မေးမြန်းသူ- RAIN / Program Host

ဖြေကြားသူ- James Bawi Thang Bik / President of Alliance of Chin Refugee, ACR

RAIN: အားလုံးပဲ မင်္ဂလာပါ။ The Kaladan Post ရဲ့ Youth and Women’s Affairs program ကနေ ပြီးတော့ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ် ဖိတ်ခေါ်ထားတဲ့ ဧည့်သည်တော်ကတော့ မလေးရှားနိုင်ငံမှာ ရောက်ရှိနေကြတဲ့ ချင်းဒုက္ခသည်များ Alliance of Chin Refugee ရဲ့ ဥက္ကဋ္ဌနဲ့ တွေ့ဆုံသွားမှာပဲ ဖြစ်ပါတယ်ရှင့်။ မင်္ဂလာပါ ဆရာ။

 

James Bawi Thang Bik : ဟုတ်ကဲ့ မင်္ဂလာပါ ဆရာမ။

 

RAIN:: ဟုတ်ကဲ့ပါ။ အရင်ဆုံးအနေနဲ့ ဆရာ့ရဲ့နာမည် မိတ်ဆက်ပေးခြင်းနဲ့အတူပေါ့နော်။ မလေးရှားနိုင်ငံမှာ ဆရာ ဘယ်အချိန်ကတည်းက ရောက်ရှိပြီးတော့မှ ဒီ ဘယ်လိုကဏ္ဍတွေမှာ အစောပိုင်းပါဝင်ဆောင်ရွက်ခဲ့လဲပေါ့နော်။ ပြီးတော့ အခုလက်ရှိအချိန်မှာရော ဘယ်လိုကဏ္ဍကနေ ကပ်ပြီးတော့မှ ဒီ Alliance of Chin Refugees မှာ ဦးဆောင်ပါဝင် နေလဲဆိုတာလေးကို အရင်ဆုံး မိတ်ဆက်ပေးပါဦးရှင့်။

 

James Bawi Thang Bik : ဟုတ်ကဲ့ ကျွန်တော့်နာမည် ကတော့ James Bawi Thawng Bik ဖြစ်တယ်။ ဆိုတော့ ကျွန်တော်က ကျွန်တော့်မိဘတွေကတော့ ဒီလောက်တူပေါ့နော်။ ကျွန်တော်တို့က များသောအားဖြစ်က ဖလမ်းနဲ့ ရန်ကုန်မှာနေလာတာများတယ်။ ဆိုတော့ အဲ့မှာပဲ သူတို့ ကြီးပြင်းလာတာများတယ်။ ပြီးတော့ နောက်တစ်ခု ကျွန်တော်ဒီငယ်ငယ်ကတည်းကနေ မလေးရှားတော့ ရောက်လာတာ ဟုတ်တယ်။ အခုဒီ Alliance of Chin Refugee, ACR ပေါ့နော်။ မလေးရှားမှာ ဒီဒုက္ခသည် ချင်းဒုက္ခသည်အဖွဲ့အစည်းမှာကျတော့ ကျွန်တော်ဒီ ၂၀၁၈ ခုနှစ်ကနေ စဝင်တယ်။ အဲ့ဒါပြီးရင် ၂၀၂၁ မှာ ခဏနားတယ်။ အဲ့ဒါပြီး ဒီ ၂၀၂၄ မှာ ဒုတိယအကြိမ် ပြန်ရောက်လာတာဖြစ်တယ်။ အခုလက်ရှိ ဥက္ကဌအနေနဲ့ပေါ့နော်။ ကျေးဇူးတင်ပါတယ်။

 

RAIN:: ဟုတ်ကဲ့ပါ၊ ဒီ Alliance of Chin Refugee (ACR) ရဲ့ အဖွဲ့အစည်းကို ဘယ်အချိန်ကနေပြီးတော့မှ ဘယ်သူတွေက ပေါ့နော်၊ စတင်ဖွဲ့စည်းခဲ့ပြီး ဘယ်လို ရည်မှန်းချက်တွေနဲ့ ဖွဲ့စည်းခဲ့လဲဆိုတာလေးလည်း ပြောပြပေးပါဦး။ ပြီးတော့ ဒီ ACR ရဲ့ အဓိကရည်မှန်းချက်တွေနဲ့ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ လုပ်ငန်းလေးတွေ ကိုလည်း ပြောပြပေးပါဦးဆရာ။

 

James Bawi Thang Bik: ACR ရဲ့ အဖွဲ့အစည်းကိုစထောင်ခဲ့တာက ၂၀၀၅၊ မေလကနေ စထောင်ခဲ့တယ်။ ဒါပေမဲ့ ACR ရဲ့လုပ်ငန်းက မတိုင်ခင် ၂ နှစ်လောက်ကတည်းက စပြီးတော့ လုပ်နေခဲ့ပြီး သားဖြစ်တယ်။ ဆိုတော့ ဥပမာ အခု မလေးရှားရဲ့ မြို့တော်ဖြစ်တဲ့ ဒီ Putrajaya ဆိုတာ တကယ့်အစိုးရဝန်ကြီးတွေ ဘာတွေနေတဲ့နေရာတွေပေါ့နော်။ Putrajaya ဆိုတဲ့ဟာက အခုက အရမ်းခမ်းနားသွားပြီ။ အဲ့ဒီ အဲ့ဒီတုန်းကဆိုရင်တော့ ဒီလောက်ကြီးမဟုတ်ဘူး။ သူက တောပေါ့နော်။ အဲ့မှာ ချင်းတွေက တောထဲမှာ အိမ်လေးဘာလေး ဆောက်ပြီးတော့ တဲအိမ်လေးဆောက်ပြီးတော့ အဲ့မှာ သူတို့ လုပ်လာခဲ့ နေလာခဲ့ကြတာပေါ့နော်။ အဲ့ဒီအချိန်ကနေ စပြီးတော့ ချင်းခေါင်းဆောင်တချို့တွေနဲ့ ဒီ local NGO တွေ၊ ဒီ ဒီနိုင်ငံ NGO၊ NGO ဘက်ကနေ သူတို့နဲ့သိရှိလာပြီးတော့ သူတို့ရဲ့အရေးကို စတင်လှုပ်ရှားလာတယ်။ အဲ့တုန်းကဆိုရင် သူတို့က ရေတွေ သောက်ရေတွေတောင်မရှိခဲ့ဘူးပေါ့နော်။ ဒီလိုမျိုး တဲအိမ်လေးနဲ့ သူတို့တောထဲမှာ ပုန်းပြီးတော့ သူတို့နေခဲ့ကြတာဖြစ်တယ်။ အဲ့မှာ ရဲတွေကလည်း သူတို့အိမ်တွေကိုမီးရှို့ပစ်လိုက် ဘာမျိုး သူတို့နေလာခဲ့ကြတဲ့အခါမှာ ဒီ ၂၀၀၅ မတိုင်ခင်တုန်းကပေါ့နော်။ ဆိုတော့ အဲ့မျိုး သူတို့က အဲ့လိုမျိုးဖြစ်လာတဲ့အခါမှာ သူတို့က စပြီးတော့ ချင်းတွေလုံခြုံရေးကို ဒုက္ခသည်အရေးကို သူတို့စပြီးတော့ အဲ့မှာ ဒီနိုင်ငံသားတချို့တွေရဲ့ကူညီ စတင်လှုပ်ရှားလာခဲ့ပြီးတော့ နောက်ဆုံးမှာ UNHCR ကိုလည်း report တွေပေး။ အဲ့အချိန်ကနေ စပြီးတော့ သူတို့က ချင်းဆိုတဲ့အခါမှာ တစ်ဖွဲ့တည်း မဟုတ်ဘူးဆိုတာ သူတို့သိလာတယ်။ သိလာတဲ့အခါမှာ နောက်ပိုင်းကျတော့ Alliance ဆိုတာ ချင်းတွေအားလုံးစုစည်းနိုင်မယ့်အဖွဲ့အစည်းဆိုပြီးတော့ သူတို့ကနေ စပြီးတော့ ဒီ Alliance ကို ၂၀၀၅ မှာ တရားဝင်စတင်ဖွဲ့စည်းခဲ့တာဖြစ်တယ် ဟုတ်တယ်။

RAIN:: ဟုတ်ကဲ့ပါ၊ ဆိုတော့ ဒီမလေးရှားမှာ ရောက်ရှိနေကြတဲ့ ဒီလက်ရှိ ချင်းဒုက္ခသည် တွေအနေနဲ့ပေါ့နော်၊ လက်ရှိအချိန်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ တရားဝင်အလုပ်လုပ်ပိုင်ခွင့် မရှိခြင်းတွေ၊ ပြီးတော့မှ ဒီကလေးသူငယ်တွေရဲ့ ပညာရေးအခွင့်အလမ်းမရှိခြင်းတွေပေါ့နော်၊ ပြီးတော့မှ ဒီတရားဝင်နေထိုင်ခွင့်အဆင့်အတန်းမရရှိခြင်းတွေ စတဲ့အချက်တွေပေါ်မှာ ဒီ Alliance of Chin Refugees (ACR) အနေနဲ့ ဘယ်လိုမျိုးကြားဝင်ဖြေရှင်းမှုမျိုးတွေ ပြုလုပ်ပေးနေတာမျိုးရှိလဲရှင့်။

 

