မေးမြန်းသူ – Salai Dokhar (The Kaladan Post – အယ်ဒီတာချုပ်)
ဖြေကြားသူ – Thinzar Shunlei Yi (Human Rights Activist)

အယ်ဒီတာချုပ် – Shunlei ရေ၊ ကျွန်တော်တို့ကို အခုလိုအချိန်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ဦးစွာ ပြောကြားလိုတယ်။ ဆိုတော့ ပထမဆုံးအနေနဲ့ ကျွန်တော်တို့ တော်တော်များများက သိကြပြီးသားဖြစ်တယ်၊ ဒါပေမယ့် တော်လှန်ပြည်သူတွေနဲ့ ပိုပြီးရင်းနှီးသွားအောင် Shunlei အနေနဲ့ အရင်က ဘာတွေလုပ်လာခဲ့သလဲ နောက်ပြီး အခု ဘာရည်ရွယ်ချက်နဲ့ ဒီတော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်လာသလဲဆိုတာကို တစ်ချက်ပြန်မိတ်ဆက်ပေးပါဦး ခင်ဗျ။

Thinzar Shunlei Yi – အရင်ဆုံးအနေနဲ့ Shunlei ကို ဖိတ်ခေါ်ပေးတာ ကျေးဇူးတင်ပါတယ်ပေါ့နော်။ ကိုယ်တိုင်အနေနဲ့ဆိုရင် ပြီးခဲ့တဲ့ ဆယ့်ငါးနှစ်ဝန်းကျင်ကနေ စပြီးတော့ ဒီနိုင်ငံရေး၊ လူမှုရေးပေါ့နော်၊ မြန်မာပြည်ရဲ့ အခြေအနေအရပ်ရပ်ကို စိတ်ဝင်စားတယ်။ ကိုယ်တိုင်က ကျောင်းဆရာမ ဖြစ်တဲ့အခါမှာ ကိုယ်သင်ပေးရတဲ့ ကလေးငယ်တွေကို မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေ ပြောပြဖို့ လိုတယ်ဆိုတဲ့ စဉ်းစားချက်ပေါ့နော်။ ဒါကလေးတွေ မေးလာခဲ့ရင်လည်း ဖြေနိုင်ရမယ်ဆိုတဲ့ ကိုယ်တိုင်လည်း စိတ်ဝင်တစား လေ့လာတယ်။ အချိန်ကာလ မြန်မာပြည်မှာ ရွေးကောက်ပွဲ စဖြစ်တဲ့အချိန်မှာ၊ နှစ်ထောင့်တစ်ဆယ်ပတ်ဝန်းကျင် ရွေးကောက်ပွဲ စဖြစ်တဲ့အချိန်မှာလည်း ကိုယ်က ဒီ volunteer အနေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ ဘာတွေလုပ်ခဲ့တယ် ဆိုတဲ့ အခါကျတော့၊ အဲဒီအတွေ့အကြုံကို အခြေခံပြီးတော့ ပရဟိတ လုပ်ငန်းတွေလုပ်ရင်းနဲ့ နိုင်ငံရေးနဲ့ ဆက်စပ်လာတယ်လို့ ပြောလို့ရတယ်။ ပရဟိတ လုပ်တဲ့အခါမှာ အဓိက ဘာလဲဆိုတော့ ကလေးတွေကို စာသင်ပေးတယ်၊ နောက်ကလေးကို စာသင်ပေးတဲ့ ဘက်အကြောင်းပေါ့နော်။ ဘုန်းကြီးကျောင်းတွေက ဆရာမတွေကို ပြန်ပြီး စာသင်ပေးတယ်။ အဲ့လိုသင်ပေးတဲ့အချိန်မှာ ဘာမြင်လာလဲဆိုတော့၊ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ ရှိနေတဲ့ ကလေးငယ်တွေက ရန်ကုန်၊ မန္တလေးက ကလေးတွေ မဟုတ်ဘူး။ ဟိုတာအာန်း ဒေသက၊ ဟိုးကချင်ဒေသ၊ ဟိုးရှမ်းဒေသက ကလေးတွေ များတယ်။ သူတို့တွေက မိဘမဲ့ဖြစ်ကြတယ်။ ဆိုတော့ အဲ့ဒီဟာကြီးက ကျွန်မတို့ ဒီရန်ကုန်မှာ ရှိနေတဲ့ နိုင်ငံရေးနဲ့ ဝေးတယ်ဆိုတဲ့ သူတွေအတွက် မေးခွန်းကြီး ဖြစ်နေတာပေါ့နော်။ ဘယ်လိုဖြစ်လို့ အများကြီး ရောက်နေတာလဲဆိုတော့ ကလေးတွေ မေးလိုက်တော့လည်း မြန်မာလို တတ်ကြဘူး၊ ပြီးရင် မိဘတွေကလည်း ဒီစစ်ဘေးစစ်ပွဲတွေမှာ ဆုံးပါးသွားကြတယ်၊ မိဘမဲ့တွေ ဖြစ်ကြတယ်၊ တစ်ကွဲတစ်ပြားစီ ဖြစ်ကြတယ်ဆိုတာ ကျွန်မတို့ ကိုယ်တိုင် မြင်လာရတယ်ပေါ့နော်။ မြင်လာတဲ့ နောက်ဆက်တွဲမှာတော့ မေးခွန်းတွေက ဘာကြောင့်ဖြစ်ရတာလဲ? ဘာကြောင့် ကလေးတွေ ဒါတွေနဲ့ သူတို့ မထိုက်တန်ဘူးဆိုတဲ့ စဉ်းစားချက်ကနေ နိုင်ငံရေး တော်လှန်ရေး စလုပ်တာ။ ပြောရမယ်ဆိုရင် လူငယ်အရေးကို စိတ်ဝင်စားတယ်။ အသက် သုံးဆယ့်ငါးနှစ် အောက်လူငယ်ထုက မြန်မာပြည်မှာ ၆၀ ရာခိုင်နှုန်းကျော် ရှိတယ်ဆိုတော့ လူငယ်ရေးရာ တက်ကြွလှုပ်ရှားသူ အနေနဲ့ စတင်တယ်။ အဲ့ဒါနဲ့ လူငယ်ရေးရာ မူဝါဒပေါ်ပေါက်လာရေးပေါ့။ အသက် ၂၄ နှစ်လောက် ရောက်လာတဲ့အချိန်ကျတော့ ကိုယ်တိုင်အနေနဲ့ နိုင်ငံရေးကို ပိုစိတ်ဝင်စားတဲ့ အခါကျတော့ လူငယ်ရေးရာ လုပ်ငန်းပိုင်းတွေကို လျှော့လိုက်တယ်။ လျှော့ပြီးတော့ ကျွန်မတို့ ရပ်ကျေးပေါ့နော်၊ ရပ်ကွက်ကျေးရွာအုပ်စု၊ ဒီအုပ်ချုပ်ရေးကဏ္ဍတွေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ၊ အထူးသဖြင့် ဒီမိုကရေစီကို ဒီအခြေခံအကျဆုံး လူထုမှာ တည်အောင်လို့၊ ရပ်ကျေးမှူးတွေရဲ့ အခန်းကဏ္ဍ အရေးကြီးတယ်။ အဲ့တော့ ဆယ်အိမ်မှူး၊ ရာအိမ်မှူးကို ဥပဒေကြောင်းအရ ကာကွယ်ပေးနိုင်အောင်၊ သူတို့ရဲ့ အခန်းကဏ္ဍ မြှင့်တင်နိုင်အောင်၊ လွှတ်တော်တွေမှာ ဒီဥပဒေပိုင်းဆိုင်ရာ ပြန်ပြီးတော့ advocacy လုပ်တဲ့အပိုင်းတွေ ဆက်တိုက်လုပ်တယ်။ ဆိုတော့ အဲ့ဒီနောက်ပိုင်းကတော့ ပြောရမယ်ဆိုရင် လူငယ်ရေးရာ ကိစ္စ၊ local government ကိစ္စတွေ လုပ်တဲ့အခါမှာ advocacy လုပ်ငန်းတွေပေါ့နော်။ နိုင်ငံတကာရော၊ ပြည်တွင်းရော၊ မီဒီယာတွေနဲ့ ချိတ်ဆက်ပြီးတော့ နောက်အခြားသော မိတ်ဖက်တွေနဲ့ စကားပြောဆိုရတဲ့ အပိုင်းတွေပေါ့။ အဲဒါတွေကို အဓိက advocacy ပိုင်းဆိုင်ရာတွေကို ဦးဆောင်လှုပ်ရှားတယ်။ ဒီအာဏာသိမ်းတဲ့ နောက်ဆက်တွဲမှာတော့ လုပ်တဲ့လုပ်ငန်းတွေက ဘာကွာသွားလဲဆိုရင် သိပ်တော့မကွာဘူး။ ပြောနေခဲ့တဲ့ အကြောင်းအရာတွေ၊ လုပ်နေတဲ့အလုပ်တွေပဲ ပြောရမယ်ဆိုရင်၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ပေါ့။ ဒါတွေကို ကိုယ်တိုင်ရပ်ခံ၊ ကိုယ်တိုင်ကာကွယ်၊ ကိုယ်တိုင်အတူ ရပ်တည်တယ်ဆိုတဲ့ အနေအထားကနေ၊ အခုဆိုရင်တော့ ပိုပြီးကျယ်ပြန့်တဲ့ ကျွန်မတို့ ဒါတော်လှန် ပြည်သူတွေနှင့်အတူ ဆောင်ရွက်ခွင့်ရတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ အသစ်တွေတော့ ဘာမှထူးကဲပြီး လုပ်တယ်ဆိုတာမျိုးတော့မရှိဘူး။ သို့သော် အတူတူလုပ်ခွင့်ရတဲ့ လူတွေကတော့ ပြောင်းလဲသွားပြီ။ ဥပမာ ပြောရရင် အရင်က တော်လှန်ရေး လုပ်တယ်ဆိုရင် ကျွန်မတို့က ဒီတိုင်းရင်းသား လူနည်းစုဘက်က လူတွေဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ဖိနှိပ်ခံတွေဘက်က တက်တာမျိုး တွေပဲ များတယ်ပေါ့နော်။ ပြီးရင် အလုပ်သမား၊ လယ်သမား သမဂ္ဂတွေ၊ နောက် ကျောင်းသားတွေ၊ ဒီအင်အားစုများတယ်။ ဒီနွေဦးတော်လှန်ရေးရဲ့ နောက်ဆက်တွဲမှာတော့ ကျွန်မတို့ ဟိုဗမာအများစု ပြောရမယ်ဆိုရင် စစ်ဘေးပဋိပက္ခ ဒဏ်ကိုမကြုံဖူးတဲ့ ဗမာတွေ ပိုများလာတယ်။ ပြီးရင် စစ်သားတွေ၊ ရဲတွေ ကိုယ်တိုင်ကတော်လှန်ရေး လုပ်လာကြတယ်။ ပြီးရင် ဒီစီးပွားရေး လုပ်ငန်းလူတွေ၊ နောက် အခြားဆက်တိုက်အသီးသီးမှ အားကစား၊ အနုပညာ၊ ပညာရေးစတဲ့ ဒီလူတွေ အများကြီးနဲ့ လက်တွဲလုပ်ခွင့်ရတဲ့ အခါကျတော့၊ အာပိုပြီး လုပ်ငန်းတွေကတော့ များပြား ကျယ်ပြန့်လာတော့ တွေ့ရတယ်။ ဆိုတော့၊ အဓိက ပြန်ခြုံပြောမယ်ဆိုရင်တော့ ကျွန်မတို့ လုပ်နေတဲ့ အလုပ်တွေကတော့ ဒီအကြမ်းမဖက် လူထုတော်လှန်ရေး လုပ်ငန်းတွေကို ပြည်တွင်းမှာ ဆက်လက် ရှင်သန်နိုင်အောင် ကျွန်မတို့ နည်းပညာပိုင်း၊ ငွေကြေးပိုင်း ပံ့ပိုးတဲ့ လုပ်ငန်းတွေပါသလို၊ ဒီအမျိုးသမီးတွေနဲ့ လူနည်းစုတွေကို ကာကွယ်စောင့်ရှောက်ပြီးရင်၊ နောက်တစ်ခုကတော့ အတူတကွ သွေးစည်းညီညွတ်မှုပြတဲ့ လုပ်ငန်းတွေပေါ့နော်။ ဒီလုပ်ငန်းတွေကို အထူးသဖြင့် လုပ်တယ်လို့တော့ ပြောလို့ရပါတယ်ရှင့်။

