ဇန်န ၉

The Kaladan Post

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် ဇီးကုန်မြို့နယ်ရှိ မီးကောက်ကျေးရွာ ပျူးစောထီးအင်အား ၃၀ ခန့်ဖြင့် အထိုင်ချထားသော စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း YOMA GBK . PDF က ထုတ်ပြန်ထားသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး YOMA GBK . PDF တာဝန်ရှိသူတစ်ဦးက “ ကျွန်တော် တပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းချိန်မှာ ဘော်ဘင်ကျေးရွာ ပျူရွာဘတ် ကို ထက်မံ ထွက်ပြေးသွားကြတယ် ကျွန်တော်တို့ စခန်းသိမ်းပြီးချိန်မှာပဲ ဘော်ဘင်ကျေးရွာ ဘတ်ကနေ အင်အား ၇၀ ဝန်းကျင်လောက် ထပ်မံ စစ်ကြောင်း ထိုးလာပါတယ်ဗျ အစစ်ကြောင်းကိုလဲ ထပ်မံ တိုက်ခိုက်ပြီး ပြန်ဆုတ်ခဲ့ရပါတယ်ဗျ” ဟု The Kaladan Post သို့ပြောဆိုသည်။ ကျွန်တော်တို့သိမ်းနိုင်ခဲ့ မီးကောက်ပင်စခန်းဟာ စစ်ရေးဗျူဟာအရ ဇီးကုန်မြို့နယ် အတွက် စစ်တပ်အတွက် အမာခံ အသက်အသေခံပြီး ပြည်သူများအပေါ် ထင်တိုင်လုပ်နေတာတေ နောက်တခု မီးကောက်ပင်နဲ့ ဘော်ဘင်ဟာ ဇီးကုန်းမြို့နယ်အတွက် အရမ်းအရေးပါတယ် ပျူစောထီး အမာခံ ကျေးရွာတွေဖြစ် ကြောင်း တပ်ဖွဲ့၏ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။ အခုလက်ရှိ စစ်ရေးအချိန်နေကတော တင်းမာနေဆဲပါပဲ စစ်တပ်ဖက်က တန်ပြန် စစ်ကြာင်း ထိုးဖို့ လုပ်နေတယ် ခွေးဘတ်က စစ်အင်အားတေလဲ ထက်မံ ဖြည့်နေကြောင်းသိရသည်။ အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း ပျူစောထီးနှင့် စစ်တပ်ဖက်က ၄ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။ ၎င်းတိုက်ပွဲကို ဗျူဟာ ၂၂ လက်အောက်ရှိ သာယာဝတီခရိုင် တပ်ရင်း ၉(၁) တပ်ခွဲ-၁ YOMA GBK . PDF တပ်ဖွဲ့မှ ဦး ဆောင်ပြီး တပ်ခွဲ(၅) သာယာဝတီခရိုင် တပ်ရင်း (၂) တပ်ခွဲ-၁ သာယာဝတီခရိုင် တပ်ရင်း (၂) BTZM GBK တပ်ဖွဲ့နှင့် သာယာဝတီခရိုင် ပကဖ သာယာဝတီခရိုင် ဒရုန်းတပ်ဖွဲ့ ဇီးကုန်မို့နယ် ပကဖတို့က မဟာမိတ်အဖြင့် ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ပြည်သူများအပေါ် အတင်းအဓမ္မမဲထည့်ခိုင်းခြင်း မတရားစစ်မှုထမ်း ငွေကျေးကောက်ခံခြင်းနှင့် ပြည်သူများအပေါ် ဖိနှိပ်ချုပ်ချယ်ခြင်းများကြောင်း ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါတပ်ဖွဲက ပြောဆိုသည်။ ပြည်သူများအနေဖြင့် ပျူစောထီးများ စစ်ကောင်စီတပ်များနှင့် အသွားအလာ ရှောင်ကြည်ကြရန် တပ်ဖွဲ့က တိုက်တွန်းထားပါသည်။