ဒီဇင် ၂၄

The Kaladan Post

မကွေးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာတွင် နေထိုင်သော ရပ်ကျေးအုပ်ချုပ်ရေးမှူးမှ ရပ်ကျေးစာရေး အောင်ကြိုင်ကို ဒီဇင်ဘာလ ၂၁ ရက် ညပိုင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်များက နေအိမ်အတွင်း ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့က အသိ ပေးထုတ်ပြန် ထားသည်။ အဆိုပါ ရပ်ကျေးစာရေး ပစ်ခတ်မှုနှင့် ပတ်သက်ပြီး မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့ ပစ်ခတ်ပြီး သေဆုံးသွားတဲ့ အောင်ကြိုင်ဟာ  စစ်တပ်ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် အားကြိုးမာန်တက် လုပ်ဆောင် နေတာတွေ အပြင် မဲမပေးရင် ပြည်သူတွေကို ပေါ်တာဆွဲမယ်လို့ ခြိမ်းခြောက်တယ်။ စစ်မှုထမ်းကြေး လည်း လစဉ် အတင်းကောက်ခံနေတာကြောင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ” ဟု   The Kaladan Post ပြောဆိုသည်။ ထို့အပြင် အောင်ကြိုင်သည် သူ့မိန်းမရဲ့ ညီမကိုပြန်ယူထားတယ် မယားငယ်နဲ့နေထိုင်သူဖြစ် ကြောင်း သိရသည်။ အောင်ကြိုင်နေထိုင်သော ဒေသခံတွင်  ရွေးကောက်ပွဲ့လုပ်မှာ ဖြစ်ပြီး ဒီရွေးကောက်ပွဲရလဒ် ကနေ ဘာအပြောင်းအလဲမှရှိမှာ မဟုတ်သလို ဒီထက်မဆိုးမသွားအောင် နေထိုင်ကြဖို့ တပ်ဖွဲ့တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။  အဆိုပါ တိုက်ခိုက်မှုကို မကွေး-တောင်တွင်း ကြီး အထူးပြောက်ကျားတပ်ဖွဲ့ နှင့် နဂါးမင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး တော်လှန်ရေးရဲဘော် များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။ သေဆုံးသွားသူ အောင်ကြိုင်သည် စစ်မှုထမ်းကြေး များ အတင်းအဓမ္မကောက်ခံမှု၊ စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် အဓိကဆောင်ရွက်မှုနှင့် မဲမပေးပါက ပေါ်တာဆွဲ ဖမ်းဆီးမည် ဟု ကျေးရွာသားများကို ခြိမ်းခြောက်ခဲ့သူ ဖြစ်ကြောင်း တပ်ဖွဲ့ဘက်က ဆိုသည်။ မကွေးနှင့် တောင်တွင်း ကြီးမြို့နယ်အတွင်း စစ်တပ်သတင်းပေး၊ ပျူစောထီး၊ အတင်းအဓမ္မ ငွေကောက်ခံသူများနှင့် ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများကို ဆက်လက်အရေးယူသွားမည်ဟု တပ်ဖွဲ့က သတိပေးထားသည်။