James Bawi Thang Bik : ဟုတ်ကဲ့ ကျွန်တော်တို့ဒီ ပထမဆုံးအနေနဲ့ မလေးရှားမှာက ဒုက္ခသည်တွေရဲ့ အဓိကစိန်ခေါ်မှုပြောရမှာပေါ့နော်။ ဆိုတော့ ပထမဆုံးစိန်ခေါ်မှုကကျတော့ ဒီ legal protection issue လို့ခေါ်တယ်။ ဒီတရားဥပဒေဆိုင်ရာ ကာကွယ်မှုမရှိခြင်းက ကျွန်တော်တို့ရဲ့ ပထမဆုံးပြဿနာဖြစ်တယ်။ နံပါတ်တစ် ဘာကြောင့်လဲဆိုရင် သူတို့က ဒီမလေးရှားက ဒီ 1951 Refugee Convention ဆိုတဲ့ ဒီ ၁၉၅၁ ဒုက္ခသည်များဆိုင်ရာ အဖွဲ့ဝင်လည်း သူတို့မဟုတ်ဘူး။ အဖွဲ့အစည်းပုံအခြေခံဥပဒေထဲမှာပဲဖြစ်ဖြစ်၊ သူတို့ဒီ လဝကဥပဒေမှာပဲ ဖြစ်ဖြစ်၊ ဒီဒုက္ခသည်ဆိုတဲ့ စကားလုံးက သူတို့မရှိဘူး။ အဓိပ္ပာယ် သူတို့က ဒီဒုက္ခသည်ဆိုတဲ့ status ကို သူတို့က အသိအမှတ်မပြုထားတာဖြစ်တယ်။ ဆိုတော့ ဒီဒုက္ခသည်တွေကို သူတို့ သူတို့ရဲ့အမြင်က တရားမဝင် တရားမဝင်နိုင်ငံခြားသားတွေလိုပဲ မြင်တယ်ပေါ့နော်။ ဆိုတော့ သူများနိုင်ငံမှာ အထောက်အထားမဲ့ ခိုးဝင်တွေဖြစ်လာတဲ့အခါမှာ ကျွန်တော်တို့ကျတော့ ဘာပြောပြော အပြစ်မှုရှိပြီးသားပေါ့နော်။ သူတို့ အဲ့လိုမြင်တယ်။ ဒါက ပထမဆုံး အကြိမ်ဖြစ်တဲ့အခါမှာ အဓိကအဲ့ဒါကြောင့် ကျွန်တော်တို့ကနေ ACR ဘက်က ကျွန်တော်တို့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သူကဒီ ကျွန်တော်တို့ဒီ ဒုက္ခသည်ဆိုတဲ့ဟာပြောလာတဲ့အခါကျရင် ဒုက္ခသည်နဲ့ migrant နဲ့က ကွာတယ်။ ဆိုတော့ migrant နဲ့ ဒုက္ခသည်ကို ကျွန်တော်တို့က အခုဒီအစိုးရတွေအနေနဲ့ သူတို့သိရှိနားလည်နိုင်မယ့်ဟာကို ကျွန်တော်တို့က ပိုမို advocacy လုပ်တယ်။ သူတို့နဲ့ lobby လုပ်တယ်။ ဥပမာ ဒုက္ခသည်တွေနဲ့ ဒါနဲ့ migrant နဲ့ မတူဘူး။ ဒီဒုက္ခသည်ဆိုတာက လာချင်လို့လာတာမဟုတ်ဘဲနဲ့ ပိုက်ဆံရှာဖို့လာတာမဟုတ်ဘဲနဲ့ ကိုယ့်နိုင်ငံအတွင်းမှာ ဒုက္ခပြဿနာကြောင့် အသက်အန္တရာယ်တွေ ကြုံတွေ့ရတဲ့အတွက် ထွက်ပြေးလာတဲ့သူတွေဖြစ်တယ်။ ထွက်ပြေးလာတဲ့သူတွေနဲ့ ပိုက်ဆံရှာဖို့လာတဲ့သူနဲ့ ကွာတဲ့ဟာကို ကျွန်တော်တို့က အစိုးရတွေနဲ့သိရှိနားလည်နိုင်ဖို့နဲ့ လူသားချင်းစာနာ ထောက်ထားတဲ့ဟာတွေကို စဉ်းစားပေးဖို့ရယ်၊ ပြီးတော့ နောက်တစ်ခုက ဒီမလေးရှား ကကျတော့ ASEAN ရဲ့ chairman ဖြစ်လာတဲ့အခါမှာ ဒီဟာကိုအခွင့်အကောင်းသုံးပြီးတော့ သူတို့ကို ကျွန်တော်တို့က ဒီအဲ့ဒါဟာကို ACR အနေနဲ့က ဒီဒီပိုင်းမှာ ကျွန်တော်တို့က advocate လုပ်တယ်။ ပြီးတော့ တွေ့သင့်တွေ့ထိုက်တဲ့ stakeholder တွေ၊ ပြီးတော့ MP တွေ ကျွန်တော်တို့တွေ့တယ်။ ဒီဟာက ပထမဆုံး ကျွန်တော်တို့ဒီ legal challenge ပေါ့နော်၊ legal protection issue။ ပြီးတော့ အလုပ်အကိုင်ပိုင်းနဲ့ ကျွန်တော်တို့ပြန်သွားမယ်ဆိုရင် ဒုက္ခသည်တစ်ယောက် အထောက်အထားမရှိတဲ့သူတစ်ယောက်က အလုပ်လုပ်တယ်ဆိုရင် တရားမဝင်နိုင်ငံခြားသားတစ်ယောက်က အလုပ်လုပ်တယ်ဆိုရင် သူကအပြစ်ဖြစ်တယ်။ ဥပဒေချိုးဖောက်ရာရောက်တယ်။ ပြီးတော့ နောက်တစ်ခုက ဒီအဲ့ဒီသူဌေးကိုယ်တိုင် အဲ့ဒီအထောက်အထားမရှိတဲ့ ဒုက္ခသည်တစ်ယောက်ကို အလုပ်ခန့်တာကိုက သူကိုယ်တိုင် လည်း ဥပဒေကိုချိုးဖောက်တာဖြစ်တဲ့အတွက် ဒီမလေးရှားမန်မာမှာဆို သူတို့က တစ်သောင်း ကနေ ငါးသောင်းထိ သူတို့ဒဏ်ငွေရိုက်တာဖြစ်တယ်။ အဲ့သူဌေးတွေကိုလည်း။ ပြီးတော့ သူတို့တချို့ကံဆိုးရင်တော့ ထောင်ဒဏ်ပါ အချို့သူဌေးတွေဘာသူတို့ထောင်ဒဏ်ချပေးတာ ဖြစ်တယ်။ ဆိုတော့ ဒီမှာကျတော့ လက်နည်းနည်း challenge ဖြစ်တယ်။ ပြီးတော့ နောက်တစ်ခုက မလေးရှားမှာ ဥပဒေမှာကျတော့ နောက်တစ်ခုဘာရှိလဲဆိုရင် စီးပွားရေး ကဏ္ဍတစ်ခုထဲမှာ အလုပ်သမားက ၅၀ ရာခိုင်နှုန်းက နိုင်ငံသားဖြစ်ရမယ်ဆိုတာ ဥပဒေရှိ တယ်။ ဆိုတော့ ဒီ ၅၀ ရာခိုင်နှုန်းကို နိုင်ငံခြားသားအလုပ်သမားဖြစ်လို့ရတယ်ဆိုတဲ့ ဟာမျိုးရှိ တယ်ပေါ့နော်။ ဆိုတော့ အဲ့မှာနေပါ ကျွန်တော်တို့က ဒီဒုက္ခသည်နဲ့ပတ်သက်လာတဲ့အခါမှာ နည်းနည်းစိန်ခေါ်မှုရှိတယ်။ ပြီးတော့ နောက်တစ်ခုက ဒီဒုက္ခသည်တွေကျတော့ ဒီဥပမာ အလုပ်လုပ်ရင်တောင်မှ ကျွန်တော်တို့က နိုင်ငံသားတွေထက်ပိုပြီး လစာပိုနိမ့်ရတယ်။ သူတို့ကိုကျော်လို့မရဘူး။ အဲ့လိုမျိုးပုံစံရှိတယ်။ အဲ့လိုမျိုးဖြစ်တယ်။ ပြီးတော့ နောက်တစ်ခုက ဒီပညာရေးနဲ့သူတို့ပြန်သွားတဲ့အခါမှာ ဒုက္ခသည်ကို အသိအမှတ်မပြုလာတဲ့အခါမှာ ဒီကျွန်တော်တို့ရဲ့ကလေးတွေက အစိုးရကျောင်းကို တက်လို့မရဘူး။ ဆိုတော့ India နဲ့ နည်းနည်းတော့ကွာမယ်ထင်တယ်။ ဟိုဒင်းနဲ့ ဟိုအစောတုန်းက အဆိုတော်ဘက်တီနဲ့ တွေ့တယ် ကျွန်တော်တို့ အများကြီးသူကပြောပြတယ် India အခြေအနေပေါ့နော်။ ဆိုတော့ အရမ်းအားလည်းကျမိပါတယ်။ ဆိုတော့ ကျွန်တော်တို့ကျတော့ အဲ့မှာနည်းနည်း ကွာသွားတာဘာလဲဆိုရင်တော့ ကျွန်တော်တို့ကလေးတွေကျတော့ အစိုးရကျောင်းတက် လို့မရဘူး၊ college တက်လို့မရတဲ့အခါမှာ ခါကျတော့ ကျွန်တော်တို့ ACR နဲ့ဘယ်လိုလုပ် သလဲဆိုရင် ကျွန်တော်တို့မှာ ဒီဒုက္ခသည် refugee led သို့မဟုတ် refugee community based school ဆိုတာရှိတယ်။ ကျွန်တော်တို့ school လို့မသုံးဘူး။ ကျွန်တော်တို့ learning centre လို့ကျွန်တော်တို့ခေါ်တယ်။ ဆိုတော့ school ကကျတော့ သူက တကယ့်legitimize ဖြစ်တဲ့ဟာတွေမှာ ကျွန်တော်တို့ school လို့ခေါ်သုံးခွင့်ရှိတာပေါ့နော်။ ဆိုတော့ ကျွန်တော်တို့ကျတော့ ဒီ learning centre လို့ကျွန်တော်တို့ခေါ်တယ်။ ပေါ့ ဗမာလိုတော့ ဘယ်လိုဘာသာပြန်လဲတော့ မသိဘူးပေါ့နော်။ ဆိုတော့ အဲ့မှာ ကျွန်တော်တို့ ACR မှာကျတော့ ကျွန်တော်တို့မှာလည်း ဒီ ACR learning centre ဆိုတာရှိတယ်။ ဆိုတော့ အဲ့ဒီမှာကျွန်တော် တို့က အခုလက်ရှိက ကလေးတွေက ၆ နှစ်ကနေ ၁၉ နှစ်ထိ ဆိုတော့ ဥပမာ ဘယ်လိုပြောမလဲ ဥပမာ အတန်း ၁၂ တန်းထိ ကျွန်တော်တို့က သင်ပေးတာဖြစ်တယ်။ ဆိုတော့ အဲ့ထဲမှာ ကျွန်တော်တို့ ဒီလိုမျိုး ကိုယ့်ဒူးကိုယ်ချွန်ပြီးတော့ ကိုယ့်ဘာသာကိုယ် ဒီ informal education system လို့ကျွန်တော်တို့ခေါ်တယ်။ ဒီလိုမျိုးကျောင်းလည်း ကျွန်တော်တို့ကလေးတွေကို ကျွန်တော်တို့ဖွင့်ပေးထားတာဖြစ်တယ်။ ကျွန်တော်တို့ဒီ ဒုက္ခသည်ကျောင်းတွေက သူတို့နိုင်ငံရဲ့ syllabus သူတို့နိုင်ငံရဲ့ သင်ရိုးညွှန်းတမ်းကို ကျွန်တော်တို့သုံးလို့မရဘူး။ သူတို့က ကျွန်တော်တို့ကို သုံးခွင့်မပေးဘူး။ ပြီးတော့ uniform ကအစ သူတို့နဲ့တူလို့မရဘူး။ အဲ့လိုမျိုးပုံစံရှိတယ်။ ဆိုတော့ ကျွန်တော်တို့က ဘယ်လိုလုပ်သလဲဆိုရင် အဲ့ဒါဆိုရင် ဒီဥပမာ volunteer တွေ၊ ဒီစေတနာ့ဝန်ထမ်း ဒုက္ခသည်တွေကို နည်းနည်းစာတတ်တဲ့ ပညာတတ် ပညာရှိတွေ သူတို့ကနေ ကျွန်တော်တို့ဒီမှာ စေတနာ့ဝန်ထမ်းလာသင်ပေးတယ်။ သူတို့တွေနဲ့ ကျွန်တော်တို့ အတူတူပေါင်းပြီးတော့ ဒီလိုမျိုး syllabus ကို အခုဒီသင်ရိုးညွှန်းတမ်းကို အခုဘယ်သူဖန်တီးတယ်၊ ကိုယ့်သဘောနဲ့ကိုယ်ပဲထွင်တယ်။ အဲ့ဒါနဲ့ နောက်ပိုင်းကျတော့ အခု အာ ကျေးဇူးတော်ကြောင့်ပြောရမှာပေါ့နော်။ ဆိုတော့ ACR ကတော့ ဒီအဲဒါတွေကို နိုင်ငံတကာသင်ရိုးညွှန်းတမ်းမှာ ကျွန်တော်တို့လိုက်တယ်။ Cambridge ကိုများသောအားဖြင့် ကျွန်တော်တို့လိုက်တယ်။ အဲ့ Cambridge ကိုသုံးသုံးသုံးရင်းနဲ့ နောက်ဆုံးမှာအခုဆိုရင် IGCSE ဆိုတဲ့ ဒီ British၊ British ၁၀ တန်းပေါ့နော်၊ တက္ကသိုလ်ဝင်တန်း အဲ့ဒီဟာကို ကျွန်တော်တို့ ကလေးတွေက ဖြေလို့ရပြီ။ ဒါပေမဲ့ ဈေးကတအားကြီးတာဖြစ်တယ်။ အဲ့ဒီထဲမှာ ဒီတချို့ ကျောင်း၊ တက္ကသိုလ်ကျောင်းတစ်ကျောင်းတော့ ဒီကျွန်တော်တို့ Brickfields Asia College လို့ခေါ်တယ်။ ဒီကျောင်း တက္ကသိုလ်ကျောင်းတစ်ကျောင်း ဒီ private ကျောင်းဖြစ်တယ်။ သူကျတော့ ဒုက္ခသည်တွေကို လက်ခံပေးတာဖြစ်တယ်။ ဒါပေမဲ့ ဈေးနှုန်းက တအား ဈေးကြီးတာဖြစ်တယ်။ ဘာလို့လဲဆိုတော့ မိဘတွေက ရတဲ့ပိုက်ဆံက နည်းနည်းလေး။ ဒါပေမဲ့ ကလေးတွေက တက္ကသိုလ်တက်ဖို့ဆိုတာ သူတို့အတွက် တအားမလွယ်ဘူးဖြစ်တယ်။ ဆိုတော့ တအား challenge ဖြစ်တယ်ပေါ့နော်။ ဆိုတော့ အခုနောက်ပိုင်းကတော့ ကျေးဇူး တော်ကြောင့် ဒီအဲ့မှာ ကျွန်တော်တို့ဒီလိုမျိုး community ACR ရဲ့လှုပ်ရှားမှု၊ ACR ရဲ့ advocate၊ ACR ရဲ့ဒီဦးစားပေးမှုကြောင့် အခုဒီပညာရေးဘက်မှာ ဦးစားပေးမှုကြောင့် အခုနောက်ပိုင်းဆိုရင် ကျွန်တော်တို့ပြောလို့ရတာက ဘာလဲဆိုရင်တော့ ကျွန်တော်တို့ ဒုက္ခသည်ကလေးတွေက ဒီ secondary နဲ့ middle class level ဒီဒီ education system ထိကတော့ ကျွန်တော်တို့ဒီအလယ်တန်းနဲ့အထက်တန်းကိစ္စကတော့ သူတို့မှာစိန်ခေါ်မှု မရှိတော့ဘူး။ ဒါပေမဲ့ တစ်ခုရှိတာက ဘာလဲဆိုရင် တက္ကသိုလ် တက္ကသိုလ် level မှာကျတော့ တော်တော်လေးစိန်ခေါ်မှုရှိသွားပြီ။ India နဲ့နည်းနည်းတော့ကွာသွားတာပေါ့နော်။ ဆိုတော့ ဘက်တီအစောတုန်းက ဘက်တီနဲ့ကတော့ ကျွန်တော်တို့ကို ပြောပြတယ်။ သူကိုယ်တိုင် လည်း တက္ကသိုလ်တက်နေတယ်ဆိုတော့ ကျွန်တော်တို့က အားကျတာပေါ့နော်။ ဆိုတော့ ကျွန်တော်တို့ကလေးတွေ ဒီမှာကျတော့ အဲ့လိုမျိုးမရဘူး။ ဆိုတော့ ဒီလိုမျိုးနေရာမှာ ACR က မနည်းကြိုးစားရတယ်။ နေ့မနားညမအား ကျွန်တော်တို့အဲ့လိုမျိုးပုံစံ ဘယ်လိုမျိုးပုံစံ ကျွန်တော်တို့ကလေးတွေ ပညာရေး ကျွန်တော်တို့ဘယ်လို ဘာလဲ။ အခုဒီနေ့ဆိုရင် ကျွန်တော်တို့ဘယ်လိုလုပ်သလဲဆိုရင် တခြားနဲ့မတူတာက ဘာလဲဆိုရင် academic ပညာရေးကိုပဲ ဦးစားမပေးတော့ဘဲနဲ့ လက်မှုပညာကိုလည်း ကျွန်တော်တို့ဆက်ပြီးတော့ ထည့်လာပြီ။ ဘာလို့လဲဆိုတော့ ဒီကလေးတွေက IGCSE ကို တချို့အားလုံးမဖြေနိုင်ပါဘူး။ ဆိုတော့ သူတို့မိဘတွေက ပိုက်ဆံ၊ ဘာလို့လဲဆိုတော့ တစ်ဘာသာကို မလေးရှားရင်းဂစ် ရှစ်ရာပေးရတယ်။ အနည်းအဆုံး တစ်ဘာသာ၊ ဆိုတော့ သူတို့က ငါးဘာသာ ငါးဘာသာဖြေရမယ်ဆိုတော့ မိဘတွေက မတတ်နိုင်တော့ဘူး။ ဆိုတော့ တချို့များက ဒီ ၁၉ နှစ်သူတို့ဒီကျောင်းပြီးသွားရင် ဘာလုပ်ကြသလဲဆိုရင် အပြင်ထွက်ပြီး မိသားစုအတွက် ပိုက်ဆံရှာရတယ်။ ဆိုတော့ အဲ့အချိန်မှာ တစ်ခါတလေကျရင် ဘယ်လိုပြောရမလဲ ပညာရေးကို အင်္ဂလိပ်စကားပြောတတ်ရုံနဲ့မရတော့ဘူး။ လက်မှုက လိုအပ်လာပြီ။ ဆိုတော့ ဒီနေရာမှာ ကျွန်တော်တို့ဒီလက်မှုပညာ သူတို့ကိုလည်း ထည့်ပေးထားတယ်။ ဒါတော့ compulsory ဆိုပြီး ကျွန်တော်တို့လုပ်ပေးထားတာပေါ့နော်။ ဆိုတော့ အဲ့ဒီတစ်ခုက ကျွန်တော်တို့ ACR ဘက်ကနေ ကျွန်တော်တို့တစ်နိုင်တဲ့ဘက်ကနေ ဒီဟာတွေအားလုံး ကျွန်တော်တို့လုပ်ပေးတာပေါ့နော်။

