—————————————————————————-
ဩဂုတ် ၁၉
The Kaladan Post
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ဘော်ဒါကျေးရွာရှိ စစ်ကောင်စီ၏ ဂိတ်အထိုင်တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်၊ မွန်းလွဲ ၃:၂၀ နာရီတွင် ဝင်ရောက်တိုက် ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ၃ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ပြည်ခရိုင် အမှတ် (၂) စစ်ဆင်ရေး နယ်မြေ ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး အမှတ်(၂) စစ်ဆင် ရေးနယ်မြေ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက “ ယခုတိုက်ခိုက်ခဲ့သော စစ်ကောင်စီအထိုင်ချ တပ်စခန်းဟာဆိုရင် အင်အား ၅၀ခန့်နေထိုင်တဲ့စခန်းဖြစ်ပါတယ် ၎င်းစခန်းကိုတိုက်ခိုက်ချိန် နာရီ ပိုင်းသာကြာမြင့်ခဲ့ပါတယ် ဟု “ The Kaladan Post သို့ပြောဆိုသည်။ ၎င်း စစ်စခန်းသည် ယခင်က သစ်တောဂိတ်ဖြစ်ခဲ့သော်လည်း အာဏာသိမ်းပြီးနောက် စစ်အင်အားဖြည့်တင်းထားပြီး လမ်းပိုင်း အတွက် အရေးပါသော စခန်းတခုဖြစ်လာခဲ့သည်။ ထို့အပြင် တိုက်ပွဲအပြီး စစ်ကောင်စီ ဘက်မှ အင်အားဖြည့်တင်းကာ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်တွင် အနီးရှိ ပေါ်လံကြီးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်းသိရသည်။
အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး အမှတ်(၂) စစ်ဆင် ရေးနယ်မြေ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက “ ယခုတိုက်ခိုက်ခဲ့သော စစ်ကောင်စီအထိုင်ချ တပ်စခန်းဟာဆိုရင် အင်အား ၅၀ခန့်နေထိုင်တဲ့စခန်းဖြစ်ပါတယ် ၎င်းစခန်းကိုတိုက်ခိုက်ချိန် နာရီ ပိုင်းသာကြာမြင့်ခဲ့ပါတယ် ဟု “ The Kaladan Post သို့ပြောဆိုသည်။ ၎င်း စစ်စခန်းသည် ယခင်က သစ်တောဂိတ်ဖြစ်ခဲ့သော်လည်း အာဏာသိမ်းပြီးနောက် စစ်အင်အားဖြည့်တင်းထားပြီး လမ်းပိုင်း အတွက် အရေးပါသော စခန်းတခုဖြစ်လာခဲ့သည်။ ထို့အပြင် တိုက်ပွဲအပြီး စစ်ကောင်စီ ဘက်မှ အင်အားဖြည့်တင်းကာ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်တွင် အနီးရှိ ပေါ်လံကြီးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်းသိရသည်။တိုက်ခိုက်မှုအတွင်း စာသင်ကျောင်းကုန်း၊ သစ်တောကုန်း၊ ဆက်သွယ်ရေးကုန်းအပါအဝင် စခန်း ၄ ခုအနက် ၃ ခုကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။ ထို့ပြင် A3 သေနတ် ၁ လက်၊ MA11 သေနတ် ၁ လက်၊ အူစီသေနတ် ၁ လက်၊ ပစ္စတိုလ် ၁ လက်၊ ကျည်မျိုးစုံ ၂၇၆ တောင့်၊ မိုင်းတလုံး၊ ကျည်ဘောက် ၁၃ ဘောက်၊ Icom ဆက်သွယ်ရေးစက် ၁ လုံး၊ ဖုန်း ၄ လုံးနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။ ဤတိုက်ခိုက်မှုကို ဗျူဟာ (၂၁) ၏ ကွပ်ကဲမှုအောက်တွင် ပြည်ခရိုင် အမှတ် (၁) တပ်ရင်း (၃၆၀၁)၊ အမှတ် (၂) တပ်ရင်း (၃၆၀၂) နှင့် တောင်ငူခရိုင် အမှတ် (၁) တပ်ရင်း (၃၅၀၁) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။