အယ်ဒီတာချုပ် – ဟုတ်ကဲ့၊ ဒီဆွေးနွေးသွားသလို ကျွန်တော်တို့ ပြောကြည့်မယ်ဆိုရင်၊ ၂၀၂၁ မတိုင်ခင်မှာ လူငယ်တွေ တော်တော်များသည် နိုင်ငံရေး တက်ကြွလှုပ်ရှားမှုမှာ ပါဝင်မှု အင်မတန်နည်းတယ်လို့ ပြောလို့ရတယ်။ တကယ်ပါဝင်တောင်မှ ဒီလူငယ်က ထိုင်ခုံလိုချင်လွန်းသလားစသဖြင့် ပုံစံအမျိုးမျိုးနဲ့ ဝေဖန်ခံရပြီးတော့မှ၊ မြှောက်ပင့်ပေးပြီးတော့မှ ကူညီရမယ့်အစား၊ လူငယ်တွေ လှုပ်ရှားတဲ့သူတွေကို တားကစ်ထားပြီးတော့ ဝေဖန်မှုတွေကတောင် ပိုကြီးနေတဲ့ အနေအထားမှာ Shunlei က ပါလာခဲ့တဲ့ဟာဖြစ်တယ်။ ဆိုတော့၊ အခု ဒီနွေဦးတော်လှန်ရေးထဲ ဝင်လာတဲ့ အချိန်မှာကျတော့၊ လူငယ်တိုင်းက အဖွဲ့သီးသီးမှာ ခေါင်းဆောင်မှုတွေ ဖြစ်လာတယ်၊ ဦးဆောင်တဲ့ ပြုလာပြီးတော့မှ တော်လှန်မှုအရေးမှာ ပါဝင်လာကြတာဆိုတော့၊ အခု ဒီအရင်ကတည်းက နိုင်ငံရေး တက်ကြွလှုပ်ရှားမှုဟာမျိုး၊ လူမှုရေးအလုပ်တွေဟာမျိုးမှာ တက်ကြွလာတဲ့ သူတစ်ယောက်အနေနဲ့၊ အခု တော်လှန်ရေးမှာ စတင်လာတဲ့ လူငယ်တွေနဲ့ ဒီအခု တော်လှန်ရေးရဲ့ ရလဒ်အပေါ် မျှော်မှန်းချက် တူတယ်လို့ ယူဆသလား။ အခုကလက်ရှိ တော်လှန်ရေးမှာ ပါနေရင်းနဲ့ တော်လှန်ရေး ရလဒ်ဖြစ်စေချင်တဲ့ဟာက ဘယ်လိုပုံစံမျိုး ဖြစ်သလဲဆိုတဲ့ဟာလည်း ဆွေးနွေးသုံးသပ်ပေးလို့ ရမလား။

