နွေးအေးပင် ရေးသည်

၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၅) ရက်နေ့

နွေဦးတော်လှန်ရေး၏ အစပိုင်းကို ပြန်လည်အမှတ်ရလျှင် လက်သုံးချောင်းထောင်ကာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့သည့် လူထုလှုပ်ရှားမှု၏ အောင်မြင်မှုများကို မြင်ယောင်ကြမည်ဖြစ်သည်။ ထိုအချိန်က ဆန္ဒပြပွဲများတွင် သန်းနှင့်ချီသော ပြည်သူများ ပါဝင်ခဲ့သော်လည်း လူတိုင်းထွက်ခဲ့သည်တော့ မဟုတ်ပေ။ ဤအချက်ကို အထောက်အထားအဖြစ် အသုံးပြုပြီး စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူများက လစဉ်သတင်းစာရှင်းလင်းပွဲများတွင် လမ်းပေါ်ထွက်ဆန္ဒပြသူများကို မြန်မာပြည်သူ၏ စစ်မှန်သော ဆန္ဒအဖြစ် လက်မခံဘဲ “အကြမ်းဖက်သမားများ”၊ “နိုင်ငံကို ဖျက်စီးလိုသူများ” ဟု မကြာခဏ တိုက်ခိုက် ပြောဆိုခဲ့သည်။

သို့သော် မြို့ကြီးတစ်မြို့ပြီးတစ်မြို့ လူပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားပြီး တစ်ပတ်မက၊ တစ်လမက ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများသည် အရှိန်မလျှော့ဘဲ ဆက်လက် အားကောင်းနေခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီသည် လက်နက်အသုံးပြုကာ ဆန္ဒပြပွဲများကို ဖြိုခွင်းခြင်း စတင်လာခဲ့သည်။ စစ်ကောင်စီက လူထုဆန္ဒ ဖော်ထုတ်မှုများကို လက်နက်ဖြင့် ဖြိုခွင်းလာရသည့် အကြောင်းရင်းမှာ နေ့စဉ်ဆက်တိုက်၊ လချီကြာရှည် လူထုဆန္ဒဖော်ထုတ်ပွဲများ ဆက်လက်ဖြစ်ပေါ်နိုင်ခဲ့ခြင်းသည် ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်း ပါဝင်မှုကြောင့် ဖြစ်ကြောင်း သဘောပေါက်ခဲ့ပြီး လူထုကို ကြောက်ရွံ့စေမည့်နည်းဖြင့် ကိုင်တွယ်ရန် ကြိုးပမ်းခြင်း ဖြစ်သည်။

ထိုသို့ လူထုဆန္ဒပြပွဲများကို ပြည်သူအားလုံး ပူးပေါင်းပါဝင်နိုင်ခဲ့သည့် အကြောင်းရင်းများမှာ အလုပ်ရှင်များက ဝန်ထမ်းများအား ဆန္ဒပြရန် ခွင့်ပြုပေးခြင်း၊ အငှားယာဉ်မောင်းသူများက ဆန္ဒပြသူများအား အခကြေးမယူဘဲ ကူညီပို့ဆောင်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆိုင်ပိုင်ရှင်များက ဆန္ဒပြသူများအား အစားအသောက်နှင့် ရေများ လှူဒါန်းပေးခြင်း၊ အစိုးရဝန်ထမ်းများအပါအဝင် ဝန်ထမ်းအများစုက CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) တွင် ပါဝင်ချိတ်ဆက်ခြင်း၊ ရပ်ကွက်လူထုများက ဆန္ဒပြပွဲအပြီး မြို့နှင့် ရပ်ကွက်သန့်ရှင်းရေး လုပ်ဆောင်ကာ အမှားထောက်စရာမရှိသည့် လူထုလှုပ်ရှားမှုကို ကြာရှည် ထိန်းသိမ်းနိုင်ခြင်း တို့ဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်ကောင်စီ၏ အာဏာသိမ်းမှုကို ပြည်သူတစ်ရပ်လုံး ပူးပေါင်း တော်လှန်ခဲ့ခြင်းကို ဤအချက်များက သက်သေထူပြခဲ့သည်။

