မေးမြန်းသူ – ဆလိုင်းဒိုခါရ်

ဖြေဆိုသူ – သိက္ခာတော်ရဆရာသရာပေသရု၊ Inter-Religious Institute for Peace

 

ဆလိုင်းဒိုခါရ် – အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။ ကျွန်တော်တို့ The Kaladan Post က အပတ်စဉ် တင်ဆက်နေတဲ့ Exclusive Interview မှာ ဒီတစ်ပတ်အတွက် ပါဝင်ဆွေးနွေးပေးဖို့ ဖိတ်ခေါ် ထားတာကတော့ သိက္ခာတော်ရဆရာ သိက္ခာတော်ရဆရာ သရာပေသရု ဖြစ်ပါတယ်။ သူက တော့ အခု ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးလှုပ်ရှားမှုမှာ ခရစ်ယာန်တွေကိုယ်စား သော်လည်း ကောင်း၊ အဖွဲ့ဦးဆောင်အဖြစ်သော်လည်းကောင်း ပါဝင်ပြီးတော့မှ ကျွန်တော်တို့ မြန်မာနိုင်ငံ ပြန်လည်ပြီးတော့ငြိမ်းချမ်းရေးရရှိရေးအပါအဝင် ဘာသာပေါင်းစုံ တစ်တကွ ယှဉ်တွဲနေထိုင် နိုင်ရေးနဲ့ တစ်ဖက်တစ်လမ်းမှာလည်း ဒါ တော်လှန်ရေးအတွက် တတ်နိုင်သလောက် အတွေး အခေါ်ပြုပြင်ပြောင်းလဲရေးကူညီပေးနေတဲ့ ဆရာတော် ဖြစ်ပါတယ်။ ဆိုတော့ ဒါ ဆရာ ကျွန်တော်တို့ကို အခုလိုအချိန်ပေးတဲ့အတွက် ပထမဦးဆုံး ကျေးဇူးတင်ကြောင်း ပြောပြရစေ ခင်ဗျာ။

 

သိက္ခာတော်ရဆရာသရာပေသရု –   ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ။

ဆလိုင်းဒိုခါရ် – ဟုတ်ကဲ့ ဆရာ ပထမဆုံးအနေနဲ့ ကျွန်တော် ဒါ မေးမြန်းလိုတာကတော့ အခု ဘာသာပေါင်းစုံ ပူးပေါင်းပြီးတော့မှ တော်လှန်ရေးကိုအားဖြည့်နေသလို တစ်ဖက်မှာ ငြိမ်းချမ်း စွာနဲ့အတူ လက်တွဲရှင်သန်နိုင်ရေးအတွက် ကြိုးစားအားထုတ်မှုတွေ ရှိနေပါတယ်။ ဒါတွေက ဘာဖြစ်လို့ ဒီအခုတော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာသလဲ။ ဘယ်လိုစဉ်းစားချက်တွေ ကြောင့် ဒါကိုစတင် ဖြစ်ကြသလဲဆိုတဲ့ဟာမျိုး ပထမဆုံးဆွေးနွေးပေးပါအုံးခင်ဗျာ။

 

