် အာဏာရှင်စနစ်ကို တရားဝင်ဖြစ်စေရန် ကြိုးပမ်းသည့်အကွက်တစ်ခုတည်းဖြစ် တယ်ဆိုတဲ့ဟာကို ကျွန်တော်တို့ပြောပြီး ဒီတော်လှန်ရေးအင်အားစုအနေနဲ့လည်း ကောင်းကောင်းတို့ ကျွန်တော်တို့အာရုံစိုက်ထားတဲ့ စစ်မှန်သော Federal Democracy အတွက် ပြန်ပြီးတော့ စည်းလုံးညီညွတ်စွာ ပြတ်ပြတ်သားသား ဆက်လက်ပြီးတော့ အကောင်အထည်ဖော်သွားဖို့ ဒီထိမရပ်နားဘဲနဲ့ ကျွန်တော်တို့ပိုပြီးတော့ အလုပ်လုပ်ပြီးတော့ ဒီ Federal Democracy တည်ဆောက်ရေးအတွက် အကောင်းဆုံးရည်မှန်းချက် မျှော်မှန်းချက်ကိုသာ ကျွန်တော်တို့မှီတည်ပြီးတော့ စုစည်းလုံးလုံးနဲ့ အဖွဲ့အစည်းတိုင်းက ပြတ်ပြတ်သားသား အာဏာရှင်ရဲ့ရွေးကောက်ပွဲဟာ အတုအယောင်ဖြစ်တယ်ဆိုတဲ့ဟာကို ထုတ်ဖော်ပြီးတော့ ကျွန်တော်တို့စည်းလုံးမှုကိုပြန်တည်ဆောက်ပြီးတော့ အကောင်အထည် ဖော်ဖို့ရန်အတွက် အလွန်တန်မှအရေးကြီးတယ်ဆိုတဲ့ဟာကို ပြောလိုပါတယ်။ ဟုတ်ကဲ့ ဆရာမ။
RAIN – ဟုတ်ကဲ့ပါ။ ဆိုတော့ နောက်ဆုံးအနေနဲ့ ဒါတော်လှန်ပြည်သူတွေကိုပေါ့နော်။ ဆရာအနေနဲ့ ဘာများဖြည့်စွက်ပြီးတော့မှ ပြောကြားလိုပါလဲရှင်။
Salai Lukar – ဟုတ်ကဲ့ တော်လှန်တဲ့ပြည်သူတွေကို ကျွန်တော်ပြောချင်တာက လုံးဝဘယ် လောက်ပဲ ကျွန်တော်တို့ ခက်ခဲပါစေ။ ဒီတော်လှန်ရေးကခက်ခဲမှာပဲ။ ဒီတော်လှန်ရေးက ဘာမှမရှိတဲ့အထဲကနေ လှုပ်ရှားရတဲ့ တော်လှန်ရေးဖြစ်တယ်။ ပြီးတော့ ကျွန်တော်တို့အခု ချင်းပြည်ဆိုရင်တော့ CDF တွေက အစမှာ တူမီးသေနတ်ကိုကိုင်ပြီးတော့ စတင်ပြီးတော့ တော်လှန်ရေးကို လှုပ်ရှားရတာဖြစ်တယ်။ ဒီနေ့ဒီအချိန်ထိ အာဏာရှင်စနစ်ကို တွန်းလှန်တဲ့အချိန်မှာ အခက်အခဲတော့အများကြီးရှိပါတယ်။ ဒါပေမယ့်လည်း ပြည်သူရဲ့ ပါဝင်မှုကအလွန်တန်မှအရေးကြီးတယ်။ လူတိုင်းကသူ့ရဲ့ ကဏ္ဍရှိတယ်။ ဥပမာ ထောက်ပို့လမ်းကြောင်းနဲ့ပါဝင်မလား။ ပြီးတော့ ငွေကြေးအားဖြင့် ပါဝင်မလား။ စီးပွားရေးအားဖြင့် ပါဝင်မလား။ သူ့ရဲ့ကဏ္ဍအားလုံးကို ဇွဲမလျှော့ဘဲနဲ့ ဆက်လက်ပြီးတော့ ပါဝင်ဖို့အင်မတန်မှအရေးကြီးတယ်။ ပြီးတော့ ဒီမြန်မာနိုင်ငံတစ်ဝှမ်းလုံးနဲ့ကြည့်မယ် ဆိုရင် တော့ CDM တွေအခုချိန်မှာ စိတ်အာမငယ်ဘဲနဲ့ ဆက်လက်ပြီးတော့ ဒီအာဏာရှင်စနစ်ကို တွန်းလှန်ဖို့ ဆက်လက်ပြီးတော့ အားထုတ်ကြရအောင်။ အာ ကျွန်တော်တို့ပြည်သူတွေလည်း အဲ့ဒီဘက်မှာ ကျွန်တော်တို့ ရပ်တည်ပေးဖို့လည်း အင်မတန်မှအရေးကြီးတယ်။ အခုတော်လှန် ရေးက ပြည်သူ့တော်လှန်ရေးကို ပြည်သူရှိမှသာလျှင် ဒီတော်လှန်ရေးက အောင်မြင်မှာ ဖြစ်လို့အတွက်ကြောင့် ပြည်သူတွေလည်းစည်းလုံးပါ။ ဒီအာဏာရှင်စနစ်နဲ့ ပေါင်းတာထက် ပြည်သူ့အချင်းချင်းပေါင်းတာက ပိုကောင်းတယ်ဆိုတဲ့ဟာလေးပြောချင်တယ်။ အဲ့ဒါကြောင့် ပြည်သူ့ဘက်မှာ ဒီစကစအဖွဲ့ကလည်း ပြည်သူ့ဘက်မှာပြန်ပြီးတော့ ရပ်တည်ပေးပါ။ ပြည်သူတွေလည်း ပိုပြီးတော့ အားထုတ်ကြပါ။ ဒီလိုမျိုးအားထုတ်မယ်ဆိုရင် ကျွန်တော်တို့ မကြာမီမှာ ဒီတော်လှန်ရေးကိုမုချအောင်မယ်ဆိုတဲ့ဟာလေး ပြည်သူလူထုအားလုံးကို ကျွန်တော်တိုက်တွန်းချင်ပါတယ်။ ဟုတ်ကဲ့ပါ။
RAIN – ဟုတ်ကဲ့ပါ အခုလိုမျိုးဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင်။
Salai Lukar – ဟုတ်ကဲ့ပါ ဆရာမ Thank you ပါ။