ယနေ့အချိန်ထိ ပြည်သူများသည် စစ်ကောင်စီကို လုံးဝထောက်ခံခြင်းမရှိကြောင်း အသံတိတ်သပိတ်များဖြင့် အကြိမ်ကြိမ် ပြသခဲ့သည်။ ထို့ပြင် ဖက်ပေါင်းစုံမှ တော်လှန်ရေးအဖွဲ့အစည်း ရာနှင့်ချီကို ကျွေးမွေး ထောက်ပံ့ပေးကာ နေ့စဉ်အင်အားကြီးထွားလာစေပြီး မြို့ပေါင်း ၁၀၀ နီးပါးကို စစ်ကောင်စီလက်အောက်မှ သိမ်းပိုက် ထားနိုင်သည်အထိ လူထုအားပေးမှု အားကောင်းနေဆဲ ဖြစ်သည်။No photo description available.

သို့သော် တော်လှန်ရေးအပေါ် တွေဝေမှုများလည်း ရှိလာနေသည်။ ၎င်းတို့မှာ မြန်မာနိုင်ငံ၏ တော်လှန်ရေး အင်အားစုများ အနိုင်ရပါက တရုတ်နိုင်ငံက အသိအမှတ်ပြုမည်လား၊ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယအပါအဝင် အချို့နိုင်ငံခေါင်းဆောင်များက စစ်ကောင်စီကို နိုင်ငံ့ကိုယ်စားပြု အစိုးရသဖွယ် ဆက်ဆံနေမှုကြောင့် ပြိုလဲလုနီးပါးဖြစ်နေသော စစ်ကောင်စီသည် ညီညွတ်မှုပြန်ရလာပြီး အင်အား ပိုကောင်းလာမည်လား ဆိုသည့်အချက်နှင့် ခိုင်မာအားကောင်းသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပါအဝင် တော်လှန်ရေး အင်အားစုများအကြား သဘောထားကွဲလွဲမှုများကြောင့် လက်နက်ကိုင်တော်လှန်ရေး အားနည်းသွားမည်လား ဆိုသည့်အချက်များ ဖြစ်သည်။May be an image of ticket stub and text

ဤတွေဝေမှု ဖြစ်စေသော ကိစ္စများကို အဖြေရှာရာတွင် တော်လှန်ရေးအင်အားစု ခေါင်းဆောင်များ၏ ကြိုးပမ်းမှုများအပေါ် များစွာမူတည် နေသည်။ လက်ရှိတွင် တရုတ်၏ ဝင်စွက်ဖက်မှုများကို တားဆီးရန် အမေရိကန်ရောက် တက်ကြွလှုပ်ရှားသူများက အမေရိကန်လွှတ်တော်ကို ဖိအားပေးရန် တောင်းဆိုနေခြင်း၊ တော်လှန်ရေး ခေါင်းဆောင်များက တရုတ်ကို ဝေဖန်ထောက်ပြမှုများ တိုးလာသည်ကို တွေ့ရသည်။ သို့သော် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့က တရုတ်နှင့် ပတ်သက်သော တရားဝင်ထုတ်ဖော်ပြောဆိုမှုနှင့် ကိုင်တွယ်မည့်နည်းလမ်းများ ထုတ်ဖော် ပြသထားခြင်း မရှိသေးပေ။ ထို့အပြင် အိန္ဒိယအပါအဝင် နိုင်ငံတကာမှ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို တရားဝင်မှုပေးသည့်ပုံစံဖြင့် ဆက်ဆံနေမှုများကိုလည်း ဝေဖန်ထောက်ပြမှု များသာရှိပြီး စနစ်ကျသော တန်ပြန်မှုများကို မမြင်ရသေးပေ။

No photo description available.

