မြန်မာ့ပြည်သူ့တော်လှန်ရေးကို မဟာဗျူဟာနည်းလမ်း (၆) ခုဖြင့် ဆောင်ရွက်နေ သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန် ချက် အလုပ်နဲ့မညီဟု ဝေဖန်မှုများ

The Kaladan Post

၂၀၂၅ ခုနှစ်၊ မေလ (၁၀) ရက်နေ့

 

၂၀၂၁ ခုနှစ်တွင် မင်းအောင်လှိုင်နှင့် ၎င်း၏အပေါင်းအပါများ အာဏာသိမ်းမှုကို တစ်နိုင်ငံလုံးရှိ ပြည်သူများနှင့် ကမ္ဘာတစ်ဝှမ်းရှိ လူသားများက “မှားယွင်းသောလုပ်ရပ်” အဖြစ် သတ်မှတ်ကြမည်ဟု ယုံကြည်သည်။ အကြောင်းရင်းမှာ နိုင်ငံတကာနှင့် ပြည်တွင်းမီဒီယာအချို့၏ အင်တာဗျူးများတွင် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက အာဏာသိမ်းမှုကို ဤမျှထိ ဆန့်ကျင်မည်ဟု မထင်ခဲ့ကြောင်း သွယ်ဝိုက်ဝန်ခံ ခဲ့ဖူးခြင်းကြောင့် ဖြစ်သည်။ ထို့ပြင် စစ်ကောင်စီထောက်ခံသူများ၊ စစ်ဗိုလ်ချုပ်ဟောင်းများ၊ လက်ရှိ စစ်ဗိုလ်ချုပ်များအနက် အာဏာသိမ်းမှုနှင့်ပတ်သက်၍ အမြင်မတူညီသူများနှင့် အမှားထောက်ပြသူများသည် အလုပ်ဖြုတ်ခံရခြင်း၊ ဖမ်းဆီးခံရခြင်းများနှင့် ရင်ဆိုင်နေ ရသည်။

ထို့အပြင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော စစ်ကောင်စီသည် စစ်တပ်လက်အောက်မှ ရုန်းထွက်နိုင်ခြင်း မရှိသူများ၊ ကိုယ်ကျိုးစီးပွားအတွက် ပူးပေါင်းနေသူများ၊ ပြည်သူများပေးသည့် ပြစ်ဒဏ်ကို ရင်ဆိုင်ရမည်ကို ကြောက်ရွံ့သူများဖြင့် ဖွဲ့စည်းထားသည်။ ထို့ကြောင့် စစ်ကောင်စီတွင် ပါဝင်သော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံ့ကောင်းကျိုးအတွက် လုပ်ဆောင်နေသည်မဟုတ်ဘဲ မတရားမှုမှ အကျိုးအမြတ် ရှာဖွေသူများသာ ဖြစ်သည်။ ထိုသို့သော ကိုယ်ကျိုးရှာ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို တစ်နိုင်ငံလုံးရှိ ပြည်သူများမှ “အမှန်တရားအတွက် တော်လှန်ခြင်း” ဟု ခေါ်ဆိုကာ တော်လှန်ကြသည်။ ထို့အတူ လက်ရှိ တော်လှန်ရေးကို “အမှန်နှင့်အမှား၊ ဓမ္မနှင့်အဓမ္မ” အားပြိုင်သည့်ပွဲဟု သတ်မှတ်ကြပြီး “ဓမ္မကို အဓမ္မက အနိုင်ယူသည်ဟူ၍ မရှိ” ဟူသော ယုံကြည်မှုဖြင့် လေးနှစ်ကျော်ကြာ တော်လှန် လာခဲ့ကြသည်။ သို့သော် ဤလေးနှစ်ကာလအတွင်း အဓမ္မကို ဓမ္မက အပြည့်အဝ အနိုင်ယူနိုင်သည့် ရလဒ်ကို မမြင်ရသည့်အပြင် ဓမ္မကြီးကိုပင် ကိုယ်ကျိုးရှာနိုင်ငံရေးသမားများက “အဓမ္မပြုကျင့်” ဖြစ်စဉ်များလည်း တိုးလာနေသည်။

ထို့အတူ လက်ရှိ တော်လှန်ရေးကို “အမှန်နှင့်အမှား၊ ဓမ္မနှင့်အဓမ္မ” အားပြိုင်သည့်ပွဲဟု သတ်မှတ်ကြပြီး “ဓမ္မကို အဓမ္မက အနိုင်ယူသည်ဟူ၍ မရှိ” ဟူသော ယုံကြည်မှုဖြင့် လေးနှစ်ကျော်ကြာ တော်လှန် လာခဲ့ကြသည်။ သို့သော် ဤလေးနှစ်ကာလအတွင်း အဓမ္မကို ဓမ္မက အပြည့်အဝ အနိုင်ယူနိုင်သည့် ရလဒ်ကို မမြင်ရသည့်အပြင် ဓမ္မကြီးကိုပင် ကိုယ်ကျိုးရှာနိုင်ငံရေးသမားများက “အဓမ္မပြုကျင့်” ဖြစ်စဉ်များလည်း တိုးလာနေသည်။