သိက္ခာတော်ရဆရာသရာပေသရု –   ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ မင်္ဂလာပါ အခုလို ဆရာတို့ The Kaladan Post ဌာနအနေနဲ့ ကျွန်တော်ကို အင်တာဗျူးတဲ့အတွက် ရှေးဦးစွာ ကျေးဇူးတင်တဲ့အကြောင်း ပြောကြားလိုပါတယ်။ ဒီ Post ရဲ့ လုပ်ငန်းတွေနဲ့ တကွ အခု အွန်လိုင်းမှာသော်လည်းကောင်း၊ နေရာဒေသအသီးသီးမှာ နားထောင်နေကြတဲ့သူ အားလုံးအပေါ် မှာလည်းကောင်း ကိုယ်ခန္ဓာ ကျန်းမာခြင်း၊ စိတ်နှလုံးရွှင်လန်းခြင်းနဲ့တကွ ဝိညာဉ်ရေးလွတ်မြောက်ခြင်းရှိပါစေလို့ ရှေဦးစွာ ယေရှုဘုရားနာမည်နဲ့ ကောင်းချီးပေးပါတယ်။ ဆရာရေ ဒီလိုပါ ဥပမာလေးနဲ့ ကျွန်တော်ပြော ချင်ပါတယ်။ မီးလောင်ပြင်ကြီးတစ်ခုဖြစ်နေတယ် ဆိုပါစို့ ဆရာရေ ဥပမာ။ အဲ့တော့ ဒီမီးလောင်ပြင်ကြီးတစ်ခုဖြစ်နေတဲ့အခါမှာ မီးက မငြိမ်းသေးဘူးနော် ဆက်ပြီးတော့လည်း တဖြည်းဖြည်း တဖြည်းဖြည်း တဖြည်းဖြည်း လောင်နေသေးတယ်။ ဆိုရင် ကျွန်တော်တို့က ဒီမီးလောင်ပြင်ကို မီးငြိမ်းဖို့အရင် စဉ်းစားမလား။ မီးလောင်ပြင်ထဲမှာ သက်တောင့်သက်သာ အေးအေးလေးနေရမယ့်နေရာရှာဖွေပြီးတော့ အဲ့ဒီနေရာကွက်ကွက်ကလေးကို ငြိမ်းပြီးနေ မလားလို့ ကျွန်တော်တို့ စဉ်းစားကြည့်ရအောင်။ ဆိုတော့ ဒါဘက်က ဟို လူတစ်ယောက်က ဦးနှောက်မှန်တယ်ဆိုရင် ဘယ်သူမှ နော် ဒီမီးလောင်ပြင်ထဲမှာ အေးအေးဆေးဆေးနေဖို့ အတွက် စဉ်းစားချက် ဘယ်သူမှ ထွက်ပေါ်လာမှာ မဟုတ်ပါဘူး။ မီးလောင်နေတဲ့အတွက် ဒီမီးလောင်ပြင်ရဲ့မီးကိုအရင်ဆုံး ငြိမ်းရပါမယ်။ မီးအလုံးစုံငြိမ်းသွားတဲ့အထိ ငြိမ်းဖို့လိုပါတယ်။ မခံသေးဘူး တစ်ဖက်မှာလည်း ဒီမီးကိုဆက်ပြီးတော့ မကူးစက်ဖို့အတွက် ကာကွယ်တားဆီးမှု တွေလည်း ကျွန်တော်တို့လုပ်ရမှာ ဖြစ်ပါတယ်။ ဆိုတော့ အခု ကျွန်တော်တို့ တိုင်းပြည်မှာ ဦးဆုံးနိုင်ငံရေးအကြပ်အတည်းဖြစ်တယ်။ နိုင်ငံရေးအကြပ်အတည်းကနေပြီးတော့မှ ဆန္ဒတွေ ပြကြတယ်။ အဲ့ဒီကနေပြီးတော့မှ ခေတ်အဆက်ဆက်ရဲ့ မီးဟောင်းကြီးအတိုင်းပဲ ဖိနှိပ် ချုပ်ချယ်မှုတွေနဲ့နော် ဖြိုခွဲမှုတွေဟာ လူသတ်သေဆုံးတဲ့အထိ ဖြစ်လာတဲ့အခါမှာ ဖမ်းဆီး မှုတွေ နှိပ်စက်မှုတွေ မတရားချုပ်ချယ်မှုတွေ ဖိနှိပ်မှုတွေ ဖြစ်လာတဲ့အခါမှာ တော်လှန်ရေး ဆိုတဲ့ စကားလုံးတစ်ရပ်အနေနဲ့ နောက်ဆုံးတော့ စစ်ရေးအကြပ်အတည်းတွေ ဖြစ်လာတယ် ဆရာရေနော်။ ဆိုတော့ စစ်ရေးအကြပ်အတည်းတွေ ဖြစ်လာတဲ့အခါကျတော့ တိုင်းပြည်ထဲမှာ မမျှော်လင့်ထားတဲ့ နေရာဒေသတွေနဲ့ မမျှော်လင့်ထားတဲ့ လူမှုအသိုင်းအဝိုင်းနဲ့ လူတန်းစား တွေမှာတောင်မှ လူအသက်ကို သေစေနိုင်လောက်တဲ့ လက်နက်ကိုင်အဲ နော် စစ်ပွဲတွေအထိ စစ်ရေးအကြပ်အတည်းတွေအထိ ဖြစ်သွားတယ်ဆရာရေ။ အဲ့ခါကျတော့ ဒါ ဘာကြောင့် ဖြစ်ရတာလဲ ဆိုတဲ့အရင်းအမြစ်တွေကို ကျွန်တော်တို့ကအရင် စဉ်းစားဖို့လိုပါတယ်ဗျနော်။ ဆိုတော့ ဘာကြောင့်ဖြစ်ရတာလဲဆိုတာဟာကတော့ စဉ်းစားတတ်တဲ့လူတိုင်းက တွေးမိပါ တယ်။ အဖြေရှိပါတယ်။ ဆိုတော့ တိုင်းပြည်က ပြည်သူလူထုရဲ့ဆန္ဒနဲ့ ရွေးချယ်တင်မြှောက်တဲ့ အဆက်ဆက် ဆက်ဆက် ဟိုရှိနေတဲ့ ကာလအတောအတွင်းလေးထဲမှာ ငြိမ်ငြိမ်ချမ်းချမ်းနဲ့ နေတဲ့ ကာလအတောအတွင်းမှာ ဘယ်သူမှထပြီးတော့မှ အော်ဟစ်ပြီးတော့ ဘယ်သူမှထပြီးမှ တော့ ဒီလိုကြီးမလုပ်ပါဘူးနော်။ သို့သော်လည်း တရားမျှတမှုနဲ့ ဓမ္မအားဖြင့်သွားနေတဲ့ လမ်းကြောင်းတစ်ခုမှာ အဖုအထစ်နဲ့ အဓမ္မဆိုတဲ့ မတရားခြင်းပေါ်လာတဲ့အခါမှာ လူတွေရဲ့ စိတ်နှလုံးသားထဲမှာလည်း လူတန်းစားအလွှာအသီးသီးမှာ ခံပြင်းမှုဆိုတဲ့ အဲ နော်စိတ်နဲ့အတူ မခံချင်စိတ်တွေဖြစ်လာပြီးတော့မှ ဒါဆက်တိုင်ပြီးတော့မှ တော်လှန်တယ်ဆိုတဲ့ အရာဖြစ်လာ တယ်။ ပထမတော့ ဆန္ဒပြတာ အစောစောကပြောခဲ့သလိုပါပဲ။ နောက်တော့ တစ်ဆင့် ပြီးတစ်ဆင့် အခုဆိုတော့ ကျွန်တော်တို့ တစ်တိုင်းပြည်လုံးမှာ စစ်မီးတွေပွားပြီးတော့ စစ်ပွဲတွေကျယ်လာပြီးတော့ စစ်ပွဲတွေဖြစ်တဲ့အထိ တော်လှန်ရေးဆိုတာ ဖြစ်သွားတယ် ပေါ့ဆရာရေ။ အဲ့ဒါကျတော့ ဒီတော်လှန်ရေးက ဘာကြောင့်ဖြစ်နေတာလဲဆိုတာ စဉ်းစားရင် ကနဦးအစကိုပြန်တွေးရင်တော့ အဓမ္မမှုကြောင့်မို့လို့၊ မတရားမှုကြောင့်မို့လို့။ တစ်နည်း အားဖြင့်ပြောရင် တည့်တည့်ပဲပြောမယ်ဆိုရင်တော့ မတရားအာဏာသိမ်းလိုက်တဲ့ အတွက် ကြောင့်မို့လို့ နော် ဒါတိုင်းပြည်မှာ ဒီဥစ္စာပေါ်ပေါက်လာတာပဲ။ ကျွန်တော်တို့တိုင်း ပြည်မှာ ဆိုရင် အခုနေရာဒေသတိုင်းမှာ စစ်ပွဲတွေဖြစ်ပွားနေတယ်။ တရားဥပဒေစိုးမိုးမှု အလွန် အမတန်နည်းပါးသွားတဲ့အတွက် ခိုးဆိုးလုယက် အခု မြို့ကြီးပေါ်တွေ မြို့နယ်တွေ မပြော သေးဘူးနော် မြို့ကြီးပေါ်တွေမှာမှာ နေ့ခင်းတောင်တောင်ဓားပြတိုက်တာတွေ လူသတ် တာတွေ လုယက်တာတွေ ရွှေဆိုင်တွေဓားပြတိုက်တာတွေ ရုန်းရင်းဆန်ခတ်အများ အများကြီးပဲ ဟို နော် နည်းနည်းနောနော ဟို ရာဇဝတ်မှုတွေ ပေါ့နော် ဖြစ်လာတာ။ အဲ့တော့ ဒီလိုအခြေအနေမျိုးလေး အတောအတွင်းထဲမှာ ငြိမ်းချမ်းစွာ ဘယ်နေရာမှာသွားနေမလဲ ဆရာ။ ပုံမှန်အခြေအနေမှ မဟုတ်တာ။ အဲ့တော့ ငြိမ်းချမ်းစွာနေဖို့အတွက်ဆိုရင် မငြိမ်းချမ်း စေတဲ့အကြောင်းတရားကို မီးကိုအရင်သတ်ဖို့လိုပါတယ်။ ဒါကြောင့်မို့လို့ ဒီမီးကိုသတ်ဖို့ အတွက်ဆိုရင်တော့ မီးလောင်စေတဲ့အကြောင်းတရား မီးလောင်စေတဲ့ တရားမှုတွေ ဒီအရာတွေဟာ ချုပ်ငြိမ်းသွားဖို့အတွက် လိုအပ်တယ်လို့ ကျွန်တော်တော့ မြင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ဒီ ဆရာ့ရဲ့နံပါတ်တစ်မေးခွန်း အနေနဲ့ဆိုရင်တော့ မတရားမှုကို ဆန့်ကျင်ဆီးတားပြီးတော့ မခံကြတဲ့နေရာပဲ။ ဒီဟာကတော့ တရားသဖြင့်ပါဝင်ရမယ့်  အရာကနေပြီးတော့ ပြုပြင်တယ်လို့ နံပါတ်တစ်ကျွန်တော်မြင်ပါတယ်။ နံပါတ်နှစ် ဒီလို အခြေအနေထဲမှာကတော့ ငြိမ်းချမ်းစွာအတူတူနေမယ်၊ ငြိမ်းချမ်းစွာအတူလက်တွဲ နေမယ် ဆိုတဲ့ အတွေးအခေါ်အယူအဆနဲ့ စဉ်းစားချက်က တော်တော်လေးလိုအပ်ချက် များနေလိမ့် မယ်လို့ ကျွန်တော်မြင်တယ်။ တပ်တစ်ဖက်ကပြောရင်တော့ အခြေအနေအချိန်အခါရ မဖြစ်နိုင်ဘူးလို့ပဲ ကျွန်တော်မြင်ပါတယ်ဆရာ။ ဟုတ် ကျွန်တော် ဒီလောက်ပြောချင်ပါတယ်။