 

RAIN:: ဟုတ်ကဲ့ပါ၊ ဆိုတော့ ဒီမလေးရှားအစိုးရနဲ့ UNHCR ရဲ့အကြား ဒီတရားဝင် ဆက်ဆံရေး ဒါမှမဟုတ်ရင် ပူးပေါင်းဆောင်ရွက်မှုအပိုင်းတွေမှာ အားနည်းချက်ရှိတယ် လို့လည်း သိရတယ်ပေါ့နော်။ ဆိုတော့ ဒီအခြေအနေပေါ်မှာရော ဒုက္ခသည်တွေအတွက် ဟို ဘယ်လိုမျိုးတိုက်ရိုက်သက်ရောက်မှုတွေရှိနေမလဲပေါ့။ ဒါ့အပြင် ဒီ UNHCR ရဲ့ ၂၀၁၄ နောက်ပိုင်းပြောင်းလဲလာတဲ့ ဒုက္ခသည်များပြန်လည်နေရာချထားရေး resettlement ပေါ့နော်။ resettlement ဆိုင်ရာမူဝါဒကရော လက်ရှိဒုက္ခသည်တွေရဲ့ အနာဂတ်ပေါ်မှာ ဘယ်လိုမျိုး ဟို အကျိုးသက်ရောက်မှုရှိနေမလဲရှင့်။

 

