ဒီဇင် ၂၁

The Kaladan Post

၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက်နေ့တွင် ငါန်းဇွန်းမှ တံတားဦးလမ်းပသို့ ထွက်လာသော စစ်တပ်နှင့် ပျူစောထီးများ ကား(၄)စီးအား တော်လှန်ရေးမဟာမိတ်တပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း SPECIAL TASK FORCE က ထုတ်ပြန်သည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး SPECIAL TASK FORCE တာဝန်ခံ ကို ငြိမ်းချမ်းက “ ကျွန်တော်တို့တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီး များလိုက်ပါလာသည့် Canter Truck တစ်စီး ကားကြီး နှစ်စီးနှင့် Light Truckတစ်စီး စုစုပေါင်း (ကား၄စီး) ဖြင့် ငါန်းဇွန်မြို့နှင့် မီးတာ (4000) အကွာအရောက်တွင် ကျွန်တော်တို့နှင့် မဟာမိတ် ပူးပေါင်းတပ်များက အသင့်စောင့်ကြိုကာ ကျွန်ဝင်လာသည့် CANTER ကားတစ်စီးအား တိုက်ခိုက်ခြေမှုန်းတာဖစ်ပါတယ် ကားပေါ်တွင် အဲ့ဒီကားတွင်ပါတာသော  ပျူခေါင်း ဆောင် မျိုးမင်းခိုင် လက်ထောက် ပျူပေါက်စ သင်တန်းဆင်းခါစ (ပျူပေါက်စ)များ ခန့်မှန်း (၄၀) ကျော်နှင့် (စကမ) ဒုကြပ်လက်ထောက် (၂ )ဉီး နေရာတွင် သေဆုံးခဲ့ပါတယ်ဟု “ The Kaladan Post သို့ ပြောဆိုသည်။ စစ်တပ်နှင့် ပျူစောထီးများသည် သူတို့ကားတွေနှင့် ငါန်းဇွန်သို့ပြန်လည်ဆုတ်ခွါ ကြပြီးဖြစ်ပြီး လက်ရှိအချိန်ထိ စစ်တပ်ဘက်က လက်နက်ကြီးနှင့် ရမ်းသတ် ထုတာတွေ ကင်းပတ်တာတွေ လုပ်ဆောင်နေဆဲဖြစ်ကြောင်း SPECIAL TASK FORCE တာဝန်ခံ ကို ငြိမ်းချမ်းက ဆက်လက်ပြောဆိုသည်။ တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော်များမှ စကမပျူကား canter ကားတစ်စီးအား အပိုင်စီးနိုင်ခဲ့ပေမယ့် ငါန်းဇွန့်မြို့ နှင့် နီးစပ်သောကြောင့် မြို့တွင်းမှ တပ်ကူအဖြစ် နောက်ထပ် ကားကြီး/ငယ် (၆)စီး ထပ်မံ ရောက်ရှိခဲ့သောကြောင့် လက်နက်ခဲယမ်းသိမ်းဆည်းနိုင်ခြင်း   မရှိသော်လည်း တော်လှန်ရဲဘော်များမှ အထိအခိုက်မရှိဘဲ ဘေးကင်းစွာပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရသည်။ မန္တလေး – မြင်းခြံ လမ်းပိုင်တွင် ကားမောင်လာသော ပြည်သူတွေအနေဖြင့် ကားများမှန်ချပြီး မောင်းပေးကြရန်နှင့် မိုးကာမအုပ်ဘဲ မောင်းပေးကြရန်  SPECIAL TASK FORCE တာဝန်ခံ ကို ငြိမ်းချမ်းက မေတ္တာရပ်ခံထားပါသည်။