 

ဆလိုင်းဒိုခါရ် – ဆိုတော့ ဒီဆရာဒီ ဆရာတို့ရဲ့ လှုပ်ရှားမှုက ဘယ်လိုမျိုး အနာဂတ်မှာ ဘာသာကြီးကဏ္ဍကိုဖြစ်စေချင်တဲ့သဘောလဲ။ အခုလောလောဆယ် စောနက ဆရာ ဆွေးနွေးသလို ဖြစ်နေတဲ့ပြဿနာမီးငြိမ်းနိုင်ဖို့ ဆရာတို့အနေနဲ့ ဘာသာရေးခေါင်းဆောင်တွေ အနေနဲ့ ဝိုင်းအားထုတ်တဲ့ ပုံစံဟာမျိုးက ဒီအရာနဲ့ပတ်သက်ပြီးတော့မှရော ဆရာ ဘယ်လို ရှင်းလင်းချက်ဆွေးနွေးချက် ရှိပါသလဲနော်။

 

သိက္ခာတော်ရဆရာသရာပေသရု –   ဟုတ်ကဲ့ပါခင်ဗျာ။ တကယ်တော့ ကျွန်တော်တို့ မြန်မာပြည်မှာလေ ဘာသာရေးပဋိပက္ခဟာ အလွန်အင်မတန် ထိလွယ်ရှလွယ်တဲ့ ပြဿနာဖြစ်တယ်။ ကိစ္စဖြစ် တယ်။ ခေတ်အဆက်ဆက်မှာ ဘာသာရေးမှိုင်းတိုက်ပြီးတော့ ဘာသာရေးသွေးထိုး လှုံ့ဆော်မှုနဲ့ ပြဿနာကြီးတွေဖန်တီးခဲ့တာရှိတယ်။ ဖန်တီးခဲ့တယ်လို့ ကျွန်တော် စကားလုံး သုံးပါတယ်။ ဖြစ်တယ်လို့မသုံးဘူး နော်။ ဆိုတော့ ကျွန်တော်တို့တိုင်းပြည်မှာ ဘာသာတစ် ခုနဲ့တစ်ခု တစ်ဖွဲ့နဲ့တစ်ဖွဲ့ရဲ့ ခံယူချက်အရ ယုံကြည်ချက်အရ ပြဿနာပဋိပက္ခဖြစ်တာက မရှိသလောက်ရှားပါတယ်။ တစ်ဖက်ကသွေးထိုးမှိုင်းတိုက်ပြီးတော့မှ ပြဿနာကိုဖန်တီး လို့သာလျှင် ဘာသာရေးပဋိပက္ခတွေ ဖြစ်ကြတာဖြစ်ပါတယ်။ ဒီအရာက။ ဆိုတဲ့အခါကျတော့ ခေတ်အဆက်ဆက်မှာ ပြောကြမယ်ဆိုရင်တော့ ဒီလိုပါ ကျွန်တော်မြင်သလောက်ကတော့ ဒီလိုဗျာ။ အာဏာရှင်ဆိုတာ သူ့အာဏာတည်မြဲဖို့ကတော့ အကုန်လုံးလုပ်မှာပဲ။ ဘာသာရေး ကိုလည်းသူ ကြိုက်သလိုအသုံးချမှာပဲ။ ဘာသာရေးနဲ့ကြိုက်သလို သူသွေးထိုးလှုံ့ဆော်မှ မွှေနှောက်မှာပဲ အကုန်လုံး အကျယ်။ ဒါမှ သူ့အာဏာတည်မြဲဖို့အတွက်သူ လုပ်တယ်။ တကယ်တန်းကတော့ အာဏာရှင်ဟာ ဘယ်ဘာသာတရားကိုမှ မကြည်ညိုပါဘူး၊ မကိုင်း ရှိုင်းပါဘူး၊ မလေးစားပါဘူး။ ကြည်ညိုချင်အောင်ဆောင်ပြီးတော့ လေးစားချင်အောင် ဆောင်ပြီး၊ ကိုင်းရှိုင်းချင်ယောင်ဆောင်ပြီး သူက သူ့နိုင်ငံရေးအတွက် သူ့အာဏာအတွက် သူ့နေရာအတွက် အသုံးချတာပဲဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် သာဓကတွေ အများကြီး ရှိတယ်။ ကျွန်တော်တို့တိုင်းပြည်က မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာအများစုရှိတဲ့နိုင်ငံဖြစ်တယ်။ နောက်ပြီးတော့မှ ဗုဒ္ဓဘာသာသံဃာတော်တွေ ရဟန်းတွေ ဆရာတော်တွေ သာသနာ့ ဝန်ဆောင်တွေလည်း ယခင်တုန်းကဖြင့်ဆိုရင် တခြားဘာသာနဲ့ဆိုင်ရင် နှိုင်းယှဉ်လို့မရ လောက်အောင် ကြီးမားတဲ့ ထုထည်နဲ့ရှိနေတာရှိတယ်။ ယခင်တုန်းက ကျွန်တော်တို့ ကြားဖူးပါတယ်။ နော် ၂၀၂၀ လောက်ကဆိုရင် ဟုတ်လား ဗုဒ္ဓဘာသာဘုန်းကြီးမှာ ဘုန်းတော်ကြီးတစ်ယောက်က ပြောတာ သတင်းထဲမှာသော်လည်းကောင်း ဗီဒီယို ကလစ် လေးတွေမှာ ကျွန်တော်တို့ကြားဖူးတယ်။ သံဃာငါးသိန်းရှိတယ်လို့ပြောတာ။ ငါးသိန်းဆိုတဲ့ အင်အား နည်းနည်းနောနောမဟုတ်ဘူးလေ။ ကျန်တဲ့ ဘာသာတရားတွေမှာ ဘာသာရေး ဝန်ဆောင်၊ ဓမ္မဝန်ဆောင်တွေ ဒီလောက်များများစားစားမရှိပါဘူး နော်။ ဆိုတော့ အဲ့တော့ အများစုဖြစ်တဲ့အခါကျတော့ ဒီအများစုဖြစ်ပြီးတော့မှ တက်လာတဲ့ အဆက်ဆက်အစိုးရရဲ့ ခေါင်းကြီးပိုင်း၊ ထိပ်ပိုင်းပုဂ္ဂိုလ်တွေဟာလည်း