James Bawi Thang Bik : ဟုတ်ကဲ့ ကျွန်တော်တို့က UN နဲ့ အစိုးရကို ကျွန်တော်တို့က အမြဲတမ်း ဟာသအနေနဲ့ ကျွန်တော်တို့ပြောလေ့ရှိတာဘာလဲဆိုရင် အိမ်ထဲမှာနေတဲ့ အတူနေမတည့် လင်မယားလိုပေါ့နော်။ ဆိုတော့ ကျွန်တော်တို့က သူတို့ကို အဲ့လိုပဲမြင်တယ်။ တစ်ခါတလေ ကျရင် UN ဒီမလေးရှားအစိုးရကျတော့လည်း immigration ဘက်ကကျတော့လည်း သူတို့ကဘာလဲဆိုရင်တော့ ငါတို့ဒီ policy သီးသန့်ရှိပြီးသား၊ ငါတို့နိုင်ငံမှာ ဥပဒေ ငါတို့ဘာသာရှိပြီးသား၊ ဘာလို့ ပြည်ပနိုင်ငံကလာပြီးတော့ လာလွှမ်းမိုးနိုင်ရမလဲဆိုတဲ့ဟာမျိုး သူတို့မှာ mindset ရှိတယ်။ ပြီးတော့ ဒုက္ခသည်ကြီးနဲ့ပတ်သက်လာရင် ဒီမလေးရှားအစိုးရက ကျွန်တော်တို့ဒုက္ခသည်တွေကို သူတို့ရဲ့ဒီနိုင်ငံတော်လုံခြုံရေးကို ချိန်းခြောက်နေတဲ့အဖွဲ့ဆိုပြီး သူတို့က မြင်တယ်။ threat to national security ဆိုပြီးသူတို့မြင်တယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ဒီဒုက္ခသည်အရေးနဲ့ပတ်သက်လာရင် သူတို့က ဒီ Home Minister ဆိုတာ ဒီ Home Ministry ဒီပြည်ထဲရေးဝန်ကြီးအောက်မှာပဲ အမြဲတမ်းထားတာဖြစ်တယ်။ အဲ့ဒါကို လည်း အခု ကျွန်တော်တို့ ACR နဲ့တောင်းဆိုတာ ဘာလဲဆိုရင် ကျွန်တော်တို့ဒုက္ခသည်တွေက threat မဟုတ်ဘူး၊ အန္တရာယ်ကောင်တွေမဟုတ်ဘူး၊ ကျွန်တော်တို့က အကူအညီ လိုအပ်နေတဲ့သူတွေဖြစ်တယ်၊ ကျွန်တော်တို့ကို လူသားချင်းစာနာထောက်ထားမှုဌာန သို့မဟုတ် ဒီဖူလုံရေးဌာနအဲ့မျိုးပိုင်းမှာ ကျွန်တော်တို့ကို ထားပေးပါလား။ ကျွန်တော်တို့ အမြဲတမ်း advocate လုပ်တာဖြစ်တယ်။ ဆိုတော့ ပြီးတော့ အခုနောက်ပိုင်းကျတော့လည်း UN ကလည်း သူ့မှာလည်း သူ့ရဲ့ policy နဲ့သူသွားတယ်။ နိုင်ငံတကာ policy နဲ့သူသွားတယ်။ အခုဆိုရင် သူတို့နှစ်ယောက်ကြားထဲမှာ ဘာပြဿနာရှိသလဲဆိုရင် မလေးရှားအစိုးရက သူတို့ကို ဒီဒုက္ခသည်အချက်အလက်တွေအားလုံး ငါတို့ကိုပေးဆိုပြီးသူကတောင်းတယ်။ ဒါပေမဲ့ UN ကနေလည်း ခင်ဗျားတို့က ဒီဒုက္ခသည်အချက်အလက်ကိုရချင်တယ်ဆိုရင် ၁၉၅၁ နိုင်ငံတကာဒုက္ခသည်များဆိုင်ရာအဖွဲ့အစည်းမှာ အဖွဲ့ဝင်အရင်ဆုံးလုပ်၊ လက်မှတ်ထိုး၊ အဲ့ဒါပြီးမှ ကျွန်တော်တို့ပေးလို့ရမယ်၊ ဒါလက်မှတ်မထိုးရင် အဖွဲ့ဝင်မဖြစ်တဲ့နိုင်ငံတွေကနေ ဒီမျိုးဒုက္ခသည်တွေရဲ့အချက်အလက်ကို သိလို့မရဘူးဆိုတဲ့ဟာမျိုးဖြစ်လာတယ်။ ဆိုတော့ သူတို့က အဲ့ဒီဒီနှစ်ခုကြားထဲမှာ clash ဖြစ်လာတယ်။ ပြီးတော့ နောက်တစ်ခုက ၂၀၁၉ August လကနေစပြီးတော့ မလေးရှားအစိုးရ Immigration ကနေလည်း ဒီလဝကကနေလည်း သူတို့ဘယ်လိုပုံစံပညာပြလာသလဲဆိုရင် UNHCR ကို သူတို့ရဲ့အကျဉ်းထောင်တွေမှာ သွားပြီးတော့ ဒုက္ခသည်တွေကို မှတ်ပုံသွားတင်ပြီးတော့ ထုတ်တာတော့ ဘာတော့ မလုပ်ခိုင်းတော့ဘူး။ ခွင့်မပြုတော့ဘူး။ အရင်တုန်းကတော့ ခွင့်ပြုတယ်။ အရင်တုန်းကဆိုရင် ကျွန်တော်တို့ချင်းတွေဆိုရင် လာတယ်။ ဟိုမှာ ဒီထောင်ထဲမှာနေတယ်။ အဲ့ဒါဆိုရင် UN ကိုပဲစောင့်မယ်ဆိုတဲ့ဟာတွေဆိုရင် သူတို့က UN ကနေသွားပြီးတော့ ဟိုဟာပေးတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း အဲ့ဒါတွေမရတော့ဘူး။ ဆိုတော့ မနေ့တစ်နေ့ကပဲ ကျွန်တော်တို့အစည်းအဝေးလုပ်တယ်။ သူတို့ပြောတာဘာလဲဆိုရင် ၂၀၂၄ October လကနေစပြီးတော့ အချုပ်ခန်းထဲမှာတောင် ကျွန်တော်တို့ကိုဝင်ခွင့်မပေးတော့ဘူးဆိုတဲ့ဟာ သူ UN က ပြောလာတယ်ဆိုတော့ ဟိုဘက်ကနေလည်း သူ့ရဲ့အာဏာနဲ့လုပ်ပိုင်ခွင့်ကို ပြတာပေါ့နော်။ ဆိုတော့ အဲ့တစ်ခုတော့ရှိတယ်။ ဒီနှစ်ဖွဲ့ကမတည့်လေလေ ဒုက္ခရောက်တာ ကျွန်တော်တို့က ပိုပြီးဒုက္ခရောက်သွားတာလည်းဖြစ်တယ်။ ဆိုတော့ သူကလည်း သူ့မှာလုပ်စရာရှိတာ ဆက်လုပ်သွားတာပေါ့နော်။ ဆိုတော့ တခြားတစ်ခု ကျွန်တော်ထပ် ပြောမယ်ဆိုရင်တော့မှာ UNHCR ဘက်ကနေလည်း သူ့ရဲ့ဒီဝန်ထမ်းတွေထဲမှာလည်း အခုနောက်ပိုင်းကျွန်တော်ကြည့်တဲ့အခါမှာ international staff တွေထက်စာရင် သူ့ရဲ့ပြည်တွင်း staff တွေက ပိုများလာတဲ့အခါကျတော့ ဒီပြည်တွင်းရဲ့ concern ကိုပဲ သူတို့များသောအားဖြင့် သယ်လာတာများတယ်။ UNHCR ရဲ့ဒီပြန်လည်နေရာချထားရေးနဲ့ ပတ်သက်လာရင် အခုနောက်ပိုင်းဆိုရင် နိုင်ငံတကာမှာကျတော့ ဥပမာ ဒီကျွန်တော်တို့ တစ်ကမ္ဘာလုံးစာရင် ကျွန်တော်တို့ကြည့်မယ်ဆိုရင် US က ဒုက္ခသည်တွေကို ယူတာအများ ဆုံးဆိုတော့ သူကနေပိတ်လိုက်တဲ့အခါကျတော့ အားလုံးအတွက် တော်တော်ထိတယ်။ ပြီးတော့ အခုဆိုရင် ဒီတတိယနိုင်ငံပြန်လည်နေရာချထားရေး တတိယနိုင်ငံသွားမယ့် portion က တအားနည်းသွားပြီ။ ဆိုတော့ Australia တို့ဘာတို့ယူတယ်ဆိုတာတွေကျတော့ သူတို့က US နဲ့နှိုင်းယှဉ်ဆိုရင် မပြောပလောက်လေးပဲ။ ဆိုတော့ အဲ့လိုမျိုးပုံစံရှိတယ်။ ဆိုတော့ US ကလုံးဝပိတ်ပြီဆိုရင်တော့ တစ်လတစ်လ ပုံမှန်သူတို့တွေနဲ့ဥပမာ ထောင်ဂဏန်းကနေ တစ်နှစ်ကို သောင်းဂဏန်းထိ သူတို့သွားနေတဲ့အချိန်မှာ ကျွန်တော်တို့ အခုနောက်ပိုင်း ဒါတွေအားလုံးပိတ်လိုက်တဲ့အခါကျတော့ ကျွန်တော်တို့အတွက်က တော်တော်လေး ဘယ်လို ပြောရမလဲ မလေးရှားမှာ တော်တော်လေးသောင်တင်သွားမယ့်ပုံစံမျိုးမှာရှိတယ်ပေါ့နော်။ ဆိုတော့ အခုဆိုရင် တချို့တော်တော်များများက Australia ဘက်မှာပဲလျှောက်ကြမလို၊ ဟိုဟာဘက်ပဲလျှောက်ကြမလိုဆိုတော့ အခုကက US ကလည်းပိတ်နေတဲ့အခါမှာကျတော့ ကျွန်တော်တို့က တော်တော်များများတော့ မျှော်လင့်ချက်ကမဲ့နေတယ်ပေါ့နော်။ ဆိုတော့ များသောအားဖြင့်ကတော့ ကျွန်တော်တို့ဒီမလေးရှားမှာပဲ ဘယ်နှနှစ်နေရမလဲ။ အားလုံးက ကျွန်တော်တို့နောက်ပြီးပြောတာဘာလဲဆိုရင်တော့ Trump ရှိတဲ့အချိန်ထိတော့ ဒီမှာတော့ အိမ် contract တွေကလည်းနည်းနည်းတိုးထားပေါ့။ ဆိုတော့ အဲ့ဒါက ကျွန်တော်တို့ နောက်လည်းရှိတယ်ပေါ့နော်။ ဆိုတော့ အဲ့ဒီပေါ် တော်တော်လေးတော့ထိထိနာသွားတာ ပေါ့နော်။ ပြီးတော့ နောက်တစ်ခုက အဲ့ဒီအပြင် funding ဖြတ်တဲ့ကိစ္စတွေကလည်း တော်တော်လေး ဒီဒုက္ခသည်အဖွဲ့အစည်းတွေအတွက်လည်း တအားထိတယ်ပေါ့နော်။ ဆိုတော့ ကလေးတွေအတွက်ဒီစားဝတ်နေရေးအတွက်ဆိုရင် ပိုက်ဆံကိုမနည်း fundraise ပြန်လုပ်ရတယ်။ ဟိုဘက်ဒီဘက်ပြန်ရှာရတယ်။ အဲ့လိုမျိုးပုံစံရှိတယ်၊ ဟုတ်ကဲ့။

 

RAIN:: ဟုတ်ကဲ့ပါ၊ ဆိုတော့ ဆရာတို့ဒီ ACR အဖွဲ့အစည်းက အဖွဲ့ဝင်တွေနဲ့ ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးတော့ တိကျတဲ့အတွင်းပိုင်း မူဝါဒစည်းမျဉ်းစည်းကမ်းတွေ၊ ကန့်သတ်ချက်တွေ ဒါမှမဟုတ်ရင်ပေါ့နော် ဟို လမ်းညွှန်ချက် တွေရှိပါသလားပေါ့နော်။ တကယ်လို့အဲ့ဒါမျိုးရှိခဲ့တယ်ဆိုလို့ရှိရင် အဲ့ဒီမူဝါဒတွေက ဒုက္ခသည် တွေရဲ့ အခွင့်အရေးလှုပ်ရှားဆောင်ရွက်တဲ့အခါမှာ ဘယ်လိုမျိုးအကျိုးသက်ရောက်မှုရှိနေ ပါလဲရှင့်။

 

James Bawi Thang Bik: ဟုတ်ကဲ့ ကျွန်တော်တို့ကဒီနိုင်ငံရေးခံယူချက်က လူတစ်ယောက်ရဲ့အခွင့်အရေး ဖြစ်တယ်။ ဆိုတော့ လူတစ်ယောက်ရဲ့ human right ဖြစ်တယ်။ သူတို့မှာ freedom of expression, freedom of political opinion ဆိုတာရှိတယ်။ ဒါပေမဲ့ တစ်ခုရှိတာကတော့ ကျွန်တော်တို့ ACR ကတော့ ဒုက္ခသည်အဖွဲ့အစည်းဖြစ်တယ်။ နိုင်ငံရေးအဖွဲ့အစည်း မဟုတ်ဘူး။ ဆိုတော့ ကျွန်တော်တို့ဒုက္ခသည်အဖွဲ့အစည်းဖြစ်တယ်၊ လူမျိုးအတွက်အခြေခံပြီး တော့ လုပ်တာဖြစ်တယ်။ အခု ကျွန်တော်တို့ ACR မှာဆိုရင် ချင်း ၁၇ ဖွဲ့ရှိတယ်။ အားလုံးက ဖလန်ရှိတယ်၊ မင်းတပ်ရှိတယ်၊ ဆဲင်ထန်း၊ လောက်တူး၊ မတူ၊ အားလုံး ကျွန်တော်တို့မှာ တောင်ပိုင်းမြောက်ပိုင်း မြေပြန့် အားလုံးဒီမှာစုံတယ်။ ဆိုတော့ ကျွန်တော်တို့ ဒီခေါင်းဆောင် ပိုင်းကတော့ လုံးဝနိုင်ငံရေးနဲ့ပတ်သက်လာရင်တော့ လုံးဝ bias လုပ်လို့မရဘူး။ ကျွန်တော်တို့ ရဲ့ဒီ opinion တောင်မှ အခုလူတွေရဲ့ စိတ်ဝမ်းကွဲမှာကို ကျွန်တော်တို့အရမ်းကြောက်တဲ့ အတွက် ကျွန်တော်တို့က နိုင်ငံရေးနဲ့ပတ်သက်လာရင် ကျွန်တော်တို့က neutral မှာ ကျွန်တော်တို့အမြဲတမ်းရပ်တည်နိုင်ဖို့ အရေးကြီးတယ်။ နောက်ပိုင်းအခုဆိုရင် ပိုဆိုးလာ တာက ဘာလဲဆိုရင် မြန်မာပြည်မှာနှစ်ဖွဲ့တွေကွဲလာတဲ့အခါကျတော့ တိုင်းရင်းသား လူမျိုးခြားတွေကြားမှာပဲဖြစ်ဖြစ်၊ နိုင်ငံခြားသားတွေကြားထဲမှာပဲဖြစ်ဖြစ်၊ ချင်း၊ ချင်း တော်လှန်ရေးကိစ္စပြောရင်တော့ ရှက်စရာလည်းကောင်းတယ်ပေါ့နော်။ ဆိုတော့ ကိုယ်ကလည်းမျက်နှာငယ်ရတာပေါ့။ ကိုယ်အချင်းချင်းတောင်မတည့်တဲ့ အခြေအနေမျိုးမှာ ဖြစ်နေတဲ့အခါကျတော့ ဒါပေမဲ့ ဘာပဲပြော ကျွန်တော်တို့က ဒီဒုက္ခသည်အဖွဲ့အစည်း ဖြစ်တဲ့အခါမှာ နိုင်ငံရေးနဲ့ပတ်သက်လာရင်တော့ ကိုယ့်လူတွေက သူတို့ကြိုက်တဲ့ဟာ သူတို့အားပေးပါစေ။ ဒါပေမဲ့ ကျွန်တော်တို့ခေါင်းဆောင်ပိုင်းမှာတော့ ဒုက္ခသည်ဖြစ်နေသ၍ ကျွန်တော်တို့က သူတို့ကိုကာကွယ်ပေးရမယ်။ ကျွန်တော်တို့ရဲ့တာဝန်ဖြစ်တယ်။ ဥပမာ ခင်ဗျားတို့လည်း အခုဆိုရင် ကျွန်တော်တို့ စီစီနဲ့ စီဘီလာ အဲမျိုးဟာတွေပေါ့နော် သူတို့မှာ အမျိုးမျိုးရှိတယ်။ အခု ကျွန်တော်တို့မှာ ဒီနိုင်ငံရေးတော်လှန်ရေးတွေ ပိုက်ဆံအလှူငွေ လာကောက်တဲ့အခါကျရင် ကျွန်တော်တို့မပေးဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ ဒီဘက်ပေးရင်လည်း ဟိုဘက်လည်းပေးရမယ်။ ဒီဘက်လည်းပေးရင်လည်း ဒီဘက် ပေးရမယ်ဆိုတာမျိုးဖြစ်တော့ ကျွန်တော်တို့ ကျွန်တော်တို့မှာကတော့ ဒုက္ခသည်ကိုပဲ ဦးစားပေးတယ်။ ကျွန်တော်တို့ ဒီ 1951 Refugee Convention ဥပဒေနဲ့အညီ၊ UNHCR ရဲ့ ရပ်တည်ချက်အတိုင်းပဲ ကျွန်တော်တို့က ဒီနိုင်ငံရေးနဲ့ဆိုရင် လုံးဝကင်းလွတ်တဲ့အဖွဲ့အစည်း ဖြစ်တယ်။ ဆိုတော့ အဲဒီဟာတော့ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောရမှာပေါ့နော်။ ဆိုတော့ ဒီဒုက္ခသည်နဲ့ပတ်သက်လာရင် ကျွန်တော်တို့က ဟိုဘက်အဖွဲ့လည်း ကျွန်တော်တို့ရဲ့ ACR၊ ACR ရဲ့ သားသမီးတွေပဲ။ ဟိုဘက်အဖွဲ့လည်း ကျွန်တော်တို့ ACR ရဲ့ သားသမီးတွေပဲ။ ဆိုတော့ ကျွန်တော်တို့က ACR မှာတော့ အားလုံးက အခုချိန်ထိတော့ ကျွန်တော်တို့က စည်းစည်းလုံးလုံးနဲ့နေတယ်။ ကျွန်တော်တို့မှာက အားလုံးက delegate ကိုယ်စားလှယ် နှစ်ယောက်စီ တစ်ဖွဲ့စီ ပို့ရတာဖြစ်တယ်။ အားလုံးလည်း ကျွန်တော်တို့ ပုံမှန်လည်း အခုချိန်မှာ ဒီ ACR နဲ့ ပတ်သက်လာရင် ACR အရေးမှာ ကျွန်တော်တို့မှာ စိတ်ဝမ်းကွဲမှုမရှိဘဲနဲ့ ဒီနေ့ဒီအချိန်ထိ ရပ်တည်လာတာ အခုဆိုရင် နှစ် ၂၀ တောင်ရှိသွားပြီ။ ဆိုတော့ ကျွန်တော်တို့ ဆက်လက်ပြီးတော့လည်း ရပ်တည်သွားမယ်လို့ ကျွန်တော်တို့တော့ မျှော်လင့်ထားတာ ပေါ့နော်။ ဆိုတော့ နိုင်ငံရေးနဲ့ပတ်သက်ရင် ကျွန်တော်တို့ very neutral ဖြစ်တယ်။ ဘာမှ ခွဲခြားဆက်ဆံမှုတွေမရှိဘူး။ ပြီးတော့ နိုင်ငံရေးရဲ့ influence လည်း မရှိဘူးပေါ့နော် ကျွန်တော်တို့ကျတော့ပေါ့နော်။ Humanitarian ကို ဦးစားပေးတဲ့အဖွဲ့အစည်း၊ လူမှုကို ဦးစားပေးတဲ့အဖွဲ့အစည်းဖြစ်တယ်။

