The Kaladan Post
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် အာရခိုင့်တပ်တော်အေအေက အမျိုးသမီးများ အသက် ၁၈နှစ်အရွယ်မှ ၃၅နှစ်အထိနှင့် ယောကျ်ားလေး အသက် ၁၈နှစ်မှ ၄၅နှစ်အထိကို မဖြစ်အနေ စစ်မှူးထမ်းဆောင်ရန် စားရင်းများပြုစုနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ အာရခိုင့်တပ်တော် ၏ စစ်မှုထမ်းစာရင်းကောက်ယူမှုကြောင့် စစ်မှုမထမ်းဆောင်လိုသူများ တချို့မှာ အိန္ဒယားနိုင်ငံ မီဇိုရမ်း ပြည်နယ်သို့ထွက်ပေးနေကြပြီးနှင့် တချို့မှာ အေအေထိန်းချုပ်ဒေသ မဟုတ်သော လွတ်မြောက်နယ် မြေများသို့ တိန်းရှောင်နေကြကြောင်း သတင်းရင်းမြစ်က ဖော်ပြ သည်။ အဆိုပါဖြစ်စဥ်နှင့် ပတ်သက်ပြီး ပလက်ဝကောင်စီ တွဲဖက်အတွင်းရေးမှူး (ကာကွယ်ရေး တာဝန်ခံ) ဆလိုင်း လုကာ က “ပလက်ဝမြို့နယ် တစ်ခုလုံးရှိပြည်သူများအားလုံးကို စစ်မှုထမ်းရန် အာရခိုင့်တပ်တော်အေအေက စာရင်းကောက်ပြုစုနေတယ်ဆိုတာမှန်တယ် ပြီးတော့ ကျွန်တော်တို့ ထိန်းချုပ်နယ်မြေတွေကိုပါ စာရင်းကောက်ဖို့သူတို့ကြိုးစားနေကြတယ် ဒါကြောင့် ကျွန်တော်တို့က တားမြစ်လို့ သူတို့ထိန်းချုပ်နယ်မြေတွေကို စာရင်းကောက်နိုင်တယ် ဒါ့အပြင် ဒီလုပ်ရပ်ဟာ လုံးဝ မဖြစ်သင့်တဲ့ကိစ္စလို့မြင်တယ် ရခိုင်ပြည်နယ်မှာနေထိုင်သူတွေကို စစ်သားစုဆောင်းတာကျွန်တော် တို့ဘက်က အပစ်ပြောဆရာမရှိဘူး အခု အေအေလုပ်ရပ်ဟာ ရခိုင်ပြည်လွတ်မြောက်ရေးအတွက် ချင်းလူမျိုးတွေကို စစ်သားစုဆောင်းတာဖြစ်နေပါတယ် ဒါဟာမဖြစ်သင့်ပါဘူးဟု “ The Kaladan Post သို့ ပြောဆိုသည်။ ပလက်ဝမြို့နယ်သည် အရှေ့မှ အနောက်သို့ ၅၉.၂ မိုင်၊ တောင်မှမြောက်သို့ ၉၈.၄ မိုင်ရှိပြီး ၃၁၂၇.၀၄စတုရန်းမိုင် အကျယ်အဝန်း ရှိကာ လူဦးရေမှာ ၁၁၀၀၀၀ ကျော်ရှိကာ ရခိုင်တိုင်းရင်းသားများက ၁၉ ရာခိုင်နှုန်းခန့် နေတိုင်ကြသောမြို့ တစ်ခုဖြစ်သည်။ ပလက်ဝမြို့နယ် အာရခိုင့်တပ်တော် AAက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှ စတင်ပြီး ထိုးစစ်ဆင်ကာ နှစ်လကျော် ကြာတိုက်ခိုက်ခဲ့ပြီး၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် စစ်ကောင်စီစခန်းအားလုံး သိမ်းပိုက်ရယူနိုင်ခဲ့ပြီး ပလက်ဝမြို့ တခုလုံးကို AA က ထိန်းချုပ်ခဲ့သည်။