ဖားကန့် တံတားညီနောင်အနီး တိုက်ပွဲပြင်းထန်
မေ ၁၈ The Kaladan Post ကချင်ပြည်နယ်၊ ဖားကန့်-နန့်ယား-ကာမိုင်းလမ်းပိုင်းရှိ တံတားညီနောင်အနီးတွင် ၂၀၂၅ ခုနှစ် မေလ ၁၈ ရက် နံနက်ပိုင်းက စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုကို KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့သည်။ စစ်ကောင်စီတပ်မှ စစ်သားနှင့် ပြည်သူ့စစ်အင်အား ၆၀၀ ခန့်၊ တင့်ကား ၂ စီးနှင့် ဒရုန်းများအသုံးပြုထားသော်လည်း ထိခိုက်သေဆုံးမှု များပြားပြီး လက်နက်ခဲယမ်းများကို KIA နှင့် KPDF က သိမ်းဆည်းရရှိခဲ့သည်။ စစ်ကောင်စီသည် ဖားကန့်မြို့နှင့် အဆိုပါလမ်းပိုင်းများကို ပြန်လည်ထိန်းချုပ်ရန် ဝေဟင်နှင့် မြေပြင်ထိုးစစ်ဆင်နေသော်လည်း KIA နှင့် KPDF က နယ်မြေအများစုကို ထိန်းချုပ်ထားဆဲဖြစ်သည်။