 

RAIN: ဟုတ်ကဲ့ပါ။ မလေးရှားကို ရောက်ရှိနေကြတဲ့ ဒီချင်းဒုက္ခသည်တွေအနေနဲ့ မကြာခဏ ဒီဖမ်းဆီးထိန်းသိမ်းခံထားရမှုတွေ ကြုံတွေ့နေရတယ်လို့လည်း သိရတယ်ပေါ့ နော်။ ဆိုတော့ ဒီလိုမျိုးအခြေအနေမှာရော ACR အနေနဲ့ ဘယ်လိုမျိုး ကြားဝင်ဖြေရှင်းမှုတွေ ပြုလုပ်ပေးပါသလဲ ပေါ့လေ။ ဒီဒုက္ခသည်တွေအတွက် ဥပဒေရေးရာအကူအညီတွေနဲ့ ဒီတခြား လိုအပ်တဲ့ ကာကွယ်တွေရရှိဖို့ရော ဘယ်လိုမျိုး အဖွဲ့အစည်းတွေ၊ ဘယ်လိုကွန်ရက်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတာမျိုး ရှိပါသလဲရှင့်။

 

James Bawi Thang Bik: ကျွန်တော်တို့ ဒီဒုက္ခသည်အဖွဲ့အစည်းနဲ့ပတ်သက်လာရင်တော့ ကျွန်တော်တို့ ဒီ ACR နဲ့ပတ်သက်လာရင် ကျွန်တော်တို့ ACR လည်း ဒုက္ခသည်အဖွဲ့အစည်းဖြစ်တယ်။ ကျွန်တော်တို့လည်း ဒုက္ခသည်ပဲဖြစ်တယ်။ ဆိုတော့ ဒီ immigration က ဖမ်းဆီးရင် ကျွန်တော်တို့ကိုယ်တိုင်လည်း ကြောက်ရတဲ့ဟာတွေဖြစ်တယ်။ ဆိုတော့ ဒါပေမဲ့ တစ်ဖက်ကနေ ကျွန်တော်တို့ကွာတာက ဘာလဲဆိုရင် ကျွန်တော်တို့မှာ ကျွန်တော်တို့က သူတို့ခေါင်းဆောင်ဖြစ်လာတဲ့အခါမှာ လင်မယားဖမ်းဆီး ကြုံလာတဲ့အခါမှာကျတော့ ကျွန်တော်တို့လည်း တတ်နိုင်သလောက် ညှိပေးတယ်။ ဥပမာ လူကြီးတွေလွဲရင်တော့ ဥပမာ ကလေးသူငယ်တွေ ဖမ်းခံရတဲ့ဟာတွေဖြစ်လာရင်တော့ ရှေ့နေတွေကို ဖုန်းခေါ်ပေးတယ်။ ပြီးတော့ ဥပမာ ရဲတွေလည်း ACR နဲ့နဲ့ တတ်နိုင်သလောက် အပြောပေးတယ်။ ကျွန်တော်တို့မှာလည်း ရုံးဝန်ထမ်းတွေအားလုံးရှိတယ်ပေါ့နော်။ ဆိုတော့ တတ်နိုင်သလောက် ကျွန်တော်တို့ အဲဒီဘက်ကနေတော့ ဒီ ညှိသင့်သလောက် ကျွန်တော်တို့ ညှိတယ်။ ဒါပေမဲ့ တစ်ခုရှိတာကတော့ အဖမ်းအဆီးနဲ့ပတ်သက်လာရင် ကျွန်တော်တို့ဒီမှာ အဖမ်းအဆီးကို နှစ်မျိုးနှစ်စားနဲ့ ခွဲတယ်။ ရဲဖမ်းတာနဲ့ လဝကဖမ်းတာနဲ့က ကွာတယ်ပေါ့နော်။ ဆိုတော့ ရဲဖမ်းတဲ့ဟာတွေကျတော့ နည်းနည်းညှိလို့ရတယ်။ ဒါပေမဲ့ လဝကကျတော့ သူတို့က ညှိလို့မရဘူးပေါ့နော်။ ချက်ချင်းမြန်မာပြည်ပြန်ပို့ဆိုတဲ့ဟာမျိုးပေါ့နော်။ ဆိုတော့ အဲဒီလို မျိုးမှာကျတော့ ကျွန်တော်တို့လည်း မြန်မာပြည်ပြန်မပို့နိုင်မယ့်နည်းလမ်းကို ကျွန်တော်တို့ အမြဲတမ်းရှာတယ်။ အခုလည်း ဘယ်လိုပြောမလဲဆိုရင် ကျွန်တော်တို့ဒီ NGO တွေနဲ့နဲ့ ဒီ pre-deportation SOP ဆိုတဲ့ဟာကို ကျွန်တော်တို့အခု draft ဆွဲနေတယ်ပေါ့နော်။ ဒီ immigration အဖွဲ့အစည်းကို ကျွန်တော်တို့တွေနဲ့ မဖမ်းနဲ့ဆိုတာတော့ ပြောလို့မရဘူး။ ဖမ်းပါ။ ဒါပေမဲ့ တစ်ခုရှိတာက မြန်မာပြည်ပြန်ပို့တဲ့အခါကျရင်တော့ ဒီနေရပ်ပြန်ပို့တဲ့ အခါကျရင် မြန်မာဒုက္ခသည်တွေကိုကျတော့ နည်းပါးသက်ညှာပေးဖို့ဆိုတဲ့ SOP တစ်ခုကို ကျွန်တော်တို့က ဆွဲထားတဲ့ဟာရှိတယ်ပေါ့နော်။ ဆိုတော့ အဲဒါလည်း ကျွန်တော်တို့ အခုလက်ရှိ NGO တွေနဲ့ ကျွန်တော်တို့ ဖိအားပေးနေတာဖြစ်တယ်။ ဆိုတော့ အဓိကကတော့ ကျွန်တော်တို့ဘက်ကနေတော့ ကိုယ်တတ်နိုင်တဲ့အတိုင်းအတာအထိတစ်ခုကို ကျွန်တော်တို့ လုပ်ပေးတယ်။ ညှိနှိုင်း၊ ဒီ mediation level လောက်ကတော့ ကျွန်တော်တို့ လုပ်ပေးတယ်ပေါ့နော်။ ဒါပေမဲ့ သူတို့နဲ့ အဲလိုပြောလို့လည်း တစ်ရာမှာတစ်ရာ အားမခံ၊ လွှတ်မယ်ဆိုတာတော့ မဟုတ်ဘူးလေနော်။ ဆိုတော့ တတ်နိုင်သလောက်ဆုံးတော့ ကျွန်တော်တို့လည်း လုပ်ပေးပါတယ်၊ ဟုတ်ကဲ့။

 

RAIN: ဟုတ်ကဲ့ပါ။ ဒီဒုက္ခသည်တွေအနေနဲ့ နိုင်ငံရေးမှာ မပါဝင်ရဘူးဆိုတဲ့ တားမြစ်ချက် မျိုးပေါ့နော်။ UNHCR အနေနဲ့ရော၊ ဒီဆရာတို့ ACR အနေနဲ့ရော တရားဝင် ထုတ်ပြန် ထားတာမျိုး ရှိလားပေါ့လေ။ တကယ်လို့များ ဒီလို နိုင်ငံရေးမှာ မပါဝင်မပတ်သက်ရဘူးဆိုတဲ့ ထုတ်ပြန်ချက်မျိုး ရှိခဲ့တယ်ဆိုလို့ရှိရင် ဒါက ACR ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ ဒုက္ခသည်တွေရဲ့ နိုင်ငံရေးဆိုင်ရာ ဒီအခွင့်အရေးအတွက် ထုတ်ဖော်ပြောဆိုတဲ့အပေါ်မှာ ဘယ်လိုမျိုး အကျိုးသက်ရောက်မှုရှိနိုင်မလဲပေါ့နော်။ ပြီးတော့မှ ဒီဒုက္ခသည်တွေအနေနဲ့ရော သူတို့ရဲ့ နိုင်ငံရေးခံယူချက်နဲ့ အခွင့်အရေးအတွက် ရပ်တည်တဲ့အခါမှာ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါသလဲရှင့်။

 

