————————————————
မေ ၂၆
The Kaladan Post
၂၄.၅.၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆုံရွာရှိ ပျူစောထီးရွာအား နံနက် ၁၀:၀၀ နာရီအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နားနေသည့်နေရာများနှင့် ဂျန်မာစက်ရှိရာ နေရာများသို့ Fixed Wing Drone ၉ စီးဖြင့် ဆက်လက်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုတွင် ပျူစောထီး ၂ ဦး သေဆုံးပြီး ပျူမ ၁ ဦးနှင့် ပျူစောထီးအများအပြား ဒဏ်ရာရရှိခဲ့ကာ အိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆုံရွာတွင် ပျူစောထီးများနှင့်အတူ ဆက်လက်ခိုအောင်း နေဆဲဖြစ်ပြီး ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများကို ဆေးကုသသည့် နေရာကို ဆက်လက်စုံစမ်းနေကြောင်း Peacock Drone Team-Myaung တာဝန်ရှိသူက The Kaladan Post သို့ ပြောကြားခဲ့သည်။ ကြဲချတိုက်ခိုက်နေစဉ် စစ်ကောင်စီဘက်မှ လက်နက်ငယ်နှင့် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။
ဤစစ်ဆင်ရေးကို Peacock Drone Team-Myaung နှင့် မဟာမိတ် ၉ ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။