ဗုဒ္ဓဘာသာဝင်တွေပဲများပါတယ်။ အဲ့ဒါကျတော့ ဒီဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ဒကာ ဒကာမတွေဟာ သူတို့ရဲ့ဦးဇင်းသံဃာဆရာတော်တွေကို တကယ်တန်း စစ်မှန်စွာ ကြည်ညိုတယ်၊ ကိုင်းရှိုင်းတယ်၊ ရိုသေတယ်၊ ကိုးကွယ်တယ် ဆိုရင်တော့ ဒီရဟန်းသံဃာတွေ ပြုတဲ့အမှု ဟို ကျွန်တော်တို့ ၂၀၀၇ ရွှေဝါရောင်ဆိုတဲ့ ကိစ္စ ဖြစ်တယ်။ ကျွန်တော်နိုင်ငံရေးစိတ်မဝင်စားဘူး။ အဲ့တော့ ကျွန်တော် ဘာမှဝင်မလုပ်ဘူး။ ဒီတိုင်းပဲနေတယ်။ ကြည့်တယ်ပေါ့လေ သတင်းလေးကြည့်တာကိုပဲကြည့်တယ်။ ဒါပေမယ့် များစွာကျွန်တော်တို့တွေ့ရတယ် ကြားရတယ် မြင်ရတယ်လေ။ အစစ်မှန်တွေလည်း ကျွန်တော်တို့ ပေါ်လာပါတယ်။ တွေ့လာပါတယ်။ ဆိုတော့ နောက်ဆုံးတော့ သူလိုအပ်တယ် ဆိုရင် သူက သူတို့ဘာသာမှာရှိတဲ့ ရဟန်းသံဃာလည်း မချန်ပါဘူးနော်။ ကြိုက်သလိုပဲ သူတို့ လုပ်ခဲ့တဲ့ဟာတွေ သာဓကတွေအများကြီးပဲ။ ကျွန်တော်တို့ ခရစ်ယာန်တော့ ပြောမနေနဲ့အုံး ဘုရား နော် ဘုရားရှိခိုး ဘုရားကျောင်းတွေ အမိန့်ပေးပြီးတော့ စာလာပြီးတော့ ပိတ်တာတို့ ဘာတို့ဆိုတာတွေက ဒါက ဒါက ဘုရားကျောင်းတွေ ကောင်းကောင်းမွန်မွန် ကြီးကြီးမားမား ခြံနဲ့ဝန်းနဲ့ ဆောက်ခွင့်တွေ တည်ဆောက်ထားတဲ့နေရာတွေမှာလည်း နော် ဒီဝတ်တက နောက် သာသနာ့ပရဝဏ်ဆိုတာမျိုး တင်ခွင့်မရှိဘူး ချလည်းမချပေးပါဘူး။ ဒီလိုဟာမျိုးတွေ အများကြီးပေါ့။ နောက်ဆုံး ပိုပြီးတော့မှ ဟိုဟာဖြစ်တာ။ အသင်းအဖွဲ့လေးတွေ ပေါ်လာ ကြတယ်ဗျာ။ ကွန်ဗင်းရှင်းတွေ၊ အက်ဆိုစီရိတ်ရှင်းတွေ ဆိုတော့ ကွန်ဗင်းရှင်းမှတ်ပုံတင်၊ အက်ဆိုစီရိတ်ရှင်းမှတ်ပုံတင် ဆိုတဲ့အမှတ် register လုပ်ဖို့တောင်မှ registration ကိုခွင့်မပြုခဲ့ဘူးလေ။ ဒါတွေက ဒါ မြေပြင်မှာပကတိဖြစ်တဲ့ ငြင်းလို့မရတဲ့အမှန်တရားတွေပါ။ ဆိုတဲ့အခါကျတော့ ဒါကသူကတော့ အသုံးချတာသက်သက်ပဲ ဒီအရာက။ အသုံးချခံ သက်သက်ဖြစ်တော့ ဘာသာရေးကို နိုင်ငံရေးထဲမှာ အသုံးချနေတာကို သိသိနဲ့ နော် ဒီမြင် လာတဲ့ သိလာတဲ့ပုဂ္ဂိုလ်တွေက ဥပမာ ပါစတာပဲဖြစ်ဖြစ် ဟုတ်လား။ ကျွန်တော်တို့ ယဗရမ်ပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ ကျွန်တော်တို့ဘက် ဒီကျွန်တော် ခရစ်ယာန်ဘက်ကနေပြောမယ်နော် ဆရာနော်။ အဲ့တော့ ဒီလိုမျိုးမြင်လာသိလာတဲ့အခါမှာ ဒါလေးတွေဟာ အတွင်ထဲမှာဟာ ဒါကတော့ မဟုတ်ဘူး။ ဒါကတော့ မမှန်ဘူးဆိုတာလေးတွေရှိလာတဲ့အခါမှာ ပြောကြတာ တို့ဆိုကြတာတို့ ဆန္ဒထုတ်ဖော်တဲ့နေရာတွေမှာလည်း ပေါင်းဖော်ကြတာတို့ ရှိတာပေါ့။ အဲ့ဒီအခါမှာ တစ်ဖက်က ဘာဖြစ်လာလဲဆိုတော့ ဆရာရေ ဒီကိစ္စကလေ ကျွန်တော်လည်း ပြောခံရပါတယ် ဆရာ ဆရာတို့က သင်းအုပ်ဆရာတွေပဲ။ အမှုတော်ဆောင်တွေပဲ။ နိုင်ငံရေးနဲ့ ဘာဆိုင်လို့လဲနော်။ ဘာလို့လုပ်ရတာလဲဆိုတော့ ကျွန်တော်ကပြောတယ်။ ရဲရဲသားသား ကျွန်တော်ပြောတယ်။ ဘာဖြစ်လို့ဆိုတော့ ကျွန်တော်နိုင်ငံရေးစိတ်မဝင်စားဘူး။ နိုင်ငံရေးလည်း ကျွန်တော်လုပ်နေတာမဟုတ်ဘူး။ နိုင်ငံရေးလည်းပြောနေတာမဟုတ်ဘူး။ သို့သော်လည်း ကျွန်တော်သည် မြန်မာပြည်တွင်းထဲမှာနေတဲ့ မြန်မာပြည်သားနိုင်ငံသား တစ်ယောက်ဖြစ်တဲ့အတွက် နိုင်ငံထဲမှာ ဖြစ်ပျက်နေတဲ့အရေးဟာ ကျွန်တော်နဲ့ တိုက်ရိုက် အချိုးကျတယ်။ သက်ဆိုင်တယ်လို့ ကျွန်တော်ခံယူတယ်နော်။ ဒါကြောင့်မို့လို့ ကျွန်တော် နိုင်ငံရေးလုပ်တာမဟုတ်ဘူး။ နိုင်ငံရေးပြောတာမဟုတ်ဘူး။ နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်တာ မဟုတ်ဘူး။ နိုင်ငံ့ရဲ့အရေးသည် နိုင်ငံသားတစ်ယောက်ရဲ့အရေးဖြစ်တဲ့အတွက် ဒီဘက်မှာ ကျွန်တော်က တတ်နိုင်တဲ့ကဏ္ဍ အခန်းကဏ္ဍကနေပြီးတော့မှ ပါဝင်တာပဲဖြစ်တယ်။ ထားလိုက်ဆရာ အဲ့ဒါသူများလုပ်လိုက်စေပေါ့။ အရပ်သားက လုပ်လိုက်စေပေါ့။ ဟာ ဟိုကွက် တွေကျွန်တော်လည်းနော် နိုင်ငံသားတစ်ယောက်ပဲလေ။ ဟုတ်ပါ့မလား။ ကျွန်တော်တို့ အသင်းသူအသင်းသားတွေ ကျွန်တော်တို့အသင်းတော်ရှိတယ်။ ကျွန်တော်တို့တပည့်တော် တွေ သူတို့တွေရဲ့ ဟို ထောက်ပံ့မှုနဲ့ မစမှုနဲ့ ၁၀ ဖို့ ၁ ဖို့ သော်လည်းကောင်း အလှူငွေ သော်လည်းကောင်း love gift သော်လည်းကောင်း ဟုတ်လား ယုံကြည်ခြင်းမျိုးစေ့သော် လည်းကောင်း ဒီဟာတွေနဲ့ကျွန်တော်ရပ်တည်အသက်ရှင်နေတဲ့ သူတို့ရဲ့အရေးဟာ ကျွန်တော်တို့အရေးပဲ။ ဆိုတဲ့အခါကျတော့ ဒီအရာကို ကျွန်တော်တို့က ဓမ္မဘက်ကနေ ဓမ္မအပေါ်မှာ အခြေခံရတာပေါ့ နော်။ ဓမ္မဆိုတဲ့ အမှန်တရား အမှန်ပေါ်မှာအခြေခံပြီးတော့မှ ကျွန်တော်တို့ဒီအရာကို ပါဝင်ရတယ်။ အဲ့ခါကျတော့ တစ်ဖက်ကိုကြည့်ပြန်မယ်ဆိုရင် တော့လည်း နိုင်ငံရေးနဲ့မပတ်သက်ဘူး အေးအေးဆေးဆေးနေပါမယ်ဆိုတဲ့ သူတွေကို ကြည့်ပြန်တော့လည်း နိုင်ငံမှာဖြစ်နေတဲ့ ဂယက်ရိုက်ခတ်မှုတွေက သူတို့ကိုမထိဘူးလား။ ထိနေတာပဲအနည်းနဲ့အများတော့။ အနည်းနည်းအများတော့ ထိနေတာပဲ။ ဒီကြားထဲမှာမှ သူတို့နေတတ်သလို နေသာသလိုနေနေတာကတော့ ကျွန်တော်မြင်သလောက် တစ်ယောက် ချင်းစီရဲ့စိတ်နဲ့ဆိုင်မယ်လို့ ကျွန်တော်မြင်ပါတယ် ခင်ဗျာ။ ဟုတ်။ ဆိုတော့ တကယ်တန်း ကတော့ ကျွန်တော်တို့က သမ္မာတရားကို ဟောပြောပြီးတော့မှ သမ္မာတရားကိုဝေငှနေတဲ့ ကျဲဖျန့်နေတဲ့သူတွေဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့အသင်းသူအသင်းသားနဲ့ ကျွန်တော်တို့ရဲ့ တပည့်တော်တွေကို သမ္မာတရားအတိုင်းကျင်လည်လျှောက်လှမ်းတဲ့အခါမှ သမ္မာတရားနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အဓမ္မဖြစ်တဲ့ မုသာ။ မုသာဆိုတာတော့ တကယ်တော့ ကျွန်တော်တို့ရဲ့ အကြီးမားဆုံး အကြီးအကျယ်ဆုံး ဘုံရန်သူဖြစ်တဲ့ စာတန်နဲ့ရဲ့လက်ကိုင်။ စာတန်ရဲ့ သဘောသဘာဝ။ အဲ့ဒီမုသာကိုတော့ ကျွန်တော်တို့က ဘယ်လိုမှဝန်ခံလို့မရဘူးဗျ။ ဆိုတော့ ဒီမုသာကိုဝန်ခံကျွန်တော်တို့က စာတန်နဲ့အတူတူလက်တွဲတာမျိုးဖြစ်သွားမယ်။ စာတန် အားပေးတာမျိုးဖြစ်သွားမယ်။ တစ်နည်းအားဖြင့် စာတန်ကို သွားပြီးတော့ ထောက်ပံ့ပြီးတော့ ထောက်ခံတာမျိုးဖြစ်သွားမယ်။ ဒါကြောင့်မို့လို့ မုသာဖြစ်တဲ့ နော် အဓမ္မ မတရားမှုဖြစ်တဲ့ အရာကိုတော့ ကျွန်တော်တို့က ဘယ်လိုနည်းနဲ့မှ ဒီလိုမျိုးငြိမ်နေလို့ နှုတ်ခံလို့တော့မရဘူးလို့ ဒီလောက် ဒီဒီဟာလေးကိုတော့ ကျွန်တော်ဆွေးနွေးချင်ပါတယ်။

