ဒီဇင် ၂၆
The Kaladan Post
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အကြမ်းဖက်စစ်ကော်မရှင် အတုအယောင်ရွေးကောက်ပွဲ ကျင့်ပမည့်နေ့တွင် ဟားခါးမြို့တွင်း နေထိုင်သူ ပြည်သူများ အနေဖြင့် ပါဝင်ပတ်သက်ခြင်းမပြုဘဲ မိမိတို့ အိမ်များ၌ နေထိုင်ကြခြင်းဖြင့် အသံတိတ်သပိတ် ဆင်နွဲကြရန် CDF- Hakha ဗဟိုကောင်စီက အသိပေး ထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး လောက်တူ ဒေသပြည်သူ့ အုပ်ချုပ်ရေးမှူး ဆလိုင်း စော်ဗီးကို The Kaladan Post ကနေ ဆက်သွယ် မေးမြန်းရာ တွင် “ ကျွန်တော်သူပြည်သူလူထုအနေဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်သည့် ရပ်တည်ချက်ကို ထုတ်ဖော်ပြသရန် အကောင်းဆုံးနည်းလမ်းမှာ ဤတရားမဲ့ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ငြင်းပယ်ခြင်းပင် ဖြစ်ပါတယ် လုပ်ထုံးလုပ်နည်း၊ ဥပဒေမူဘောင် စံနှုန်းများအရ မဖြစ်နိုင်လုနီးပါး ဖြစ်နေသည်ကို သိသိကြီးနဲ့ စစ်ကော်မရှင်က ဤပွဲကို ဗြောင်လုပ်နေခြင်းဖြစ်ပြီး၊ နိုင်ငံရေးအရ အချို့ပြည်သူများကို လှည့်စားကာ သူတို့ဘာသာ တရားဝင်အာဏာ ရယူရန် အယောင်ဆောင်နေ ခြင်းသာဖြစ်ပါတယ်ဟု “ ပြောဆိုသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် ရဲရဲဝံ့ဝံ့ ငြင်းဆန်ရမည် ဖြစ်ပြီး၊ မဲမပေးဘဲ အိမ်တွင်းအနားယူနေခြင်းဖြင့် ဆန့်ကျင်မှုကို ထုတ်ဖော်နိုင်ကြရန် တိုက်တွန်း ထားသည်။ မဲပေးခြင်းဆိုသည်မှာ မည်သူ့ကိုမျှ ဖိအားပေးခွင့်မရှိဘဲ လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိသည့် အခွင့်အရေးဖြစ်ပြီး၊ မတရားမှုများနဲ့ ပြည့်နှက်နေသည့် ဤရွေးကောက်ပွဲတွင် ပါဝင်ခြင်းက မတရားမှုတွင် ပူးပေါင်းပါဝင်ခြင်းပင် ဖြစ်သည်ဟု လောက်တူဒေသ ပြည်သူ့အုပ်ချုပ်ရေးမှူး ဆလိုင်း စော်ဗီးက ထောက်ပြထားသည်။ မဲပေးခြင်းဆိုတာ မည်သူမည်ဝါကမျှ ဖိအားပေးလို့မရပါဘူး။ အသဲကြားက မဲတစ်ပြားဆိုတာ အဲ့ဒီရွေးကောက်ပွဲက တရားဝင်ပြီး ပြည်သူ့အကျိုးပြုဖြစ်မှသာ ဒီဆိုရိုးရဲ့အနှစ်သာရက ပြည့်စုံတာပါ။ မတရားမှုပေါင်းစုံနဲ့ ပြည်သူကို ဒုက္ခတွင်း နက်သထက်နက်အောင် တွန်းပို့နေတဲ့ စကမအတွက် မိမိရဲ့တန်ဖိုးကြီးမားလှတဲ့ မဲတစ်ပြားကို မတရားမှုအတွက်ပူးပေါင်းကြံ စည်မှု လက်နက်အဖြစ်အသုံး မချသင့်ကြောင်း ဆလိုင်းစော်ဗီးက ဆက်လက်ပြောဆိုသည်။ ထို့အပြင် မင်းအောင်လှိုင်၏ ရွေးကောက်ပွဲ အောင်မြင်ခြင်း မအောင်မြင်ခြင်းဆိုတာထက် တရားဝင်မှုမရှိဘဲနဲ့ လုပ်လိုက်တဲ့ ၎င်းတို့ရဲ့ လုပ်ရပ်ကပိုပြီး ကမ္ဘာ့နိုင်ငံရေးမျက်နှာစာမှာပိုပြီး အကျည်းတန်လာမှာဖြစ်ပြီး သာပေါင်း ညာစားတွေနဲ့တော့ သူတို့ဖာသာ ပွဲစည်ကြမှာပဲ။ မိမိတို့ရဲ့ နိုင်ငံရေးအခြေအနေကတော့ တော်လှန်ပြည်သူတွေပေါ်မှာ အခြေခံလိမ့်မည်ဖြစ်ကြောင်း အသိပေးထားသည်။