မေးမြန်းသူ – RAIN

ဖြေဆိုသူ – K.Beirona၊ အထွေထွေအတွင်းရေးမှူး၊ Maraland Territorial Council – MTC

 

RAIN – မြန်မာပြည်သူများအားလုံးပဲ မင်္ဂလာပါရှင်။ The Kaladan Postရဲ့ Youths and Women’s Affairs Program ကနေပြီးတော့ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ် Interview အစီအစဉ်မှာတော့ MTC/MDF ရဲ့ General Secretary ဆရာ ဘီရိုနားကို ဖိတ်ခေါ် ထားပါတယ်ရှင်။ မင်္ဂလာပါဆရာ။

K.Beirona – ဟုတ်ကဲ့ပါ မင်္ဂလာပါ ဆရာမ။

RAIN – ဟုတ်ကဲ့ပါ အခုလိုမျိုး အချိန်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

K.Beirona – ဟုတ်ကဲ့ပါ ခင်ဗျာ။ ဟုတ်ကဲ့။

RAIN – ဟုတ်ကဲ့ပါ ဆိုတော့ ကျွန်မတို့ interview မစခင်လေးမှာ ဆရာရဲ့ နာမည်ရယ် ပြီးတော့ လက်ရှိ ဘာတွေလုပ်ဆောင်နေလဲ တော်လှန်ရေးမှာ ဘယ်လိုတွေပံ့ပိုးနေလဲဆိုတာ လေး အရင်ဆုံး မိတ်ဆက်ပေးပါဦးရှင့်။

K.Beirona – ဟုတ်ကဲ့ပါ ကျွန်တော့်နာမည်ကတော့ ဒီ ကေဘီရိုနားလို့ခေါ်ပါတယ်။ ဒီ ရှေ့ကျွန်တော် တော်လှန်ရေးကာလမှာတော့ အခုအချိန် တာဝန်ထမ်းဆောင်နေတဲ့ ဟာက တော့ ဒီ MTC/MDF ရဲ့ General Secretary နဲ့တာဝန်ထမ်းဆောင်နေတဲ့သူ တစ်ယောက် ဖြစ်တယ်ပေါ့လေ။ ဒီ တော်လှန်ရေးမလုပ်ခင်မှာလည်း ဒီ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးက ဒီ ထွေ/အုပ်မှာ ကိုးနှစ်လောက်တာဝန်ထမ်းဆောင်ခဲ့ပြီးတော့မှ CDM ကနေတစ်ဆင့် အခု တော်လှန်ရေးထဲကို ပါဝင်လာတဲ့လူငယ်တစ်ယောက်ဖြစ်တယ်ဆိုတာကို ကျွန်တော့်အနေနဲ့ မိတ်ဆက်ချင်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါ

RAIN – ဟုတ်ကဲ့ပါ ဆိုတော့ ဒါတော်လှန်ရေးကာလကလည်း အချိန်ကာလတစ်ခု ရောက်လာပြီပေါ့နော်။ ဆိုတော့ ဆရာ့အနေနဲ့ ဒီလက်ရှိ နွေဦးတော်လှန်ရေးကာလဟာ ဘယ်အဆင့်ကို ရောက်နေပြီးလို့သုံးသပ်ထားလဲပေါ့နော်။ ပြီးတော့ တော်လှန်ရေးကာလရဲ့ ဒီအခက်အခဲတွေ အောင်မြင်မှုတွေနဲ့ ဟို ဆရာရဲ့အနာဂတ်အမြင်လေးတွေကိုလည်း ရှင်းပြ ပေးပါဦးရှင်။

K.Beirona – ဟုတ်ကဲ့ပါ။ ဒီကိစ္စပြောဖို့အတွက်က ကျွန်တော်တို့ ခေတ်သစ်လူငယ် တစ်ယောက်အနေနဲ့ ကတော့ အကျယ်တဝင့်တော့ ရှင်းပြနိုင်လိမ့်မယ်လို့တော့ မထင်ဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့ မြေပြင်မှာတွေ့ကြုံနေတဲ့ အတွေ့အကြုံအပေါ်မှာ ကျွန်တော် မျှဝေပေးချင်ပါတယ်။ ဆိုတော့ ပထမဆုံးအနေနဲ့ ဒီကျွန်တော်တို့ နွေဦးတော်လှန်ရေးက အစပြုလာတဲ့ တော်လှန်ရေးဟာဆိုရင်ဖြင့် လက်ရှိအချိန်မှာ တကယ်လည်း အောင်မြင်လာ ခဲ့သလို သွေးတွေ ချွေးတွေအများကြီး ပေးဆပ်ခဲ့ပြီးတော့မှ တကယ်လည်း အောင်မြင်ခဲ့တယ် လို့ ကျွန်တော်ကတော့ မှတ်ယူချင်တယ်။ လက်ရှိတော်လှန်ရေးအနေနဲ့ကတော့ ပန်းတိုင် တစ်ခုကို လှမ်းမှီနေရတဲ့ အနေအထားတစ်ခုမှာရောက်နေတယ်။ ဒါပေမဲ့လည်း ကျွန်တော် တို့ကတော့ ရပ်တန့်သွားလို့တော့ ရတဲ့အနေအထားမှာတော့မဟုတ်သေးဘူး။ ပန်းတိုင်တော့ မရောက်သေးဘူး။ ရောက်ဖို့တော့ နီးနေတဲ့အနေအထား တော်တော်လေးကို အောင်ပွဲအတွက် နီးနေတယ်ဆိုတဲ့ဟာကို ပထမဦးဆုံးအနေနဲ့ ပြောချင်တယ်။ ဒုတိယအနေနဲ့ ဒီ အပေါ်မှာတော့ ဒီ တော်လှန်ရေးကာလအခက်အခဲဆိုတော့ ဒီ လူတိုင်းသိပါတယ်။ ဒီ တော်လှန်ရေးကာလမှာ အခက်အခဲတွေကတော့ အများကြီးပေါ့နော်။ ဒီအပေါ်မှာကျွန်တော်ပထမဦးဆုံး ပြောချင် တာက ဒီ တော်လှန်ရေးဆိုတာက လက်နက်ကိုင်တဲ့တိုက်ရတဲ့ ခိုက်ရတဲ့ပြီးလို့ရှိရင် အမျိုးမျိုး ပေါ့လေ အစစအရာရာ စားဝတ်နေရေးကအစ ပညာရေးကျန်းမာရေးက အစ အကုန်လုံးပူးတွဲ ပါလာတဲ့ဟာ ဖြစ်တယ်ပေါ့လေ။ တော်လှန်ရေးပြောလိုက်ရင် ဒါနာမည်ကလွယ်သလို ဖြစ်ပေမဲ့လည်း ဒီတော်လှန်ရေးနောက်ကွယ်မှာပါလာတဲ့အရာတွေ အများကြီးရှိတယ်။ အခက်အခဲပေါင်းစုံ ကျွန်တော်တို့ကြုံတွေ့ခဲ့ရတယ်ပေါ့လေ။ ဒီအပေါ်မှာ ကျွန်တော်တို့ ဒီတော်လှန်ရေး လုပ်တဲ့အခါမှာ အဓိကအခက်အခဲမှုတွေက ဒီပြည်သူလူထုတစ်ရပ်လုံး အနေနဲ့လည်း ပါဝင်လာခဲ့ကြတယ်ဆိုပေမဲ့လည်း မြေပြင်နဲ့ ဒီတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ သဘောထားနဲ့ မြန်မာပြည်သူလူထုရဲ့သဘောထားမတိုက်ဆိုင်မှုတွေ တစ်ခါတလေကြုံ တွေ့ရတယ်။ ပြီးလို့ရှိရင်တစ်ခါတလေမှာဆိုရင်လည်း ဒီ တော်လှန်ရေးခရီးကို သွားရတဲ့ အခါမှာ အရင်ကတည်းကကျွန်တော်တို့ကတကယ်ဒီ အသက်မွေးဝမ်းကြောင်းတစ်ခုပြုနိုင်ဖို့ အတွက် ပညာသင်လာခဲ့ကြတာဖြစ်တယ်။ အဲ့ဒီမှာကျွန်တော်တို့အနေမှာအားနည်းချက်တွေ ရှိလာက ဒီလက်နက်ကိုင်တော်လှန်ရေးအတွက် နဲ့ပတ်သက်လို့သင်ကြားမှုတွေ မရှိလာခဲ့ဘူး။ တော်လှန်ရေးကိုဘယ်လိုလုပ်ရမလဲ။ နိုင်ငံရေးကိုဘယ်လိုဦးဆောင်ရမလဲ။ ဒါမျိုးကိုဘယ်လို လုပ်ရမလဲဆိုတာကို ကျွန်တော်တို့မှာ သင်ကြားမှုမရှိခဲ့ဘဲနဲ့ အလုံးလိုက်တော်လှန်ရေးထဲ ဝင်ပါလာတဲ့အခါမှာ အခက်အခဲအများကြီးတော့ ကြုံတွေ့နေတဲ့အနေအထား တစ်ခုရှိနေ တယ်ပေါ့လေ။ ဒါပေမဲ့လည်း ဒီအကုန်လုံးကျော်လွှားနိုင်မယ်လို့လည်း ကျွန်တော်မျှော်လင့်ပါ တယ်။ ခင်ဗျာ။ ဟုတ်ကဲ့ပါ။

