မေးမြန်းသူ- RAIN, Program Host
ဖြေကြားသူ- ဆရာမ မေစပယ်ဖြူ၊ Director, Gender Equality Network
RAIN – ဟုတ်ကဲ့ပါ၊ ဆိုတော့ ဆရာမပြောသလိုပဲ ဒီလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုက အရေးကြီးဆုံးဖြစ်တယ်ပေါ့နော်။ ဆိုတော့ လက်ရှိတော်လှန်ရေးကာလမှာရော၊ ဒီအနာဂတ်ဖက်ဒရယ်နိုင်ငံမှာရော ဒီလိုရာဇဝတ်မှုတွေ အတွက် ကျူးလွန်ခံရမှုကို ဗဟိုပြုတဲ့ တရားမျှတမှုကို ဘယ်လိုမျိုးဖော်ဆောင်နိုင်မလဲရှင့်။ ဒီလက်တွေ့ကျတဲ့ ယန္တရားတွေက ဘာတွေဖြစ်နိုင်မလဲလို့ ဆရာမပြောလိုပါလဲရှင့်။
ဆရာမ မေစပယ်ဖြူ – လက်တွေ့ကျတဲ့ ယန္တရားတွေကတော့ ကျွန်မတို့နိုင်ငံအတွင်းမှာပဲ လုပ်လို့ရတာတွေ ရှိတယ်ပေါ့နော်။ ကျွန်မတို့ ဒီ Tribunal လို့ခေါ်တဲ့ ကြားနာစစ်ဆေး မှုခုံရုံးပေါ့လေနော်။ ဒီကြားနာစစ်ဆေးမှုခုံရုံး ဖွဲ့ပြီးတော့ ကျွန်မတို့တွေက တရားမျှတမှုရ အောင် ဒီလိုမျိုးအမှုတွေကို ကြားနာစစ်ဆေးတာ၊ အပြစ်ပေးအရေးယူတာတွေ လုပ်လို့ရ တယ်။ ဒါက ကျွန်မတို့ National Level ပေါ့နော်။ ဒါ National Level ပဲမဟုတ်ပါဘူး။ ကိုယ့်ရဲ့ Federal Level မှာတောင် လုပ်လို့ရပါတယ်ပေါ့နော်။ အဲ့တော့ အခုကျွန်မတို့ဒီမှာ Federal Unit တစ်ခုခုမှာပေါ့လေ၊ ဒီလိုကိစ္စတစ်ခုဖြစ်တယ်ဆိုရင် ကျွန်မတို့က ခုံရုံးဖွဲ့ပြီးတော့ ဒီကိစ္စကို ဟို ကြားနာစစ်ဆေးတာ၊ ပြီးတဲ့အခါမှာ ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေ လုပ်တာပေါ့ လေ။ အဲ့ဒါကို ကျွန်မတို့က Tribunal လို့ခေါ်တယ်ပေါ့နော်။ နောက်တစ်ခုကတော့ ကျွန်မတို့ဒီ တော်လှန်ရေးအလွန်ကာလကျရင်လည်းပေါ့နော်၊ ကျွန်မတို့ဒီ Truth-Finding Mission လို့ခေါ်တယ်ပေါ့လေ။ အမှန်တရားကို ရှာဖွေပေးတဲ့ Commission လိုမျိုးတွေ ကျွန်မတို့တွေ ဖွဲ့စည်းပြီးတော့ တော်လှန်ရေးကာလအတွင်းမှာ ဂျန်ဒါအခြေပြုအကြမ်းဖက်ခံရမှုအပါအဝင် ပေါ့နော်၊ တခြားသော လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခံရတဲ့သူတွေကို ကျွန်မတို့က ကြားနာစစ်ဆေးပေးတာ ပြီးတော့ အမှန်တရားနဲ့ တရားမျှတမှုရအောင် ဆောင်ရွက် ပေးတာတွေကို လုပ်လို့ရတယ်ပေါ့နော်။ အဲ့တော့ ကျူးလွန်ခံရတဲ့သူတွေက ဟို Institution ပေါ့၊ အခု မြန်မာ့စစ်တပ်လိုမျိုးပေါ့နော်၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်း မဟုတ်ဘဲနဲ့ အစုအဖွဲ့နဲ့ဖြစ်ခဲ့မယ်ဆိုရင်လည်း ကျွန်မတို့တွေက ဒါတွေကို ကိုယ့်ရဲ့နိုင်ငံအဆင့်မှာလည်း ခုနကပြောတဲ့ Tribunal သော်လည်းကောင်း၊ Truth-Finding Commission သော်လည်း ကောင်းပေါ့နော်၊ အဲ့လိုမျိုးဟာတွေနဲ့ နိုင်ငံအဆင့်မှာ အပြစ်ပေးအရေးယူလို့ရသလို ကျွန်မတို့ က နိုင်ငံတကာအဆင့်မှာ Universal Jurisdiction လို့ခေါ်တယ်ပေါ့လေနော်။ ဒီအပြည်ပြည် ဆိုင်ရာတရားရုံးတွေကို ပဋိပက္ခအတွင်းမှာ ကျူးလွန်ခဲ့တဲ့ လူသားမျိုးနွယ်တွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ကျွန်မတို့က ကြားနာစစ်ဆေးနိုင်ဖို့အတွက် အမှုတွေကို တင်ပို့တာမျိုးပေါ့နော်။ အဲ့ဒါမျိုးတွေလည်း ကျွန်မတို့ လုပ်နိုင်တာဖြစ်တယ်ပေါ့လေ။ တစ်နေ့နေ့ပေါ့လေ၊ ကျွန်မတို့ တရားမျှတမှု ရှာဖွေဖို့အတွက် ဖြစ်နိုင်တဲ့ အချိန်အခါရောက် လာရင် ကျွန်မတို့တွေ ဒီလို ကျူးလွန်သူတွေကို ထိရောက်တဲ့အပြစ်ပေးအရေးယူမှုတွေ ပြုလုပ်နိုင်အောင်ဆိုပြီးတော့ ကုလသမဂ္ဂကလည်း သူတို့အနေနဲ့ ဒီလွတ်လပ်ပြီးတော့ ဘက်လိုက်မှုမရှိတဲ့ စုံစမ်းစစ်ဆေးမှု Mechanism တစ်ခုပေါ့လေ၊ IIMM လို့ခေါ်တဲ့ အဲ့ဒါကို ဖွဲ့စည်းထားပြီးတော့ ကျွန်မတို့ ဒီကျူးလွန်ခံရတဲ့သူနဲ့ မိသားစုတွေက တစ်ချိန်ချိန်မှာပေါ့နော်၊ ကျွန်မတို့ တရားမျှတမှုကို ပြန်ရဖို့အတွက်လည်း သူတို့ရဲ့သတင်းအချက်အလက် ကောက်ယူစုဆောင်းမှုတွေထဲမှာ ကိုယ်ကျူးလွန်ခံရတဲ့အဖြစ်အပျက်တွေ ကိုယ့်ရဲ့ Case ကို ပေါ့နော်၊ ပါသွားအောင်၊ Recorded ဖြစ်အောင်လည်း ကျွန်မတို့ သတင်းပို့တိုင်ကြားလို့ ရတယ်ပေါ့နော်။ အဲ့တော့ တရားမျှတမှုလမ်းက ရှည်တော့ရှည်ကြတယ်ပေါ့နော်။ ချက်ချင်း လက်ငင်းတော့ ကျွန်မတို့က ဖြစ်လာမှာမဟုတ်ဘူး။ ဒါပေမဲ့လည်း အဲ့ဒီလို ချက်ချင်းလက်ငင်း မဖြစ်တဲ့အတွက် ဆိုပြီးတော့ ကျွန်မတို့က တရားမျှတမှုကို မရှာတော့တာမျိုး၊ တရားမျှတမှုကို မတောင်းဆိုတော့တာမျိုးတော့ မဖြစ်သင့်ဘူးလို့ ကျွန်မပြောချင်တယ်ပေါ့နော်။ အဲ့တော့ ဘယ်လိုမျိုး ပဋိပက္ခအခြေအနေနဲ့ Post-Conflict ပေါ့နော်၊ ပဋိပက္ခအလွန်အခြေအနေတွေမှာ တရားမျှတမှုရှာဖွေတာက တော်တော်လေးကို ခက်ခဲပါတယ်။ အဲ့တော့ အဲ့ဒီခက်ခဲတဲ့တရားမျှ တမှုကို ရရှိဖို့အတွက်ပေါ့နော်၊ ဒီကျူးလွန်ခံရသူနဲ့မိသားစုကပဲ မတတ်နိုင်ပါဘူး။ သူတို့ကို ဝန်းရံမယ့် ရပ်ရွာအဖွဲ့အစည်း ပြီးတော့ အခုကျွန်မတို့အမျိုးသမီးအဖွဲ့တွေနဲ့ ဒီလူ့အခွင့်အရေး ကို လေးစားလိုက်နာတဲ့၊ တရားမျှတမှုကို လိုလားတဲ့ အဖွဲ့အစည်းတွေပေါ့နော် ကနေပြီးတော့ မှ ဝိုင်းဝန်းပြီးတော့ ကူညီပံ့ပိုးပေးရမှာဖြစ်တယ်။ တရားမျှတမှုကို ရှာတာက အချိန်အားဖြင့်ပဲ ကြန့်ကြာတာမဟုတ်ဘူးနော်။ ငွေကြေးနဲ့အရင်းအမြစ်တွေလည်း အများကြီးလိုအပ်တာ ဖြစ်တယ်။ ဆိုတဲ့အခါကျတော့ အဲ့ဒီလိုမျိုး တရားမျှတမှုရဖို့အတွက် ကျွန်မတို့က ပေးရမယ့်အချိန်တွေ၊ အရင်းအမြစ်တွေ၊ ငွေကြေးတွေအတွက်ကို ခုကတည်းကပေါ့နော်၊ တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း ထည့်သွင်းပြီးတော့ စဉ်းစားသင့်တယ်။
RAIN – ဟုတ်ကဲ့ပါ၊ ဆိုတော့ နောက်တစ်ခုကတော့ ဒီနိုင်ငံတကာအသိုင်းအဝိုင်းပေါ့နော်၊ အထူးသဖြင့် ဒီ UN အဖွဲ့အစည်းတွေနဲ့ INGO တွေရဲ့ ဒီလက်ရှိဆောင်ရွက်မှုတွေက မြေပြင်လိုအပ်ချက်တွေနဲ့ ကိုက်ညီမှုရှိတယ်လို့ ဆရာမအနေနဲ့ ထင်လားပေါ့နော်။ ပြီးတော့ ဒီသူတို့စိုးရိမ်ကြောင်း ထုတ်ပြန်ရုံသက်သက်ထက် ကျော်လွန်ပြီးတော့မှ မြန်မာအမျိုးသမီး တွေရဲ့ လုံခြုံရေးအတွက်ပေါ့လေ၊ ပိုမိုထိရောက်တဲ့ ဖိအားပေးမှုတွေ၊ အကူအညီတွေကို သူတို့ဆီကနေပြီးတော့မှ ဘယ်လိုမျိုးရရှိအောင် တောင်းဆိုနိုင်မလဲပေါ့နော်။