James Bawi Thang Bik: နိုင်ငံရေးပါဝင်ဖို့ဆိုတာ ပြောလာတဲ့အခါကျရင် နိုင်ငံရေးနဲ့ လက်နက်ကိုင် support တာနဲ့ ကွာတယ်နော်။ အဲဒီတစ်ခုတော့ ကျွန်တော် ခွဲစေချင်တယ်။ ဆိုတော့ နံပါတ်တစ်၊ နိုင်ငံရေးမှာကျတော့ ဒီနိုင်ငံရေးရဲ့ ပါဝင်မှုဆိုတာက လူတစ်ယောက်ရဲ့ ရွေးချယ်မှုဖြစ်တယ်။ ဒါတော့ ပါဝင်လို့ရတယ်။ ဒါပေမဲ့ အဓိကက ကိုယ့်ရဲ့ host country ပေါ်မှာမူတည်မယ်။ ဒီလက်နက်ကိုင်ကို ထောက်ပံ့တဲ့ဟာကျတော့ ဒါကတော့ နိုင်ငံရေး လို့ပြောမလား၊ သို့မဟုတ် ဒါကတော့ နိုင်ငံရေးလိုလည်း ပြောလို့မရဘူးနော်။ ဆိုတော့ လူတစ်ယောက်က ဥပမာ ECHR ရဲ့ ဒီ ဥပမာ European Union Human Rights ရဲ့ သူတို့ရဲ့ ဖော်ပြချက်မှာလည်း ဒါကတော့ လူတစ်ယောက်ရဲ့ ရွေးချယ်ပိုင်ခွင့်ဖြစ်တယ်။ နိုင်ငံရေး မှာတော့ ဘယ်သူမဆို ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေးမှာ ကိုယ်ကပါလို့ရတယ်။ ဒါပေမဲ့ ကိုယ်နေတဲ့ ကိုယ့်ကိုလက်ခံနေတဲ့ သူ့နိုင်ငံရဲ့ နိုင်ငံရေးကို သွားမရှုပ်မိစေနဲ့ပေါ့နော်။ ဆိုတော့ အဲဒီတစ်ခုတော့ သတိထားရမယ်။ ဆိုတော့ ဒါပေမဲ့ တစ်ခုရှိတာ လက်နက်ကိုင်ကို ထောက်ပံ့တဲ့ဟာတွေကျတော့ ဒါကတော့ another issue ဖြစ်သွားပြီ။ ဒီ refugee တစ်ယောက်ဖြစ်လာတဲ့အခါမှာ UNHCR ကိုယ်တိုင်ကလည်း ခုနက ဘာဖြစ်လို့နှစ်ပိုင်း ရှိလာတာလဲဆိုရင် ကျွန်တော်တို့လွန်ခဲ့တဲ့တုန်းကဆို interview လုပ်တဲ့အချိန်မှာ မြန်မာပြည်က လက်နက်ကိုင်တွေကိုရော မင်းထောက်ပံ့ဖူးလားဆိုတဲ့ဟာမျိုး မေးဖူးတယ်။ မေးတဲ့မေးခွန်းတွေ ရှိလာတယ်။ ပြီးတော့ နောက်တစ်ခု မင်းတို့ မြန်မာပြည်က လက်နက်ကိုင်တွေ နာမည်ပါတဲ့အင်္ကျီကိုဝတ်ပြီးတော့ မင်းတို့မြို့ထဲမှာ လျှောက်သွား၊ ဟိုသွားဒီသွား၊ ငါတို့နိုင်ငံက မသိရင် လက်နက်ကိုင်တွေကိုပဲ လက်ခံနေသလိုဖြစ်နေတယ် ပေါ့နော်။ ဆိုတော့ ဒါတွေမလုပ်ပါနဲ့။ ခင်ဗျားတို့ကို ISIS ကိုထောက်ပံ့တဲ့သူတွေကို ငါတို့ဖမ်းသလိုမျိုး ခင်ဗျားတို့ကို ဖမ်းလို့ရတယ်။ ခင်ဗျားတို့ လက်နက်ကိုင်တွေက အစိုးရ မဟုတ်သေးဘူးဆိုတာ ခင်ဗျားတို့သိထားပါ။ ဆိုတဲ့ဟာကို သူတို့က မလေးရှားရဲ ကိုယ်တိုင် လည်း ပြောထားတာဖြစ်တယ်။ ဥပမာ UNHCR ကိုယ်တိုင်ကလည်း ဒါကတော့ သိပ်အားမပေးဘူးပေါ့နော်။ ဒီလက်နက်ကိုင်ကို ကူညီတဲ့ဟာကျတော့။ အဲဒီတစ်ခုတော့ ရှိတယ်။ ဒါပေမဲ့ ဒီနိုင်ငံရေးနဲ့ပတ်သက်လာတဲ့အခါမှာ နိုင်ငံရေးပါဝင်မှုဘက်၊ နိုင်ငံရေးဘက်မှာ နည်းနည်းပြောလာတဲ့ဟာတွေကျတော့ ဒါတော့ ကိစ္စမရှိပါဘူး။ ဒီနိုင်ငံရေးဥပမာ ဒီမိုကရေစီ ကိစ္စတို့ ဘာတို့ကိစ္စမှာတော့။ ဒါပေမဲ့ တစ်ခုရှိ အဲဒါမှာ ကျွန်တော်တို့နည်းနည်းတော့ ဟိုဟာဖြစ်၊ နည်းနည်းခွဲစေချင်တယ်ပေါ့နော် ဒီနှစ်ခုမှာ။ ဆိုတော့ နောက်တစ်ခုက UNHCR သူကိုယ်တိုင်ကလည်း ဒီဒုက္ခသည်တွေကို သူတို့အသိအမှတ်ပြုတွေလုပ်တဲ့အခါမှာလည်း သူက အရမ်းသတိထားတယ်။ ဘာဖြစ်လို့လဲဆိုရင် နောက်တစ်ခု တချို့ case တွေကျတော့ ဥပမာ၊ အား သူတို့ဟိုဘက်မှာ လူသတ်လို့ ထွက်ပြေးလာတယ်။ ဝရမ်းပြေးဖမ်းခံထားရတယ်။ ဆိုတော့ လူသတ်လို့ထွက်ပြေးလာတဲ့သူက ဒုက္ခသည်လား၊ သို့မဟုတ် ရာဇဝတ်သားလား။ အဲဒါကျွန်တော်တို့ ခွဲခြားတတ်ဖို့လိုတယ်။ ဆိုတော့ ရာဇဝတ်သားကို ဒုက္ခသည်အနေနဲ့ ကျွန်တော်တို့ လက်ခံလို့မရဘူး။ ရာဇဝတ်သားက ရာဇဝတ်သားပဲဖြစ်တယ်။ ဆိုတော့ အဲဒီဟာကို ကျွန်တော်တို့က နားလည်ထားဖို့လိုတယ်။ နားလည်ထားဖို့လိုအပ်တယ်ပေါ့နော်။ ဆိုတော့ အရင်တုန်းကလည်း သူတို့ဒီအစိုးရနဲ့ ဒီ UNHCR နဲ့ သူတို့ကြားမှာလည်း တချို့ အရင်တုန်းက conflict တစ်ခုရှိခဲ့ဖူးတာ ဘာလဲဆိုရင် ခင်ဗျားတို့က သူတို့ background ကို ခင်ဗျားတို့မသိဘဲနဲ့ register လုပ်လိုက်တယ်။ တချို့ဟာတွေ ရာဇဝတ်သားတွေ အများကြီး ရှိတယ်။ ဆိုတဲ့ဟာမျိုးပေါ့နော်။ ဆိုတော့ ရာဇဝတ်သားကို ဒုက္ခသည်အနေနဲ့ ခင်ဗျားတို့လက်ခံ တယ်။ လျှောက်လွှာမှတ်ပုံတင်တွေလုပ်ပေးတယ်။ ဆိုတဲ့ဟာမျိုး၊ နိုင်ငံတကာက ကာကွယ်ပေးနေတယ်ဆိုတဲ့ဟာမျိုးပေါ့နော်။ ဆိုတော့ သူတို့လည်း တစ်ခါတစ်လေကျရင် အဆူအဆဲခံရတဲ့ဟာတွေရှိတယ်ပေါ့နော်။ နိုင်ငံရေးနဲ့ပတ်သက်လာရင်တော့ ပါဝင်လို့ရပါ တယ်။ ဒါပေမဲ့ တစ်ခုရှိတာ လက်နက်ကိုင်ကို ထောက်ပံ့မယ့်ကိစ္စမှာတော့ နည်းနည်းတော့ သတိထားစေချင်တယ်။ ဒါကတော့ ကွာတယ်ပေါ့နော်။ ဆိုတော့ အဲဒီတစ်ခုတော့။ အခု အဲဒီဟာလည်း ကျွန်တော်တို့ဒီလူထုကိုလည်း ကျွန်တော်အမြဲတမ်းပြောနေတဲ့ဟာဖြစ်တယ်။ ဆိုတော့ ဟိုတစ်ခါတုန်းက ကျွန်တော်တို့ရဲတွေနဲ့တွေ့တဲ့အခါမှာလည်း ကျွန်တော်တို့ အဲဒီကိစ္စလည်း ကျွန်တော်တို့ဒီ page မှာလည်း ကျွန်တော်တင်ထားတယ်ပေါ့နော်။ ဆိုတော့ ကျွန်တော်တို့ရဲ့ ဒီအချက်ကတော့ လက်ရှိ ကျွန်တော်တို့ရဲ့ ဒီမလေးရှားရဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက် လာရင်တော့ အဲဒါပါပဲ။

 

RAIN: ဟုတ်ကဲ့ပါ။ ဒီ ACR အနေနဲ့ပေါ့နော်၊ ဒီအမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြီးတော့ ဒီအခြားတော်လှန်ရေးအင်အားစုတွေနဲ့ရော ဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပါသလဲ ပေါ့နော်။ ဒီအထူးသဖြင့် မြန်မာနိုင်ငံအတွင်းက ဒီပြည်တွင်းမှာရှိနေကြတဲ့ မြန်မာပြည်သူတွေအတွက် လူသားစာနာထောက်ထားမှု ရရှိရေးလုပ်ငန်းတွေနဲ့ ဒီဟို အခြားသော ဒီနိုင်ငံတကာထောက်ခံမှုရရှိရေးလုပ်ငန်းတွေမှာရော ဟို ဘယ်လိုမျိုးတွေ ဘယ်အခန်းကဏ္ဍကနေပြီးတော့မှ ဟို ပါဝင်နေပါသလဲရှင့်။

 