Thinzar Shunlei Yi – အမှန်တရား ပြောရရင်တော့ ကျွန်မတို့ အရင်ကတည်းက လူအင်အားနည်းနည်းလေးနဲ့ပဲ လုပ်ကြတယ် ဆိုရင်တောင်မှ ဒီလူဆယ်ယောက်ပဲရှိတယ်ထားဦး၊ ဒီဆယ်ယောက်မှာ အတွေးအခေါ်အားဖြင့် ကွဲပြားတာလေးတွေ ရှိနေဆဲဖြစ်တယ် ပေါ့နော်။ ဥပမာ ထားပါတော့၊ လူနည်းစု အရေးကို လက်ခံကြမယ်ဆိုရင်တောင်မှ ဒီလူနည်းစုတွေရဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့အပိုင်းမှာ နိုင်ငံရေး အတွေးအခေါ်အရ ကွဲပြားတာတွေ ရှိတယ် စုံလင်တာတွေ ရှိတယ်။ ပြောရမယ်ဆိုရင်တော့ တစ်ထပ်တည်းကျဖို့ဆိုတာ အဲဒီ အတွေ့အကြုံအရ နားလည်လိုက်တယ်ပေါ့နော်။ လူငယ်တွေကို ငါတို့ ပလက်ဖောင်း တစ်ခုထဲမှာ စုမယ်၊ ဆုံမယ်လို့ ကျွန်မတို့ တွေးခဲ့ကြပြီးတော့ အကုန်လုံးလိုက်ချိတ်ဆက်တဲ့၊ ညှိနှိုင်းတယ်၊ ဖလှယ်တယ်၊ တစ်နိုင်ငံလုံးအဆင့်မှာ လုပ်တယ်ဆိုသော်ငြား ကျွန်မတို့ လူငယ်တွေထဲမှာလည်း ဦးတည်ပြီး လုပ်ဆောင်ချင်တဲ့ လုပ်ငန်းတွေ မတူကြဘူး။ အဲ့တော့ civil society အရပ်ဘက် အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ လူငယ်အတိုင်းပဲဖြစ်ဖြစ်၊ ကျွန်မတို့ လူထုက အရင်ကတည်းက ကွဲပြားစုံလင်တယ်။ ပြောရမယ်ဆိုရင်တော့ တွေးခေါ်အယူဝါဒ၊ လုပ်ပုံလုပ်နည်းတွေ မတူကြဘူး။ အဲ့ဒီမှာ သူတို့က အမြဲတမ်း တစ်ဖက်တည်း တစ်ခုတည်းပဲ ဖြစ်ရမယ်ဆိုတဲ့ စဉ်းစားချက်ကနေ၊ မတူညီတဲ့ လုပ်ရပ်တွေ လုပ်ကြတာ၊ မတူညီတဲ့ အတွေးအခေါ်တွေနဲ့ ပါဝင်ကြတာလေ။ ဒါဒီမိုကရေစီ အနှစ်သာရပဲ ဖြစ်တယ်ဆိုတာကို ကျွန်မတို့ လက်ခံလိုက်တယ်ပေါ့နော်။ အဲဒီနောက်ဆက်တွဲမှာ ဆိုရင်တော့၊ အခု ဒီနွေဦးတော်လှန်ရေးမှာဆိုရင် ပါဝင်ကြတဲ့ လူတွေက အရမ်းများပါတယ်။ ပြောရမယ်ဆိုရင် အရင်ကာလ လူနည်းနည်းထဲမှာတောင်မှ ကျွန်မတို့ ကွဲပြားမှုတွေ ရှိတယ်ဆိုတော့၊ လူတွေများလာစုံလာတယ်၊ ပြီးတော့ အတွေ့အကြုံတွေ မတူကြဘူး၊ ဖြတ်သန်းခဲ့တဲ့ တွေ မတူကြတဲ့အခါကျတော့၊ တစ်စိတ်တစ်ဝမ်းတည်းဖြစ်ဖို့ဆိုတာ တော်တော်ခက်တယ်။ တစ်စိတ်တစ်ဝမ်းတည်း ဆိုတဲ့ အခါမှာလည်း ကျွန်မမြင်တာ ဘယ်လောက်ထိ တစ်စိတ်တစ်ဝမ်း လဲပေါ့နော်။ ကျွန်မတို့ နိုင်ငံတကာနဲ့ ပြောကြတာရှိတယ်၊ နင်တို့ အဲတော်လှန်ရေးမှာ ဟိုသိပ်မစည်းလုံးကြဘူး၊ unity မတွေ့ရဘူး၊ တယောက်တမျိုး၊ တရွာတပုဒ်ဆန်း ပေါ့နော်၊ တစ်ရွာတစ်ဂါထာစီ လုပ်နေကြတယ်ဆိုတာမျိုး ပြောကြတာရှိတယ်။ အဲ့အချိန်မှာ ကျွန်မက ပြန်မေးခွန်းထုတ်ချင်တာ ဘာလဲဆိုတော့၊ ဒီလူငယ်ပဲဖြစ်ဖြစ်၊ အရပ်ဘက် အဖွဲ့အစည်း ပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ်၊ လက်နက်ကိုင်ထားတဲ့ ဒီကာကွယ်ရေးတပ်ဖွဲ့ တွေပဲဖြစ်ဖြစ်၊ ကျွန်မတို့ စုစည်းမှုလို့ပြောရင် ဘာကိုစုစည်းတာ ပြောချင်တာလဲ။ မြန်မာနိုင်ငံမှာ ယနေ့အချိန်အထိ၊ ယနေ့အချိန်လောက် စစ်အုပ်စုကို တစ်ပြေးညီ ဆန့်ကျင်တာလောက် အားကောင်းတဲ့ လှုပ်ရှားမှု မကြုံဖူးဘူး။ ကျွန်မတို့ ဘယ်လိုပုံစံနဲ့ ဆန့်ကျင်သင့်တာလည်း ကွဲပြားရင် ကွဲပြားမယ်။ တချို့က လက်နက်ကိုင်၊ တချို့က သပိတ်လုပ်တယ်၊ တချို့က နိုင်ငံတကာ ဟောတယ်၊ ပြောတယ်။ လုပ်နည်းလုပ်ဟန်တွေ ကွာကြလိမ့်မယ်၊ ကိုယ်အားသာရာ ပေါ်မူတည်ပြီး ကွာတယ် ပေါ့နော်။ သို့သော် စစ်တပ်က အုပ်ချုပ်တာ မကြိုက်ဘူး၊ စစ်အာဏာသိမ်းတာကို လက်မခံဘူး၊ ဒါတွေက အခြေခံတူပြီးသား။ ဒီထက်ပိုပြီး ကျယ်လောင်ပြီးတော့ ထပ်တူကျတဲ့ စည်းလုံးမှု ကျွန်မ မမြင်ဖူးဘူး။ ဒါဒီရှေ့ဆက်ပြီးတော့ ဒီလှုပ်ရှားမှုကို ထပ်မံပံ့ပိုးပါဝင်ဖို့အတွက် အကောင်းဆုံး အကြောင်းပြချက် ဖြစ်တယ်လို့ မြင်တယ်။ အဲ့တော့ ဒီကွဲပြားစုံလင်တဲ့ ဒီတော်လှန်ရေးထဲမှာဆိုရင်၊ စစ်အာဏာရှင်စနစ်ကို လက်မခံဘူးဆိုတဲ့ တစ်ချက်နဲ့ ကျွန်မတို့က စုစည်းမှုက ကြီးမားတယ်လို့ ပြောလို့ရတယ်။ သို့သော် ဘယ်လိုနည်းနဲ့ စစ်အုပ်စုကို တိုက်မှာလည်းမှ ကွဲပြားမယ်။ စစ်အုပ်စု ပြီးတဲ့အချိန်မှာ နောက်ဆက်တွဲ ဘာဖြစ်ချင်တာလဲဆိုတော့ ကွဲပြားတာတွေ ရှိနေမယ်။ အဲ့တော့ အခုလက်ရှိဆိုရင် လက်သုံးချောင်းပေါ့၊ လက်သုံးချောင်းကတော့ တော်လှန်ရေးရဲ့ အဓိက တောင်းဆိုချက်လို့ပဲ မှတ်ထားတယ်။ ပြီးရင် အဓိက ဒီတော်လှန်ရေးစဖြစ်တဲ့အချိန်မှာ၊ အထူးသဖြင့် ပထမခြောက်လပေါ့နော်၊ နွေဦးတော်လှန်ရေး ၆ လမှာ တင်ခဲ့တဲ့ လူထုကြွေးကြော်သံတွေ၊ တောင်းဆိုချက်တွေ၊ ဒါတွေပေါ်မှာ ပြန်သုံးသပ်ကြည့်လိုက်ရင် တူညီတာသုံးခုရှိတယ်။ အာဏာရှင်စနစ်မှန်သမျှ အပြီးအပြီးတိုင် ချုပ်ငြိမ်းဆိုတဲ့ဟာ တစ်ခုပါတယ်။ နောက်တစ်ခုက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၀၈ စစ်အုပ်စုရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရ မယ်ဆိုတာ ပါတယ်။ နောက်တစ်ခုကတော့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး ဆိုတာ ပါပါတယ်။ ဒီသုံးချက်ကတော့ ကျွန်မမြင်တယ်၊ ဒီတော်လှန်ရေးထဲမှာ ပုံတူညီတဲ့ စဉ်းစားချက်၊ ဦးတည်ချက်တွေ ဖြစ်တယ်။ ဖက်ဒရယ်ဒီမိုကရေစီ ချာတာထဲမှာလည်း ဒီသုံးချက် အပါအဝင် ထည့်သွင်းပြီးတော့ ဦးတည်ချက်တွေအနေနဲ့ ရေးထားတာ မြင်ရတယ်။ ပြီးရင် ကျန်တဲ့အင်အားစုတွေ၊ ဒီ NUCC မှာ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ မေးကြည့်လိုက်ရင် ဒီသုံးချက်ကတော့ မလွဲဘူးပေါ့နော်။ ဆိုတော့ ဒီ ၃ ချက်ကတော့ ကျွန်မမြင်တယ်၊ သည်နွေဦး တော်လှန်ရေးမှာ ပါဝင်လာကြတဲ့ အုပ်စုအသီးသီးရဲ့ အခြေခံဘုံစဉ်းစားချက်၊ မျှော်မှန်းချက် ဖြစ်တယ်ပေါ့နော်။ အခြားခံယူချက်တွေကတော့ ကိုယ့်ရဲ့ နိုင်ငံရေးစဉ်းစားပြီးမှ liberal လိုတွေးမှာလား၊ အဲတခြားလက်ျာဘက်ကို တွေးမှာလား၊ လက်ဝဲဘက်ကို တွေးမှာလား၊ အဲဒါလေးကတော့ ကွဲပြားမှုရှိနိုင်တယ်။ သို့သော် စစ်အုပ်စုကို တစ်ပြေးညီ ဆန့်ကျင်တယ် ဆိုတာကတော့ တူညီတဲ့ စိတ်ဓာတ်၊ ခံယူချက်လို့ မြင်ပါတယ်။

အယ်ဒီတာချုပ် – ဟုတ်ကဲ့၊ ဒီစောန Shunlei ဆွေးနွေးသွားတဲ့အချိန်မှာလည်း တစ်ခါတစ်လေ ဒီကျွန်တော်တို့ တော်လှန်ရေး အင်အားစုကြားမှာ ဒီအတွေးအခေါ်ပိုင်းဆိုင်ရာပေါ့၊ နောက်ပြီးမှ ရပ်တည်ချက် တချို့ကွဲလွဲမှုတွေ ပေါ်မှာ အခြေခံပြီးတော့မှ နိုင်ငံတကာက ဝေဖန်ထောက်ပြမှုတွေ လုပ်လာတဲ့ အချိန်မှာ၊ ဒါကဒါမဖြစ်သင့်တဲ့ဟာ ဆိုတဲ့ဟာပါဝင်တယ်။ ဆိုတော့၊ အဲ့ဒီဟာနဲ့ ဆက်စပ်ပြီးတော့မှ ကျွန်တော် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးစေလိုတာက၊ အခုလောလောဆယ် ကျွန်တော်တို့ အိမ်နီးချင်း နိုင်ငံတာဝန်နိုင်ငံတကာ ကြည့်မယ်ဆိုရင်၊ ကျွန်တော်တို့ မြန်မာနိုင်ငံ တော်လှန်ရေး အပေါ်မှာ ဒါသူတို့အနေနဲ့ ရပ်တည်ချက်က ကျေနပ်အားရစရာ မကောင်းဘူးလို့ ထင်ရ၊ အကြမ်းဖျင်း ဆိုလို့ရတယ်ပေါ့နော်။ ဆိုတော့ ဒီအထူးသဖြင့် မြန်မာနိုင်ငံ နိုင်ငံတွင်း ဒီမိုကရေစီလှုပ်ရှားမှုအပေါ် ဒီအိမ်နီးချင်း နိုင်ငံအပါအဝင် နိုင်ငံတကာရဲ့ တုံ့ပြန်မှုကိုရော ဘယ်လိုမြင်သလဲ၊ Shunlei အနေနဲ့ ဒီအားရကျေနပ်မှုရှိသလား၊ ဒါလည်း ဆွေးနွေးပေးပါဦး။

