ဇူလိုင် ၅

The Kaladan Post

ဇူလိုင်လ ၃ ရက်နေ့ နံနက် ၇ နာရီ ၁၉ မိနစ်အချိန် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြို့သာ-ဆီမီးခုံသွား ကား လမ်း၊ ငါန်းဇွန်နှင့် မြို့သာအကြား တစ်နေရာတွင် စစ်ကောင်စီ၏ လက်နက်ကျည်ရိက္ခာပို့ စစ်ယာဉ်တန်း နှင့် စစ်ကြောင်းကို Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုလုံး တပ်ပျက် သွားပြီး စစ်ကြောင်းမှူး အပါအဝင် စစ်သား ၃၀ ဦးခန့် သေဆုံးသွားကြောင်း  Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မြင်းခြံ ၏  ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မြင်းခြံ တပ်ရင်းမှူး ကို သက်ကြီး က “ ဒီစစ်ကောင်စီ စစ်ကြောင်းမှာက အင်အား ၁၅၀ခန့် ပါဝင်တဲ့ ရိက္ခာပို့ စစ်ကြောင်းတိုက်ခိုက်တာဖြစ်ပါတယ် စစ်ကောင်စီဘက်မှ MA 1 ၂လက်၊ MA 3 ၁လက်၊ MA 11 ၊ 5.5 ကျည် ၁၈၀၀ ခန့် နှင့် ကားတစ်စီး  အပါအဝင် တခြား အစားအသောက်များစွာကိုပါ သိမ်းစည်း ခဲ့ပါတယ် လို့ “ The Kaladan Post သို့ပြောဆိုသည်။

တိုက်ပွဲ့အတွင်း ဖမ်းဆီးရမိသော စကစ ၄ဦးအနက် တစ်ဦး သည် စစ်မှူးထမ်းဥပဒေကြောင့် ဖမ်းဆီးခံရမှုကြောင့် စစ်ကောင်စီတပ်ထဲသို့ ရောက်နေတာဖြစ်ပြီး သူသည်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကို ဘက်ပြောင်းခိုလှုန်လာသလိုဖြစ်ကြောင်းသိရပါသည်။ ကျန်တဲ့ တပ်ကြပ်ကြီး နှင့် ရဲဘော်နှစ်ယောက်ကိုတော့ စစ်ဥပဒေနှင့်အညီ အရေးယူ‌ဆောင်ရွက်ရန် အတွက် သက်ဆိုင်ရာ ခရိုင်ကွက်ကဲရေးရုံးကို အပ်နှံမည်ဖြစ်ပါသည်။ ထို့အပြင် စစ်ကောင်စီ အင်အား ၁၅၀ခန့် တပ်ပျက်ခဲ့သော် လည်း ပြည်သူတွေအတွက် စိုရိမ်စရာမရှိကြောင်းနှင့် ဒေသတွင်း လုံခြုံ ရေးအတွက် ပြည်သူံကာကွယ်ရေးတပ်မတော်တွေဘက်က သိအောင်တစ်မျိုး မသိအောင်တစ်မျိုး မြို့ပြ ပျောက်ကျားစနစ်နှင့် ကျေးလက် ပြောက်ကျားစနစ် ပုံစံနေထိုင်ပြီး ပြည်သူတွေလုံခြုံရေးကို တာဝန်ယူ လှုပ်ရှားသွားလာနေတာ ဖြစ်ပါကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ ပြည်သူတွေအနေနဲ့ လေကြောင်းကိုသာ အစဉ်သတိထားရန်လိုအပ်ပါတယ်ဟုသိရသည်။ အဆိုပါ တိုက်ပွဲကို မြင်းခြံခရိုင် တပ်ရင်း ၇ Zero ပျောက်ကြားတပ်ဖွဲ့၊ မန္တလေးခရိုင်တပ်ရင်း ၅ နှင့် ဒေသ ပြည်သူကာကွယ်ရေးတပ် များ က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ဒါ့အပြင် Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် လက်နက်ချပြီး ပြည်သူနဲ့ ပူးပေါင်းချိန်တန်ပြီဟု စစ်ကောင်စီ တပ်ဖွဲ့ဝင် များအား ဖိအားပေး အသိပေးနေတဲ့တပ်ဖွဲ့ ဖြစ်ပါသည်။