 

ဆလိုင်းဒိုခါရ် – ဟုတ်ကဲ့ဆရာ ဒီအခုလက်ရှိအခြေအနေအရ ဒါ နိုင်ငံတကာအနေနဲ့ မြန်မာ နိုင်ငံအတွင်းမှာ ဒါ မြန်မာပြည်သူတွေဦးဆောင် ငြိမ်းချမ်းဆွေးနွေးပွဲတွေ ပြန်ပေါ်လာဖို့ မျှော်လင့်တယ်ဆိုတဲ့ဟာမျိုးပြောကြတယ်။ ဆိုတော့ အဲ့ဒီဟာမျိုးနေရာမှာ ဘယ်သူက ဦးဆောင်ရမလဲဆိုတဲ့ဟာမျိုးဆိုရင် စစ်တပ်ဘက်ကဦးဆောင်တဲ့ဟာလည်း လူလိုချင်ကြမှာ မဟုတ်သလို ဒါ တော်လှန်ရေးအင်အားစုဘက်က ဦးဆောင်တဲ့ဟာလည်း သိပ်လိုချင်မယ့်ပုံ မပေါ်ပါဘူး။ ဒီလိုဟာမျိုးမှာ ကာလလေးကျရင် ဘာသာရေးကဏ္ဍတွေက အရေးကြီးလာ သလားဆိုတဲ့ဟာမျိုးကို အမြင်ဟာမျိုးသုံးသပ်ချက်တချို့လေးရှိတယ်။ ဒီတစ်နိုင်ငံလုံးအတိုင်း အတာနဲ့မဟုတ်ဘဲနဲ့ နေရာပိုသေးတဲ့ဟာ အထူးသဖြင့် ဥပမာ ချင်းပြည်နယ်ဟာမျိုးဆိုရင် ခရစ်ယာန်အများစုဖြစ်တဲ့ဟာမျိုးပြည်နယ်ဖြစ်တဲ့အခါကျတော့ နောက်ဆုံး အချင်းချင်း ပြဿနာဟာမျိုးဆိုရင်လည်း ဘာသာရေးခေါင်းဆောင်တွေကဝင်ပြီးတော့မှ ဆွေးနွေးပေးတဲ့ ဟာ ညှိနှိုင်းပေးတဲ့ဟာတွေကလည်း တချို့ရှိလာတယ်။ ဆိုတော့ ဆရာတို့ရဲ့ ဘာသာရေး အခန်းကဏ္ဍကို အခုလောလောဆယ် ဆရာတို့တတ်နိုင်တဲ့ ကဏ္ဍမှာ ပါဝင်နေတဲ့ ဟာဖြစ် တယ်။ အနာဂတ်ပိုင်းမှာရော ဒီဆရာတို့ ဘယ်လိုပုံစံမျိုးကို ကိုယ့်ကိုယ်ကိုမြင်ချင်တာလဲ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကဏ္ဍမှာဖြစ်ဖြစ် ငြိမ်းချမ်းရေးကဏ္ဍ အထူးသဖြင့် ငြိမ်းချမ်းရေး ကဏ္ဍမှာပေါ့နော် ဘယ်လိုဆက်လက်ပြီးတော့မှပါဝင်ချင်ပါသလဲဆိုတဲ့ဟာမျိုးပေါ့။ အထူး သဖြင့် အဲ့ဒီကဏ္ဍမဟုတ်ရင်တောင်မှ ဥပမာ ဟို အရင်တုန်းကဆိုရင် မွတ်စလင် ဗုဒ္ဓဆိုပြီး တော့မှ မှိုင်းတိုက်မှုတွေကလည်း ခရစ်ယာန်ဆိုပြီးတော့မှ မှိုင်းတိုက်မှုတွေကလည်း တအားဖြစ်တဲ့အခါကျတော့ တခြားအဲ့လိုနိုင်ငံရေးနဲ့ပတ်သက်တဲ့ဟာတွေရဲ့ ငြိမ်းချမ်းရေး မဟုတ်ရင်တောင်မှ ဘာသာပေါင်းစုံ အချင်းချင်းကိုပိုပြီးတော့မှ နားလည်မှုရှိအောင် လက်တွဲဖို့ အစီအစဉ်ဟာမျိုးရောရှိပါသလား။ ဘယ်လိုဟာမျိုးအစီအစဉ်ရှိပါသလဲ။