Thinzar Shunlei Yi – ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေး ကာလမှာတော့ ကျွန်မတို့ ဒီအိမ်နီးချင်းနိုင်ငံတွေရဲ့ သရုပ်မှန်ကို ကျွန်မမြင်လာ ရတယ်လို့ ပြောလို့ရတယ်ပေါ့။ ကျွန်မတို့ သိသာသိခဲ့တယ်၊ မမြင်ခဲ့ဖူး၊ မကြားခဲ့ဖူး၊ အဲ့လောက်ထိ မလေ့လာနိုင် ခဲ့ဘူးပေါ့နော်။ သို့သော် နွေဦးတော်လှန်ရေး ကာလမှာတော့၊ အိန္ဒိယ ဘာလဲပဲလေ၊ ထိုင်းက ဘာလဲဘယ်လဲ၊ အာဆီယံ ဘာလဲဘယ်လဲဆိုတာကို ကျွန်မတို့ဘက်ပေါင်းစုံ ကနေ ထိတွေ့ခွင့် ရခဲ့တယ်လို့ ပြောလို့ရတယ် ပေါ့နော်။ ဘာသာစကား အခက်အခဲတွေ ကြားထဲကနေ ကျွန်မတို့ ဒီလိုမျိုး advocacy လုပ်ငန်းတွေ လုပ်တဲ့အချိန်မှာ အဓိကကြုံရတဲ့ ပြဿနာက ဘာလဲဆိုတော့၊ ကျွန်မတို့ အချင်းချင်း အကြောင်းသိပ်မသိကြဘူးဆိုတဲ့ ကိစ္စ။ မြန်မာနိုင်ငံက ပြည်သူတွေကလည်း ဒီနိုင်ငံတွေ အကြောင်းမသိကြဘူး။ ဒီတိုင်းအဲ့ဒီနိုင်ငံတွေက ပြည်သူတွေကလည်း မြန်မာနိုင်ငံအရေးကို၊ ဒီအာဆီယံအဖွဲ့ဝင်နိုင်ငံ ဆိုတာလောက်ကလွဲလို့၊ နယ်စပ်မှာရှိနေတဲ့ ဒီအခြေအနေကလွဲလို့ မသိဘူးဆိုတာကို သွားမြင်ရတယ်။ ကျွန်မတို့ ဘက်ကလည်း မသိဘူး၊ သူတို့ကလည်း မသိဘူး။ အဲ့တော့ ကျွန်မက နေ့ရက်နဲ့ ဘာကြောင့် ဝေးနေကြတာလဲဆိုတဲ့ဟာလည်း မေးခွန်းကြီး ဖြစ်သွားတယ်။ အဲဒီနောက်ဆက်တွဲမှာတော့၊ မသိခြင်းက နေလာတဲ့ ကျွန်မမြင်တာ၊ မသိခြင်း၊ မဆက်စပ်မိခြင်း၊ မချိတ်ဆက်နိုင်ခဲ့ခြင်းကနေ လာတဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တွေက ပြည်သူကို အခြေမခံတော့၊ သူတို့ရဲ့ တန်ခိုးစွမ်းအတွက်ပဲ စဉ်းစားတော့တယ်၊ သူတို့ရဲ့ နယ်စပ်တစ်လျှောက်အတွက်ပဲ စဉ်းစားတော့တယ်။ သူတို့ သိသလောက်၊ မြင်သလောက် တစ်ကွက်စာလောက်ပဲ မြင်တယ်ပေါ့နော်။ ကျွန်မတို့ နောက်တစ်ခုကတော့၊ သူတို့ရဲ့ သဘောသဘာဝအရကိုက ဒီမိုကရေစီ မစစ်မှန်တာကိုလည်း ကျွန်မတို့ သွားမြင်ရတယ်။ အဲဒါကို ကျွန်မတို့ တော်တော်လေးကို ကျောချမ်းစရာ ခံစားချက်ကို ပေးတယ်။ ဘာဖြစ်လို့ ကျောချမ်းတာလဲဆိုတော့၊ ကျွန်မတို့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးအတွက် ဘယ်လောက်ပဲ တိုက်ပွဲဝင်မယ်၊ ကျွန်မတို့ မြန်မာနိုင်ငံ၏ လွတ်လပ်သွားပါပြီ၊ မြန်မာနိုင်ငံကြီးက လိုချင်တဲ့ အတိုင်းအတာအရတော့၊ ကျွန်မတို့ အိမ်နီးချင်းနိုင်ငံတွေက ပြဿနာတွေ တက်နေတာ။ ဒီကျွန်မတို့ရဲ့ လုံခြုံရေးလည်း ထိခိုက်လာတယ်ပဲ ပြောရမယ်။ ကမ္ဘာကြီးက ရွာဖြစ်လာပြီး၊ တစ်ခုနဲ့တစ်ခုက အမြဲတမ်း ကူးလူးဆက်ဆံနေရမှာကို၊ ကိုယ့်အိမ်ဘေးမှာ မီးလောင်နေရင်၊ ကိုယ့်အိမ်ကလည်း ငြိမ်းချမ်းမှာမဟုတ်ဘူး၊ ဒီသဘောပဲပေါ့နော်။ အဲ့ကတဆင့်ပါ သွားမြင်ရလဲဆိုတော့၊ ဒီမိုကရေစီပဲဖြစ်ဖြစ်၊ လူ့အခွင့်အရေးပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်၊ အားလုံးဟာ တစ်ပြေးညီ ဆက်စပ်နေတဲ့၊ တစ်ပြေးညီ အရေးကြီးတယ်ဆိုတဲ့ စဉ်းစားချက်ကနေ၊ ကျွန်မတို့ဒီ region ဒေသတွင်းဆိုင်ရာ သွေးစည်းညီညွတ်မှု၊ ဒေသတွင်းဆိုင်ရာ အသိပညာမြှင့်တင်ရေး လုပ်ငန်းများများလုပ်မှ ရမယ်ဆိုတဲ့ အတွေးတော့ ဖြစ်တယ်ပေါ့နော်။ ပြောရမယ်ဆိုတော့၊ အဲ့ဒီနိုင်ငံတွေရဲ့ diplomacy လုပ်ကြတဲ့ သံတမန်ရေးရာကိစ္စတွေ၊ နိုင်ငံရေး စဉ်းစားချက်တွေ၊ စစ်ရေးစဉ်းစားချက်တွေ အားလုံးသည် ကျွန်မတို့ ပြည်သူတွေရဲ့ စဉ်းစားချက်နဲ့ ကွဲလွဲနေတယ်။ အဲ့မှာ အာဆီယံသဘောတူညီချက် ၅ ချက်ဆိုပြီး၊ ပြည်သူတွေရဲ့ လက်ရှိအနေအထားကို မထင်ဟပ်ဘူး၊ ကိုယ်စားမပြုဘူးပေါ့နော်။ ဒါမျိုးတွေဆိုတော့ သွားတွေ့ရတယ် ပေါ့နော်။ အဲ့ဒီကွာဟချက်တွေကတော့ ကျွန်မထင်တယ်၊ တဖြည်းဖြည်းနဲ့တော့ ပြန်စိသွားအောင် နလုပ်ဖို့တော့လိုတယ်။ အဲ့လိုလုပ်မှသာ ရေရှည်တည်တံ့မယ်လို့ ထင်ပါတယ်။

အယ်ဒီတာချုပ်-  စောနက ဒီအာဆီယံနိုင်ငံတွေ အပါအဝင်၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေလည်း သုံးသပ်ပေးတဲ့ နေရာမှာ၊ အခုလောလောဆယ် ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေမှာဆိုရင်၊ အိန္ဒိယနဲ့ တရုတ်ကဆို တကယ့်ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ ဖြစ်တယ်။ နောက် ထိုင်းတို့ဆိုရင်လည်း တကယ်ကမ္ဘာမှာ လူသိများတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်။ ဆိုတော့၊ ဒီနိုင်ငံရဲ့ ပူးပေါင်းပါဝင်မှုက အခုလောလောဆယ် အခြေအနေမှာ ထင်သာမြင်သာရှိတယ်။ ဒါပေမဲ့ ပြီးတော့ ဒီသုံးနိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုက စကစကို ဦးစားပေးအသားပေးတဲ့ ပုံစံမျိုးနဲ့ သူလုပ်နေတယ်ဆိုတဲ့ဟာ ကျွန်တော်တို့ ဝေဖန်မှုတွေ ကျွန်တော်မြင်နေရတယ်။ ပြီးတော့ ဘင်္ဂလားဒေ့ရှ်ဆိုရင်လည်း ကူလည်းမကူညီဘူး၊ ဝေလည်းမဝေဖန်ဘူး၊ တိတ်ဆိတ်နေတဲ့ ပုံစံမျိုးကို ကျွန်တော်တို့ မြင်နေရတယ်။ ဒီရိုဟင်ဂျာအရေးကလွဲပြီးတော့မှ၊ လာအိုဖက်ကဆိုရင်လည်း ဘင်္ဂလားဒေ့ရှ်နဲ့ တူတူပဲ ဖြစ်နေတယ်။ အခုလက်ရှိ ကျွန်တော်တို့ တော်လှန်ရေး အခြေအနေအရ၊ ဘယ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှု ဟာမျိုးကို အားရဆုံးလဲဆိုတဲ့ဟာ ခြုံပြီးတော့မှ သုံးသပ်ပေးကြည့်ပါလား။ ဥပမာ ထပ်ဖြည့်မယ်ဆိုရင်တော့၊ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတဲ့အချိန်မှာ၊ ဥပမာ လာအိုတို့ဆိုရင် ကျွန်တော်တို့ကိုလည်း မကူညီပေမဲ့၊ စကစကိုလည်း မကူညီတဲ့အတွက် ပိုနားလည်ပေးရမလိုလို ဖြစ်ရတဲ့ အခင်းကျင်းဟာမျိုးကို သုံးသပ်လုပ်ရမလားပေါ့နော်။ ဒါပေမဲ့ ကူညီနေသလိုလိုနဲ့ စကစကို အမြဲတမ်း နိုင်ငံရေးတရားဝင်မှုပေးသလို ဖြစ်တဲ့ဟာ ကျတော့၊ ဒီလိုဟာမျိုး အပေးအယူတွေ ရှိလာတာနဲ့၊ ချက်ချင်း လေယာဉ်ပျံဗုံးကြဲမှုဟာမျိုးတွေ မြင့်မားလာတယ်။ ဆိုတဲ့ ဟာမျိုးလည်း ဝေဖန်မှုရှိတဲ့ အခါကျတော့၊ အခုလက်ရှိ မြန်မာနိုင်ငံ တော်လှန်ရေးအတွက် အကျိုးအရှိဆုံးက ဘယ်လိုပုံစံဟာမျိုးလဲ၊ နိုင်ငံတကာ နည်းနည်း ကျွန်တော်တို့ ဘယ်လိုကူညီသင့်လဲ၊ အဲ့ဒီအပေါ်မှာ အခြေခံပြီးတော့ သုံးသပ်ပေးပါဦး။