RAIN – ဆရာဒီတော်လှန်ရေးမတိုင်ခင်မှာ ဆရာက CDMer တစ်ယောက်လိုလည်း သိရတယ်ပေါ့နော်။ ဆိုတော့ CDMer တစ်ယောက်အနေနဲ့ ဒီဝန်ထမ်း အစိုးရဝန်ထမ်း တစ်ယောက်အနေနဲ့ ဒီလိုတော်လှန်ရေးမှာ ဘဝကိုပေးဆပ်ပြီးတော့မှ ပါဝင်ပြီးတော့ ကိုယ်ကိုယ်တိုင် အခုလိုမျိုးတာဝန်ကိုထမ်းဆောင်ဖို့ရန်အတွက် ဘယ်လိုအခက်အခဲတွေ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရလဲပေါ့နော်။ အဲ့ဒါလေးလည်း ပြောပြပေးပါဦးရှင်။

K.Beirona – ဒါကတော့ အရမ်းကိုခက်ခဲတယ်လို့ ကျွန်တော်ကတော့ပြောချင်ပါတယ်။ ပြောချင်တယ်။ တော်တော်လေးကိုခက်ခဲပါတယ်။ ကျွန်တော်တို့ဒီတော်လှန်ရေးကိုဝင်ပါဖို့ အတွက်က အသက်တစ်ခုပဲ ပေးလိုက်ရတာမဟုတ်ပါဘူး။ ဒီဘဝပါစွန့်လွှတ်ရတာဖြစ်ပါတယ်။ ဒီဘဝစွန့်လွှတ်ရတာက အင်မတန်မှ ခက်ခဲပါတယ်။ ဆရာမ ဒီလူတစ်ယောက်အသက်ပေး လိုက်တယ်ဆိုတာက လွယ်ကောင်းလွယ်သွားပေမဲ့လည်း ဟိုအသက်မသေဘဲနဲ့ ဘဝကို စွန့်လွှတ်လိုက်ရတဲ့အနေအထားကလည်း အရမ်းကိုခက်ခဲတယ်ပေါ့နော်။ ဒီဟာဒီအပေါ်မှာ ကျွန်တော်တို့အနေနဲ့ အရင်ကနေခဲ့ဖူးသလိုလည်း မနေရသလို အရင်ကသွားခဲ့ဖူးသလိုလည်း မသွားရဘူး။ အရင်ကစားခဲ့ဖူးတာ လုပ်ခဲ့ဖူးတာတွေဘာမှလည်း လုပ်ပိုင်ခွင့်မရှိလာတော့ဘူး ပေါ့လေ။ ကန့်သတ်ခံလာရတယ် တဖြည်းဖြည်းနဲ့ပေါ့လေ။ ပြီးလို့ရှိရင် လူငယ်တွေရဲ့ ရှေ့ဘဝတွေလည်း တဖြည်းဖြည်းနဲ့ ကန့်သတ်ခံလာရတဲ့အခါမှာ ဘဝတွေဟာအင်မတန်မှ နာကျင်စရာကောင်းလှပါတယ်။ ပြီးလို့ရှိရင်လည်း ဒီလူငယ်ဖြစ်တဲ့အလျောက်ပျော်ချင်တယ်၊ ပါးချင်တယ်၊ သွားချင်တယ်၊ လာချင်တယ်ဆိုပေမဲ့လည်း အဲ့လိုသွားလို့လာလို့မရတော့ဘူး။ ကိုယ့်ဘဝကလည်း အများအဖြင့် အချိန်ကာလတော်တော်များများအားလုံးကိုလည်း တောထဲမှာပဲ အချိန်ကုန်ဆုံးပြီးတော့မှ ဒီဝါးတဲတွေနဲ့ သစ်တောတွေကြားထဲမှာပဲ အချိန်ကုန် ဆုံး လာတဲ့အခါမှာ လူငယ်တစ်ယောက်ရဲ့ လွတ်လပ်မှုတွေနဲ့ ပျော်ရွှင်မှုတွေ အများကြီး ရင်းနှီး မြှုပ်နှံလာခဲ့တဲ့အခါမှာ အဲ့ဒီပေးဆပ်မှုတွေက အင်မတန်မှ ကျွန်တော်တို့ဘဝအတွက်ပေါ့လေ လူငယ်ဘဝအတွက်ကခက်ခဲတယ်လို့ ကျွန်တော်ကမြင်တယ်။ ဆိုတော့ ဝန်ထမ်းတစ်ယောက် အနေနဲ့ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ ပိုပြီးတော့ခက်ခဲတယ်။ ဝန်ထမ်းတစ်ယောက် ဖြစ်တယ်ဆိုတာက အထက်က ခိုင်းလိုက်လို့လုပ်တယ်။ Plan ရှိပြီးသားနေရာမှာပဲ သွားနေတဲ့ လူဖြစ်တယ်ပေါ့လေ။ အဲ့လိုဖြစ်တော့ ကျွန်တော်တို့အတွက်က စိတ်ပူပန်စရာသိပ်မရှိဘူးပေါ့။ ပြောရမယ်ဆိုရင်တော့ အစိုးရက ပေးလိုက်ရင် လစာစားရတယ်။ ပြီးလို့ရှိရင် တင်မယ့်ဟိုဟာ ခိုင်းနေဟိုဟာ လုပ်နေတာ အဲ့ဒါပြီးရင်ပြီးပြီပေါ့လေ။ ဒါပေမဲ့ဒီတော်လှန်ရေးလုပ်လာတဲ့ အခါမှာတော့ တခြားစီဖြစ်သွားတာပေါ့လေ။ ကိုယ်ကိုယ်တိုင်လည်း Plan ဆွဲရတယ်။ ကိုယ်ကိုယ်တိုင်မလုပ်ရင်လည်းမရဘူး။ ကိုယ်ကဘယ်သူမှလာခိုင်းမယ့်လူက မရှိတော့ဘူး။ ကိုယ်ကိုယ်တိုင်ကြိမ်းမောင်းပြီး လုပ်ရတဲ့အနေအထားတစ်ခုဖြစ်တဲ့အတွက် ကျွန်တော်တို့ အတွက်လည်း အများကြီးအခက်အခဲတွေတော့ ရှိခဲ့ပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ဟုတ်ကဲ့ပါ။

RAIN – ဟုတ်ကဲ့ပါ ဆိုတော့ ဒီလက်ရှိမှာဆိုလို့ရှိရင်လည်း စစ်ကောင်စီအနေနဲ့ ကျင်းပ မယ့် ရွေးကောက်ပွဲကလည်းရှိတယ်ပေါ့နော်။ ဆိုတော့ ဒီစစ်ကောင်စီရဲ့ ဒါအတုအယောင် ရွေးကောက်ပွဲအပေါ်မှာ ဆရာရဲ့သဘောထားနဲ့ ပြည်သူတွေအနေနဲ့ရော ဒီအပေါ်မှာ ဘယ်လို တွေတုံ့ပြန်ဆောင်ရွက်သင့်တယ်ဆိုတာလေးလည်း အကြံပြုပေးပါဦးရှင်။