ဆရာမ မေစပယ်ဖြူ- အဓိကကတော့ Political Will မရှိကြတာပေါ့နော်။ ကျွန်မတို့မြေပြင်မှာ ဘာတွေဖြစ်ပျက်နေတယ်၊ ပြည်သူတွေက ဘယ်လောက်ထိ နေ့စဉ်နဲ့အမျှဆိုသလို အပြစ်မဲ့ ပြည်သူတွေက သေဆုံးနေရတယ်၊ ကလေးတွေ၊ အမျိုးသမီးတွေ၊ ကလေးတွေဆိုလည်းနော် ဟိုဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် ကျောင်းတက်နေရင်းနဲ့ သေဆုံးရတဲ့ကလေးတွေ အရေအတွက်ဘယ်လောက်ရှိတယ်၊ ဒီလိုပဲ ပဋိပက္ခအခြေအနေအတွင်းမှာ မုဒိမ်းကျင့်ခံရတဲ့၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ အခုဆိုဘယ်လောက်များနေပြီ။ နော် ကျွန်မတို့ ဘယ်လောက်ပဲ အစီရင်ခံစာတွေ၊ ကိန်းဂဏန်းတွေနဲ့ တင်ပြစေကာမူ UN အပါအဝင်ပေါ့နော်၊ ဒီအပြည်ပြည်ဆိုင်ရာ၊ နိုင်ငံတကာအသိုင်းအဝိုင်းကတော့ စိုးရိမ်ပူပန်ရုံ ကလွဲလို့ပေါ့လေနော်၊ အခုထိတော့ လက်တွေ့ကျတဲ့ ဒီအကူအညီတွေကို ထိထိရောက်ရောက် မပေးနေသေးတာတော့ အမှန်ပဲပေါ့နော်။ အဲ့တော့ အဓိကကတော့ ကျွန်မတို့နိုင်ငံရဲ့အရေး ကိစ္စမှာ ပါဝင်ပတ်သက်ခြင်းအားဖြင့် သူတို့အတွက်အကျိုးအမြတ်တစ်စုံတစ်ရာ ရှိနိုင်တယ်လို့ မမြင်တဲ့အတွက် မပါဝင်ကြတာလို့ ပြောလို့ရတယ်ပေါ့နော်။ အဲ့လိုပဲ တစ်ဆက်တည်းမှာပဲ ကမ္ဘာကြီးက ကျွန်မတို့မြန်မာနိုင်ငံတစ်ခုတည်းပဲ အခက်အခဲကြုံနေရတာမဟုတ်ဘူးပေါ့နော်။ အခုဆိုရင် တတိယကမ္ဘာ့စစ်တောင် ဖြစ်တော့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေက တဖြည်းဖြည်း နဲ့ မြင့်တက်လာတယ်၊ အရှေ့အလယ်ပိုင်းမှာဖြစ်တဲ့ကိစ္စတွေ၊ ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေပေါ့နော်၊ ဟိုမကြာသေးခင်ကပဲ ဒီအီရန်နဲ့အစ္စရေးဖြစ်တဲ့ ဒီပဋိပက္ခတွေ၊ အဲ့တော့ ပြောချင်တာက ဘာလဲဆိုတော့ အစတည်းက Political Will ကလည်းမရှိဘူး။ ကျွန်မတို့နိုင်ငံကို ပံ့ပိုးကူညီခြင်းအားဖြင့် သူတို့အတွက်ရနိုင်တဲ့အကျိုးအမြတ်ကလည်း နည်းတယ်။ တစ်ဖက်မှာလည်း သူတို့မဖြစ်မနေ ပါဝင်ဆောင်ရွက်ဖို့လိုတဲ့၊ သူတို့နဲ့လည်း ပတ်သက်နေတဲ့ နော်၊ အခြားနိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကလည်း ရှိနေတယ်။ ဆိုတဲ့အခါမှာ အဲ့ဒါအားလုံးပေါင်းလိုက်တော့ ကျွန်မတို့မြန်မာပြည်သူတွေက ပိုပြီးတော့မှ ပေါ့နော်၊ ငါတို့မှာ ငါတို့ပဲရှိတယ်ဆိုတဲ့ စကားအတိုင်းပေါ့နော်၊ ဒီ UN အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကို ကျွန်မတို့က အားကိုးနိုင်တဲ့အခြေအနေ မရှိဘူးဖြစ်လာတာပေါ့လေနော်။ သူတို့က မြေပြင်လိုအပ်ချက်တွေနဲ့ ကိုက်ညီမှုရှိလားဆိုတော့ တကယ့်တကယ်တမ်းမှာ ဟိုဒီကုလသမဂ္ဂအဖွဲ့အစည်းတွေမှာ အလုပ်လုပ်နေကြတဲ့သူတွေပဲဖြစ်ဖြစ် ပေါ့နော်၊ INGO တွေပဲဖြစ်ဖြစ် ပြည်တွင်းမှာအလုပ်လုပ်ဖို့အတွက်ဆိုရင် သူတို့က အကြမ်းဖက်စစ်ကောင်စီရဲ့ ခွင့်ပြုချက်လိုတယ်လေနော်။ အဲ့တော့ အကြမ်းဖက်စစ်ကောင်စီကရော တကယ့်ပြည်သူတွေ ရဲ့လိုအပ်ချက်တွေကို သူတို့မြင်နိုင်သိနိုင်အောင်၊ ကူညီပံ့ပိုးပေးနိုင်အောင် ပူးပေါင်းဆောင် ရွက်မှု ဘယ်လိုလုပ်ရှိမှာလဲပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ပြည်သူတွေကို ဒုက္ခရောက်စေချင်တာလေ။ ပြည်သူတွေကို ရန်သူလို့မြင်ပြီးတော့ ပြည်သူတွေကို လာပြီးတော့ထောက်ပံ့ကူညီမှာကို