—————————————————–
မေ ၂၆
The Kaladan Post
လယ်တောင်ယာ၊ သမုတ်ချုံ ဘက်သို့တက်လာသော စစ်ကောင်စီ စစ်ကြောင်းအား မြိတ်ခရိုင်တပ်ရင်း(၂) နှင့် ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၅ ခုနှစ်၊ မေလ (၂၃)ရက် နံနက် (၄:၃၀) အချိန်မှ ညနေ (၄း၃၀)အချိန်အတွင်း ပြည်သူ့တော်လှန်ရေးတပ်များမှ သမုတ်ချုံရွာအနီးတွင် မိုင်းဆွဲ၍ လေးကြိမ်အထိ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူခုနှစ်ဦးခန့်သေဆုံး နိုင်သည်ဟုသိရသည်။ အဆိုပါတိုက်ပွဲကို မြိတ်ခရိုင်တပ်ရင်း(၂)၊ တပ်ခွဲ(၂)၊ မြိတ်ခရိုင် တပ်ရင်း(၁)၊ တနင်္သာရီမြို့နယ်ပကဖအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးဖက်မှ အထိအခိုက်မရှိဘဲ ဘေးကင်းလုံခြုံကြောင်း PDF မြိတ်ခရိုင် တပ်ရင်း ၂ – P2 3402 မှတာဝန်ရှိသူ တစ်ဦးက The Kaladan Post သို့ပြောဆိုသည်။
တနင်္သာရီမြို့နယ်တွင် လက်ရှိဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများကြောင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် သတိထားပြီး သွားလာနေထိုင် ကြရန်နှင့် လုံခြုံရေးကို ဦးစားပေး၍ သတိရှိရှိ ဆောင်ရွက်ကြရန် မေတ္တာရပ်ခံထားသည်။