K.Beirona – မနေ့ကဗိုလ်ချုပ်ဇော်မင်းထွန်းပေါ့နော်။ ကျွန်တော် Interview တစ်ခုမှာ သူဖြေတာတွေ့လိုက်တယ်။ မနေ့တနေ့ကပေါ့လေ။ သူကဘယ်လိုပြောခဲ့သလဲဆိုလို့ရှိရင် ဒီရွေးကောက်ပွဲဆိုတာကတဲ့ပြည်သူလူထုရဲ့ အသံကိုအကောင်းမွန်ဆုံးကြားနိုင်တဲ့နေရာ တစ်ခုဖြစ်တယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ ရွေးကောက်ပွဲကလုပ်သင့်တယ်ပေါ့လေ။ မဲပေးသင့်တယ်ပေါ့။ သူကတော့အဲ့လိုပြောတယ်။ ကျွန်တော်ကတော့ ဖြစ်မှဖြစ်ရလေ ပေါ့လေ။ ကျွန်တော်ပြောချင်တာအဲ့လိုပဲပြောချင်တယ်။ ဘာလို့လဲဆိုတော့ အခုသူလုပ်တဲ့ ရွေးကောက်ပွဲကျတော့ ပြည်သူလူထုရဲ့အသံစုဝေးနေရာဖြစ်ပြီးတော့မှ ၂၀၂၁ တုန်းကလုပ်တဲ့ ရွေးကောက်ပွဲကျတော့ အဲ့ဒါဆိုရင် ဘယ်သူတွေရဲ့အသံဖြစ်မလဲပေါ့လေ။ အဲ့ဒီ ၂၀၂၁ တုန်းက ဘယ်သူတွေမဲပေးခဲ့သလဲပေါ့။ ကျွန်တော်တို့လူတွေမဲမပေးခဲ့ဘဲနဲ့ အပြင်နဲ့ အရွက်တွေက လာပြီးတော့မဲပေးကြတာကို ကျွန်တော်မသဲကွဲတော့ဘူးလို့ ပြောချင်တာပေါ့လေ။ ဆိုတော့ ဒီလိုပေါ်တင်လိမ်ညာနေတာကိုလေ။ မနေ့ကပဲ ထပ်ပြောတာရှိသေးတယ်။ ဘာပြောတာ ရှိသေးသလဲဆိုလို့ရှိရင် ကျွန်တော်တို့ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့မှ လိပ်ပြာလုံအောင် ဆောင်ရွက်နေပါတယ်ဆိုပြီးတော့သူကပြောတယ်။ ဟုတ်ပြီ။ လိပ်ပြာလုံအောင် ဆောင်ရွက် နေတယ်ဆိုကတည်းက လိပ်ပြာမလုံချင်တဲ့အလုပ်ကိုသူတို့လုပ်ခဲ့လို့ဖြစ်တယ်။ ဒါရှင်းတယ်။ အမှားမလုပ်တဲ့လူက အဲ့လိုစကားပြောစရာမလိုဘူးလို့ ကျွန်တော်ကတော့မြင်တယ်။ ကိုယ်ကိုယ်တိုင်မှားခဲ့လို့ အမှားကိုကိုယ်ကလိပ်ပြာလုံဖို့အတွက် အမှန်တွေအများအများ ကောင်းမှုတွေလုပ်ပြီးမှ ပြန်ဖုံးနေရသလိုမျိုး ကျွန်တော်တို့ကလုပ်နေပါတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုယ်တိုင်ကပြောခဲ့တာရှိတယ်။ ဆိုတော့ ဒီဟာကိုကြည့်လိုက်ခြင်းအားဖြင့် အများပြည်သူတစ်ရပ်လုံး ထမင်းစားတဲ့ပြည်သူလူထုတစ်ရပ်အနေနဲ့ ကြည့်လိုက်ရင်တောင်မှ ဒီရွေးကောက်ပွဲက အတုအယောင်ရွေးကောက်ပွဲနော် လိမ်ညာတဲ့ရွေးကောက်ပွဲ လူတစ် ယောက်နှစ်ယောက် ကြယ်တစ်လုံးနိုင်ငံရေးမှာဦးဆောင်နေတဲ့နိုင်ငံတော်အခန်းကဏ္ဍကနေ ဦးဆောင်နေတဲ့ကြယ်တစ်လုံး နိုင်ငံရေးရဲ့လူတစ်ယောက်နှစ်ယောက် ထိုင်ခုံရရှိဖို့အတွက်သာ ဖြစ်တယ်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတွက်အကျိုးပြုတဲ့ ရွေးကောက်ပွဲမဟုတ်ဘူး။ အဲ့ဒီအတွက်ကြောင့်မို့လို့ဒီရွေးကောက်ပွဲကို လုံးဝလက်မခံသေးတဲ့အကြောင်းကိုလည်း ကျွန်တော်ပြောချင်တယ်။ ဒီရွေးကောက်ပွဲကတော့ တကယ်ညစ်ပတ်ပြီးတော့မှ စုတ်ပြတ် သတ်နေတဲ့အမှိုက်ပုံကြီးထက်တောင်ဆိုးတဲ့ရွေးကောက်ပွဲ တစ်ခုဖြစ်တယ်ဆိုတာကို ကျွန်တော်မှတ်ချက်ပြုချင်တယ်။ အဲ့ဒီလိုပဲ သူကတော့ ဒီသူတို့လုပ်မယ့်ရွေးကောက်ပွဲကိုပဲ အသိအမှတ်ပြုပြီးတော့မှ ဘယ်လိုပြောလဲဆိုတော့ ခုနကျွန်တော်ပြောခဲ့သလိုမျိုးပေါ့နော်။ ပြည်သူရဲ့အသံနားထောင်နေရာဖြစ်တယ်ဆိုလို့ရှိရင် ၂၀၂၁ ရွေးကောက်ပွဲတုန်းက မဲပေးခဲ့တဲ့ပြည်သူလူထုတစ်ရပ်လုံးကို သူကတိုက်ရိုက်စော်ကားလိုက်တာဖြစ်တယ်။ အဲ့ဒီတုန်း ကပေးခဲ့တဲ့လူတွေကငါတို့ပြည်သူတွေမဟုတ်ဘူး။ ပြည်သူတွေမဟုတ်ဘူး။ ဟိုတခြားနိုင်ငံက အာဖရိကကလာ၊ အမေရိကကလာ၊ ကျလာတဲ့လူတွေမျိုး ကျွန်တော်တို့ကိုတိုက်ရိုက် စော်ကားလိုက်သလိုမျိုး ဖြစ်တယ်လို့ ကျွန်တော်ကတော့မှတ်ချက်ပြုချင်တယ်။ ဒီအတွက် ကြောင့်မို့လို့ ဒီလိုလူတွေနဲ့ လိမ်ညာပြီးတော့မှ အဖွဲ့အစည်းတစ်ရပ်နဲ့ရပ်တည်နေတဲ့ လူတစ်ဦး တစ်ယောက်ကောင်းကျိုးအတွက်လုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲပုံစံမျိုးကိုတော့ လုံးဝ ပြည်သူ လူထုအနေနဲ့လက်မခံသင့်တဲ့အကြောင်းကို ကျွန်တော်အနေနဲ့ မှတ်ချက်ပြောချင်ပါ တယ်ခင်ဗျ။

RAIN – ဟုတ်ကဲ့ပါ ဆိုတော့ ဒီတော်လှန်ရေးဟာဆိုလို့ရှိရင် ဒါလူငယ်တွေရဲ့ စတင်ခဲ့တဲ့တော်လှန်ရေးဆိုလို့ရှိရင်လည်း မမှားဘူးပေါ့နော်။ ဆိုတော့ အဲ့လိုပဲဒီနေ့ ဒီအချိန်ထိလည်း လူငယ်တွေရဲ့ ပါဝင်မှုအခန်းကဏ္ဍ ဦးဆောင်မှုအခန်းကဏ္ဍကလည်း အင်မတန်မှ ကြီးမားတာကိုတွေ့ရတယ်။ ဆိုတော့ ဒီထဲမှာလည်း အမျိုးသမီးငယ်တွေ လူငယ်လေးတွေပေါ့နော် မြောက်များစွာတွေ့ရတယ်။ ဆိုတော့ အဲ့ဒီအပေါ်မှာ ဆရာရဲ့သူတို့ရဲ့ ဦးဆောင်ပါဝင်မှုအပေါ်မှာရော ဘယ်လိုတွေသုံးသပ်ပါလဲ။ သူတို့ရဲ့ပါဝင်မှုတွေကရော ဒီတော်လှန်ရေးအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနေပါလဲရှင့်။

K.Beirona – ဒါကတော့ တော်တော်လေးကိုမှ ကျယ်ပြန့်တဲ့ Question လည်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြည့်စုံအောင်တော့ ဖြေနိုင်လိမ့်မယ်လို့တော့ မထင်ပါဘူး။ ကျွန်တော် ပထမဦးဆုံးအနေနဲ့ပြောချင်တာက ဒီကျွန်တော်တို့ မြန်မာနိုင်ငံရဲ့နွေဦးတော်လှန်ရေး အစပေါ့လေ။ နွေဦးတော်လှန်ရေးအစကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် တကယ်တမ်းဒီ မန္တလေးမှာအပစ်ခံရတဲ့ အမျိုးသမီးတစ်ယောက်လည်းရှိတယ်။ မန္တလေးမှာတော့ ဒီနေပြည် တော်မှာတော့လေ။ ပထမဦးဆုံးအနေနဲ့ ဒီအမျိုးသမီးကဏ္ဍကိုကျွန်တော်ပြောရမယ် ဆိုလို့ ရှိရင် ထူးထူးခြားခြားပေါ့လေ။ တော်တော်လေးကိုမှ ခက်ခက်ခဲခဲနဲ့ ကျွန်တော်တို့ ဒီနွေဦး တော်လှန်ရေးအတွက် ပထမဦးဆုံးပေးဆပ်ခဲ့တာလည်း အမျိုးသမီးဖြစ်တယ်ပေါ့လေ။ ဆိုတော့ အဲ့ဒီအမျိုးသမီးပေးဆပ်လိုက်လို့ ကျွန်တော်တို့လူတွေစိတ်ကြွပြီးတော့မှ လမ်းမှား ရောက်သွားတာဆိုတာလည်း မဟုတ်ပြန်ဘူး။ အဲ့ဒီဟာဖြစ်လိုက်တဲ့အခါမှာ ကျွန်တော်တို့ ဒီမြန်မာနိုင်ငံကြီးက ပြုပြင်မှရတော့မယ်ဆိုတဲ့အသိစိတ်တွေက လူငယ်တိုင်းလိုလိုမှာ Automatic နဲ့တန်ဖိုးနဲ့ရိုက်သွင်းခံရသလိုမျိုးရိုက်သွင်းခံရပြီးတော့မှ တော်လှန်ရေးဒီလိုမျိုး အားရှိရှိနဲ့မိန်းမလိုမျိုး အဟုန်ဟုန်တောက်နိုင်အောင် ထောက်ကူပေးတာလည်း အမျိုးသမီး ဖြစ်တယ်ဆိုတာကို ကျွန်တော်ပထမဦးဆုံးအနေနဲ့ပြောချင်တယ်။ အဲ့ဒီမှာ အမျိုးသမီး ကဏ္ဍထပ် ဆက်ပြီးတော့ပြောချင်တာက ဒီကျွန်တော်တို့တော်လှန်ရေး အစပြုကာလ တစ်လျှောက်လုံးမှာ ကျွန်တော်တို့ကအမျိုးသမီးတွေအခန်းကဏ္ဍကို ဘယ်လောက်ထိတောင် အရေးကြီးခဲ့သလဲဆိုလို့ရှိရင် ကျွန်တော်တို့ယောကျ်ားလေးတွေဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့ လိုချင်တဲ့နေရာတော်တော်များများကို ကျွန်တော်တို့က ဝင်ရောက်ပြီးတော့မှ အလွယ်တကူသွားလာခွင့်မရှိလာတဲ့အနေအထားတော်တော်များများနေရာတွေမှာရှိလာတယ်။ မြေပြန့်အနေမှာတော့ တောင်ပေါ်အနေမှာတော့ပေါ့လေ။ ပြောချင်တာက ဒီစကစ က မှ တပ်တွေနေချထားတဲ့နေရာတွေ ရဲတွေအများကြီး ထူထပ်တဲ့နေရာတွေဆိုရင် ကျွန်တော်တို့ အမျိုးသားတွေအတွက်က အင်မတန်မှကိုမလုံခြုံလာတော့ဘူး။ အဲ့ဒီနေရာတွေဒါတွေမှာက ကျွန်တော်တို့အမျိုးသမီးတွေကို ခရီးသွားဧည့်သည်တွေအဖြစ်နဲ့ သွားခိုင်းတယ်။ သွားခိုင်းရတဲ့ အခန်းကဏ္ဍလည်းရှိတယ်။ အဲ့လိုအချိန်မှာလည်း အမျိုးသမီးတွေကလုံးဝသတ္တိရှိရှိနဲ့ ရှေ့ကနေ မားမားမတ်မတ်ရပ်ပြီးတော့မှ ဦးဆောင်ပြီးတော့မှ ကျွန်တော်တို့အတွက်ကို လိုအပ်တဲ့ သတင်းတွေလည်း ပို့နိုင်ခဲ့သလို လိုအပ်တဲ့ ပစ္စည်းပစ္စယ၊ အထောက်အထားတွေလည်း အများကြီးကျွန်တော်တို့အတွက် ရှာပေးနိုင်ခဲ့တာလည်း ကျွန်တော်တို့မှာသမိုင်းအတိတ်တွေ အများကြီးရှိပါတယ်။ ဆိုတော့ ဒီနွေဦးတော်လှန်ရေးဆိုတာမျိုးက ဒီနောက်ပိုင်းဆိုရင်တော့ ကျွန်တော်တို့ကရင်ပြည်နယ်မှာရှိတဲ့ အမျိုးသမီး Sniper တွေအများကြီးပေါ်လာတယ်။ Fighter တွေအများကြီးပေါ့နော်။ ကျွန်တော်တို့ယောကျ်ားတွေမလုပ်ဆောင်နိုင်တဲ့ အချက်တွေတောင်လုပ်ဆောင်ပြနိုင်တဲ့အမျိုးသမီးများစွာကို ကျွန်တော်တို့တွေ့နေရတာ ဖြစ်တယ်ပေါ့လေ။ အဲ့ဒီမှာကျွန်တော်ပြောချင်တာ ဒီအမျိုးသမီးအခန်းကဏ္ဍပါဝင်မှုနဲ့ ပတ်သက်ပြီး ကျွန်တော်ပြောချင်တာက ဒီတော်လှန်ရေးနဲ့ပတ်သက်လို့ကတော့ နွေဦးတော် လှန်ရေးက တကယ်တမ်းပြောရမယ်ဆိုရင်တော့ အုပ်စုတစ်ခုရဲ့ရှေ့မှာ ပထမဦးဆုံးရပ်တည် ပေးပြီးတော့မှ ပထမဦးဆုံးခေါင်းခံပေးတယ်။ ပထမဦးဆုံးအနစ်နာအခံပေးတယ်ဆိုတဲ့ တော်လှန်ရေးရဲ့ ဒီကျွန်တော်တို့ရဲ့ တော်လှန်ရေးက အမျိုးသမီးဖြစ်တယ်ဆိုတာကို ပထမဦးဆုံးအနေနဲ့ ပြောချင်တယ်။ ဒုတိယအနေနဲ့က ဒီလူငယ်တွေပေါ့နော်။ လူငယ်တွေ အနေနဲ့ပါဝင်မှုက အရမ်းကိုကောင်းတယ်။ အားလည်းကောင်းတယ်။ ပြီးလို့ရှိရင် လူငယ်တွေရဲ့ပါဝင်မှုကြောင့်ဒီတော်လှန်ရေးက ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိ လာခဲ့ သလဲဆိုတာကို ကျွန်တော့်အမြင်လေးတစ်ချက်လောက်မျှဝေပေးချင်ပါတယ်။ ကျွန်တော်တို့ လူငယ်တွေဟာ လူငယ်တွေဖြစ်တဲ့အလျောက်ကျွန်တော်တို့က ဒီရိုးသားတယ်။ ပထမဦးဆုံး အနေနဲ့ အရမ်းရိုးသားကြတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ပေါ့နော်။ ဆက်သွယ်တဲ့ အခါမှာပဲဖြစ်ဖြစ်။ စကားပြောတဲ့အခါမှာပဲဖြစ်ဖြစ် ရိုးသားတဲ့လူငယ်တွေဖြစ်တယ်။ ရိုးသားမှု ကိုကျွန်တော်တို့က အခြေခံပြီးတော့မှ ကျွန်တော်တို့တော်လှန်ရေးကိုအစပြုလာခဲ့ကြတယ်။ တော်လှန်ရေးဘယ်လိုလုပ်ရမှာမသိတဲ့လူတွေကြီးပါ အကုန်လုံးက။ အဲ့လိုဘဝကနေ ကျွန်တော်တို့လာတယ်။ လာပြီးတော့မှ လူငယ်တစ်ယောက်နဲ့ တစ်ယောက်ယုံကြည်မှုနဲ့ ပြန်လည်တည်ဆောက်ကြတယ်။ ယုံကြည်မှုတွေက အလွယ်တကူရယူနိုင်ခဲ့တယ် လူငယ်တွေဖြစ်တဲ့အတွက်ပေါ့လေ။ အချင်းချင်းဒီဟာတွေဒီဟာတွေမျှပြီးမှ ထမင်းတစ်ခွက် အတူတူစားလာခဲ့တယ်ဆိုပြီးတော့။ ဆိုတော့ အဲ့လိုဖြစ်လာတယ်။ တတိယအနေနဲ့က ကိုယ်ခံအားတွေ အသုံးချနိုင်ခဲ့တယ်။ လူငယ်တွေဖြစ်တဲ့အတွက် ဘယ်လိုပဲလုပ်လုပ် မပင်ပန်းနိုင်ဘူးလေ။ မပန်းနိုင်ဘူး။ မမောနိုင်ဘူး။ မပန်းနိုင်ဘူး။ စိတ်အားလည်းအရမ်း ထက်သန်လာခဲ့တယ်။ ဆိုတော့ ဒီကျွန်တော်တို့ရဲ့နွေဦးတော်လှန်ရေးက လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အင်မတန်မှအရေးကြီးပြီးတော့မှ ရှေ့ဆုံး Point ကနေဦးဆောင်ပြီးတော့ သွားနေတဲ့အခန်းဖြစ်တယ်ဆိုတာပြောချင်တယ်။ ဒီနွေဦးတော်လှန်ရေးကဒီလူငယ်တွေ ဦးဆောင်ခဲ့ဖူးဆိုရင်တော့ လူကြီးပိုင်းဦးဆောင်ရင်တော့မကောင်းဘူးလို့တော့ မပြောချင် ပါဘူး။ ကောင်းကကောင်းနိုင်ပါလိမ့်မယ်။ ဒါပေမဲ့လည်း လူငယ်တွေဦးဆောင်တာနဲ့ လူကြီးတွေဦးဆောင်လိုက်လို့ရှိရင်တော့ ပရိယာယ်များတယ်။ ပြောချင်တာက လူကြီးတွေ ဦးဆောင်ရင်တော့ပရိယာယ်များတယ်။ လူငယ်တွေဦးဆောင်လိုက်တဲ့အခါမှာကျတော့ ပရိယာယ်မပါဘူး။ ရိုးရိုးသားသားပွင့်ပွင့်လင်းလင်းနဲ့ ဦးဆောင်လိုက်လို့ဒီနေ့ ဒီနေ့ဒီအချိန်ထိ ခရီးပေါက်နိုင်တယ်လို့ပဲ ကျွန်တော်ကတော့ မှတ်ချက်ပြုချင်ပါတယ်ခင်ဗျ။

