ဧပြီ ၁၁၊ ၂၀၂၅

 

မလေးရှားနိုင်ငံ၊ ဆလန်ဂေါ်ပြည်နယ်၊ ကာကျန်းမြိုနှင့် ပီနန်းမြိုတို့တွင် မြန်မာနိုင်ငံသားများအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၂၂၈ ဦး ဖမ်းဆီးခံရသည်ဟု မလေးရှားလူဝင်မှုကြီးကြပ်ရေးအဖွဲ့က ယနေ့ ဧပြီ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

 

ဧပြီ ၁၀ ရက် ည ၁၁ နာရီခန့်က ကာကျန်းမြိုရှိ နိုင်ငံခြားသားများနေထိုင်ရာ နေရာများတွင် မလေးရှားရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့နှင့် ဌာနပေါင်းစုံက ဝင်ရောက်စစ်ဆေးခဲ့ရာ အထောက်အထားမပြသနိုင်သူ ၂၂၈ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများတွင် ဘင်္ဂလားဒေ့ရှ် (၉၃ ဦး)၊ မြန်မာ (၅၉ ဦး)၊ အင်ဒိုနီးရှား (၄၉ ဦး)၊ နီပေါ (၄၆ ဦး)၊ အိန္ဒိယ (၂၂ ဦး) စသည့် နိုင်ငံအသီးသီးမှ ပုဂ္ဂိုလ်များ ပါဝင်သည်။

 

အလားတူ ပီနန်းမြိုတွင်လည်း ဧပြီ ၁၀ ရက်ညက နိုင်ငံခြားသားများနေထိုင်ရာ အိမ်ဖလက်များတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသားများအပါအဝင် ရာနှင့်ချီဖမ်းဆီးခံခဲ့ရသည်။ “အခန်းတိုင်းမဝင်ဘဲ ရွေးပြီး ဝင်ဖမ်းသွားတာပါ။ ကားကြီးနှစ်စီးစာလောက် ဖမ်းသွားတယ်” ဟု ပီနန်းရောက် မြန်မာတစ်ဦးက ဧရာဝတီသို့ ပြောသည်ဟု  သိရှိရသည်။

 

ဖမ်းဆီးခံရသူများမှာ စက်ရုံများ၊ စားသောက်ဆိုင်များတွင် အလုပ်လုပ်ကိုင်နေသူများဖြစ်ပြီး ၎င်းတို့အား တရားမဝင်နေထိုင်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူကာ သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်သည်။

 

မလေးရှားတွင် အထောက်အထားမဲ့ နိုင်ငံခြားသားများအား ဖမ်းဆီးမှုများ မကြာခဏ ပြုလုပ်လျက်ရှိပြီး ယခုဖြစ်ရပ်သည် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တင်းကျပ်မှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

 

ဧရာဝတီသတင်းဌာနမှ ကောက်နုတ်ဖော်ပြသည်။