———————————————————-
မေ ၅
The Kaladan Post

The Kaladan Post ၏ ဆက်သွယ်မေးမြန်းမှုကို CDF-Lautu တွဲဖက်အတွင်းရေးမှူး ဆလိုင်းငွန်ကျုံးဆန်က ပြည်သူ့တော်လှန်ရေးကာလလေးနှစ်အတွင်း ရင်ဆိုင်ခဲ့ရသော စိန်ခေါ်မှုများနှင့် အနာဂတ်ရည်မှန်းချက်များကို အသေးစိတ်ဖြေကြားခဲ့သည်။
တော်လှန်ရေးကာလအတွင်း စစ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရသည်။ ဤစိန်ခေါ်မှုများကို ပြည်တွင်းပြည်ပရှိ တတ်သိပညာရှင်များ၏ အကြံဉာဏ်များဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။
လေးနှစ်တာကာလအတွင်း တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးသွားသော တပ်ဖွဲ့ဝင် ၁၁ ဦးနှင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသူ ၅၀ ကျော်ရှိကြောင်း ဆလိုင်းငွန်ကျုံးဆန်က ထုတ်ဖော်ပြောကြားခဲ့သည်။
အနာဂတ်အတွက် CDF-Lautu အနေဖြင့် ပြည်သူ့တော်လှန်ရေးကို အမြန်ဆုံးအောင်မြင်ရေးအတွက် တတ်နိုင်သည့်အခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်သည်။ ထို့ပြင် CDF-Lautu ကို အင်အားတောင့်တင်းပြီး တိုက်ရည်ခိုက်ရည်ရှိသော တပ်ဖွဲ့အဖြစ် တည်ဆောက်ရန် ဦးတည်ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။

ဆလိုင်းငွန်ကျုံးဆန်က ထုတ်ဖော်ပြောကြားခဲ့သည်။ အနာဂတ်အတွက် CDF-Lautu အနေဖြင့် ပြည်သူ့တော်လှန်ရေးကို အမြန်ဆုံးအောင်မြင်ရေးအတွက် တတ်နိုင်သည့်အခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်သည်။ ထို့ပြင် CDF-Lautu ကို အင်အားတောင့်တင်းပြီး တိုက်ရည်ခိုက်ရည်ရှိသော တပ်ဖွဲ့အဖြစ် တည်ဆောက်ရန် ဦးတည်ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်
တော်လှန်ရေးကြာရှည်လာသည်နှင့်အမျှ ပြည်သူများ၏ ပင်ပန်းငြီးငွေ့မှုကို နားလည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ သို့သော် ဤတိုက်ပွဲသည် အနိုင်ရမည့်တိုက်ပွဲဖြစ်ပြီး ပြည်သူများကသာ အစပြုခဲ့သလို ပြည်သူများကသာ အဆုံးသတ်ရမည်ဖြစ်သည်။ ၂၀၂၅ ခုနှစ်ကို အောင်ပွဲဆင်နိုင်မည့် မင်္ဂလာရှိသောနှစ်ဖြစ်စေရန် ပြည်သူတစ်ရပ်လုံးအနေဖြင့် တက်နိုင်သည့်အခန်းကဏ္ဍမှ ပါဝင်အားဖြည့်ပေးရန် ဆလိုင်းငွန်ကျုံးဆန်က တိုက်တွန်းပန်ကြားခဲ့သည်။
ဤဖြေကြားချက်များသည် CDF-Lautu ၏ ကြိုးပမ်းမှုများနှင့် ပြည်သူ့တော်လှန်ရေးအပေါ် ယုံကြည်ချက်ကို ထင်ရှားစွာဖော်ပြပြီး ၂၀၂၅ ခုနှစ်တွင် တော်လှန်ရေး အောင်မြင်မှုရရှိရန် ပြည်သူများနှင့်အတူ လက်တွဲလုပ်ဆောင်လိုသည့် ဆန္ဒကို ပြသလျက်ရှိသည်။