Thinzar Shunlei Yi – နိုင်ငံတွေရဲ့ တစ်ခုနဲ့တစ်ခု ပေးထားချက်တွေ မတူကြဘူး။ ပြီးတော့ သူတို့ရဲ့ လက်ရှိ အနေအထားတွေ မတူသွားမြင်ရတယ်ပေါ့နော်။ ဥပမာ အီးယူတို့ ဘာတို့ဆိုရင်၊ သူတို့မှာ အားလုံးတစ်ပြေးညီ သတ်မှတ်ထားတဲ့ currency တို့ သိတယ်မလား၊ ပြီး သဘောတူညီချက်တို့၊ ပါလီမန်တို့ ဒါမျိုးတွေ ရှိတယ်။ ကျွန်တော်တို့ ဒီအာရှက တော်တော်လေးကို ကွဲပြားစုံလင်တယ် ပေါ့နော်။ နိုင်ငံရေးစနစ်တွေ ကြည့်မယ်ဆိုရင်လည်း တစ်ပြေးညီ မဟုတ်ဘူး။ ပြောရမယ်ဆိုရင် ကျွန်တော်တို့ ရင်ဆိုင်ရတာတော့၊ အာရှနိုင်ငံတော်တော်များများမှာ အဲဒီလိုမျိုး ကိုယ့်အိမ်နီးချင်း နိုင်ငံကြုံရပြီဆိုရင် ဘယ်လိုဝင်ပြီးတော့ စွက်ဖက်သင့်လဲ၊ ဘယ်လို ချဉ်းကပ်ပြီးတော့ တုံ့ပြန်သင့် တယ်ဆိုတာ မလုပ်ရဲ။ နံပါတ်တစ်က သူတို့မှာလည်း ပြဿနာပေါင်းများစွာ ကြုံနေရတယ်။ အဲ့ဒီပြဿနာတွေ သူတို့ကိုယ်တိုင် ဖြေရှင်းမဖြေရှင်းနိုင်သေးတဲ့ အချိန်မှာ သူများနိုင်ငံဝင် ဆရာလုပ်ဖို့၊ သူများထဲမှာ ဝင်စွက်ဖက်ဖို့ဆိုတဲ့ဟာကို သူတို့အတော်လေးကို တွန့်ဆုတ်ကြတာကို သွားမြင်ရတယ်ပေါ့။ ဒါကတော့ ဒီဒာတိုင်း သုံးသပ်ကြည့် တာပေါ့နော်။ ဘာကြောင့်ဆိုတဲ့ မေးခွန်းကို ကျွန်တော် အမြဲတမ်း မေးဖြစ်တာကိုး၊ ဘာ့ကြောင့်မလုပ်တာလဲပေါ့။ သို့သော် ကျွန်မတို့လက်ရှိ အနေအထားကို ကြည့်မယ်ဆိုရင် တာဝန်ရှိမှုနဲ့ လုပ်နိုင်စွမ်းအား၊ အဲ့ပြီးရင် လွှမ်းမိုးနိုင်စွမ်းအားနဲ့ ကြည့်မယ်ဆိုရင် ဘယ်နိုင်ငံက ဘယ်လို နိုင်ငံရေးစနစ်နဲ့ လက်ရှိစစ်အုပ်စုအပေါ်မှာ ဖိအားပေးနိုင်လဲ၊ လွှမ်းမိုးနိုင်လဲ အဲ့ဒါပဲ ကြည့်ပြီးတော့ ဘယ်သူမှ တာဝန်ရှိဆုံးလဲဆိုတော့ ကျွန်တော်တို့ သတ်မှတ်ချင်တယ်ပေါ့နော်။ အဲ့လို သတ်မှတ်မယ်ဆိုတော့ တရုတ်နိုင်ငံက တာဝန်ရှိတယ်၊ အိန္ဒိယနိုင်ငံမှာ တာဝန်ရှိတယ်။ ဒီနိုင်ငံနှစ်ခုသည် အာရှမှာ အကြီးဆုံး နိုင်ငံတွေဖြစ်တယ်။ India ဆိုရင် ဒီမိုကရေစီနိုင်ငံဖြစ်တယ်။ တရုတ်သည် ဒီမိုကရေစီ မဟုတ်ဘူး။ သို့သော် စူပါပါဝါနိုင်ငံ ဖြစ်လာပြီးတော့ တရုတ်ပြည်ရဲ့ သူ့လက်၊ သူ့ခြေက ကျွန်တော်တို့နိုင်ငံတွေ အပါအဝင် အာရှနိုင်ငံတော် တော်များများကို သူတို့ခြေဆန့်ထားတယ်။ သူ့ကို ဆက်ဆံနေရတယ်၊ သူ့ကို ကျွန်တော် ကြိုဆိုထားရတယ်၊ သူ့ကို နေရာပေးထားရတယ်။ ဆိုတဲ့အခါမှာ သူ့ရဲ့ ဓနကြွယ်ဝမှု၊ ဓနအင်အားကြွယ်ဝမှု၊ အိန္ဒိယရဲ့ ဒီမိုကရေစီနိုင်ငံဖြစ်မှု ဒါတွေက ကျွန်တော်မြင်တာ တာဝန်အရှိဆုံး နိုင်ငံတွေ ဖြစ်လာတယ်လို့ မြင်တယ်။ တာဝန်အရှိဆုံးနိုင်ငံတွေ ကိုယ်တိုင်က သူတို့ရဲ့ အာဏာပါဝါကို သူတို့ ထိရောက်ကောင်းမွန်တဲ့ အပြောင်းအလဲဖြစ်အောင် အသုံးချတာထက် ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တယ်၊ ကိုယ့်ကိုယ်ကိုယ်ပဲ ကာကွယ်ဖို့ဆိုတဲ့ အခြေခံစဉ်းစားချက်ကနေပဲ တစ်ပါးသူကို မစဉ်းစားပေးတာ။ နိုင်ငံချင်းချင်း သွေးစည်းညီညွတ်မှု မရှိဘူး။ အဲဒါ တစ်ခု။ နောက်တစ်ခုက အိန္ဒိယနဲ့ တရုတ်ကလည်း ပြန်ပြီးတော့ ပြိုင်ဘက်ဖြစ်တယ်။ ပြိုင်ဘက်ဖြစ်တဲ့အခါမှာ ဒီလို အာရှတွင်း ပြဿနာတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကျွန်မအနေနဲ့ အာရှခေါင်းဆောင်တွေ မှာလည်း တိကျရှင်းလင်းနဲ့ ပြဿနာဖြေရှင်းနည်းမရှိဘူးပေါ့နော်။ သူတို့ကိုယ်တိုင်က ပြဿနာ အစိတ်အပိုင်း မဖြစ်ရင်ကိုဘဲ ကျွန်တော် ကျေးဇူးတင်ရမယ့် အနေအထားဖြစ်နေတယ်။ ဆိုတော့၊ ထိုင်းနိုင်ငံရဲ့ စဉ်းစားချက်ကို ကြည့်မယ်ဆိုရင် ထိုင်းနိုင်ငံသည် သူက bamboo policy လို့ပဲ ကျွန်တော်ပြောရမှာ ပေါ့နော်။ အဲဒီဘက်က လေယိမ်းလာရင် ဒီဘက်ကို တိုးလိုက်တယ်ပေါ့နော်। ဒါသူက အရင်ကတည်းက ဒီပုံစံနဲ့ပဲ စာမျက်နှာ အများကြီးနဲ့ အလုပ်လုပ်တယ်ပေါ့နော်။ ဆိုတော့ ဘန်ကောက်က ဟိုဒီပလိုမေ့တွေက စဉ်းစားချက်တွေ တွေးခေါ်ခြင်း တစ်မျိုးဖြစ်နေရင်တောင်မှ နယ်စပ်မှာ တကယ်လုပ်နေရတဲ့သူတွေဟာ စစ်တပ်၊ ရဲက သူတို့စဉ်းစားနည်းတမျိုးဖြစ်ရင် ဖြစ်တယ်ပေါ့နော်။ ဆိုတော့ ထိုင်းနိုင်ငံကတော့ flexible အရမ်းဖြစ်ပြီးတော့ သူက အာဏာသိမ်း စစ်တပ်နဲ့လည်း ထိတွေ့ဆက်ဆံသလို NUG, NUCC တို့လို အစုအဖွဲ့ကိုလည်း လက်ခံထားတယ် ပေါ့နော်။ သို့သော် တရားဝင်မှုပေးတဲ့ အနေအထားမျိုးတော့ မဟုတ်ဘူး။ တစ်ပြေးညီလည်း တစ်ပြေးညီပဲ။ ဒီ India ဆိုရင်လည်းပေါ့နော်၊ ဒါမီဇိုရမ်လို နေရာမျိုးက ပိုပြီးတော့ ဒီတက်ကြွလှုပ်ရှားသူတွေ နောက် ဒီ resistance မှာပါနေတဲ့သူတွေကို ပါဝင်ထိန်းသိမ်း ပေးထားနိုင်တယ် ဆိုသော်ငြား၊ အခြားစိတ်တွေမှာကျတော့ မတူညီတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဒါပေမဲ့ အားလုံး ခြုံပြောမယ်ဆိုရင်တော့ မြန်မာပြည်အရေးကို တုံ့ပြန်တဲ့အခါမှာ အားရကျေနပ်မှုကတော့ တစ်နိုင်ငံကိုမှကျတော့ အမှတ်မပေးချင်ဘူးပေါ့နော်။ ဘယ်နိုင်ငံမှာတော့ တိတိကျကျနဲ့ လုပ်သင့်လုပ်ထိုက်တာ လုပ်နေတယ်လို့ ကျွန်မမမြင်ဘူး။ ဒါကြောင့်လည်း လေးနှစ်တာ ထိ မြန်မာနိုင်ငံက ယနေ့ချိန်ထိ ကိုယ့်ဟာကို ပြည်သူတွေက နေ့စဉ်သတ်ဖြတ်ခံနေရစဉ် စစ်တပ်သည် ကြီးထွားပြီးတော့ မိုက်ရိုင်းနေဆဲဖြစ်တယ် ပေါ့နော်။ ဒါက ဒီအရင်ကာလမှာ စကတည်းက လုပ်သင့်လုပ်ထိုက်တာ မလုပ်ခဲ့တဲ့ပျက်ကွက်မှုတွေကြောင့် ယနေ့အချိန်အထိ ဒီပြဿနာကြီးကို သူတို့ ရင်ဆိုင်ရမှာ။ မြန်မာစစ်တပ်ကို ကောင်းကောင်း သူတို့မထိန်းနိုင်ဘူးဆိုရင် ဒီထက်ပိုပြီး ကြီးထွားလာမယ်။ ကြီးထွားလာမှုက အဲ့ဒီနိုင်ငံတွေအတွက်ကိုပါ အန္တရာယ်ဖြစ်လာတဲ့ အနေအထားအထိ ဖြစ်လာနိုင်တယ်ပေါ့နော်။ ဒါကို သူတို့ထည့်သွင်း စဉ်းစားရဲ့လားတော့ ကျွန်တော် မသိဘူး။ သို့သော် ပြောရမယ်ဆိုရင် တစ်နိုင်ငံနှင့်တနိုင်ငံ မတူဘူး။ နိုင်ငံနှစ်ခုမှာ အဓိက တာဝန်ရှိတယ်။ အကြီးဆုံးနိုင်ငံနှစ်ခုဖြစ်တယ်။ ဒီနိုင်ငံနှစ်ခုကတော့ ပျက်ကွက်လို့ ကျွန်တော် ပြောချင်တာ ပေါ့နော်။

