——————————————————————————————————————————
စက်တင် ၁၆
The Kaladan Post
၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်နှင့် ဒီပဲယင်းလမ်းပိုင်းရှိ စစ်တပ် လုံခြုံရေးဂိတ်နှင့် တပ်အင်အား ၆၀ပါ စစ်ကောင်စီ စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း YE-U Freedom Comrades – YFC မှ သတင်းထုတ်ပြန်ထားပါသည်။
အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး YE-U Freedom Comrades – YFCတာဝန်ရှိသူတစ်ဦးက “ စက်တင်ဘာလ ၁၄ရက်နေ့က တိုက်ခိုက်တဲ့စစ်ကောင်စီ စစ်ကြောင်းအင်အား (၆၀)ခန့်ကို ကျွန်တော်တို့က ဒရုန်ုး(၃)စီးဖြင့် တိုက်ခိုက် ပြီးနောက် စစ်ကောင်စီတပ်တွေက ရေဦးမြို့ထဲကို ပြန်ဝင်သွားပါတယ် ဒီတိုက်ခိုက်မှုအတွင်းမှာ ကျွန်တော်တို့ဘက်က ဒရုန်း(၂) ဆုံးရှုံးသွားပါတယ် ပထမတစ်စီးကတော့ ကျွန်တော်တို့ရှေ့မှာတင် မတော်တဆဖြစ်မှုကြောင့်ပျက်ကြသွားပါတယ် ဒုတိယတစ်စီးကတော့ စစ်ကောင်စီ ဂျဘာနဲ့မိပြီး အောက်က စလင်ဒါနဲ့ပစ်တော့ စစ်ကောင်စီ လက်ထဲပါသွားတာပါ”ဟု The Kaladan Post သို့ပြော့ ဆိုသည်။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ တောင်ဘက် ကြာဖူးအဝိုင်းရှိ အင်အား ၂ဝခန့်ဖြင့် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ လုံခြုံရေးဂိတ်ကို ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေး ဒရုန်းအဖွဲ့က စက်တင်ဘာလ ၇ ရက် နေ့ ည ၁၁ နာရီခန့်တွင် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ အလားတူ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီ ၃၀မိနစ် ခန့်အချိန် ရေဦး-ဒီပဲယင်း လမ်းပိုင်းရှိ စက်မှု လယ်ယာရုံး အနီးကို ရောက် ရှိလာသော အင်အား ၆၀ ခန့်ပါ စစ်ကြောင်းကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၃ စီး ဖြင့် ဗုံးကျဲ ချခဲ့ကြောင်းသိရသည်။ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေ အတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လက်နယ်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ပြီး ရေဦးမြို့တွင်း သို့ ပြန်လည် ဝင်ရောက်သွားကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ အဆိုပါတိုက်ခိုက်မှုအတွင်းတော်လှန်ရေး ရဲဘော်တွေဖက်မှ အထိအခိုက်မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။၎င်း တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး ဒရုန်းအဖွဲ့ (ရွေဘိုခရိုင်) နှင့် ၅/မဟူရာ ကျွဲရိုင်း (ရေဦး ပကဖ) တို့က ပူပေါင်း လုပ်ဆောင်ခဲ့ကြသည်။