ဇွန် ၂၆

The Kaladan Post

ပြည်သူ့ဒီမိုကရက်တစ်တပ်တော်အနေဖြင့် အခြေခံကျန်းမာရေးစောင့် ရှောက်မှုအဖွဲ့များ ဖွဲ့စည်းကာ ၂၀၂၅ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျေးရွာပြည်သူလူထုနှင့် စစ်ရှောင်ပြည်သူများအား အခြေခံကျန်းမာ ရေး စောင့်ရှောက်မှုများကို အခမဲ့ပြုလုပ်ပေးလျက်ရှိကြောင်း People’s Democratic Army ၏ ထုတ် ပြန်ချက်အရ သိရပါသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး People’s Democratic Army ၏ တာဝန်ရှိသူ ရဲဘော်အုပ်စိုးက “ဦးစားပေးအနေနဲ့ ကူညီပေးကတေ့ ကျွန်တော်တို့ လှုပ်ရှားဒေသဖြစ်တဲ့ ညောင်ဦးနယ်ထဲမှာ အဓိကလုပ်ဖြစ်နေတာပါဖြစ်ပါတယ် ပြီးတော့ အဓိကအားဖြင့်အခြေခံကျန်းမားရေး ဖြစ်တဲ့  ဖျားတာ၊ နာတာ၊  ဆီချို၊ သွေးတိုး၊ ခါးနား၊ ဒူးနာ၊ ဒါတွေအပြင် မိုးရာသီဖြစ်တော့ ယားနာတွေ ရောပါတာပေါ့”ဟု The Kaladan Post သို့ပြောတို့သည်။

ဒါ့အပြင် ကျွန်တော်တို့ထပ်တိုးလုပ်ဆောင်နိုင် ဖို့ ယခင်ကရန်သူ့အနားနေရလို့ မထွက်လာနိုင်သေးတဲ့ဆေးဘက်ဆိုင်ရာ ပညာရှင်များကို ဖိတ်ခေါ် ပြီး ဒီထက်မက ပြည်သူတွေကို ကူညီနိုင်အောင်ကြိုးစားသွားမှာဖြစ်ပါတယ်။လက်ရှိကျွန်တော်တို့ ထိန်းချုပ် နေမြေမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေ နေရေးထိုင်ရေးနှင့် စားဝတ်နေရေးတွေကို ​ပြည်သူနဲ့ အတူ​ပူ ပေါင်းဖြေရှင်းပေးမှာဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။  စစ်ဘေးရှောင်ပြည်သူ ထပ်တိုးလာ နိုင်သောကြောင့်  စားဝတ်နေရေး ဖြေရှင်းနိုင်ရေး PDO/PDAအနေနဲ့ အခြေခံ စားသောက်ကုန်ဖြစ်သော ဆန်၊ဆီ စတာတွေကို ကြိုတင်ပြီးစုထားရတဲ့အခြေနေရှိကြောင်း သိရှိရပါသည်။ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို ဆက်လုပ်ဖို့ PDO/PDA စိုးမိုးထားတဲ့ဒေသတွင်းက ပြည်သူတွေ ဒီထက်ပိုစည်းလုံး ညီညွတ်ဖို့လိုအပ်ပြီးပါကြောင်းနှင့် ပြည်တွင်း၊ ပြည်ပရှိတိုင်ရင်းသား ညီအစ်ကိုများ အနေနဲ့လည်း စစ်ရှောင်ပြည်သူတွေရဲ့ ဆေးဝါးပစ္စည်းလိုအပ်ချက်များဖြစ်ဖြစ်၊ အလှူငွေဖြစ်ဖြစ် ဝိုင်းဝန်းကူညီ ပေးရန် လိုအပ်လျက်ရှိပြီး ကူညီပေးလိုပါက   PDO/PDA facebook page မှ လာရောက်ဆက်သွယ်ပြီး ကူပေး နိုင်ပါကြောင်း People’s Democratic Army ၏ တာဝန်ရှိသူ ရဲဘော် အုပ်စိုးက တိုက်တွန်းထားပါသည်။