အယ်ဒီတာချုပ် – ဟုတ်ကဲ့၊ ဒီအိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအရေးပေါ်မှာ ကိုင်တွယ်ပုံကို အားမရတဲ့အတွက် တစ်ခုခုကို အမှတ်ပိုပေးမယ်ဆိုရင်လည်း ဒီနမူနာပြစရာမရှိတဲ့ အနေအထား ဖြစ်နေပြီပေါ့။ အဲ့ဒီအတွက် တစ်ဖက်မှာ မေးခွန်းကြီးကြီး ပြန်ဖြစ်လာတာပေါ့နော်။ ဘာဖြစ်လဲဆို လက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံတော်လှန်ရေးဆင်နွှဲနေတယ်။ ဒီမိုကရေစီလှုပ်ရှားမှုတွေက တရုတ်ရဲ့ လက်ရှိနိုင်ငံရေးမူဝါဒနဲ့ဆိုရင်တော့ ဆန့်ကျင်ဘက်ဖြစ်တယ်လို့ အကြမ်းဖျင်း ဒီတိုင်းမြင်လို့ ရမှာပေါ့နော်။ ဒါပေမဲ့ တစ်ဖက်မှာ အိန္ဒိယနဲ့ဆိုရင် ဒါထပ်တူတွေ ကျနေတဲ့ အနေအထား ဖြစ်တဲ့အတွက် ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်က ဖက်ဒရယ်ဒီမိုကရေစီဖြစ်တယ်။ နောက်ပြီးမှ တော်လှန်ရေး အင်အားစုတွေရဲ့ ခေါင်းဆောင်တွေ၊ ဦးဆောင်တဲ့သူတွေ ပြောနေတဲ့ဟာကလည်း တရုတ်လွှမ်းမိုးမှု အရမ်းမကြီးထွားရေးဆိုတဲ့ ဟာတွေကလည်း ပါဝင်နေတယ်။ ဒီမိုကရေစီ နိုင်ငံအဖြစ် ကျွန်တော်တို့ အသွင်ကူးပြောင်းမယ်ဆိုရင်တော့ ဒါဟာ အိန္ဒိယအတွက်ဆိုရင်လည်း ပိုပြီးတော့မှ သူ့ရဲ့ regional မှာ လက်တွဲဖော်ဒီမိုကရေစီ နိုင်ငံရသွားမယ့် အနေအထားဖြစ်တယ်။ ဆိုတော့၊ ဒီလိုအခြေအနေဟာမျိုးမှာ လက်ရှိ အိန္ဒိယရဲ့ ချဉ်းကပ်ပုံကို ပိုပြီးတော့မှ ဦးစားပေး ဆွေးနွေးသုံးသပ် ပေးပါဦး။ ဒီသူတို့ရဲ့ လုပ်ဆောင်ချက်တွေက သူတို့ရဲ့ ကိုယ်ကျိုးကို ကြည့်ပြီးတော့မှ လုပ်နေကြတယ်လို့ ပြောတယ်။ လက်ရှိ သူလုပ်ပုံကိုင်ပုံတွေဟာ သူ့ရဲ့ ကိုယ်ကျိုးစီးပွားကို အမှန်တကယ် ကိုယ်စားပြုရဲ့လားဆိုတဲ့ဟာနဲ့ သုံးသပ်ပေးပါဦး။

Thinzar Shunlei Yi – အဓိကတော့ အိန္ဒိယက သူတို့ရဲ့ နိုင်ငံရေးသုံးသပ်မှု၊ စစ်ရေးနိုင်ငံရေးသုံးသပ်မှုမှာ အဲဒါလွတ်နေတာရှိတယ်။ အဲဒါဘာလဲဆိုတော့ အနာဂတ်ကို ထည့်သွင်းစဉ်းစားပြီးတော့ လက်ရှိ အနေအထားမှာတော့ ဟုတ်တယ်၊ စစ်တပ်သည် airforce က အစသူတို့ manage လုပ်ထားတဲ့ national army ဖြစ်တယ်ဆိုတာတော့ အမှန်တရားပဲ။ ဒါပေမယ့် ဒီ national army ရဲ့ လက်ရှိ ဖြစ်တည်မှုဟာ အနာဂတ်မှာ ဒီလိုရောဖြစ်နေဦးမလား၊ အနာဂတ်မှာ ဒီစစ်တပ်က အပြောင်းအလဲ ဖြစ်နိုင်ဦးမလားဆိုတာ ထည့်သွင်းစဉ်းစားမှုအပိုင်း အားနည်းတယ်လို့ ကျွန်တော်မြင်တယ်။ နောက်တစ်ခုကကျတော့ တော်လှန်ရေးက အမြဲတမ်း evolve ဖြစ်နေတာပေါ့နော်။ အမြဲတမ်း ပြောင်းလဲနေတယ်။ ကျွန်တော်တို့ ဟိုတော်လှန်ရေးရဲ့ အောင်မြင်မှုလို့ပြောရင် ဘယ်မြို့တွေကို သိမ်းနိုင်တယ်၊ တိုက်နိုင်တယ်ဆိုတာနဲ့ တိုင်းတာတာမျိုးမဟုတ်ဘူး ပေါ့နော်။ ဒါကတော့ တိုင်းတာတဲ့ indicator ထဲက တစ်ခုပေါ့။ သို့သော် အဓိက တော်လှန်ရေးတစ်ခုဆိုတာ ဘာလဲဆိုတော့၊ ဘယ်သူ ဘယ်လောက်ပဲ ဖိနှိပ်မှုပြင်းထန်နေပါစေ၊ ဆက်ပြီး တော်လှန်နေတဲ့ ပြည်သူတွေရှိတယ်ဆိုတာက ကိုယ်က တကယ်ကို ကြောက်စရာအကောင်းဆုံး အချက်ပြမှုဖြစ်တယ်။ ဘာလို့လဲဆိုတော့ လေယာဉ်တွေနဲ့ပစ်တယ်၊ အမြှောက်တွေနဲ့သတ်တယ်၊ ရက်ရက်စက်စက် သတ်ဖြတ်ပြတယ်၊ ပြည်သူတွေ ရပ်မသွားဘူး၊ ဝပ်မသွားဘူး၊ ငြိမ်မသွားဘူး၊ မနာခံသွားဘူးဆိုတဲ့ အနေအထားကိုက ဘယ်စစ်တပ်မဆို ကြောက်ဖို့ကောင်းတဲ့ သူတို့အတွက်ပေါ့နော်။ တကယ့် Alarm ကြီးဖြစ်တယ် ဆိုတာကို တွေးမယ်ဆိုရင် ဘာလက်နက်မှ မရှိတဲ့ အရပ်သားပြည်သူတွေရဲ့ ခုခံနိုင်စွမ်းအား၊ အရပ်သား ပြည်သူတွေရဲ့ ဒီစစ်တပ်အပေါ်မှာ မုန်းတီးမှုကို မြင်သာတယ်ပေါ့နော်။ ဒါကို ထည့်စဉ်းစားပြီးတော့ ဒီစစ်တပ်ရဲ့ သွင်သဏ္ဍာန်က ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်လာမလဲ ဆိုတဲ့အပိုင်းက အခုကို ပြောင်းလဲမှုတွေ ဖြစ်နေပြီး၊ နောက်ထပ်မှာ ဒီထက်ပိုပြီးတော့ အပြောင်းအလဲ ဖြစ်လာမယ်။ နောက်အနာဂတ်မျိုးဆက်ကလည်း ဒီတော်လှန်ရေးထဲက ပေါက်ဖွား လာတဲ့သူတွေ ဖြစ်လာမယ်ဆိုတော့၊ အဲ့အနာဂတ်နဲ့ သူတို့ဘယ်လိုရင်ဆိုင်မလဲ။ အိန္ဒိယစစ်တပ်၊ အိန္ဒိယအစိုးရ၊ နောက် တရုတ်စစ်တပ်၊ တရုတ်အစိုးရသည် အနာဂတ်မှာ လာမယ့်အင်အားစုတွေရဲ့ ဦးဆောင်မှုနဲ့ သူတို့ ဘယ်လိုမျက်နှာချင်း ဆိုင်မလဲ။ ဒါတွေကို လည်း ထည့်သွင်း future forward thinking ပေါ့နော်။ ဒီစဉ်းစားချက်တွေ ထည့်သွင်းပြီးတော့ ချဉ်းကပ်မယ်ဆိုရင်တော့ လက်ရှိ အိန္ဒိယနိုင်ငံ ပဲဖြစ်ဖြစ်၊ တရုတ်နိုင်ငံပဲဖြစ်ဖြစ် အကျိုးစီးပွားကာကွယ်ပြီး ဖြစ်မယ်ပေါ့နော်။ သို့သော် အခုလက်ရှိ တွေ့ရတဲ့အပိုင်းကတော့ ကိုယ့်အကျိုးစီးပွားကို ကာကွယ်ဆိုသော်ငြား counter productive ဖြစ်နေတာ ရှိတယ်။ ပြောရမယ်ဆိုတော့ သူတို့ ဘယ်လောက်ပဲ သူတို့အကျိုးစီးပွားကို ကာကွယ်ပြီးတော့၊ သူတို့ရဲ့ နာမည်ကောင်းရဖို့အတွက် ပိုက်ဆံတွေ၊ ငွေတွေနဲ့ ဘယ်လောက်ပဲ လွှတ်လွှတ်၊ ဒါတွေအားလုံးဟာ အပေါ်ယံပဲ ဖြစ်နေတယ်။ တကယ့်တကယ် မြန်မာပြည်ကို ကူနေတာ မဟုတ်ဘူး။ ဆိုတော့ မြန်မာနိုင်ငံ ဦးဆောင်ဖို့ ကြိုးစားနေတဲ့ စစ်အုပ်စုကို မဖယ်ရှားနိုင်သေး သောကြောင့်၊ ဒါသူတို့ရဲ့ အကျိုးစီးပွားလည်း အကျိုးစီးပွားတောင် ရှိလာမယ်လို့ မထင်ဘူးပေါ့နော်။ အပေါ်ယံဆံတာတွေကို တကယ်ခွာချပြီးတော့ တကယ်အတွင်းထဲက မြန်မာပြည်ရဲ့ အနာအရင်းကို ကိုင်ဖို့လိုတယ်ပေါ့နော်။ အဲ့လိုမဟုတ်ရင် ကျွန်တော်က အပေါ်ကနေ မိတ်ကပ်လေး အုပ်လိုက်၊ အပေါ်ယံလေးပဲ။ တကယ့်ပြဿနာ အရင်းအမြစ်ကို မထိနေကြတော့ သူတို့ရဲ့ အကျိုးစီးပွားလည်း ကာကွယ်မှုစစ်စစ် ဖြစ်မယ်လို့ ကျွန်မမထင်ဘူးပေါ့နော်။