“သို့သော် တော်လှန်ရေး အင်အားစုများအကြား သဘောထားကွဲလွဲမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက တွေ့ဆုံဆွေးနွေးကာ အဖြေရှာလျက်ရှိပြီ ဖြစ်သည်။ မကြာမီ ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဟု အများက မျှော်လင့်နေကြသည်။”

 

သို့သော် တော်လှန်ရေး အင်အားစုများအကြား သဘောထားကွဲလွဲမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက တွေ့ဆုံဆွေးနွေးကာ အဖြေရှာလျက်ရှိပြီ ဖြစ်သည်။ မကြာမီ ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဟု အများက မျှော်လင့်နေကြသည်။ ဤစိန်ခေါ်မှုများကို ဖြေရှင်းရာတွင် အဓိကအားဖြင့် တော်လှန်ရေး အင်အားစုများ အကြား သဘောထားကွဲလွဲမှုများကို ဖြေရှင်းပြီး ညီညွတ်ရေး တည်ဆောက်နိုင်ရန် ဖြစ်သည်။ ဤညီညွတ်မှုသည် တရုတ်၏ ရပ်တည်ချက်နှင့် စစ်ကောင်စီကို တရားဝင်မှုပေးနေသော နိုင်ငံများ၏ သဘောထားများ ကိုလည်း ပြောင်းလဲစေမည် ဖြစ်သည်။

တော်လှန်ရေးလေး နှစ်ကျော်ကာလအတွင်း အောင်မြင်မှုများရရှိလာသည်နှင့်အမျှ နိုင်ငံရေး၊ စစ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ဟန်ချက်မညီမှုများကြောင့် အုပ်ချုပ်ရေးစနစ်နှင့် တပ်ပိုင်းဆိုင်ရာ နေရာချထားမှု ကိစ္စများတွင် စိန်ခေါ်မှုများ ရင်ဆိုင်လာရသည်မှာ ရှောင်လွှဲ၍မရသော ပြဿနာတစ်ရပ် ဖြစ်သည်။ ဤစိန်ခေါ်မှုများကို ဖြေရှင်းရာတွင် နိုင်ငံရေးနည်းလမ်းဖြင့်သာ အဖြေရှာသင့်ပြီး၊ အချင်းချင်း လက်နက်အင်အား သုံးဖြေရှင်းပါက စစ်မျက်နှာများ ပြောင်းလဲသွားကာ စစ်ကောင်စီသာ အကျိုးအမြတ် ရရှိမည် ဖြစ်သည်။

ဤသို့သော တော်လှန်ရေး၏ အဓိကစိန်ခေါ်မှုများကို ဖြေရှင်းရာတွင် နှစ်ပေါင်း ၇၀ ကျော် မတရားမှုများကို ရင်ဆိုင်လာခဲ့ရသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအပေါ် ယုံကြည်မှုအပြည့်အဝ ထားရှိသင့်သလို၊ မတရားမှုကို တော်လှန်ပြီး အကြမ်းဖက်မှုများကို ရင်ဆိုင်ကျော်လွှားကာ နိုင်ငံတော်သစ်ထူထောင်ရန် နစ်နာစွန့်လွှတ်မှု များစွာဖြင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ထားသော နွေဦးတော်လှန်ရေး ခေါင်းဆောင်များ အပေါ်လည်း ပြည်သူများက ယုံကြည်မှု ထားရှိသင့်သည်။ ထိုသို့ ယုံကြည်မှုရှိမှသာ တော်လှန်ရေး အင်အားစုများအကြား မညီညွတ်မှုကို အကြောင်းပြုကာ စစ်ကောင်စီကို တရားဝင်မှုပေးရန် ကြိုးပမ်းနေသော နိုင်ငံတကာမှလည်း မြန်မာပြည်သူများ၏ ယုံကြည်မှုကို မလွန်ဆန်နိုင်ဘဲ တော်လှန်ရေး ခေါင်းဆောင်များ အပေါ် ယုံကြည်မှုရှိလာစေမည် ဖြစ်သည်။No photo description available.

မြန်မာနိုင်ငံ၏ ဖြစ်သမျှဒုက္ခ၏ တရားခံသည် စစ်ကောင်စီသာဖြစ်ကြောင်း ပြည်သူများက ခိုင်မာစွာ ရပ်တည်ထားရန် လိုအပ်သည်။ တော်လှန်ရေး ခေါင်းဆောင်များကလည်း ပြည်သူများကို တွေဝေစေသော ကိစ္စများကို အဖြေရှာပေးနိုင်ရန် အစွမ်းပြဖို့ လိုအပ်သည်။ ဤသို့ရှေ့ဆက်ရာတွင် နွေဦးတော်လှန်ရေး၏ အစပိုင်းကဲ့သို့ လမ်းပေါ်ထွက်ဆန္ဒပြသူများနှင့် တသားတည်းဖြစ်ခဲ့သော စိတ်ဓာတ်ကို ပြန်လည် အသက်သွင်းရန် လိုအပ်သည်။

