အောက်တို ၃

The Kaladan Post

PRA-Magway သည် နိုင်ငံတဝှမ်း စစ်ရှိန်မြင့်တက်လာမှုနှင့်အညီ မကွေးဒေသတွင် စစ်ဆင်ရေးများ ကို မဟာမိတ်များနှင့် ပူးပေါင်းကာ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းနှင့် ပုသိမ်-မုံရွာလမ်းတစ်လျှောက် ရှိ ဒေသများတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖော်ဆောင်နေပြီး ဤတိုက်ပွဲများတွင် စစ်ကောင်စီတပ် ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု များပြားခဲ့ကြောင်း PRA-Magway တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါ သည်။ ထို့အပြင် ငဖဲမြို့နယ် နတ်ရေကန်ဝန်းကျင်တိုက်ပွဲများမှ ထွက်ပြေးလာသော တပ်မ (၉၉) နှင့် စကခ (၁၇) လက်အောက်ခံ တပ်ဖွဲ့ဝင် ၂၇ ဦးကို PRA-Magway မှ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားပါသည်။ အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး  PRA-Magwayတပ်ဖွဲ့ရဲ့တာဝန်ရှိသူ တစ်ဦးက “ ကျွန်တော်တို့ဖမ်းဆီးခဲ့တဲ့ စစ်သုံးပန်းများဟာ တစ်ချိန်တည်းဖမ်းဆီးထားတာ မဟုတ်ဘဲ နဲ့ ၇ပိုင်းနှင့် ၉လပိုင်းတို့မှာ နတ်ရေကန်ဝန်းကျင်တိုက်ပွဲကနေ အမျိုးထွက်လာကြတဲ့သူတွေဖြစ်ပါ တယ် ဒီဖမ်းဆီးသူတွေထံမှ လက်နက်အနည်းငယ် ယူဆေင်လာတဲ့သူတွေပါရှိသလို လက်နက်ထား ခဲ့ပြီး ထွက်ပြေးလာတဲ့သူတွေလည်း ပါတယ်ဟု “ The Kaladan Post သို့ ပြောဆိုသည်။ ၎င်း ဖမ်းဆီးခံရသူများမှာ အဓမ္မစစ်မှုထမ်းဥပဒေဖြင့် ပေါ်တာဆွဲခံရပြီး အပတ်စဉ် (၇) မှ (၁၃) အထိ သင်တန်းဆင်းထားသူများ ဖြစ်သည်။ ဤစစ်သုံ့ပန်းများကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားရှိသည်။ မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်သည် အာဏာသိမ်းပြီးနောက် အဖက်ဖက်မှ ရှုံးနိမ့်ပြိုလဲနေသော်လည်း၊ ရွေးကောက်ပွဲဖြင့် နိုင်ငံရေး ထွက်ပေါက်ရှာဖွေခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးကို အသုံးပြု၍ နိုင်ငံတကာဆက်ဆံရေး ထူထောင်ခြင်း၊ အဓမ္မစစ်မှုထမ်းဥပဒေဖြင့် စစ်အင်အားဖြည့်တင်းခြင်းတို့ဖြင့် တကျော့ပြန် အား ကောင်းလာရန် ကြိုးပမ်းလျက်ရှိသည်။ ယခုအခါ စစ်ကောင်စီသည် နိုင်ငံတဝှမ်း ထိုးစစ်ဆင်ရေး များ ပြုလုပ်နေသည်။ နွေဦးတော်လှန်ရေးတွင် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များသည် အလျားလိုက်ပုံစံဖြင့် အောင်မြင်မှုများ ရရှိခဲ့သော်လည်း၊ ၅ နှစ်နီးပါး ကြာမြင့်လာသည့်တိုင် တစ်ဖွဲ့ချင်း အားကောင်းမှုမှာ ကန့်သတ်ဖြစ်ပြီး တပ်ပေါင်းစုစုစည်းမှု အားနည်းနေခဲ့ကြောင်း PRA-Magway ထုတ်ပြန်ချက်တွင်ထည့်သွင်းထားပါသည်။ အကြမ်းဖက်စစ်ကောင်စီ၏ တကျော့ပြန် အားကောင်းလာမှုကြောင့် ထိန်းချုပ် ဒေသအချို့ ပြန်လည်လက်လွှတ်ရမှုများ ရင်ဆိုင်ရခြင်းဖြစ် ကြောင်း ၎င်းတပ်ဖွဲ့က ထောက်ပြထားသည်။ ထို့ကြောင့် ယခုအချိန်သည် တော်လှန်ရေးအင်အားစု များ၏ တပ်ပေါင်းစုမူဝါဒကို လက်တွေ့အကောင်အထည်ဖော်ရမည့်ကာလဖြစ်ဟု ဆိုသည်။ ဒီ တပ်ပေါင်းစုမူဝါဒကို အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် “ ကျွန်တော်တို့တော်လှန်ရေး တပ်ဖွဲ့တွေအနေနဲ့ ကျွန်တော်တို့၏ ရည်းမှန်းကဘာလဲဆိုတာသိဖို့လိုတယ် ပြီးတော့ ဘုံလုပ်ငန်းစဥ် ကို ကြည့်ပြီးတော့ တူတဲ့ဟာကို အရင်ရှေ့ရှုးပြီးတော့ ရည်မှန်းချက်ကဘာလဲ ဆိုတာကို အဓိက ထားပြီးတော့ စဥ်းစားဖို့လိုလိမ့်မည်ဟု “ ဆက်လက်ပြောဆိုသည်။  ဖိနှိပ်မှုပေါင်းစုံကို ခံစားခဲ့ရသော လူထုကို အာရုံထားပြီး၊ တစ်ဖွဲ့ချင်းအားကောင်းရေးထက် တော်လှန်ရေးတစ်ခုလုံး အားကောင်းလာ စေရန် ဦးတည်ရမည်ဖြစ်သည်။ ကွဲပြားသော အမိန့်ပေးကွပ်ကဲမှု၊ တပ်အင်အားပြန့်ကြဲမှု၊ ဘဏ္ဍာရေးလေလွင့်မှုများကို အကျစ်လစ်ဆုံး ပေါင်းစည်းကာ တညီတညွတ်တည်း တိုက်ပွဲဝင်ရန် လိုအပ်သည်ဟု PRA-Magway က ယုံကြည်သည်။