ဤနေရာတွင် “ကိုယ်ကျိုးရှာနိုင်ငံရေးသမားများ” ဟူသည်နှင့် ပါတီနိုင်ငံရေးသမားများ၊ ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် နိုင်ငံရေးသမားများ သို့မဟုတ် လူသိများသည့် နိုင်ငံရေးသမားများကို မြင်ယောင် နိုင်သည်။ သို့သော် လက်ရှိတော်လှန်ရေးတွင် ပါဝင်နေသူများမှာ ပြည်သူတစ်ဦးချင်းစီ၊ တော်လှန်ရေးရဲဘော်များ၊ တော်လှန်ရေး အဖွဲ့အစည်းများ၏ ခေါင်းဆောင်များအထိ နိုင်ငံအကျိုးဆောင် နိုင်ငံရေး သမားများအဖြစ် သတ်မှတ်ရမည် ဖြစ်သည်။ ဤအင်အားစုများထဲမှ ကိုယ်ကျိုးရှာမှုဖြင့် တော်လှန်ရေးကို နည်းမျိုးစုံဖြင့် နှောင့်နှေးကြန့်ကြာစေသူများကို “ကိုယ်ကျိုးရှာနိုင်ငံရေးသမားများ” အဖြစ် စာရင်းသွင်းရန် လိုအပ်သည်။ ဤသို့လုပ်ဆောင်မှသာ တော်လှန်ရေးအတွက် အကျိုးမရှိသည့် လုပ်ရပ်များကို ပိုမိုရှင်းလင်းစွာ ခွဲခြားမြင်နိုင်မည်ဖြစ်သည်။ ထိုသို့သော နောက်ခံ စဉ်းစားတွေးခေါ်မှုကြောင့် “ဓမ္မနှင့်အဓမ္မ” တော်လှန်ရေးဟု ဆိုရာတွင် အဓမ္မဘက်တွင် စစ်ကောင်စီနှင့် ၎င်း၏အပေါင်းအပါများကို စာရင်းသွင်းပြီး ဓမ္မဘက်တွင် အမျိုးသားညီညွတ်ရေးကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ CRPH၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ဒေသဆိုင်ရာ PDF များ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်မဟုတ်သော အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (ပကဖ)၊ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့များ (ပလဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ (ပအဖ) စသည့်အဖွဲ့များကို စာရင်းသွင်းကာ အဓိပ္ပာယ်ဖွင့်ဆိုမှုလည်း ဖြစ်လာသည်။

လက်ရှိတွင် စစ်ကောင်စီသည် ၎င်း၏အမည်နှင့်လိုက်ဖက်စွာ အဓမ္မမှုများကို နေ့ညမနားကျူးလွန်ပြီး အာဏာတည်မြဲရေးအတွက် ကြိုးပမ်းနေသည်။ သို့သော် ဓမ္မဘက်တော်သားအချို့မှ “ဓမ္မမှု” ကို အဓမ္မပြုကျင့်နေသည့် လုပ်ရပ်များ နေ့စဉ်တိုးပွားလာပြီး နာမည်နှင့်မလိုက်ဖက်စွာ ပြုကျင့်မှု တိုးလာနေသည်။ ၎င်းတို့မှာ ဓမ္မအပေါ် မရပ်တည်ဘဲ နိုင်ငံရေးရပ်တည်ချက် မတူညီမှုကို အကြောင်းပြုကာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ လမ်းခွဲခြင်း၊ ရန်သူသဖွယ် အပြန်အလှန်စစ်ခင်းခြင်း၊ MOD လက်အောက်သို့ ဝင်လိုက် ထွက်လိုက်လုပ်ကာ အပြန်အလှန်ဖမ်းဆီးထိန်းသိမ်းခြင်း၊ ဒေသဆိုင်ရာ PDF များကို MOD လက်အောက်ခံ ပကဖမှ ဖယ်ရှားခိုင်းပြီး အခြားအဖွဲ့မှ လက်ခံလိုက်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းစေခြင်း၊ ကောင်စီအမျိုးမျိုးဖွဲ့ကာ ကောင်စီများအကြား ရန်သူသဖွယ် စာထုတ်ခြိမ်းခြောက်ခြင်း၊ ရွှေတွင်းလုခြင်း၊ ကိတ်ချထားရေး လုခြင်းအပြင် ကိုယ့်ထိန်းချုပ်နယ်မြေ သူ့ထိန်းချုပ်နယ်မြေ စသဖြင့် နယ်မြေလုကာ ပြည်သူများအား စိတ်ဝမ်းကွဲစေခြင်း အစရှိသည့် ရှုပ်ထွေးမှုများ နေရာများစွာတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဓမ္မဘက်တော်သားများအနေဖြင့် စုံလင်ကွဲပြားသော အတွေးအခေါ်များနှင့် ရပ်တည်ချက်များရှိခြင်းအား ကြိုဆိုရမှာဖြစ်သော်လည်း တော်လှန်ရေး အဓိကဦးတည်ချက်နှင့်ကွဲလွဲပြီး အချင်းချင်းရန်သူသဖွယ် ဆက်ဆံလာကြခြင်းကြောင့် ဓမ္မသည် အဖြူ၊ အစိမ်း၊ အဝါ စသည့် အရောင်မျိုးစုံ ရှိနေသလားဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ထို့အပြင် ဓမ္မဘက်တော်သားဟု ခေါ်ဆိုရသည့် အဖွဲ့အချို့မှ ပြည်သူများအပေါ် ကျူးလွန်သည့် မတရားပြစ်မှုများ၊ အမျိုးသမီးများအပေါ် ကျူးလွန်သည့် ပြစ်မှုများ၊ ခေါင်းဆောင်ဟု သတ်မှတ်သူများ၏ ကိုယ်ကျိုးစီးပွားရှာဖွေမှုများသည် အညာမြေရွှေတွင်း၊ ရေနံတွင်းများမှ စတင်ကာ ထိုင်း၊ အိန္ဒိယအပါအဝင် စစ်ပြေးဒုက္ခသည်စခန်းများအထိ ပြန့်နှံ့လာခြင်းသည် စိတ်မကောင်းစရာ ဖြစ်သည်။ ထို့အတူ လက်နက်အဝေမတည့်ခြင်း၊ အာဏာအဝေမတည့်ခြင်း၊ ရာထူးအဝေမတည့်ခြင်းကြောင့် အချင်းချင်း သတ်ဖြတ်တိုက်ခိုက်မှုများသည်လည်း မျက်မြင်ကြားသိရသည်မှာ “ဓမ္မဘက်တော်သားများ” ဟူသည့် အမည်နှင့် လိုက်ဖက်မှု မရှိတော့ပေ။