ထိုသို့သော စိတ်ဓာတ်ကို ပြန်လည်အသက်သွင်းရန် မည်သူမှ တိုက်တွန်းနှိုးဆော်စရာမလိုဘဲ ပြည်သူ တစ်ဦးချင်းက စစ်ကောင်စီအား ဘဏ္ဍာငွေရရှိစေသည့် ထုတ်ကုန်များကို လေ့လာရှောင်ရှားခြင်း၊ တော်လှန်ရေးနှင့် ပတ်သက်သော အရေးကြီးသတင်းများကို လူမှုကွန်ရက်တွင် ဖြန့်ဝေခြင်း၊ တော်လှန်ရေးနှင့် ဆန့်ကျင်ဘက်ဖြစ်သော သတင်းမီဒီယာများနှင့် အကြောင်းအရာများကို ရှောင်ရှားခြင်း၊ ငြိမ်းချမ်းစွာ လူထုလှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်ခြင်း၊ ဘဏ္ဍာငွေကြေးနှင့် လူအင်အားဖြင့် တော်လှန်ရေးကို အားဖြည့်ပေးခြင်းတို့ကို လုပ်ဆောင်နိုင်သည်။

No photo description available.No photo description available.

လူမှုကွန်ရက်တွင် တော်ဲလှန်ရေးနှင့် ပတ်သက်သော သတင်းများ၏ လွှမ်းမိုးမှုသည် လူထုတော်လှန်ရေး၏ ပါဝင်မှုကို သက်သေပြရန် အသင့်တော်ဆုံး နည်းလမ်းဖြစ်သည်။ ၎င်းသည် နိုင်ငံတကာမှ နွေဦးတော်လှန်ရေးကို စောင့်ကြည့်နေသူများ အတွက်လည်း အရေးကြီးသော အထောက်အထား ဖြစ်သည်။

လူနည်းစု တိုင်းရင်းသားများသည် နှစ်ပေါင်း ၇၀ ကျော် မတရားသောစနစ်ကို သီးခြား တော်လှန်လာခဲ့သော်လည်း ယနေ့တိုင် ခိုင်မာသော ရပ်တည်ချက်ဖြင့် နွေဦးတော်လှန်ရေးကိုလည်း ဦးဆောင်ကာ ဆက်လက်တော်လှန် နေကြသည်။ ထို့ကြောင့် ဗမာအပါအဝင် တိုင်းရင်းသားပေါင်းစုံ ပူးပေါင်း တော်လှန်နေသည့် ဤအချိန်သည် တော်ဲလှန်ရေးအောင်မြင်ရန် အခွင့်အလမ်းအများဆုံး ဖြစ်နေသည်။ သို့သော် လေးနှစ်ကျော်ကာလကို ညည်းညူနေမည်ဆိုပါက ကျွန်ုပ်တို့သည် တိုင်းပြည်ကောင်းမှုနှင့် ထိုက်တန်သည်ဟု ဆိုရန်ခက်ခဲပေလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် နွေဦးတော်ဲလှန်ရေး၏ အရှိန်ကို အလျှင်အမြန် မတင်နိုင်သည်ပင်ဖြစ်စေ၊ လက်ရှိအရှိန်ကို ထိန်းထားနိုင်ပါက အာဏာရှင်စနစ်နှင့် စစ်ကောင်စီသည် အမြစ်ပြတ်သွားမည်မှာ သေချာသည်။ သို့ဖြစ်ရာ “တော်လှန်ရေးမအောင်မြင်မှာကို စိုးရိမ်နေမည့်အစား တော်လှန်ရေးအလုပ်ကို မိမိတတ်နိုင်သည့်နည်းလမ်းဖြင့် ပါဝင်မထမ်းဆောင်မိမှာကို ပိုစိုးရိမ်သင့်သည်” ဟူသော အတွေးသည် အရေးကြီးဆုံးသော အချက်ဖြစ်သည်။