RAIN – ဟုတ်ကဲ့ပါ နောက်တစ်ခုအနေနဲ့တော့ ဒီတော်လှန်ရေးအင်အားစုတွေကြားက စိတ်ဝမ်းကွဲမှုတွေ ပြီးတော့ ဒီဝေဖန်သံတွေအပေါ်မှာရော ဆရာရဲ့အမြင်သဘောထား လေးသိပါရစေရှင်။ ပြီးတော့မှ ဒီကြားထဲကနေပြီးတော့မှ ညီညွတ်မှုပိုပြီးတော့မှ ခိုင်မာဖို့ရော ဟိုဘယ်လိုလုပ်ဆောင်သင့်တယ်လို့ ဆရာမြင်ပါလဲရှင်။

K.Beirona – ဟုတ်ကဲ့ပါ ဒါကတော့ အခုနပြောတဲ့စကားနဲ့နည်းနည်းဆက်စပ်မှုရှိပါတယ်။ လူငယ်ဖြစ်တဲ့အတွက်ပေါ့နော်။ ကျွန်တော်တို့ လူငယ်တွေဦးဆောင်တဲ့ အဖွဲ့အစည်း တော်တော်များများကတော့ အခု ပူးပေါင်းဆောင်ရွက်ရတာအကုန်လုံးအဆင်ပြေကြတယ်လို့ ကျွန်တော်ကတော့မြင်ပါတယ်။ ပထမဦးဆုံးအနေနဲ့ပေါ့နော်။ အခုကျွန်တော်နေထိုင်တဲ့ တပ်ဖွဲ့ပေါ့နော်။ ဒါဆိုရင်ကျွန်တော်အညာဖက်ကလုပ်ဆောင်ရတာဖြစ်တယ်။ အများအားဖြင့် ကဒီမြိုင်ပြည်သူ့တော်လှန်ရေးအဖွဲ့တွေက ကျွန်တော်တို့ဆီလာတဲ့အခါမှာလည်း လုပ်ဆောင် ရင်းနဲ့ပါလာပြီပေါ့။ ဆိုတော့ ကျွန်တော်ကအခု ဟိုကျွန်တော်တို့နေရာကတော့ ဒီ ဒီဖက်မှာပေါ့လေ။ အိန္ဒိယနယ်စပ်ဖက်မှာပေါ့။ ဆိုတော့ ကျွန်တော်ပြောချင်တာက နွေဦးတော်လှန်ရေးအစပြုလာတဲ့တော်လှန်ရေးအဖွဲ့အစည်းတော်တော်များများအားလုံးက ဘယ်နေရာမှာပဲတွေ့တွေ့ ဘယ်နေရာမှာပဲရောက်ရောက်ပေါ့လေ။ တော်လှန်ရေးသမား ပါဆိုတာနဲ့ကို အကုန်လုံးက ရှင်းပြပြီးတော့မှ လက်တွဲနှုတ်ဆက်ပြီးတော့မှ ထမင်းလက်ဆုံ စားနိုင်တဲ့လူတွေအကုန်လုံးဖြစ်ကြတယ်ဆိုတာကို ပထမဦးဆုံးအနေနဲ့မှတ်ချက်ပြုချင်တယ်။ ဒုတိယမှာကျတော့ ဒီတော်လှန်ရေးအချင်းချင်းကြားမှာ သွေးထွက်သံယိုမှုဖြစ်တဲ့အထိ ပဋိပက္ခတွေလည်း ကျွန်တော်တို့တော်တော်များများနေရာတွေမှာဖြစ်နေတာကိုလေ။ ကျွန်တော်တို့အထူးသဖြင့် ကျွန်တော်တို့ မရာဒေသမှာဆိုရင်ပိုဆိုးတာပေါ့။ ဆိုတော့ ဒီအရာတွေနဲ့ပတ်သက်ပြီးတော့က ကျွန်တော်ပထမဦးဆုံးမှတ်ချက်ပြုချင်တာက ကိုယ်အသိ အမှတ်ပြုတဲ့နယ်မြေဒေသမှာ လှုပ်ရှားတာက အင်မတန်မှအဆင်ပြေမယ်။ ကိုယ်အသိအမှတ် မပြုတဲ့ဒေသတွေ ကိုသွားရောက်ပြီးမှလှုပ်ရှားတာကတော့ တော်လှန်ရေးအဖွဲ့အစည်းတိုင်းက ရှောင်ရှားသင့်တယ်လို့ ပထမဦးဆုံးအနေနဲ့မှတ်ချက်ပြုချင်ပါတယ်။ ဒုတိယအနေနဲ့ကတော့ ဒီဒေသန္တရ ကိစ္စတွေကိုအမှုထားပြီးတော့မှ ဒီအချိန်မှာ သွေးထွက်သံယိုမှုဖြစ်နေတာ မျိုးထက်စာလို့ရှိရင် ဘုံဆိုတဲ့စကားလုံးကိုကျွန်တော်တို့က ကောင်းကောင်းနားလည်ထားချင် ပါတယ်။ ညီညွတ်မှုသွားနိုင်ဖို့အတွက်ကပေါ့နော်။ ဆိုတော့ အခုနကျွန်တော်ပထမမေးခွန်းနဲ့ ဖြတ်ပြီးပြောရမယ်ဆိုရင်တော့ ဒီပထမပိုင်းကဒီ တစ်ယောက်နဲ့တစ်ယောက်အဓိက ပဋိပက္ခ ဖြစ်တယ်။ ဟိုဟာဒီဟာဖြစ်တယ်ဆိုတာက အဓိကကျွန်တော်တို့စစ်မြေပြင်မှာဖြစ်တဲ့ အပိုင်းတွေ လည်းရှိသလို ဒေသအုပ်ချုပ်ရေးအုပ်ချုပ်ရေးပေါ့နော်။ နယ်မြေလုတဲ့ပုံစံမျိုးပေါ့။ နယ်မြေလုတဲ့နယ်မြေဒေသမှာလည်း ဖြစ်နေတာတွေရှိတယ်။ ဒီနေရာတွေအားလုံးကို ကျွန်တော်တို့ခြုံငုံပြီးတော့မှ ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ ဒီ Power ဒီပိုင်းနဲ့ဒီကွဲတဲ့ဒေသ ထိန်းချုပ်မှုအပိုင်းပြန်လုမှုတွေဖြစ်လာတဲ့အခါမှာ ပေါ်လာတဲ့ပြဿနာတွေလို့ ကျွန်တော် ကတော့ မြင်မိပါတယ်။ ဒီဟာတွေကိုကျွန်တော်တို့က ဒီအချိန်မှာ ဖြေရှင်းဖို့အချိန်မသင့် သေးဘူးလို့ ကျွန်တော်ကတော့မြင်တယ်ပေါ့လေ။ အဲ့လိုမျိုးမှတ်ချက်ပြုချင်တယ်။ ဒီအပေါ်မှာ ကျွန်တော်တို့က ဘယ်လိုဖြေရှင်းရမလဲ။ ဘယ်လိုညီညွတ်အောင်ဆောင်ရွက်ရမလဲဆိုလို့ရှိရင် ကျွန်တော်မှတ်ချက်ပြုချင်တာကတော့ ဘုံဆိုတဲ့စကားလုံးကို ကျွန်တော်တို့က နားလည်ဖို့ လိုအပ်တယ်။ ဒီဘုံဆိုတဲ့စကားလုံးက ဘုံရန်သူဆိုတာ ကျွန်တော်တို့မှာရှိနေသေးတယ်။ ဘုံရန်သူကအသက်မသေသေးဘူး။ ဘုံရန်သူကရှိနေသေးတဲ့အတွက် ဒီဘုံရန်သူကိုရှင်းလင်းဖို့ အတွက်ကို ကျွန်တော်တို့ပထမဦးဆုံးခြေလှမ်းဖို့အတွက်လိုအပ်တယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ ကျွန်တော်တို့အခုဥပမာအနေနဲ့ ကျွန်တော်နဲ့ရန်သူဖြစ်နေတဲ့အဖွဲ့အစည်းကပဲ ဖြစ်ဖြစ်ပေါ့လေ။ ကျွန်တော်ဘယ်သူပဲဖြစ်ဖြစ်မဆိုလိုဘူး။ အဲ့ဒီလူနဲ့ ကျွန်တော်တို့နဲ့က နယ်မြေအရတော့ပြဿနာဖြစ်နေတာကြီးတောင်မှ ဘုံရန်သူကိုအတူတူတိုက်မယ်ဆိုလို့ရှိရင် အဲ့ဒီဘုံရန်သူတိုက်နေတဲ့အတွင်းမှာ ဥပမာသူကျသွားမလား။ ကျွန်တော်ကျသွားမလား။ ဘယ်သူပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကျသွားမလား။ တစ်ယောက်ယောက်ခြေပျက် သွားမလား။ လက်ပျက်သွားမလားဆိုတဲ့ အခက်အခဲဆုံးဒေသအခြေအနေတစ်ခုကို ကျွန်တော်တို့ရန်သူတွေဖြစ်နေတောင်မှ အခက်အခဲဆုံးအခြေအနေမှာ အတူတူဘုံရန်သူကို တွန်းလှန်နေမယ်ဆိုလို့ရှိရင် အဲ့ဒီလူနှစ်ယောက်ရဲ့ စိတ်ဓာတ်ကနေတစ်ဆင့် အဖွဲ့အစည်းကိုလည်း ကူးစက်ပြီးတော့မှ ကျွန်တော်တို့အဖွဲ့အစည်းကြားမှာညှိနှိုင်းမှုနဲ့ အများကြီးပြန်လည်တည်ဆောက်နိုင်မယ်လို့ ကျွန်တော်ကမျှော်လင့်တယ်။ လူဆိုတာက ဒီဘာမှမလုပ်တဲ့အချိန်မှာတော့ပြဿနာဖြစ်ကောင်းဖြစ်လာလိမ့်မယ်။ ဒါပေမဲ့အခက်အခဲ တစ်ခုကိုအတူတူချင်းဆိုင်ဖြေရှင်းရမယ်ဆိုလို့ရှိရင် သူမသေ ကိုယ်မသေ အဲ့လိုမျိုး ကောင်းမွန် စွာ ကူညီဖေးမတဲ့အခါမှာ အကောင်းမွန်ဆုံးဖြစ်လာနိုင်မယ်လို့ ကျွန်တော်ကတော့မျှော် လင့်တယ်။ နောက်ဆုံးတစ်ချက်အနေနဲ့ အဲ့ဒီမှာညီညွတ်ဖို့အတွက် ကျွန်တော်ပြောချင်တာ ကကျတော့ ကျွန်တော်တို့အချင်းချင်းကြားမှာဖြစ်ဖြစ် တော်လှန်ရေးအချင်းချင်းကြားမှာ တစ်ယောက်နဲ့တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ဒီ Online Social Media ကိုအသုံးပြုပြီးတော့မှ အမုန်းပွားစေတဲ့စကားလုံးအသုံးပြုပြီးတော့မှ တိုက်ခိုက်ပြောဆိုမှုတွေကိုတော့ ရှောင်ရှားသင့် တယ်လို့ ကျွန်တော်တို့ပြောချင်တယ်။ အဖွဲ့အစည်းပဲဖြစ်ဖြစ် ပြည်သူလူထုပဲဖြစ်ဖြစ် အားလုံးကအဲ့လိုရှောင်ရှားသင့်တယ်လို့ ကျွန်တော်မှတ်ချက်ပြုချင်ပါတယ်။ ခင်ဗျ။ ဟုတ်ကဲ့။

RAIN – ဟုတ်ကဲ့ပါ ဆိုတော့ ဒီတော်လှန်ရေးကာလကလည်း ကြာလာပြီဖြစ်တဲ့အခါမှာ ဒါမိဘပြည်သူတွေအနေနဲ့လည်း တော်လှန်ရေးအမြန်ဆုံးအောင်ဖို့အတွက် မျှော်လင့်နေကြပြီ ဖြစ်တယ်ပေါ့နော်။ ဆိုတော့ တော်လှန်ရေးအင်အားစုတွေကလည်း တက်တက်ကြွကြွနဲ့ အားတိုက်အပြင်းအထန်လည်းပဲ ဒါလက်ရှိအချိန်မှာဆိုလို့ရှိရင် အင်တိုက်အားတိုက် ကြိုးစားနေကြတာကိုလည်း တွေ့ရတယ်။ ဆိုတော့ ဒီစစ်ကောင်စီအမြန်ဆုံးပြုတ်ကျဖို့ အတွက် တော်လှန်ရေးအင်အားစုတွေကြားမှာ ဘယ်လိုမျိုးပေါင်းစပ်ညှိနှိုင်းမှုတွေ ပြီးတော့မှ ဒီထိုးစစ်ဆင်သင့်လဲပေါ့နော်။ ပြီးတော့ လက်ရှိတက်ပြန်ထိုးစစ်အပေါ်မှာရော ဆရာအနေနဲ့ ဘယ်လိုများသုံးသပ်ထားပါလဲရှင်။