James Bawi Thang Bik: ACR ကျတော့ အစက ကျွန်တော်ပြောသလိုပဲ ဒီခေါင်းဆောင်ပိုင်းတွေ ဥပမာ တချို့တွေဆိုရင်လည်း ခေါင်းဆောင်တွေ သူတို့ သူ့နယ်မြေအသီးသီးမှာတော့ သူတို့ဒီလှုပ်ရှားမှုတွေတော့ ရှိမှာပါ။ ဒါပေမဲ့ ဒါကတော့ သူတို့အပိုင်းဖြစ်သွားပြီပေါ့နော်။ ဆိုတော့ နိုင်ငံရေးဘက်မှာ သူတို့ဘယ်လိုလှုပ်ရှားလဲ။ ဒါပေမဲ့ ACR ဆိုတဲ့နာမည်နဲ့တော့ ကျွန်တော်တို့ ဒီ NUG တို့နဲ့ ဘာတို့နဲ့ ကျွန်တော်တို့ ချိတ်ဆက်တာတို့ ဘာတို့မရှိဘူး။ ဒီတော်လှန်ရေးမှာ ACR ရဲ့နာမည်နဲ့ ပါဝင်တာလည်း ကျွန်တော်တို့မရှိဘူး။ ဘာဖြစ်လို့လဲ ဆိုရင် ကျွန်တော်တို့ပြောသလိုပဲ ဆရာမ ခုနက ကျွန်တော်တို့ကျတော့ ဒီဒုက္ခသည် အဖွဲ့အစည်းဖြစ်တယ်။ ဆိုတော့ ဒုက္ခသည်တွေကိုပဲ ကျွန်တော်တို့ဒီ humanitarian အလုပ်ကိုပဲ ကျွန်တော်တို့ကြည့်ရမှာဖြစ်တယ်။ ဥပမာ တစ်ခါတစ်လေကျ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဥပမာ တစ်ခါတစ်လေကျ ဒီ NUG ဝန်ကြီးတွေနဲ့တွေ့တဲ့အချိန်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေကျရင် ဒါ အဖွဲ့အစည်းနဲ့တွေ့တာမဟုတ်ဘူး။ အဖွဲ့အစည်းနဲ့ ကျွန်တော်တို့ချိတ်ဆက်တာမဟုတ်ဘူး။ အဖွဲ့အစည်းနာမည်နဲ့ ကျွန်တော်တို့လုပ်တာ မဟုတ်ဘူး။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးရာ ပုဂ္ဂိုလ်ရေးအရနဲ့ သိတာတို့၊ ဥပမာ ပြောမိတာတို့၊ စကားပြောတာတို့ ဘာတို့တော့ရှိတယ်ပေါ့နော်။ ဆိုတော့ ကျွန်တော်တို့ဒီအဆင့်လောက်ပဲ ကျွန်တော်တို့သွားနိုင်တာဖြစ်တယ်။ ပြီးတော့ နောက်တစ်ခု မြန်မာနိုင်ငံ၊ မြန်မာပြည်တွင်းက humanitarian အရေးက ကျွန်တော်တို့ ACR ရဲ့ အနေနဲ့က လှမ်းမမှီနိုင်တဲ့အရာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ဒီမလေးရှားမှာကိုယ်တိုင်တောင်မှ ကျွန်တော်တို့ဒီ မလုံ လောက်ဘူး။ ဆိုပြီးတော့ပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဒီ ကိုယ့်မိသားစုအတွင်းတောင်မှ ကျွန်တော်တို့က ဖူလုံအောင် ကျွန်တော်တို့မထားနိုင်သေးဘူးပေါ့နော်။ ဆိုတော့ ကျွန်တော်တို့ အဲဒီကိစ္စကို ကျွန်တော်တို့အာရုံစိုက်ပြီးတော့ ကျွန်တော်တို့လုပ်နေတဲ့အချိန်မှာ ဟိုးအဝေး ကြီးမှာရှိတဲ့ ကိုယ့်အမျိုးတွေ သွားကြည့်ဖို့ဆိုတာကတော့ နည်းနည်းတော့ ခက်သေးတယ် ပေါ့နော်။ ဆိုတော့ ကိုယ့်မိသားစုအတွင်းမှာရှိနေတဲ့ မိသားစုတောင်မှ ကိုယ်မကြည့်နိုင်သေးတဲ့ အချိန်မှာပေါ့။ ဆိုတော့ လုံလောက်အောင် ကျွန်တော်တို့မကြည့်နိုင်သေးတဲ့အချိန်မှာ ဆိုတော့။ ပြီးတော့ နောက်တစ်ခု ဒီ ဟုတ်တယ် နိုင်ငံရေးမှာပတ်သက်ရင်လည်း ကျွန်တော်တို့ ပြောသလိုပဲ ဒီခေါင်းဆောင်တိုင်းကလည်း သူတို့ရဲ့ မိခင်အဖွဲ့အစည်းအသီးသီးမှာ ရပ်ရေး ရွာရေးကနေတဆင့် ပါဝင်တာတော့ ကျွန်တော်တို့မသိဘူး။ ဒါပေမဲ့ ACR နာမည်နဲ့တော့ ကျွန်တော်တို့နဲ့ပါဝင်တာတော့ မရှိဘူးပေါ့နော်။ ဆိုတော့ NUG နဲ့ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်၊ တခြား ဘယ်တော်လှန်ရေးနဲ့ပဲဖြစ်ဖြစ် ကျွန်တော်တို့ဒီ ACR နာမည်နဲ့ ကျွန်တော်တို့တွေနဲ့က ချိတ်ဆက်တာမရှိဘူး။ ဟုတ်ကဲ့။

 

RAIN: ဟုတ်ကဲ့ပါ။ လောလောဆယ် ဒီလက်ရှိအခြေအနေကတော့ ဒီမြန်မာနိုင်ငံ အတွက်ဆိုလို့ရှိရင် ဒါ တော်လှန်ရေးကာလပေါ့နော်။ ဆိုတော့ ဟို တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ ဒီမြန်မာနိုင်ငံ၊ ဒီမြန်မာ့တော်လှန်ရေးတင်မက၊ အခြားသောတော်လှန်ရေး သမားတွေမှာတင်မကဘူး။ အဓိကအနေနဲ့ပေါ့လေ၊ ကျွန်မတို့ချင်းတော်လှန်ရေး၊ ချင်းလက်နက်ကိုင်တွေကြားမှာ နိုင်ငံရေးအမြင်တွေအရ သဘောထားကွဲလွဲမှုလေးတွေ ကြုံတွေ့နေကြရတယ်ပေါ့နော်။ ဆိုတော့ ဒီအပေါ်မှာ ဆရာ့အနေနဲ့ ဒီထက်ပိုပြီးကောင်းတဲ့ အနာဂတ်၊ ဟို ကျွန်မတို့ ဒီတော်လှန်ရေးအောင်မြင်ဖို့ရန်အတွက် ဟို ပိုကောင်းတဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်သင့်တယ်လို့ ဆရာ့အနေနဲ့ အကြံပေးချင်ပါ သလဲရှင့်။

 

James Bawi Thang Bik: လူမျိုးဂုဏ်သိက္ခာကိုထိန်းတဲ့အနေနဲ့တော့ ကျွန်တော်တို့ တစ်ဖွဲ့တည်းတော့ သွားစေချင်တယ်။ ဒါကတော့ ဘာဖြစ်လို့လဲဆိုရင် ပြည်တွင်းက အဖွဲ့တွေဖက်ဆို ကိုယ့်မာနနဲ့ကိုယ်ပြိုင်နေတဲ့ဟာတွေကျတော့ ပြည်ပမှာရောက်နေတဲ့ ကျွန်တော်တို့အတွက် လည်း မျက်နှာပျက်ရတယ်။ အရှက်ရရတယ်။ ဘာဖြစ်လို့လဲဆိုရင် ဘာပြောပြော ကျွန်တော်တို့ဟိုသွားဒီသွားလုပ်သွားတဲ့အခါကျရင် နိုင်ငံရေးအကြောင်းတော့ ပြောနေရတာ ကြီးပဲလေနော်။ ဆိုတော့ ချင်းအရေးဖြစ်လာပြီဆိုရင် အား မင်းတို့တွေက ဒီလိုတွေခွဲတယ်၊ ချင်းချင်းပဲ ဘာရင်းဘာရင်းဖြစ်၊ ဆိုတော့ တစ်ခါတစ်လေကျရင် အဲဒီကိစ္စ ကြားရတာလည်း ရှက်တယ်ပေါ့နော်။ ဆိုတော့ ပြီးတော့နောက်တစ်ခုက ကျွန်တော်တို့မှာက ဘယ်နှစ်နှစ် တောင်ရှိပြီလဲ ကျွန်တော်တို့ အတူတကွနေလာခဲ့ကြတာပေါ့နော်။ ဆိုတော့ ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင် ရန်ကုန်မှာနေတာတုန်းကလည်း ချင်းဆိုရင် တစ်ဖွဲ့တည်းပဲ ကိုယ်ကထင်တာ။ မလေးရှားရောက်မှပဲ ဘာချင်းညာချင်းဆိုတာ နည်းနည်းနားလည် လာတာပေါ့နော်။ ဆိုတော့ ရန်ကုန်မှာကျောင်းတက်တဲ့အချိန်မှာလည်း ဥပမာ အားလုံးရဲ့ အမြင်မှာ ချင်းက ချင်းပါပဲ။ ပေါ့နော်။ ဆိုတော့ အဲဒီလိုမျိုး spirit လေးကို ကျွန်တော်တို့က ပြန်မြင်ချင်တယ်။ ပြန်လိုချင်တယ်။ အဲဒါကလည်း တစ်မျိုးသားလုံးရဲ့ လိုချင်တဲ့ဟာလည်း ကျွန်တော်တို့ဖြစ်မယ်လို့ ကျွန်တော်တို့မျှော်လင့်တယ်။ ဘာဖြစ်လို့လဲဆိုရင် အဲဒါကျတော့ အခုချိန်မှာတော့ ဖြစ်နိုင်မယ်ဆိုရင် တစ်မျိုးသားလုံးရဲ့ ဂုဏ်သိက္ခာ၊ အားလုံးက ကိုယ့်ပြည်သူလူထုအတွက် ကိုယ်လုပ်ပါတယ်။ ပြည်သူလူထုအတွက် ကိုယ်အစိုးရပါ ဆိုပြီးတော့ အားလုံးက ပြောနေ၊ ပြောနေမယ်ဆိုရင်လည်း တည့်အောင်လုပ်ပေးကြပါ။ ကျွန်တော်တို့အတွက်လည်း စကားပြောရတာ ပိုပြီးလွယ်တယ်။ ပြီးတော့ ပေါင်းစည်းရင် ကျွန်တော်တို့ရဲ့ အင်အားကလည်း ပိုတောင့်မယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ ကူညီမှုလည်း ပိုပြီးတော့ စုစုစည်းစည်း ဖြစ်လာမယ်လို့ ကျွန်တော်တို့မြင်တယ်။ ပြီးတော့ ခရီးလည်း ပိုမြန်မယ်လို့ ကျွန်တော်၊ ကျွန်တော်တို့က မြင်တယ်။ ဆိုတော့ အခုက ဟိုမှာကွဲနေတယ်။ ဥပမာ တစ်ယောက်က တစ်ဖက်တစ်လမ်း၊ တစ်ဖက်တစ်လမ်းနဲ့ သွားနေတဲ့အခါကျတော့ အခုက ကျွန်တော်တို့က ဘယ်လိုပြောမလဲဆိုရင် လင်မယားအိမ်ခွဲ နေသလိုမျိုးပုံစံ ဖြစ်နေတယ်ပေါ့နော်။ ဟိုဟာလည်း မာနမလျှော့၊ ဒီဟာလည်း မာနမလျှော့နဲ့ဆိုတော့ ဘယ်သူခံရလဲ။ သားသမီးတွေက ခံရတာဖြစ်တယ်။ အခု ကျွန်တော်တို့တွေကျတော့ ဒီ မတည့်တဲ့လင်မယားနှစ်ယောက်ရဲ့ သားသမီးတွေဖြစ်နေတယ် ပေါ့နော်။ ဆိုတော့ ကျွန်တော့်အဖေနဲ့အမေက ကွဲနေပါတယ် ဆိုတော့ ကျွန်တော့်အဖေနဲ့ အမေက၊ ကျွန်တော့်အဖေနဲ့အမေ ဘယ်မှာလဲဆိုတော့ သူတို့နှစ်ယောက်ကွဲနေပါတယ်။ ကျွန်တော်က အခုအဖိုးအဖွားမှာ အဖိုးအဖွားနဲ့နေနေပါတယ်လို့ ပြောရမလိုပုံစံတွေ ဖြစ်နေတယ်ပေါ့နော်။ ဆိုတော့ ဘာပဲပြောပြော ကျွန်တော်တို့က နိုင်ငံရေးခေါင်းဆောင် တွေက ကျွန်တော်တို့ထက်လည်း ပြည်သူလူထုထက်အများကြီး အတွေ့အကြုံလည်း ပိုမြင့်ပါတယ်။ ဘယ်လိုပုံစံသွားရင် လူထုရဲ့ဂုဏ်သိက္ခာ၊ အမျိုးရဲ့ဂုဏ်သိက္ခာကို ကျွန်တော်တို့ ထိန်းသိမ်းနိုင်မလဲဆိုတဲ့ဟာ။ အမျိုးဆိုတဲ့အခါမှာ ကိုယ့်ရဲ့ မြို့နယ်တစ်မြို့ နယ်ထဲက အမျိုးကို ပြောချင်တာ၊ ပြောတာမဟုတ်ဘဲ ချင်းတစ်မျိုးသားလုံးရဲ့ ဂုဏ်သိက္ခာ၊ ချင်းတစ်မျိုးသားလုံး ပြည်သူလူထုရဲ့အရေးကို အားလုံးအာရုံစိုက်စေချင်တယ်။ ပြီးတော့ အဲဒါကိုဆိုရင်လည်း ပိုပြီးတော့ ခရီးမြန်မယ်။ ပြီးတော့ အထောက်အပံ့တွေလည်း ပိုပြီးတော့ များမယ်လို့ ကျွန်တော်ကတော့ မြင်တယ်ပေါ့နော်။ ဆိုတော့ ဘာပဲပြောပြော ကျွန်တော်တို့ကတော့ အားလုံးကိုလည်း ပြောချင်တာက ဘာလဲဆိုရင် အစိုးရလို့ ကိုယ့်ကိုယ်ကိုယ်အားလုံး ခံယူနေမယ်ဆိုရင် ဖြစ်နိုင်မယ်ဆိုရင် အားလုံးတည့်အောင်ပဲနေကြပါ။ ပြီးတော့ ကျွန်တော်တို့ အားလုံးရဲ့ ဂုဏ်သိက္ခာကို ထိန်းပေးကြပါဆိုတဲ့ဟာ ကျွန်တော်တို့ကတော့ တောင်းဆိုချင် တယ်ပေါ့။ ကျွန်တော် ဆက်လကပြောသလိုပဲ ကျွန်တော်တို့မှာ နိုင်ငံရေးနဲ့ပတ်သက်လာရင် bias မရှိဘူး။ ဘယ်အဖွဲ့ဘယ်အဖွဲ့ဆိုတာ ကျွန်တော်တို့မရှိဘူး။ အားလုံးက ကျွန်တော်တို့ ကတော့ အမြင်မှာတော့၊ ကျွန်တော့်ရဲ့အမြင်မှာတော့ အားလုံးက ကျွန်တော်တို့ တစ်ဖွဲ့တည်း တွေဖြစ်တယ်။ တစ်နေ့တစ်ချိန်ကျရင်လည်း ပေါင်းစည်းမယ်လို့ ကျွန်တော်တို့က မြင်ပြီးသား ဖြစ်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုရင် လင်နဲ့မယားက တစ်နေ့တစ်ချိန်ကျရင်တော့ ပြန်ပေါင်းကြတာပဲ။ သားသမီးရဲ့အရေးကို အာရုံစိုက်ပြီးတော့ ပြန်ပေါင်းကြမယ်လို့ ကျွန်တော်တို့ကတော့ မြင်ပါတယ်။

