ဒီဇင် ၂၈
The Kaladan Post
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်က စစ်အုပ်စုရဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးကို ပြောက်ကျားတပ်ဖွဲ့ ဒီဇင်ဘာလ ၂၈ရက် ဒီမနက်အစောပိုင်းမှာ ပြင်းအားမြင့်မိုင်းတွေနဲ့ ဖောက်ခွဲတိုက် ခိုက်ခဲ့ကြောင်း Yangon Army (YA) က ထုတ်ပြန်ထားပါသည်။
အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး Yangon Army (YA) တာဝန်ရှိသူတစ်ဦးက” ကျွန်တော်တို့က ကမာရွတ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးကို မိုင်း၂လုံးနဲ့တိုက်ခိုက်ပီး ချက်ချင်းအမြန်ပြန်ဆုတ်ခဲ့ရပါတယ် စစ်တပ်ဖက်က လုံခြုံရေးတွေ အပြည့်ယူထားကြလို့ပါခင်ဗျ တိုက်ခိုက်မှုအတွင်း ထိခိုက်မှု အခြေနေတော့မသိဘူး မိုင်းကနှစ်လုံးလုံးကွဲပါတယ် ဟု’ The Kaladan Post သို့ပြောဆိုသည်။ ကျွန်တော်တို့ ကလုပ်စရာရှိတာ အကောင်းဆုံးလုပ်ဆောင်နေပါတယ် ပြည်သူတွေက တရားမဝင်ရွေးကောက်ပွဲကို အသိအမှတ်မပြုရင်ဘဲ ကျနော်တို့ကျေနပ်နေပါပြီ တရားဝင်အစိုးရ တရပ်ကို လက်နက်အားကိုးနဲ့ ဖမ်းဆီးထောင်ချပြီး တရားမဝင်ရွေးကောက်ပွဲ ပြုလုပ်တာကိုတော့ ကိုမင်းကိုနိုင် စကားယူသုံးရရင်ဒအြတိုက်ထားတဲ့ ပစ္စည်းကို ခွဲဝေခြမ်းရေးလုပ်တဲ့ပွဲလို့ဘဲ သတ်မှတ်ပါတယ် စစ်အာဏာရှင် တွေ အဆုံးမသတ်မချင်း ဘယ်ကောင်တက်တက်ကျနော်တို့ပ တိုက်ခိုက်နေအုံးမှာဖြစ်ကြောင်း ဆက်လက်ပြောဆိုသည်။ အဆိုပါတိုက်ခိုက်မှုကို စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ နာရီပိုင်းအလိုမှာပဲ အထက်ပါရုံးကို Yangon Army (YA) နဲ့ အနောက်ပိုင်းခရိုင်ပကဖတို့ပူးပေါင်းပြီး ပြင်းအားမြင့်မိုင်း၂လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ် Yangon Army(YA) နဲ့ အနောက်ပိုင်းခရိုင်ပကဖ တို့ဟာ စစ်အုပ်စုထောက်တိုင်တွေကို အမြဲမပြတ်တိုက်ခိုက်နေတဲ့ မဟာမိတ် မြို့ပြပြောက်ကျားတပ်ဖွဲ့ တွေဖြစ်ပြီး လက်ရှိစစ်အုပ်စုရဲ့ရွေးကောက်ပွဲအတု ရှိလာချိန်မှာလည်း တိုက်ခိုက်မှုတွေကို ခပ်စိပ်စိပ် လုပ်လာတာဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ အပိုင်း(၁)နေမှာ ရန်ကုန်တိုင်း အတွင်းက ကမာရွတ်မြို့နယ်ရုံးအပါအဝင် မန္တလေး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် မြဝတီ ၊ ထားဝယ်၊ ပြည် စတဲ့မြို့နဲ့ မြို့နယ်အများအပြားတွင် ပေါက်ကွဲသိတွေ ဖြစ်နေကြောင်းသိရသည်။