K.Beirona – အင်မတန်မှအရေးကြီးတဲ့မေးခွန်းဖြစ်ပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့မှ လူတိုင်းအကုန်လုံးပြင်ဆင်နေတဲ့အနေအထားမှာပါ။ ကျွန်တော်တို့ချင်းပြည်နယ်ပဲဖြစ်ဖြစ် မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ရှိတဲ့တော်လှန်ရေးအင်အားစုတွေအကုန်လုံးကလည်း ဒီဟာကိုပြင်ဆင်နေကြပါတယ်။ ဒီစကစရဲ့စစ်ကြောင်းတွေဝင်လာတဲ့အခါမှာ ကျွန်တော်တို့ ဒေသအသီးသီးမှာလည်းဝင်နေကြပါတယ်။ ဆိုတော့ ဒီဟာကိုကျွန်တော်တို့တွန်းလှန်နိုင်ဖို့ အတွက်က One Command One Control ပုံစံမျိုးနဲ့သွားလို့တော့အဆင်မပြေတော့ဘူးဆိုတာ ပြောချင်တယ်။ ဘာလဲဆိုတော့ ကျွန်တော်ကတော့ အဖွဲ့အစည်းကြီးတယ်။ မင်းတို့က ကျွန်တော် ပြောသလိုလုပ်။ ကျွန်တော် Order အမိန့်ပေးသလိုသွား ကျွန်တော်ပုံစံမျိုးဖြစ် လို့ရှိရင်တော့ တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြားမှာပဲ စိတ်ဝမ်းကွဲမှုကပိုများလာ နေဦးမယ်။ များသထက်များလာနေဦးမယ်။ ဆိုတော့ ဒီဟာတွေက မင်းအောင်လှိုင်ရဲ့ ပရိယာယ် နည်းပညာတွေနဲ့ပြန်ပြီးတော့မှ သူကအသုံးပြန်ချနိုင်တယ်ပေါ့လေ။ ဆိုတော့ တော်လှန်ရေးအနေနဲ့ ဒီစကစတစ်ခုလုံးကို ကျွန်တော်တို့က လုံးဝခြုံငုံသွားဖို့အတွက် လုပ်နိုင်ဖို့က ဒီ Combine Command လို့ခေါ်တာပေါ့နော်။ Combine Command လို့ခေါ် တယ်။ ပူးပေါင်းအမိန့်ပေးစနစ်ကို ကျွန်တော်တို့ကကျင့်သုံးတက်ဖို့လိုအပ်လာပြီလို့ ကျွန်တော်ကတော့မြင်တယ်။ ဒီပူးပေါင်းအမိန့်ပေးမှုနဲ့ပတ်သက်ပြီးတော့မှ ကျွန်တော်တို့ စာအုပ်တွေ လည်းရှိပါတယ်။ နိုင်ငံတကာနဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာနဲ့လေ့လာချင် တယ်။ ဟို အင်္ဂလိပ်စကားကျွမ်းတဲ့လူရှိတယ်။ အင်္ဂလိပ်စကားလည်းရှိသလို ဗမာစကားနဲ့ လည်း ဘာသာပြန်ပြီးသားတွေရှိပါတယ်။ ဒီ Combine Command ပေါ့နော်။ အဲ့လိုပူးပေါင်း အမိန့်ပေးမှုစနစ်ဒါက အင်မတန်မှအရေးကြီးပါတယ်။ အရင်တုန်းက တိ ၁၀၂၇ ဆိုတာကို ကျွန်တော်တို့တစ်ချက်လောက်ပြန်ကြည့်ကြည့်ရအောင်။ ဒီဟာကဘယ်လိုမျိုးအမိန့်ကို သုံးလာခဲ့ သလဲဆိုတာကိုလေ။ ဒီ ၁၀၂၇ က အမှန်တော့ ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုလုံးမှာ ကြီးကြီးကျယ်ကျယ်အောင်ပွဲတွေဆင်နွှဲနိုင်ခဲ့တယ်ဆိုတာက ဒီ၁၀၂၇မှာ ပါဝင်လာတဲ့ လူတိုင်းအားလုံးရဲ့ကျင့်သုံးတဲ့စနစ်ကဘာလဲဆိုတော့ Combine Command ကိုကျွန်တော်တို့ ကြည့် သူတို့ကျင့်သုံးတာကို ကျွန်တော်တို့တွေ့နေရတာကိုလေ။ ဆိုတော့ ဒီအရှိန်အဟုန်က တစ်ဖက်ကဒီနိုင်ငံတကာရဲ့ဖိအားတွေနဲ့ တစ်ဖက်နိုင်ငံ အိမ်နီးချင်းတွေရဲ့ နိုင်ငံတွေရဲ့ ဖိအားတွေကြောင့် နှောက်နှေးသွားတယ်ဆိုပေမဲ့ ရပ်တန့်မသွားသေးဘူးပေါ့လေ။ အဲ့ဒီလိုပဲ ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့စကစတစ်ခုလုံးကို လုံးဝအောင်မြင်မှုတွေနဲ့ တွန်းလှန် ချင်တယ်ဆိုလို့ရှိရင်တော့ ဒီ Combine Command တစ်ခုကိုကျွန်တော်တို့ကျင့်သုံးဖို့ လိုအပ် တယ်။ အဲ့ဒီ Combine Command နဲ့ပတ်သက်ပြီးတော့လည်း တော်လှန်ရေး အဖွဲ့အစည်းတိုင်းလိုလိုက နားလည်နိုင်အောင် စနစ်တကျနဲ့ကျင့်သုံးနိုင်အောင် မြေပြင်နဲ့သဟဇာတဖြစ်တဲ့ Combine Command စနစ်တွေကိုလည်း ကျွန်တော်တို့ အသုံးချနိုင်အောင် လေ့လာထားဖို့လိုအပ်မယ်လို့ ကျွန်တော်ကတော့မြင်တယ်။ အဲ့ဒီအပေါ်မှာ က ဒီ Combine Command မှာလည်းသူကအမျိုးမျိုးရှိပြန်သေးတယ်ပေါ့လေ။ အမျိုးမျိုးရှိ တယ်။ Combine Command မှာကအမျိုးမျိုးရှိတယ်။ ခြေလျင်တပ်သုံးတာရှိတယ်။ ရေတပ်သုံးတာရှိတယ်။ လေတပ်သုံးတာရှိတယ်။ ပြီးလို့ရှိရင်တော့ လက်နက်ကြီးတပ်ဖွဲ့တွေ သုံးတာရှိတယ်။ ဒရုန်းတပ်ဖွဲ့ပေါ်ကအစစသဖြင့်ပေါ့လေ။ သုံးတဲ့ဟာတွေရှိတယ်ပေါ့။ ဆိုတော့ ကိုယ့်ဒေသနဲ့ကိုက်ညီပြီးမှ လိုက်လျောညီထွေရှိတဲ့ Combine Command စနစ်တစ်ခုကိုသုံးပြီးတော့မှ ဒီစကစကိုတွန်းလှန်တဲ့အခါမှာ အသုံးပြုကြဖို့ကို ကျွန်တော် အကြံပြုချင်တယ်။ အဲ့ဒီမှာတစ်ချက် ကျန်နေခဲ့တာက ဒီ Federal System ပေါ့နော်။ အဲ့ဒီ Combine Command ကိုကျင့်သုံးနိုင်ဖို့အတွက်က အဲ့ဒီတော်လှန်ရေးအဖွဲ့အစည်း တော်တော် များများအားလုံးမှာ ဒီ Federal System တစ်ခုကိုလည်း ကျွန်တော်တို့နားလည်ထားဖို့ လိုတယ်။ အဖွဲ့အစည်းတိုင်းအဖွဲ့အစည်းတိုင်းကိုလေးစားမှုနဲ့ အချင်းချင်းကြားတန်ဖိုးထားမှု ရှိဖို့လိုအပ်တယ်။ အဲ့လိုလိုမှမရှိဘူး။ သူကတစ်ဆယ်ရှိတယ်။ Combine Command ထဲမှာဝင်စရာမလိုဘူး။ သူကနှစ်ဆယ်ရှိတယ်။ ဝင်စရာမလိုဘူး။ သူကတစ်ရာရှိတယ်။ ဝင်စရာမလိုဘူးဆိုတဲ့ပုံစံမျိုးနဲ့ ထပ်သွားမယ်ဆိုရင်လည်း အဲ့ဒီ Combine Command နဲ့အကောင်းဆုံးနည်းကအဆိုးဆုံးနည်းလည်း ပြန်ဖြစ်သွားနိုင်တယ်ဆိုတာကိုလည်း သတိချပ် စေချင်ပါတယ်။ ခင်ဗျ။ ဟုတ်ကဲ့။