အယ်ဒီတာချုပ် – ဟုတ်ကဲ့၊ တရုတ်တို့၊ အနောက်နိုင်ငံတွေကဖြစ်ဖြစ်၊ ဒီအိန္ဒိယတို့က ပူးပေါင်းပြီးတော့မှ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲဟာမျိုး၊ နိုင်ငံတကာဖိအားကြောင့် ပေါ်ပေါက်လာနိုင်ခြေရှိတယ် ဆိုတဲ့ဟာ တစ်ခု စဉ်းစားချက်တစ်ခုပေါ့နော်။ တကယ်လို့ ဖြစ်ခဲ့သည်ရှိရင်၊ ဥပမာ လက်ရှိ အားပြိုင်နေကြတဲ့ တရုတ်နဲ့ အိန္ဒိယဆိုရင်၊ အိန္ဒိယကလည်း လက်ရှိ သူလုပ်ဆောင်နေတဲ့ဟာတွေ အားလုံးက တကယ့်လက်တွေ့ဖြစ်နေတဲ့ မြန်မာ့ နိုင်ငံရေးရလဒ်နဲ့ ဝေးနေသလားပေါ့နော်။ ဆိုတော့ ဒီအပေါ်မှာ ဘယ်လိုမြင်လဲ၊ အိန္ဒိယအနေနဲ့ အခုချိန်မှာ ဘယ်လိုခြေလှမ်းတွေ လှမ်းသင့်နေပြီလဲ သုံးသပ်ပေးပါဦး။

Thinzar Shunlei Yi – အိန္ဒိယနဲ့ တရုတ်က အပြိုင်ဖြစ်နေတယ်။ ဒါက အိန္ဒိယကို ပိုပြီး ဦးဆောင်စေချင်တယ်၊ အိန္ဒိယကို ခေါင်းဆောင်စေချင်တယ်။ အိန္ဒိယကတော့ ကျွန်တော်တို့ ဖြတ်သန်းမှုတွေ၊ သမိုင်းကြောင်း ဖြတ်သန်းမှုတွေ တူတယ်၊ ယဉ်ကျေးမှုတွေလည်း တူတယ်။ သူတို့ လုပ်ချင် လုပ်လို့ရတယ်၊ သူတို့ဟို influence လုပ်ချင် အာရှတစ်ခုလုံးကို influence လုပ်နိုင်တဲ့ ပါဝါရှိတယ်။ ဒီမိုကရေစီ ပိုင်းဆိုင်ရာ၊ ဖက်ဒရယ်အရေးတွေမှာဆိုလည်း ကျွန်တော်တို့ အမြဲတမ်း စံနမူနာထား၊ ဒီဖြတ်သန်းမှုတွေကို လေးစားရတဲ့ဟာ၊ အမျိုးသမီးလှုပ်ရှားမှုပဲကြည့်မလား၊ လူနည်းစု လှုပ်ရှားမှု ပဲ ကြည့်မလား၊ ကျွန်တော်တို့ အမြဲတမ်း အိန္ဒိယကို စံနမူနာပြုပါတယ်။ လေဟို local government ကိစ္စတွေ၊ ဒီမိုကရေစီ၊ ဒီမိုကရေစီစံနှုန်းတွေ ကိစ္စပေါ့၊ ဒါတွေဆိုလည်း ကျွန်တော်လေ့လာရမှာတွေ အများကြီးရှိတယ်။ သို့သော် အိန္ဒိယသည် သူနဲ့ထိုက်တန်တဲ့ ဦးဆောင်မှု သူတို့မယူနေဘူးလို့ ကျွန်တော်တို့ သူမရယူနေတဲ့အခါကျတော့၊ တရုတ်ရဲ့ ချယ်လှယ်မှုကိုပဲ ကျန်တဲ့နိုင်ငံငယ်တွေက ခံနေရတာ။ အခု တရုတ်ဆိုအရမ်း ခြေလှမ်းသွက်တယ်ပေါ့နော်။ ဆိုတော့ Ko Dokhar ပြောသလိုပဲ တရုတ်သည် နှစ်ဖက်စလုံးကို နင်းထားပြီးသား ဖြစ်တယ်။ နှစ်ပေါင်းများစွာ နင်းထားပြီးသား ဖြစ်တဲ့ကြောင့်မို့လို့ အာတဖက်က လွတ်သွားရင်လည်း တရုတ် influence ဆက်ရှိနေမှာပဲ။ ပြည်သူက လက်ခံမခံ၊ ပြည်သူဦးဆောင်မှုပြုနေတဲ့ တော်လှန်ရေးအင်အားစုတို့ သူတို့က စည်းထားပြီးသားဖြစ်တယ်။ ဒါပေမဲ့ အိန္ဒိယ အဲ့လောက်လုပ်နိုင်တာ influence လုပ်နိုင်တဲ့ အနေအထား ဒါမှမဟုတ် ဦးဆောင်မှုပေးနိုင်တဲ့ အနေအထားကို ပြောတာနော်။ တကယ့်တကယ် စစ်စစ်မှန်မှန် လုပ်နိုင်မှသာလျှင် နောက်လွှမ်းမိုးမှုနဲ့ သူတို့ ဦးဆောင်ဖို့ နာခံမှာဖြစ်တယ်။ အိန္ဒိယသည် အကောင်းဆုံး ဦးဆောင်မှုပေးနိုင်တယ်လို့ ကျွန်တော်မြင်တယ်။ သို့သော်ငြား အဲ့လောက်ထိ မလုပ်နေလား political will ပေါ့နော်။ နိုင်ငံရေးစိတ်ဆန္ဒမတွေ့ရဘူး။ မြန်မာနိုင်ငံအတွက်တွေ မဟုတ်ပါဘူး၊ အရှေ့တောင်အာရှ၊ ဒီတောင်အာရှတလျှောက်လုံးမှာပါ၊ အိန္ဒိယက စစ်စစ်မှန်မှန်နဲ့ အခြားနိုင်ငံတွေကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်ရေးမှာ ဦးဆောင်မှုပေးနိုင်တဲ့ အနေအထားအထိကို ဖြစ်လာစေချင်တယ်။ အဲ့လို လုပ်နိုင်တဲ့ အရည်အချင်းလည်း ပြောရမယ်ဆိုရင် အိန္ဒိယပြည်သူတွေမှာ ရှိတယ်။ အခုလက်ရှိ အစိုးရရဲ့ စဉ်းစားချက်တွေနော်၊ ဒါတွေကို အိန္ဒိယပြည်သူတွေ ကိုယ်တိုင်က အသိပညာပေးသင့်တယ်၊ ပြန်ပြီးတော့ လှုံ့ဆော်သင့်တယ်လို့ ကျွန်တော်မြင်တယ် ပေါ့နော်။

အယ်ဒီတာချုပ် – ဟုတ်ကဲ့၊ ဒီလက်ရှိ အိမ်နီးချင်းနိုင်ငံဖြစ်စေ၊ အာဆီယံနိုင်ငံဖြစ်စေ၊ မြန်မာနိုင်ငံရေးအပေါ် စိတ်ဝင်စားမှုက တကယ့်ကို ကိုယ်ကျိုးပုံစံမျိုးဖြစ်တဲ့အခါကျ၊ ကျွန်တော်တို့ တော်လှန်ရေးက သာနိုင်ခဲ့တယ်ဆိုရင်၊ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒက ဘယ်လိုဖြစ်လာသင့်သလဲလို့ ယူဆလဲပေါ့။ အဲဒီအပေါ် သုံးသပ်ကြည့်ပါဦး။

