ဒီဇင် ၂၇

The Kaladan Post

ဘိုကလေးမှာ စစ်တပ်က ကျောင်းသား/သူများနှင့် ၎င်းတို့၏ မိဘများကို ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင့်ပမည့်ရွေးကောက်ပွဲတွင် မဲမပေးပါက ဖိအားပေး ခြိမ်း ခြောက်မှုတွေရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ထုတ်ပြန်ထားသည်။ အဆိုပါခြိမ်းခြောက် မှုနှင့် ပတ်သက်ပြီး နာမည် မဖော်လိုတဲ့ပြည်သူတစ်ဦးက “ ကျွန်တော်တို့က စစ်တပ်ကြော်ငြာထားတဲ့ မဲစာရင်းတွေကို သွားပြီးမလေ့လာသို ဘယ်လိုဆန္ဒမဲပေးရမလဲဆိုတာကိုလည်းမသိဘူးဟု The Kaladan Post သို့ ပြောဆိုသည်။ ထို့အပြင် စစ်တပ်ရဲ့ရွေးကောက်ပွဲဟာ ဒီမိုဂရေစီစံနှုန်းနှင့် မကိုက်ညီဘူး ဘာဖြစ်လို့ လဲဆိုရင် ရွေးကောက်ပွဲ ဆို ပွင့်လင့်မြင်သာမှုရှိရမည် ပြီးတော် ဆန္ဒရှင်ပြည်သူတွေ၏ အခွင့်အလမ်းကို လေးစားရမည် အခုက အဲ့လိုဟုတ်မနေဘဲ အတိုက်အခံပါတီတွေ လွတ်ခွင့်မရှိသလို လွှတ်တော်အမတ် တွေကိုလည်း အကြောင်းမျိုးမျိုးပြပြီး မတရားဖမ်းဆီးတောင်ချတာတွေရှိတယ် ဒီလုပ်ရပ်ကိုက မတရားပါဘူး ပွင့်ပွင့်လင့်လင့်ပြောရမည်ဆိုရင် ယခုရွေးကောက်ပွဲဟာမဲပေးရင်ဖြစ်စေ၊ မပေးသည် ဖြစ်စေ စစ်တပ်နဲ့ လက်ဝါးခြင်းရိုက်ထားတဲ့ ကြံ့ဖွတ်ပါတီကဘဲနိုင်မှာ  ပြည်သူတွေသိတဲ့အတိုင်း ကြံ့ခိုင်ရေးပါတီနှင့် စစ်တပ်ကို ကန့်ကွတ်တဲ့ သူတွေဆိုရင် အမတ်လောင်းအတွက် အရည်အချင်း မပြည့်ဘူး နိုင်ငံတော်ကို ပုန်ကန်တယ်ဆိုပြီး မတရားပုဒ်မတပ်ပြီးတော့ တောင်ချတာလည်း အဲ့ဒါ ကြောင့် ပြည်သူတွေအနေဖြင့် ပြတ်သားစွာ ငြင်းဆန်ဖို့လိုပါတယ်ဟု ဆက်လက်ပြောဆိုသည်။ မင်းအောင်လှိုင်နှင့် စစ်တပ်ပြောခွင့်ရ ဇော်မဲလုံးတို့ဟာ စစ်တပ်ရွေးကောက်ပွဲအတွင်း ဆန္ဒမဲပေးခြင်း အတွက် ပြည်သူတွေကို အတင်းအဓ္ဓမ ဖိအားပေးတာတွေမရှိဘူးလို့ အကြိမ်ကြိမ် ငြင်းဆန်ကြတယ်။ မနက်ဖြန် ဒီဇင်ဘာလ ၂၈ရက်နေ့တွင် ပြည်သူတွေအနေဖြင့် ပါဝင်မိပါက မိမိရဲ့ ဆန္ဒမဲတစ်ချက်ကြောင့် စစ်တပ်ဟာ တရားဝင်လူသတ်လိုင်စင် ရရှိသွားမှာ ဖြစ်သည့်အတွက် စစ်တပ်ကိုလူသတ်လိုင်စင် မရစေရေးအတွက် ရွေးကောက်ပွဲကို မိမိတို့ကိုယ်တိုင် နည်းလမ်းမျိုးစုံရှာဖွယ်ပြီး ရုန်းထွက်ကြပြီး ရွေးကောက်ပွဲတွင် မပါဝင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းထားကြသည်။ ထို့အပြင် အသက်၁၈နှစ် အထက် ကျောင်းသား/သူများကို မဲစာရင်းတွင် ပါမပါ စစ်ဆေးခိုင်းနေပြီး မဲစာရင်းတွင် မပါမိသူရှိပါက ဆရာ/မများကိုပါ အရေးယူမည်ဟု ခြိမ်းခြောက်မှုတွေရှိနေကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။