ထို့ကြောင့် “ဓမ္မအုပ်စု” ကို မကောင်းသော အနံ့ထွက်စေသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို ကိုယ်ကျိုးရှာနိုင်ငံရေးသမားများအဖြစ် မှတ်တမ်းတင်ထားရန် လိုအပ်သည်။ ဤနိုင်ငံရေးသမားများသည် အသက်အရွယ်ပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံမှ လူနည်းစုအဖြစ် ရှိနေကြသောကြောင့် အလွန်သတိထားရန်လည်း လိုအပ်ပါသည်။

သို့သော် ဓမ္မဘက်တော်သား ခေါင်းဆောင်အချို့သည် ကျင့်ဝတ်ဖောက်ပြန်ကာ လောဘနွံထဲ နစ်မွပ်နေချိန်တွင် တော်လှန်ရေးတွင် ပါဝင်နေသည့် ပြည်သူများနှင့် ရှေ့တန်းမှ အသက်ပေးလှူကြသည့် တော်လှန်ရေး ရဲဘော်များသည် ဓမ္မဘက်တွင် “ဘဝလား၊ အသက်လား” စတည်းသည်အထိ ရပ်တည်ချက် ခိုင်မာကြ ဆဲဖြစ်သည်။ ထို့ကြောင့် “ဓမ္မအုပ်စု” ကို မကောင်းသော အနံ့ထွက်စေသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို ကိုယ်ကျိုးရှာနိုင်ငံရေးသမားများအဖြစ် မှတ်တမ်းတင်ထားရန် လိုအပ်သည်။ ဤနိုင်ငံရေးသမားများသည် အသက်အရွယ်ပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံမှ လူနည်းစုအဖြစ် ရှိနေကြသောကြောင့် အလွန်သတိထားရန်လည်း လိုအပ်ပါသည်။

ထို့ကြောင့် မင်းအောင်လှိုင်၏ အဓမ္မအာဏာသိမ်းမှုကို ထောက်ခံသော အဓမ္မအင်အားစုများကို အောင်မြင်စွာ တိုက်ထုတ်နိုင်ရန်အတွက် ဓမ္မကို အဓမ္မပြုကျင့်သော ကိုယ်ကျိုးရှာနိုင်ငံရေးသမားများ လက်ထဲသို့ အမှန်တရား တော်လှန်ရေးလှိုင်း မရောက်ရှိစေရေးနှင့် ကိုယ်ကျိုးရှာနိုင်ငံရေးသမားများ ဖယ်ထုတ် ရှင်းလင်းရေးသည် အဖွဲ့အစည်းအသီးသီးမှ စနစ်တကျ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေပြီ ဖြစ်သည်။ ဤအမှန်တရား၊ ဓမ္မတော်လှန်ရေးကြီးသည် ကိုယ်ကျိုးရှာနိုင်ငံရေးသမားများ လက်ထဲမှ အမြန်ဆုံး လွတ်မြောက်ပါစေသား။