Thinzar Shunlei Yi – နိုင်ငံတွေက ကိုယ့်ပြည်သူတွေနဲ့ ကိုယ့်နိုင်ငံကို ကိုယ်ဦးစားပေးရမယ်ဆိုတာ မှန်ပါတယ်။ ကိုယ့်အိမ်နဲ့ပဲ တွေးပေါ့နော်။ ကိုယ့်အိမ်မှာတော့ ချမ်းသာကြွယ်ဝနေတဲ့ ကိုယ့်အိမ်ပတ်ဝန်းကျင်မှာ၊ ကိုယ်သွားရတဲ့ ရပ်ကွက်ကို၊ ရပ်ကွက်လမ်းထိပ်ကို သွားတဲ့ လမ်းကြီးက ပျက်နေသလို။ ကြားနေမူဝါဒကို လည်း တော်တော်များများ ကျင့်သုံးကြတယ်။ အဲဒါ ဘာကြောင့်ကျင့်သုံးတာလဲဆို၊ ဘယ်လိုရပ်တည် ရမလဲဆိုတဲ့ အကြံဉာဏ်မရှိလို့၊ ဘယ် issue မှာ ဘယ်လိုရမယ်ဆိုတာ မူနဲ့လာတယ်၊ မူနဲ့ စံတွေ၊ တန်ဖိုးတွေပေါ်နေလာတယ်။ အဲ့တော့ စံတွေ၊ တန်ဖိုးတွေ၊ မူတွေ ခိုင်ခိုင်မာမာ မရှိဘူးဆိုတဲ့ နိုင်ငံအမြဲတမ်း ကြားနေပဲ။ ဘာလုပ်လုပ် ကြားနေပဲ၊ ဘာလုပ်လုပ် မပြောတတ်ဘူး၊ မဆွေးနွေးတတ်ဘူး၊ ဘယ်မှာ ရပ်ရမယ့်မှန်းမသိဘူး၊ ဟိုဘက်မှာလား၊ ညာဘက်မှာလား၊ ဒီဘက်မှာလား မသိဘူး။ ဒါကြောင့် ကြားနေတွေ ဖြစ်ကြတာပေါ့။ အခု မြန်မာနိုင်ငံဆိုလည်း အဲဒါပြန်အရမ်းခံရတယ်။ ဘယ်လောက်ပဲ အိမ်မှာ မီးလောင်နေတယ်၊ ဘေးပတ်ဝန်းကျင်က အာ.သူများနိုင်ငံ ဝင်မစွက်ဖက်နဲ့ သိတယ်မလား။ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ပြောကြတာရှိတယ်လေ၊ ဘာလဲ၊ ကြားသုံးကြား မဝင်ရဘူး၊ သိတယ်မှတ်လား။ ဟိုမှာ သတ်ဖြတ်နေပြီ ဒါပေမယ့် ကြားသုံးကြား မဝင်ရဘူးဆိုတဲ့ အောက်ကနေမှ ထိုင်နေလိုက်တယ်၊ ကြည့်နေလိုက်တယ်။ မတရားမှု၊ မတရားမှုကို မြင်ပြီးတဲ့အခါမှာ ဟိုဝင်ပြီး ရပ်တန့်ဖို့ မကြိုးစားဘူး ဆိုရင် ဒါသည်လည်း အလိုတူတွေပါပဲ။ ဒီဖြစ်ရပ်တွေနဲ့ အလိုလို အတူတူပါပဲဆိုတဲ့ စဉ်းစားချက်က ကျယ်ပြန့်လာတယ် ဆိုတော့၊ နောက်ပိုင်းကျမြင်တာ နိုင်ငံခြားရေးမူဝါဒတွေ ဆွေးနွေးကြတဲ့အခါ နောက်အနာဂတ်တွေမှာ ဆိုရင်တော့ ကျွန်မကတော့ ကိုယ့်နိုင်ငံအတွက်ပဲ ကိုကြည့်တာ လောက်သေးသိမ်နဲ့ နိုင်ငံမရှိဘူးလို့ မြင်တယ်။ အဲ့တော့ ပတ်ဝန်းကျင်ကို ကြည့်ရမယ်၊ လူသားမျိုးနွယ်ကို ကြည့်ရမယ်။ တီမောလက်စ်ဒီလိုနိုင်ငံလေးပေါ့နော်၊ တီမောလက်စ် ဒီလိုနိုင်ငံဆို ဘယ်နိုင်ငံဘယ်မှာမှန်းတောင် မသိကြဘူး၊ တော်တော်များများက။ ဒါပေမယ့် ဒီလိုနိုင်ငံလေးကနေ သူတို့နိုင်ငံရဲ့ သမ္မတက ကျွန်မတို့အတွက် ရပ်တည်ပေးတယ်ဆိုတာ လောက်အားရှိတာမရှိ။ ဘယ်လောက်ပဲ သေးငယ်နေပါစေ၊ ကျွန်မတို့က ဟိုတစ်ပါးသူ ရပ်တည်ပေးတဲ့အခါမှာ ခွန်အားဖြစ်တယ်။ အဲ့ဒါတွေလည်း ထည့်သွင်းစဉ်းစားတဲ့ နိုင်ငံဖြစ်စေချင်တယ်ပေါ့။ ဒါကတော့ ကျွန်တော်တို့ နောက်အနာဂတ်နိုင်ငံကို အခုချိန်မှာ အခုကတည်းက ကျွန်တော်တို့ ဒီပုံစံအတိုင်း ကျင့်သုံးသင့်တယ်လို့ ကျွန်မမြင်တယ်။

အယ်ဒီတာချုပ်– နောက်ဆုံးပိုင်း အနေနဲ့ ကျွန်တော်ဆွေးနွေးစေချင်တာက အခုလက်ရှိ ဒါမြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ရင်တော့ ကျွန်တော်တို့ လုံးဝမျက်ကွယ်ပြုခံရတယ်၊ ပြီးတော့ မျက်ကွယ်ပြုခံရတဲ့အပြင် ဟိုစကစဘက်ကို နည်းနည်းအသားပေးတဲ့ ဆက်ဆံမှုတွေ၊ တရားဝင်မှုပေးတဲ့ ဆက်ဆံရေးဟာမျိုး ဖြစ်လာတဲ့ အခါကျတော့၊ ဒီဟာရဲ့ နောက်ဆက်တွဲကို ကျွန်တော်တို့ ခံစားလာတဲ့အချိန်မှာ ပြည်သူတွေ အနေနဲ့ အင်မတန်ဝမ်းနည်းစရာ အဖြစ်ဆိုးတွေကို ပိုပိုကြုံနေရတဲ့ အနေအထား ဖြစ်တယ်။ လွန်ခဲ့တဲ့လပိုင်းက ထိုင်းနိုင်ငံတွင်းကျင်းပတဲ့ ထိပ်သီးအစည်းအဝေးပြီးစီးတဲ့ နောက်ပိုင်း ဆိုရင် စကစကို ဖိတ်ကြားတဲ့အတွက် အဲ့ဒီဟာရဲ့ နောက်ပိုင်း စကစရဲ့ သူတို့ရဲ့ လုပ်ပုံကိုင်ပုံတွေက ပိုပြီးတော့မှ ကြမ်းကြုတ်လာတဲ့ အနေအထားဖြစ်နေတယ်။ ပြည်သူတွေကို ဘယ်လို အားပေးချင်လဲ၊ ဒီလိုနိုင်ငံကို နိုင်ငံတကာအနေနဲ့ လုပ်ဆောင်ချက်တွေက ကျွန်တော်တို့ရဲ့ လက်ရှိ တော်လှန်ရေး လိုအပ်ချက်တွေအတွက် စိုးရိမ်စရာ အဖြစ်တွန်းပို့ စေနိုင်သလား၊ ကျွန်တော်တို့ အတွက် ဘာတွေလိုအပ်သလဲ၊ ဘယ်လိုခွန်အားယူရမလဲဆိုတာကို ဆွေးနွေးသုံးသပ်ပေးပါဦး။

Thinzar Shunlei Yi – ကျွန်မတို့ ပြည်သူတွေ ကိုယ့်အိမ်ကစပြီးတော့ ဆန့်ကျင်မှရမယ်။ ကျွန်မတို့အိမ်တွေမှာ ကိုယ့်ရဲ့ ညီမတွေ၊ အိမ်သားတွေ ဖိနှိပ်ခံနေရတယ်ဆိုရင် ကိုယ်ကိုယ်တိုင်က ဖိနှိပ်သူတွေ မဖြစ်အောင်လုပ်ရမယ်။ နောက် ဖိနှိပ်မှုတွေကို မြင်တဲ့အတိုင်းပဲ ပြောရမယ်။ ဖိနှိပ်သူကို ကျွန်မတို့ တားရမယ်၊ ဖိနှိပ်သူကို ရပ်တန့်ရမယ်။ ဆိုတော့ အဲ့ဒီယဉ်ကျေးမှုကို အိမ်ထဲက စတင်လိုက်မယ်ဆိုရင် ရပ်ကွက်တွေ၊ ကျောင်းတွေ၊ လုပ်ငန်းတွေ၊ နိုင်ငံတွေ ဖြစ်လာမယ်။ ကျွန်မမြင်တာ ကျွန်မတို့ပြည်သူတွေရဲ့ အနာဂတ်က ကျွန်မတို့လက်ထဲမှာပဲ ရှိတယ်။ ကျွန်မတို့ ယနေ့ကြုံနေရတဲ့ အရာတွေဟာ တသမတ်တည်း ဘယ်တော့မှမရှိဘူး၊ အမြဲတမ်း ပြောင်းလဲနေတယ်၊ ပြောင်းလဲနေမယ်။ ပြောင်းလဲအောင်လည်း ကျွန်မတို့လုပ်နိုင်စွမ်းတွေ ရှိတယ်။ အဲ့တော့ မနက်ဖြန်ကို ဘာဖြစ်ချင်လဲဆိုတာ ယနေ့ဘာလုပ်နေတာလဲနဲ့ စမယ်။ ယနေ့ကာလမှာ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မိသားစုကို ကိုယ်နိုင်တာနဲ့ အကျိုးပြုနေတယ်။ စောနကပြောတဲ့ မတရားတဲ့ အတွေးအခေါ်တွေ၊ နောက် အာဏာရှင်စနစ်တွေကို ကိုယ့်အိမ်ထဲမှာ အစဆန့်ကျင် နေတယ်ဆိုရင် ကျွန်မမြင်တာ ကျွန်မတို့ လမ်းကြောင်းမှန်ပေါ်မှာ ရှိတယ်။ ဘယ်လောက်ပဲ ကိုယ်နဲ့ ဘယ်သူမှ မရှိနေရင်လည်း ဆက်ရပ်တည်နိုင်တယ်၊ ဆက်လုပ်နိုင်တယ်၊ ဆက်သွားနိုင်တယ်။ အဲ့တော့ တစ်ကမ္ဘာလုံးနဲ့ တစ်ယောက်ဖြစ်နေပါစေ၊ တစ်ကမ္ဘာလုံးနဲ့ တစ်နိုင်ငံပဲဖြစ်နေပါစေ၊ ဆက်ပြီးသွားရမယ်ဆိုတဲ့ ခံယူချက်ကနေ ရှေ့ဆက်ရင်တော့ ကျွန်မမြင်တာ ကျွန်မတို့ နောက်အနာဂတ်မျိုးဆက် သစ်တွေအတွက် အနည်းဆုံးတော့ ကိုယ့်အိမ်ထဲမှာတော့ အာဏာရှင်တွေ မရှိတော့ဘူးပေါ့နော်။ ဒီလိုနဲ့ ကျွန်မတို့ သွားလို့ရမယ်လို့ ထင်ပါတယ်။