RAIN: ဟုတ်ကဲ့ပါ။ ဆိုတော့ နောက်ဆုံးအနေနဲ့ လက်ရှိမလေးရှားမှာ ဒုက္ခသည်အနေနဲ့ ရောက်ရှိနေကြတဲ့ ဒီချင်းဒုက္ခသည်တွေအနေနဲ့ရော၊ လက်ရှိမြန်မာ့တော်လှန်ရေးမှာ ဟို ဘယ်လိုမျိုးထိရောက်စွာနဲ့ တစ်ထောင့်တစ်နေရာကနေပြီးတော့မှ ပါဝင်နိုင်မလဲဆိုတာကို လည်း အကြံပြုပေးပါဦးဆရာ။

 

James Bawi Thang Bik: ကျွန်တော်တို့ ဒီဒုက္ခသည်အရေးနဲ့ပတ်သက်လာရင်တော့ အားလုံးကျွန်တော် ပြောချင်တာက ဘာလဲဆိုရင် ဒီပြည်တွင်းမှာပဲဖြစ်ဖြစ်၊ တိုင်းရင်းသားနိုင်ငံမှာပဲဖြစ်ဖြစ် ဘယ်လောက်ပဲ ကွဲကွဲပေါ့နော်၊ ကျွန်တော်တို့ဒီဒုက္ခသည်ဖြစ်လာတဲ့အခါမှာ ဒုက္ခသည်ဆိုတဲ့ အခါမှာ ကျွန်တော်တို့အားလုံးက in the same boat ပေါ့နော်။ ဒီလှေ အတူနေတဲ့လှေ တစ်ခုကို ကျွန်တော်တို့အတူတူစီးနေတဲ့သူတွေဖြစ်တယ်။ အာ ဥပမာ ခင်ဗျား ဘယ်အဖွဲ့ပဲ အားပေးအားပေး နောက်ဆုံး ရဲ၊ လဝကဖမ်းရင်တော့ ဖမ်းမှာပဲ။ ဖမ်းခံရမယ့်သူတွေပဲ အားလုံးက။ ဆိုတော့ နော်၊ ဘယ်သူမှလည်း ပိုပြီးတော့ ဒီအဖွဲ့က ပိုပြီးတော့လွှတ်မယ်၊ ဒီအဖွဲ့က ပိုလွှတ်မယ်ဆိုတာမရှိဘူး။ ဆိုတော့ ကျွန်တော်တို့အားလုံး ဒုက္ခသည်တွေ ဖြစ်တဲ့အခါမှာ ကျွန်တော်တို့ မလေးရှားမှာ စည်းလုံးမယ်။ အိန္ဒိယမှာစည်းလုံးမယ်။ အဲဒီ ကျွန်တော်တို့ရဲ့စည်းလုံးတဲ့ spirit ကို ကွဲနေတဲ့ ကျွန်တော်တို့ရဲ့အဖေနဲ့အမေတွေကို ပြန်ပေါင်းစည်းစေမယ်။ အဲဒီလိုမျိုးပုံစံပေါ့နော်။ ကျွန်တော်တို့ဒီမှာ သားသမီးတွေတောင် ပေါင်းနေပါတယ်။ ကျေးဇူးပြုပြီး အဖေနဲ့အမေတို့လည်း ပေါင်းကြပါဆိုတဲ့ဟာမျိုးကို ကျွန်တော်တို့ဘက်ကနေ အများကြီး ဒီကနေ အများကြီး advocate လုပ်ဖို့လိုတယ်။ အခုက အစိုးရ၊ ဒီကိုယ့်ကို host လုပ်နေတဲ့ country ကို ကျွန်တော်တို့ရဲ့ဒီ status တစ်ခုကို လက်ခံပေးဖို့ ကျွန်တော်တို့က advocate လုပ်သလိုမျိုးပုံစံပေါ့နော်။ ကိုယ့်ပြည်တွင်းထဲ မှာလည်း ပေါင်းနိုင်ဖို့၊ တတိယနိုင်ငံမှာလည်း၊ USA တို့ ကျန်တဲ့နေရာတွေမှာပေါ့နော်၊ ရောက်ပြီးသားလူတွေမှာလည်း အားလုံးပြန်ပေါင်းနိုင်ဖို့အတွက်ကို ကျွန်တော်တို့အနေနဲ့ ဒီဒုက္ခသည်တွေကနေ အများကြီးတောင်းဆိုမှုတွေလုပ်ဖို့လိုအပ်တယ်။ အများကြီး advocate လုပ်ဖို့လည်း လိုအပ်တယ်လို့ ကျွန်တော်ကတော့ မြင်တယ်ပေါ့နော်။ ဆိုတော့ ဒီ ဒါတွေအားလုံးက ကျွန်တော်တို့မှာလည်း တာဝန်ရှိတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ဒီ ကိုယ့်သားသမီးတွေကို နောက်ထပ် ဒုက္ခသည်ဖြစ်စေချင်သေးလား။ ပေါ့နော်။ အဲဒါ မေး၊ ကျွန်တော်တို့ အမေးရမှာဖြစ်တယ်။ ဒုက္ခသည်ဆိုတာ ဘယ်လောက်ထိခက်ခဲလဲ။ ဘယ်လောက်ထိ ကျွန်တော်တို့ ချိုးဖောက်ခံနေရလဲ။ အခု ဘယ်သူ၊ ပြီးတော့နောက်တစ်ခု ကျွန်တော်တို့မှာ အိမ်မရှိတာမဟုတ်ဘူး၊ အိမ်ရှိတယ်။ ကိုယ့်မှာမိသားစုမရှိတာမဟုတ်ဘူး၊ ကိုယ့်မှာမိသားစုရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မနေနိုင်တဲ့ဘဝမှာဖြစ်တယ်။ ဆိုတော့ အဲဒီကြားထဲမှာ ရန်သူကနေ ပျက်စီးလို့ ပြိုကွဲသွားတဲ့မိသားစုဖြစ်နေတဲ့အချိန်မှာ ကိုယ့်မိဘတွေက ဆက်လက်ပြီးတော့ပြိုကွဲနေတယ်ဆိုရင် သားသမီးတွေ၊ အကြီး၊ သားကြီးသမီးကြီးတွေကနေ မိဘတွေကိုပြန်ပေါင်းစည်းပေးရမှာ ကျွန်တော်တို့တာဝန် ဖြစ်တယ်။ အဲ့တော့ မိသားစုအရေးကတော့ အားလုံးနဲ့ကျွန်တော်တို့ဆိုင်တာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့က တတ်နိုင်သလောက်ကူညီပေးကြပါ။ ဒါပေမဲ့တစ်ခုရှိတာက ဒီကွဲပြားရေး၊ ဆန့်ကျင်ရေး၊ အမုန်းပွားရေးကိုတော့ ကျွန်တော်တို့အနေနဲ့ သတိထားစေချင် တယ်။ ကျွန်တော်တို့ ဒုက္ခသည်တွေဖြစ်လာတဲ့အခါမှာ ဒီဒုက္ခသည်ကြားထဲမှာလည်း မှန်တိုင်းပြောမယ်ဆိုရင် ကျွန်တော်တို့ ကျွန်တော်ပြောချင်တာက ဘာလဲဆိုရင် နိုင်ငံရေးရဲ့ influence တွေ၊ နိုင်ငံရေးရဲ့ ခံယူချက်တွေကို ခဏထားပြီးတော့ ကျွန်တော်တို့ဒုက္ခသည် ဖြစ်ပါတယ်။ ကျွန်တော်တို့ကိုအားလုံးကြည့်ကြပါ။ ကျွန်တော်တို့အားလုံးအတူတူပါပဲဆိုတဲ့ ဟာလေးကို ကျွန်တော်တို့ လက်ကိုင်ပြီးတော့ နောက်ဆိုရင် ကျွန်တော်တို့ဒီ ရောက်တဲ့နေရာမှာလည်း ကျွန်တော်တို့ စည်းစည်းလုံးလုံးနဲ့နေဖို့ ကျွန်တော်တို့အမြဲတမ်း ဟိုဟာရှိချင်တယ်။ ပြီးတော့နောက်တစ်ခု ဒီနိုင်ငံရေးမှာလည်း ကိုယ့်မိသားစုအရေးကိုလည်း ကျွန်တော်တို့အာရုံစိုက်ရအောင်၊ ကျွန်တော်တို့ဘက်က အများကြီးတောင်းဆိုမယ်လုပ်ရ အောင်။ ငြိမ်းချမ်းရေးတို့၊ ပြဿနာတစ်ခုဖြေရှင်းမယ်ဆိုရင် ကိုယ့်မိသားစုအတွင်းမှာ အရင်ဆုံးဖြေရှင်းဖို့လိုအပ်တယ်။ သူများပြဿနာကို၊ ကိစ္စကို သွားဖြေရှင်း၊ မဖြေရှင်းခင်မှာ ပေါ့နော်။ ဆိုတော့ ကိုယ့်မိသားစုရဲ့အရေးကို ကျွန်တော်တို့အရင်ဆုံးဖြေရှင်းရအောင်ဆိုတဲ့ ဟာကို ကျွန်တော်တို့အနေနဲ့ ပြောချင်တယ်။ အဲဒါလည်း ကျွန်တော်တို့ တစ်ဖက်တစ်လမ်း ကျွန်တော်တို့ပါဝင်နိုင်တဲ့ အထိရောက်ဆုံးနဲ့ အသင့်တော်ဆုံး၊ ဖြစ်သင့်ဆုံးလို့ ကျွန်တော် ကတော့၊ ကျွန်တော်ကတော့ မြင်ပါတယ်။

 

RAIN: ဟုတ်ကဲ့ပါ။ အခုလိုမျိုး ကျွန်မတို့ရဲ့ The Kaladan Post မှာ အချိန်ပေးပြီးတော့မှ ဖြေကြားပေးတဲ့အတွက် ဆရာ့ကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

 

James Bawi Thang Bik: ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် ဆရာမ။