—————————————-
ဇွန် ၇
The Kaladan Post
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံညောင်ဦး-ချောက် လမ်းမပေါ်တွင် ၂၀၂၄ ခုနှစ် မေလ ၂၀ ရက် မနက် ၁၀ နာရီခန့်က Bagan Bo Cho PDF အဖွဲ့သည် လမ်းပိုင်းလုံခြုံရေး စစ်ဆေးနေစဉ် နေပြည်တော်မှ ချောက်မြို့ဘက်သို့ ကိုယ်ပိုင်ကားဖြင့် သွားလာနေသည့် SAC (စစ်ကောင်စီ) တပ်မှ ဗိုလ်ကြီး ညီညီမျိုးဆွေ နှင့် ဗိုလ်ကြီး စိုးထွဋ်ကျော် တို့ကို အကြမ်းဖက်စစ်ကောင်စီ၏ အရာရှိများအဖြစ် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရရှိခဲ့သည်။ ဖမ်းဆီးခံရသူ ဗိုလ်ကြီး ၂ ဦးအား စစ်သုံ့ပန်းဥပဒေအရ ထိန်းသိမ်းထားပြီး လက်ရှိတွင် သက်ဆိုင်ရာ ညောင်ဦးမြို့နယ် PDF တာဝန်ရှိသူထံသို့ လွှဲအပ်ခဲ့ကြောင်း Bagan Bo Cho PDF ၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါထုတ်ပြန်ချက်နဲ့ပတ်သက် ပြီး ဖမ်းဆီးခံများ သည် တပ်မတော်(ကြည်း) ပြန်တမ်းဝင်အရာရှိ ဦး ညီညီမျိုးဆွေ ပြန်တမ်းဝင်အမှတ် အင်န် ၂၈၁၃ ဖြစ်ပြီး ၎င်းသည် ကျန်းမာရေးနဲ့ ရောဂါနှိမ်နင်းရေးတပ်(ကရတ)က သူနာပြုဗိုလ်ကြီးဖြစ်ကြောင်း Bagan Bo Cho သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက The Kaladan Post သို့ပြောဆိုသည်။ ၎င်းဖမ်းဆီးခံ စစ်ကောင်စီ ဗိုလ်ကြီးများသည် သက်သေခံပစ္စည်းများနှင့်ဖမ်းဆီးထားခြင်းဖြစ်သောကြောင့် စကစဖက်က မဟုတ်ဟုငြိမ်းဆိုတာတွေမလုပ်သည့်အပြင် ထွက်ပြေးဖို့ပြင်ဆင်တာတွေမရှိဘဲ ငြိမ်သက်စွာဖြင့် လက်ရှိအချိန်ထိတော့ နေထိုင်နေသေးကြသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ဒီဖြစ်စဥ်နှင့်ပတ်သက်ပြီး CDM ဗိုလ်မှူးကြီး ကောင်းသူဝင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့၏စစ်သားအမှတ်အသားမပြလိုသည့်အခါ သို့မဟုတ် လုံခြုံရေးအရ သတိထားလိုသည့်အခါ အရပ်သားဝတ်စုံဖြင့် သွားလာကြမှာ ဖြစ်ပြီး အထူးသဖြင့် ပြည်သူ့ခုခံတပ်ဖွဲ့များ (PDF) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုများရှိသည့်နယ်မြေများတွင် ၎င်းတို့၏ အမှတ်အသားဖုံးကွယ်ရန် ဤနည်းကို အသုံးပြုကြမည်။ ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထောက်လှမ်းရေးလုပ်ငန်းများ သို့မဟုတ် သတင်းအချက်အလက်ရယူရန်အတွက် အရပ်သားဝတ်စုံဖြင့် ဒေသခံပြည်သူများနှင့် ရောနှောနေထိုင်ပြီး သံသယမဖြစ်အောင်နေမည် ပြီးတော သူတို့တွေ သတင်းအချက်အလက်တွေရရှိပါက လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်မည် ဟု The Kaladan Post သို့ပြောဆိုသည်။