မလိုလားတဲ့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်နေတဲ့အခါမှာ ဒီ UN အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဘယ်လောက်ပဲသူတို့မှာပေါ့နော်၊ ဒီလူသားချင်းစာနာထောက်ထားမှုစိတ်ရှိပြီးတော့မှ ဒီမြေပြင်မှာလိုအပ်ချက်တွေကို ထိထိ ရောက်ရောက်ကူညီချင်ပါတယ်ဆိုရင်တောင်မှ ကူညီခွင့်မရနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဘာလုပ်ချင်ချင်၊ ဘယ်သွားချင်ချင် အကြမ်းဖက်စစ်ကောင်စီဆီကနေ ခွင့်ပြုချက် တောင်းနေရတယ်လေနော်။ အဲ့တော့ ခွင့်ပြုချက်လည်း အကြမ်းဖက်စစ်ကောင်စီကလည်း တကယ်လိုအပ်နေတဲ့နေရာတွေကို သွားပြီးတော့ကူညီမှုတွေပေးဖို့အတွက် ခွင့်ပြုတာ မဟုတ်ဘူးပေါ့လေနော်။ ခွင့်မပြုတဲ့အပြင် ဒီလိုမျိုးအကူအညီပစ္စည်းတွေ ပြည်သူတွေ မရအောင် ပိတ်ပင်တားဆီးသေးတယ်နော်၊ တစ်ဖက်မှာ။ နောက်ပြီးတော့ ပြည်သူတွေဆီကို သူတို့ဝေပေးပါ့မယ်ဆိုပြီး သူတို့က ကြားထဲကဖြတ်ခုတ်တာလည်း ရှိသေးတယ်ပေါ့နော်။ အဲ့တော့ တကယ်တမ်းမှာ UN နဲ့ ဒီ INGO တွေပေါ့နော်၊ နိုင်ငံတကာအသိုင်းအဝိုင်းက မြေပြင်လိုအပ်ချက်တွေဆီကို ရောက်ဖို့နဲ့ သိဖို့ဆိုတာ တော်တော်လေးကို ခက်ခဲတယ်။ အဟန့်အတားတွေ အများကြီးပဲရှိတယ်ပေါ့နော်။ ဒါကြောင့်လည်း ကျွန်မတို့တွေက တကယ်ပဲမြေပြင်မှာ ဆောင်ရွက်နေကြတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ အမျိုးသမီးတွေ ဦးဆောင်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ပေါ့နော်၊ လက်တွဲပူးပေါင်းဆောင်ရွက်ဖို့အတွက် ကျွန်မတို့က စဉ်ဆက်မပြတ် တိုက်တွန်းအားပေးနေတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မသွားနိုင်ပေမယ့်လည်း ဒေသခံအရပ်ဘက်လူမှုအဖွဲ့အစည်းတွေက သွားနိုင်တယ်။ အဲ့ဒီလိုအခက်အခဲတွေကို ဘယ်လိုကျော်လွှားပြီးတော့ သွားရမလဲဆိုတာကို ဒီဒေသခံ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက သိတယ်၊ အတွေ့အကြုံလည်းရှိတယ်ပေါ့နော်။ အဲ့ဒီ့ အတွက်ကြောင့် ကျွန်မတို့တွေက ဒေသခံအရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ တိုက်ရိုက် ချိတ်ဆက်ဆောင်ရွက်ဖို့အတွက်ပေါ့နော်၊ တိုက်တွန်းအားပေးနေရတာဖြစ်တယ်။ အဲ့တော့ သူတို့ဆီကနေ ဘာတွေတောင်းဆိုနိုင်မလဲဆိုရင်တော့ အဓိကကတော့ Political Support ပေါ့နော်။ ဟို နိုင်ငံရေးအရ သူတို့ရဲ့အားပေးထောက်ခံမှုလိုအပ်တယ်။ နောက်တစ်ခုကတော့ ငွေကြေးအကူအညီပေါ့နော်။ ဒီလူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ငွေကြေး အားဖြင့်သော်လည်းကောင်း၊ နည်းပညာအားဖြင့်သော်လည်းကောင်းပေါ့နော်။ အဲ့တော့ နည်းပညာလို့ပြောတဲ့အခါမှာ ကျွန်မတို့က လူ့အသက်ကိုကယ်နိုင်တဲ့နည်းပညာတွေမှာ အများကြီးပဲရှိတယ်နော်။ ဒီဆက်သွယ်ရေး Mobile Phone မရှိတာ၊ Internet မရှိတာ၊ အဲ့ဒါတွေက လူတွေရဲ့အသက်ကို ပိုပြီးတော့ထိခိုက်သေကြေစေဖို့အတွက် အကြောင်းတွေ ဖြစ်တယ်ပေါ့နော်။ အဲ့တော့ ငွေကြေးပဲထောက်ပံ့တာမဟုတ်ဘဲနဲ့ လူတွေကိုအသက် ကယ်ဆယ်ပေးနိုင်တဲ့ နည်းပညာတွေ၊ အထောက်အကူပြုပစ္စည်းတွေပေါ့နော်၊ အဲ့ဒါတွေကို လည်း