RAIN – ဟုတ်ကဲ့ပါ ဆိုတော့ နောက်ဆုံးအနေနဲ့ ဒီတော်လှန်ရေးပြုလုပ်နေတဲ့ ဒါရဲဘော်တွေနဲ့အတူ တော်လှန်ပြည်သူတွေကို ဆရာအနေနဲ့ဘာများအကြံပြု တိုက်တွန်း လိုပါလဲရှင်။

K.Beirona – ဟုတ်ကဲ့ပါ တော်လှန်ရေး ရဲဘော်တွေနဲ့ပတ်သက်ပြီးတော့မှ အမြဲတမ်း ပြောနေတဲ့စကားလုံးတစ်ခုရှိပါတယ်။ ပြည်သူဆိုတာအင်မတန်မှအရေးကြီးတယ်။ ကျွန်တော် တို့ရဲ့အရေးကြီးဆုံးအခန်းကဏ္ဍကလူတွေဖြစ်ပါတယ်။ ဒီတော်လှန်ရေးလုပ်တယ်ဆိုတာကတဲ့ ကျွန်တော်တို့ပြည်သူလူထုတစ်ရပ်လုံးအတွက် ကောင်းမွန်တဲ့ဘဝကိုပြန်လည် သယ်ဆောင် လာချင်လို့ နော် ဒီပြည်သူလူထုတွေ ဒီလိုဆင်းဆင်းရဲရဲနဲ့နေနေတဲ့ဘဝထဲ လွတ်မြောက် နိုင်ဖို့အတွက် ကျွန်တော်တို့တော်လှန်ရေးလုပ်တာဖြစ်တယ်။ ဒီပြည်သူလူထုတွေကို ကျွန်တော်တို့က ဆိုးသထက်ဆိုးအောင် ပိုပြီးတော့မှ ဆိုးသွားတဲ့ဘဝထဲကို ဆွဲခေါ်ချင်လို့လုပ်တာမဟုတ်ဘူးဆိုတာကို များပြည်သူကိုပထမဦးဆုံးအနေနဲ့ ပြောချင်ပါ တယ်။ ဆိုတော့ အဲ့ဒါကိုကျွန်တော်တို့ခြုံငုံပြီးတော့ပြောရမယ်ဆိုရင်တော့ ဗုဒ္ဓဘာသာတရား တို့မှာလည်း ရှိသလို ခရစ်ယာန်မှာလည်းရှိပါတယ်။ မေတ္တာတရားပေါ့လေ။ မေတ္တသုတ်လည်း ဗုဒ္ဓမှာလည်းရှိသလို ကျွန်တော်တို့ခရစ်ယာန်မှာလည်းရှိပါတယ်။ ဆိုတော့ ဒီလောကကြီးမှာ ကျွန်တော်တို့အခုတော်လှန်ရေးပြည်သူလူထုတော်လှန်တဲ့ရဲဘော်တွေအားလုံးနဲ့ အဖွဲ့အစည်း အားလုံးနဲ့နဲ့လုပ်တဲ့ဦးတည်ချက်က အဓိကတော့ မေတ္တာတရားကိုကျွန်တော်တို့ အခြေခံ ပြီးတော့ လုပ်တာဖြစ်တယ်။ အမုန်းတရားလုံးဝမပါဘူး။ စကစမုန်းတယ်။ မမုန်းဘူးဆို တာထက်စာလို့ရှိရင် ကျွန်တော်တို့ပြည်သူလူထုကိုချစ်တယ်။ ပြည်သူလူထုရဲ့ကာကွယ်မှု ပေးနိုင်ဖို့အတွက်ကို ကျွန်တော်တို့ကြိုးစားတာဖြစ်တယ်။ ပိုကောင်းတဲ့ဘဝပေးနိုင်ဖို့ ကြိုးစားတာဖြစ်တယ်ဆိုတာကို နားလည်စေချင်ပါတယ်။ ဆိုတော့ ကျွန်တော်တို့ တော်လှန်ရေးဖော်တွေနဲ့ ပြည်သူလူထုနဲ့ ကျွန်တော်တစ်ချက်လောက်နှိုင်းပြီးတော့ ပြောချင် တယ်ဆိုလို့ရှိရင် ကျွန်တော်တို့က အပင်တစ်ပင်ရဲ့အရွက်တွေဖြစ်မယ်။ အကိုင်းလေးတွေ ဖြစ်မယ်။ အသီးလေးတွေဖြစ်မယ်။ တော်လှန်ပြည်သူတွေကတော့ အဲ့ဒီအပင်တစ်ပင်ရဲ့ ပင်စည်ပေါ့နော်။ ပင်စည်ပိုင်းတွေဖြစ်ပါတယ်။ ဆိုတော့ ပင်စည်မရှိဘဲနဲ့အရွက်ပဲလေထဲမှာ စိုက်ပြီးတော့မှ အရွက်ပဲလေထဲမှာပွင့်ပြီးတော့မှ လေထဲမှာပဲအသီးသီးလို့မရဘူးဆိုတာကို ပြည်သူလူထုအနေနဲ့နားလည်လိမ့်မယ်ထင်ပါတယ်။ ပင်စည်ကောင်းလေ အရွက်သီးတာ ကြီးလေ အရွက်လည်းကောင်းလေ အသီးလည်းကြီးလေဖြစ်မှာဖြစ်တဲ့အတွက် ပြည်သူလူထု အနေနဲ့ အားကောင်းပိုကောင်းတဲ့ ပိုပြီးတော့မှ ခိုင်မာတဲ့အားပေးမှုတွေနဲ့ အများအပြား ရပ်တည်ပေးနိုင်တယ်။ ကျွန်တော်တို့ဘဝအတွက်ကပိုပြီးတော့မှ ကောင်းမွန်တဲ့အသီးတွေ များများ တီးပေးနိုင်မှာဖြစ်သလို ကောင်းမွန်တဲ့အရိပ်တွေကိုလည်း ကျွန်တော်တို့များများ ပေးနိုင်မယ်လို့ ကျွန်တော်ကပြောချင်ပါတယ်။ ပြီးလို့ရှိရင်ပြည်သူလူထုအနေနဲ့ တော်လှန်ရေး လည်းကြာလာတဲ့ဖြစ်တဲ့အခါမှာ ငြီးငွေ့မှုတွေနဲ့ ဟို မကျေနပ်မှုတွေနဲ့ အားမလိုအားမရ မှုတွေများစွာရှိကောင်းရှိပါလိမ့်မယ်။ သို့ပေမဲ့လည်း မကြာခင်မဝေးတော့တဲ့ အနာဂတ်တစ်ခု မှာတော့ ပြည်သူလူထုအတွက်အကောင်းဆုံးသော ကျွန်တော်တို့ဘဝတစ်ခုကိုတော့ ကျွန်တော်တို့ဖန်တီးပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တော်လှန်ပြည်သူတွေအားလုံးကို ကျွန်တော်ကတော့မေတ္တာရပ်ခံချင်ပါတယ်ပေါ့။ ဟုတ်ကဲ့ပါ

RAIN – ဟုတ်ကဲ့ပါ အခုလိုဖြေကြားပေးတဲ့အတွက် ဆရာ့ကိုထူးပြီးတော့ ကျေးဇူးတင်ရှိ ပါတယ်ရှင့်။

K.Beirona – ဟုတ်ကဲ့ ဟုတ်ကဲ့ပါ ခင်ဗျာ။ ဟုတ်ကဲ့ပါ