ထောက်ပံ့ပေးဖို့အတွက် ကျွန်မတို့အမျိုးသမီးအဖွဲ့တွေအပါအဝင်ပေါ့နော်၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက စဉ်ဆက်မပြတ်တောင်းဆိုတယ်ပေါ့လေ။ နောက်တစ်ခုကတော့ Okay သူတို့က ကုလသမဂ္ဂမှာ နိုင်ငံရေးအရလည်း သူတို့က ကျွန်မတို့မြန်မာပြည်သူတွေနဲ့ မရပ်တည်နိုင်ဘူး။ ငွေကြေးရော၊ နည်းပညာရော မပေးနိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး သူတို့လုပ်ပေးလို့ရတာကပေါ့နော်၊ ကျွန်မတို့အိမ်နီးနားချင်းနိုင်ငံတွေဆိုရင် မြန်မာအကြမ်း ဖက်စစ်တပ်ကြောင့် တိမ်းရှောင်လာရတဲ့ဒုက္ခသည်တွေပေါ့နော်၊ အများကြီးပဲရှိတယ်။ ကျွန်မတို့ အိန္ဒိယမှာရော၊ ထိုင်းဘက်ကိုကူးသွားတဲ့သူတွေရောပေါ့နော်၊ တရုတ်။ အိမ်နီးချင်း ထိစပ်နေတဲ့နိုင်ငံတွေက လက်တွေ့ကျတဲ့အကူအညီပေါ့နော်။ ဒီလူတွေကို ကျွန်မတို့က တရားဝင်လက်ခံထားတာ၊ ဒါမှမဟုတ်ရင်လည်း တရားဝင်နေထိုင်ခွင့်ရှိအောင်ပြုလုပ်ပေးတာ၊ လိုမျိုး သူတို့ရဲ့နိုင်ငံနယ်နိမိတ်ကို ရှောင်တိမ်းလာတဲ့အခါမှာ လိုအပ်တဲ့လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေကို တတ်နိုင်သလောက်ပေးတာပေါ့နော်။ နောက်ဆုံး ဘာမှမပေးနိုင်ဘူးဆိုရင်တောင်မှ နော်၊ အဲ့လိုမျိုး အထောက်အထားမရှိဘူးဆိုပြီးတော့ ပြန်ဖမ်းပြီးတော့ မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်ပို့တာတို့ဘာတို့ မလုပ်ရင်ပဲတောင် တော်တော်လေးကို တော်နေပြီပေါ့နော်။ အဲ့တော့ ကျွန်မတို့မြန်မာပြည်သူတွေရဲ့ဘဝက သိပ်အများကြီးတောင်းဆိုလို့တောင် မရဘူးပေါ့နော်။ သိပ်အများကြီးမတောင်းဆိုသေးပါဘူး။ တကယ့်ကိုလက်တွေ့ကျတဲ့ အကူအညီအထောက်အပံ့သေးသေးလေးတွေကိုပဲ ကျွန်မတို့ တောင်းဆိုနေတာတောင်မှ နိုင်ငံတကာအသိုင်းအဝိုင်းက မျက်ကွယ်ပြုထားတဲ့ အနေအထားမျိုးတော့ ရှိတယ်ပေါ့နော်။ အဲ့တော့ အဲ့လိုဖြစ်တဲ့အတွက် ကျွန်မတို့တွေက ဒီနိုင်ငံတကာအသိုင်းအဝိုင်းကို ကျွန်မတို့က လှည့်မကြည့်ကြနဲ့စို့၊ သူတို့ကို ဘာမှမပြောကြနဲ့စို့၊ အဲ့လိုနေရင်ရော ရမယ်လို့ထင်သလားပေါ့နော်။ အဲ့လိုဆိုရင် ကျွန်မတို့က ပိုလို့တောင်မှ အမေ့လျော့ခံဖြစ်ဦးမယ်ပေါ့လေနော်။ အခုဒီလောက်ပြောနေတာ၊ ဒီလောက်ထိ သူတို့ကို အကူအညီတောင်းနေတာ၊ မြေပြင်မှာဖြစ်နေတဲ့အချက်အလက်တွေကို သူတို့ဆီကိုပေးပို့ ပြီးတော့ ကျွန်မတို့တွေက တိုက်တွန်းပြောဆိုနေတာတောင်မှ သူတို့ပေးတဲ့အကူအညီက တကယ့်ကိုမဖြစ်စလောက်ကလေးပဲဖြစ်တယ်ပေါ့နော်။ အဲ့တော့ ကျွန်မတို့တွေက ဒါတွေကို စိတ်ပျက်လို့ ကျွန်မတို့က မပြောတော့ဘူး၊ အာ သူတို့ကို မချဉ်းကပ်တော့ဘူးဆိုရင် ကျွန်မတို့က သူတို့က ကျွန်မတို့ကို လုံးဝမျက်ကွယ်ပြုလိုက်ပြီဆိုရင် ပိုပြီးတော့တောင်မှ ပေါ့နော်၊ အကြမ်းဖက်စစ်ကောင်စီအပါအဝင် သူ့ကို နောက်ကွယ်ကနေ အထောက်အပံ့ ပြုပေးနေတဲ့ အင်အားကြီးနိုင်ငံတွေကလည်း ဝမ်းသာမှာပေါ့နော်။ အဲ့တော့ ကျွန်မတို့တွေက အနည်းဆုံးတော့ မြန်မာနိုင်ငံရဲ့အရေးက ပြည်တွင်းရေးမဟုတ်ဘူး၊ ဒါက ASEAN ဒေသတစ်ခုလုံးကို လုံခြုံရေးအရပေါ့နော်၊ ခြိမ်းခြောက်နေတဲ့ အရေးကိစ္စတစ်ခုဖြစ်တယ်၊ အဲ့လိုပဲ ကျွန်မတို့တွေက ကမ္ဘာ့အရေးကိစ္စလည်းဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်သူတွေက အကြမ်းဖက်စစ်တပ်နဲ့ ဘယ်ကျွန်မတို့က ရင်ဆိုင်တိုက်ခိုက် နေရတာ မဟုတ်ဘူး။ အားလုံးသိတယ်။ အဲ့တော့ အကြမ်းဖက်စစ်တပ်က အင်အားကြီးတတိယနိုင်ငံ တွေရဲ့ လက်နက်၊ ငွေကြေး၊ နည်းပညာအကူအညီတွေ ရရှိလို့သာ ဒီနေ့အထိ ပြည်သူတွေကို ဗုံးကြဲနိုင်နေတာ၊ သတ်ဖြတ်နိုင်နေတာဖြစ်တယ်ပေါ့နော်။ အဲ့တော့ ဒီအင်အားကြီးနိုင်ငံတွေရဲ့ ကျွန်မတို့နိုင်ငံရဲ့ ဒီမိုကရေစီအရေးမှာ ဝင်ရောက်စွက်ဖက်နေမှုတွေ၊ အကြမ်းဖက်စစ်တပ်ကို ပံ့ပိုးနေမှုတွေကို ရပ်တန့်အောင် ကျွန်မတို့က နည်းလမ်းအမျိုးမျိုးနဲ့တော့ ဆက်ပြီးကြိုးစား နေရမှာပဲ၊ ဆက်ပြီးပြောနေရမှာပဲပေါ့နော်။ အဲ့တော့ ပြောနိုင်မှ ကျွန်မတို့က နည်းနည်းလေးပဲ ရွေ့မှာဖြစ်တယ်ပေါ့နော်။ လုံးဝမပြောဘဲနေလိုက်မယ်ဆိုရင်တော့ ဘာမှဖြစ်လာတော့မှာ မဟုတ်ဘူးပေါ့နော်။ ဆိုတော့ ဟိုအဲ့ဒီအတွက်ကြောင့် ကျွန်မတို့တွေက ဆက်ပြီးတော့ International Advocacy လို့ပြောတဲ့ နိုင်ငံတကာကို တိုက်တွန်းလှုံ့ဆော် အားပေးတဲ့ ကိစ္စတွေကလည်း ဒီတော်လှန်ရေးထဲမှာ မဖြစ်မနေလိုအပ်တဲ့ နည်းလမ်းတစ်ခုဖြစ်တယ်နော်။ ဒါကိုလည်း ကျွန်မတို့က ဆက်ပြီးတော့မှတော့ တိုက်ပွဲဝင်နေရဦးမှာဖြစ်တယ်နော်။ အဲ့ဒါကို ကျွန်မတို့က ဟို Diplomatic Battle လို့ခေါ်တာပေါ့လေနော်။ သံတမန်ရေးရာတိုက်ပွဲပေါ့။ အဲ့တော့ တခြားသောနိုင်ငံတွေ၊ အင်အားကြီးနိုင်ငံတွေက ကျွန်မတို့ရဲ့ ကျွန်မတို့ရဲ့ တော်လှန်ရေးကို ထောက်ခံအားပေးဖို့၊ ပြီးတော့လိုအပ်တဲ့ ငွေကြေး၊ နည်းပညာ၊ လက်တွေ့ ကျတဲ့အကူအညီတွေကို ပေးဖို့အတွက်ပေါ့နော်၊ အဲ့ဒါကို ကျွန်မတို့တွေက ဆက်ပြီးတော့ မှတော့ ဒီသံတမန်တိုက်ပွဲကိုလည်း ဆက်ပြီးဆင်နွှဲနေရဦးမှာတော့ ဖြစ်ပါတယ်လို့။
RAIN – ဟုတ်ကဲ့ပါ။ ကျွန်မတို့ ဒီလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာဆိုလို့ရှိရင် ကျွန်မတို့ရဲ့ ဒီမြန်မာ့လူမှုအသိုင်းအဝိုင်းမှာပေါ့နော်၊ ထုတ်ပြောဖို့ အင်မတန်မှ ခက်ခဲတဲ့ကိစ္စတစ်ခုဖြစ်နေဆဲပါပဲ။ ဆိုတော့ ဒီလိုမျိုး တိတ်ဆိတ်ခြင်းသံသရာကို ဘယ်လိုမျိုး ကျွန်မတို့ ဖြတ်စည်းနိုင်မလဲပေါ့နော်။ ပြည်သူလူထုတစ်ရပ်လုံးကနေပြီးတော့လည်းပဲ ဒီပြဿနာကို ကိုယ့်ရဲ့တာဝန်တစ်ခုအဖြစ်နဲ့ မြင်ပြီးတော့မှ ဝိုင်းဝန်းကာကွယ်မယ်၊ ကူညီလာအောင် ဘယ်လိုမျိုး အသိပညာပေးမှုတွေ လုပ်ဆောင်သင့်ပါသလဲရှင့်။
ဆရာမ မေစပယ်ဖြူ – အဲ့တော့ ထုတ်ဖော်ပြောဖို့အတွက် ခက်ခဲတဲ့ကိစ္စတစ်ခု ဖြစ်နေတယ်ဆိုတာ ကျူးလွန်ခံရတဲ့သူကို Victim Blaming ပေါ့နော်၊ အပြစ်တင်တဲ့ အလေ့အထကြောင့်၊ ပြီးတဲ့ အခါမှာလည်း Social Stigma ပေါ့နော်။ Social Stigma ဆိုတာကတော့ သူ့ဘဝတစ် လျှောက်လုံးမှာ ကျွန်မတို့က အမည်းစက်ကြီးဖြစ်ပြီးတော့ သူ့ကို လူမှုအသိုင်းအဝိုင်းထဲမှာ ပြန်ပြီးတော့ ပုံမှန်အတိုင်းနေထိုင်အသက်ရှင်လို့မရအောင် လူမှုအသိုင်းအဝိုင်းကပဲ အမည်း စက်ကြီးဖြစ်နေအောင် လုပ်ထားတာပေါ့နော်၊ ဖိအားပေးတာပေါ့။ အဲ့တော့ အဲ့ဒါမျိုးတွေ မရှိဖို့အတွက်ဆိုရင်တော့ လူထုကိုအသိပညာပေးဖို့က တော်တော်လေးကို လိုအပ်တယ် ပေါ့နော်။ အသိပညာပေးမှု လိုအပ်တယ်လို့ပြောတဲ့အခါမှာ နည်းလမ်းပေါင်းစုံပေါ့။ ကျွန်မပါ ဝင်လုပ်ဆောင်နေတဲ့ Gender Equality Network ဆိုရင် ဒီ Community Level ပေါ့နော်၊ Campaign တွေ အများကြီးပဲ ကျွန်မတို့ ဆောင်ရွက်ခဲ့တာတွေရှိတယ်ပေါ့လေနော်။ အဲ့တော့ ဒီ Mass Media ကိုသုံးပြီးတော့ပေါ့လေ၊ သူတို့ဆီကိုရောက်ရှိနိုင်တဲ့နည်းလမ်းမှန်သမျှကို ကျွန်မတို့ သုံးပြီးတော့ အသိပညာပေးရမယ်။ နောက် လူထုအသိပညာပေးတာနဲ့ ဒွန်တွဲအရေးကြီး တာကတော့ ပညာရေးပေါ့နော်၊ ကျွန်မတို့ရဲ့ပညာရေးသင်ရိုးညွှန်းတမ်းတွေ၊ ပြီးတဲ့အခါမှာ ဘာသာရေးဆိုင်ရာအဆုံးအမတွေကလည်း အရေးကြီးတာဖြစ်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းမှာ သင်ကြားနာယူရတဲ့ အကြောင်းအရာတွေ အပေါ်မှာမူတည် ပြီးတော့ပဲ လူတွေရဲ့အတွေးအခေါ်ကို ပြုပြင်ပြောင်းလဲတာဖြစ်သလိုပေါ့နော်၊ အဲ့လိုပဲ ကျွန်မတို့ Religious Institution တွေပေါ့လေနော်၊ ဘာသာရေးအဆုံးအမတွေကလည်း လူတွေရဲ့အတွေးအခေါ်အပြုအမူတွေအပေါ်မှာ အများကြီးပဲ သက်ရောက်မှုရှိတာဖြစ်တယ်။ အဲ့ဒီ့အတွက်ကြောင့် ကျွန်မတို့က တစ်ဖက်မှာလူထုအသိပညာပေးမှုတွေလုပ်သလိုပဲ အဲ ပညာရေးသင်ရိုးညွှန်းတမ်းတွေမှာ ဒီလိုမျိုး လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အခြေခံအချက် အလက်တွေ၊ ပြီးတော့ ဒီဂျန်ဒါအခြေပြုအကြမ်းဖက်မှုနဲ့ပတ်သက်တဲ့အသိပညာတွေ၊ မျိုးဆက်ပွားနဲ့လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မှပေါ့နော်၊ ကျွန်မတို့ အသိပညာတွေကို ပိုပိုပြီးတော့မှ ကျောင်းသင်ရိုးညွှန်းတမ်းတွေမှာလည်း ထည့်သွင်းပြီးတော့ ငယ်စဉ်ကတည်းကနေပြီး ကျွန်မတို့ကလေးတွေကပေါ့နော်၊ ဒီလိုမျိုးအကြမ်းမဖက်တဲ့ Behaviour နဲ့ကြီးပြင်းလာအောင် ကျွန်မတို့တွေက သွန်သင်ဖို့လိုအပ်တယ်။ အဲ့လိုပဲ ဘာသာရေးအသင်းအဖွဲ့တွေ၊ ဘာသာရေးခေါင်းဆောင်တွေကလည်း ဒါတွေကိုလက်တွဲ ပူးပေါင်းပါဝင်သင့်တယ်ပေါ့နော်။ ဘယ်ဘာသာတရားကမှ အကြမ်းဖက်တာကို လက်မခံ ပါဘူး။ အကြမ်းဖက်မှုကို တိုက်တွန်းအားပေးတဲ့ဘာသာဆိုတာမရှိဘူးပေါ့နော်။ ကျွန်မတို့ကိုး ကွယ်ယုံကြည်တဲ့ဘာသာတိုင်းလိုလိုက ငြိမ်းချမ်းဖို့နဲ့ အချင်းချင်းမေတ္တာထားဖို့ကိုပဲ အမြဲတမ်းသင်ကြားပါတယ်ပေါ့နော်။ အဲ့ဒီ့အတွက်ကြောင့် ကျွန်မတို့တွေက ဒီဘာသာရေး အဆုံးအမတွေကလည်း ဒီဂျန်ဒါအခြေပြုအကြမ်းဖက်မှုတွေအပါအဝင်ပေါ့လေနော်၊ အခြား သောလူ့အခွင့်အရေးချိုးဖောက်မှုတွေကို နည်းပါးအောင်၊ လျော့နည်းအောင် အများကြီးပဲ အထောက်အကူပြုပါတယ်လို့။ တစ်ဖက်မှာလည်း ဥပဒေတွေ၊ မူဝါဒတွေကလည်း လိုအပ်ပါ တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့တွေက ဘယ်လောက်ပဲ လူထုက အသိပညာ ရှိရှိ၊ ဘယ်လောက်ပဲကျွန်မတို့ကျောင်းသင်ရိုးညွှန်းတမ်းတွေမှာ သင်သင် ဒီဂျန်ဒါအခြေပြု အကြမ်းဖက်မှုတွေက လုံးဝပျောက်ကွယ်သွားမှာတော့မဟုတ်ဘူးနော်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့က အမြဲတမ်းပဲပေါ့နော်၊ ဟိုဆန်စွန်ထဲမှာ ကြွက်ချီးရောသလိုပဲ ကျွန်မတို့ လူ့အဖွဲ့အစည်းထဲမှာ ကောင်းတဲ့သူမကောင်းတဲ့သူဆိုတာကတော့ အမြဲတမ်းရှိတယ်ပေါ့လေ။ အဲ့ဒီ့အတွက်ကြောင့် ကျွန်မတို့တွေက ဒီလိုမျိုးဖြစ်ပွားလာပြီ၊ ဒီလိုအရေးကိစ္စတွေ ဖြစ်လာပြီ ဆိုရင်လည်း ဒါကို စနစ်တကျကိုင်တွယ်စစ်ဆေးအရေးယူအပြစ်ပေးလို့ရတဲ့ ဥပဒေတွေ၊ မူဝါဒတွေရှိမှသာ ဒီလိုကိစ္စတွေကို လျော့နည်းအောင်၊ ပပျောက်အောင် ကျွန်မတို့က ဆောင်ရွက်နိုင်မှာဖြစ်တယ်ပေါ့နော်။ ဒါပေမဲ့လည်း ကျွန်မခုနကပြောသလိုပဲ ဥပဒေတွေ တစ်ခုတည်းနဲ့လည်းမလုံလောက်သလို၊ အသိပညာပေးမှုတစ်ခုတည်းနဲ့လည်း မလုံလောက် ဘူး။ အဲ့တော့ အသိပညာပေးမှု ပြီးတော့ ဒီဥပဒေတွေ၊ မူဝါဒတွေ ပြီးတဲ့အခါမှာ ကျွန်မတို့ တစ်ဖက်မှာ ပညာရေးနဲ့ ကျွန်မတို့လူမှုပတ်ဝန်းကျင်က ဘာသာရေးအဆုံးအမတွေပေါ့နော်၊ ဒါတွေအားလုံးက လက်တွဲညီညီပေါ့လေ၊ ဆောင်ရွက်မှသာ ကျွန်မတို့ဒီ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ လူ့အသိုင်းအဝိုင်းက ဒါကိုတဖြည်းဖြည်းနဲ့ ဘယ်လိုကိုင်တွယ် ဖြေရှင်း ရမလဲဆိုတဲ့ အသိပညာတွေရရှိလာပြီးတော့ ကျူးလွန်ခံရတဲ့သူတွေကိုလည်း လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေ၊ ဝန်ဆောင်မှုတွေကို သူတို့ရဲ့ပတ်ဝန်းကျင်ကပဲ ပေးမှာ ဖြစ်သလိုပေါ့နော်၊ ကျူးလွန်သူတွေကိုလည်း အဲ ဒီလူမှုအသိုင်းအဝိုင်းကပဲ ဖယ်ကြဉ်တာ၊ လူမှုရေးပြစ်ဒဏ်ပေးတာ၊ တရားဥပဒေအရပေါ့နော်၊ ထိရောက်တဲ့အပြစ်ပေး အရေးယူမှုတွေ ရရှိအောင်၊ တရားမျှတမှုရအောင် ဆောင်ရွက်တာတွေကို အများပြည်သူကပဲ ဦးဆောင်ပြီး တော့ပေါ့နော်၊ လုပ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်လို့။
RAIN – ဟုတ်ကဲ့ပါ၊ ဆိုတော့ နောက်ဆုံးအနေနဲ့ပေါ့နော်၊ ကျွန်မတို့ ဒီပြည်တွင်းပြည်ပ ကနေပြီးတော့မှ ဒီတော်လှန်ရေးမှာ လက်တက်ကြွကြွပါဝင်နေကြတဲ့ အမျိုးသမီးငယ်များ အားလုံးကိုပေါ့လေ၊ ကျွန်မတို့ ဒီ Interview ကနေတစ်ဆင့် ဆရာမအနေနဲ့ ဘာများ ဟို သတင်းစကားပါးလိုပါလဲရှင့်။
ဆရာမ မေစပယ်ဖြူ – ကျွန်မပေးချင်တဲ့သတင်းစကားကတော့လေ အမျိုးသမီးဖြစ်ခြင်းကို ဂုဏ်ယူပါလို့။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးဖြစ်ရတဲ့အတွက် အမျိုးသားတွေမလုပ်နိုင်တဲ့၊ မတတ်နိုင်တဲ့အရာတွေအများကြီးကို ကျွန်မတို့လုပ်နိုင်တယ်၊ တတ်နိုင်ပါတယ်လို့။ အဲ့ဒီ့ အတွက်ကြောင့် အမျိုးသမီးဖြစ်ခြင်းဟာ ဂုဏ်ယူစရာဖြစ်ပါတယ်။ အမျိုးသမီးဖြစ်ခြင်းဟာ သိမ်ငယ်စရာ၊ နှိမ့်ချစရာ ဟိုမဟုတ်ပါဘူးလို့ ကျွန်မအားပေးချင်တယ်ပေါ့နော်။ အဲ့တော့ ကိုယ့်ရဲ့အမျိုးသမီးဖြစ်မှု၊ အမျိုးသမီးဖြစ်ခြင်းရဲ့လှပမှု၊ တန်ဖိုးရှိမှု၊ အရာဝင်မှုတွေကို တန်ဖိုးထားပါ၊ ဂုဏ်ယူပါ၊ ကိုယ့်ရဲ့လက်တွေ့ဘဝမှာလည်း အသုံးပြုပါ၊ အသုံးချပါလို့ ကျွန်မပြောချင်ပါတယ်လို့။
RAIN – ဟုတ်ကဲ့ပါ၊ ဆိုတော့ ဒီနေ့အခုလိုမျိုး ကျွန်မတို့ရဲ့ The Kaladan post မှာ အချိန်ပေးပြီးတော့မှ Interview ဖြေပေးတဲ့အတွက် ဆရာမကို အများကြီးကျေးဇူးတင်ပါ တယ်ရှင့်။
ဆရာမ မေစပယ်ဖြူ – ကျွန်မကလည်း ကျေးဇူးတင်ပါတယ်ရှင်။