 

သိက္ခာတော်ရဆရာသရာပေသရု –   ဟုတ်ကဲ့ပါ ခင်ဗျာ။ ကျွန်တော်တို့အခုလောလောဆယ် Institute တစ်ခုအနေနဲ့ လှုပ်ရှားနေတာပါ။ IRIP လို့ခေါ်ပါတယ်။ Interreligious Institute of Peace ဆိုတာ ဘာသာ အားလုံးငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်ပြီးတော့မှ ဓမ္မနိုင်ငံတော်တစ်ခုကို ချီတက်ပြီး တော့ တည်ဆောက်ဖို့ ပြန်လည်တည်ထောင်ဖို့ ပြုစုဖို့ဆိုတဲ့ ရည်ရွယ်ချက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ဒီ IRIP ထဲမှာဆိုရင် ဗုဒ္ဓဘာသာရဟန်းသံဃာလေးပါးလောက်ပါပါတယ်။ အစ္စလာမ် ဘလီဆရာတစ်ယောက်ပါပါတယ်။ ဒီခရစ်ယာန်ထဲမှာဆိုရင်လည်း ကျွန်တော် ပေါ့နော်။ ခရစ်ယာန် Reverend သိက္ခာတော်ရဆရာတစ်ယောက်ပါပါတယ်။ ဟိန္ဒူထဲ မှာလည်း နိုင်ငံတကာမှာရောက်နေတဲ့ ဟိန္ဒူအဖွဲ့တွေ အဖွဲ့ Institute တစ်ခုရှိပါတယ်ဆိုတော့ သူတို့မှာလည်း။ ဆိုတော့ အဲ့ဒီဟိန္ဒူအဖွဲ့နဲ့ ကျွန်တော်တို့လက်တွဲပြီးတော့မှ လုပ်ဆောင်နေ တာပါ။ ရည်ရွယ်ချက်ကဘာလဲဆိုရင်တော့ စောစောကမေးခွန်းမှာလည်း ကျွန်တော်ချန် ခဲ့တယ်။ နော် ဒီမေးခွန်းမှာလည်း ဆရာတစ်ခုတည်း တစ်ပေါင်းတည်းပါပဲ။ အဲ့တော့ ကျွန်တော်တို့က အနာဂတ်ကာလမှာ IRIP အနေနဲ့က ကျွန်တော်တို့ရဲ့တစ်ယောက် ချင်းစီရဲ့ ခံယူချက်နဲ့ ကျွန်တော်တို့အတူတူ စိတ်တူကိုယ်တူ သဘောတူတဲ့အရာက ပြည်တွင်းထဲမှာ ဒီလိုဘာသာရေးမှိုင်းတိုက်တော့ ဘာသာရေးသွေးထိုးပြီးတော့ လှုံ့ဆော်မှုတွေအားဖြင့် ပြဿနာတွေမဖြစ်တော့အောင် ဘာသာရေးပဋိပက္ခနဲ့ အလွန်အမတန်ထိလွယ်ရှလွယ်တဲ့ ဟာတွေ မဖြစ်တော့အောင် ဒါ ကျွန်တော် မြင်သာထင်သာတစ်ခုပြောပါမယ်ဗျာနော်။ ကျွန်တော်တို့ဒီ အရပ်သားတစ်ပိုင်းအစိုးရ မတက်ခင်ဟိုဘက် အစိုးရခေတ်တုန်းက မိတ္ထီလာ အရေးအခင်းအကြီးအကျယ်ဖြစ်တယ်။ နော် ဒါသိပ်မကြာသေးပါဘူး။ သမိုင်းလေးက လွန်ခဲ့တဲ့နော် ဟို ၁၀ နှစ်ပတ်ဝန်းကျင်လောက်ကနေပဲ ၁၀ နှစ်တောင်မပြည့်သေးပါဘူး။ ဖြစ်တယ်။ ဆိုတော့ ဒါ ကျွန်တော်တို့ ရခိုင်ဘက်က ကျောင်းနီမှော်ဘာညာကိစ္စတွေ ဟို ခုပြီးတော့မှ။ အဲ့တော့ ဒီဟာတွေကတကယ်တန်းကျရင် ပြောကြဆိုရင်တော့ သွေးထိုးမှုတွေ၊ လှုံ့ဆော်မှုတွေ၊ မှိုင်းတိုက်မှုတွေကနေဖြစ်လာတယ်ဆိုတဲ့ အခြေခံအကြောင်းတရားကြီးက စဉ်းစားတတ်တဲ့သူတွေ၊ ထဲထဲဝင်ဝင်သိတဲ့သူတွေက သိပါတယ်။ မြင်ပါတယ်။ တွေ့ပါတယ်။ တကယ်ဖြစ်နေတဲ့အခြေအနေမှာလည်း မတရားမှုတွေအများကြီးကျွန်တော်တို့တွေ့ရတယ်။ အဲ့ဒါဘာကြောင့်လဲဆိုရင် ဘာသာတစ်ခုနဲ့တစ်ခု နော် တစ်ဖွဲ့နဲ့တစ်ဖွဲ့ကိုမှိုင်းတိုက်ပြီးတော့မှ ဒါသွေးထိုးတဲ့အတွက် ဒီကိစ္စတွေဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ လက်ခံထားတဲ့ အတည် ပြုထားတဲ့ record လည်းရှိပါတယ်။ ဒါကြောင့်အနာဂတ်ကာလမှာ တိုင်းပြည်မှာ ဘာသာရေးနဲ့ပတ်သက်ပြီးတော့ ဒီလိုမဖြစ်အောင် ကျွန်တော်တို့ဘာသာရေး ခေါင်းဆောင် တွေပဲဖြစ်ဖြစ် ဓမ္မဝန်ဆောင်အချင်းချင်း ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ မွတ်စလင်၊ ခရစ်ယာန် စသည်ဖြင့် နော် ဒီဘာသာရေးခေါင်းဆောင်တွေက အတူတကွ လက်တွဲပြီးတော့မှ ငြိမ်းချမ်းရေးကိုရှေ့ရှု တည်ဆောက်ပြီးတော့မှ ဘာသာတစ်ခုနဲ့တစ်ခုကို အသိအမှတ်ပြုပြီးသွားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ချီတက်နေပါတယ်။ တစ်ခုဆရာပြောတယ်။ ငြိမ်းချမ်းရေး။ အိုကေ တကယ်တော့ ငြိမ်းချမ်းရေးဆိုတာကတော့ စစ်တိုက်ပြီးတော့တော့ ငြိမ်းချမ်း ရေးမဖြစ်နိုင်ပါဘူး နော်။ စစ်ဘယ်လောက်ပဲတိုက်တိုက် နောက်ဆုံးကတော့ စားပွဲဝိုင်းပေါ် ရောက်ပြီးတော့မှ ငြိမ်းချမ်းရေးစကားတွေပြောပြီးတော့ပဲ နော် အလွန်အမတန်ခိုင်မာတဲ့ တစ်နည်းအားဖြင့်ပြောမယ်ဆိုတာ နိုင်ငံတကာအသိအမှတ်ပြုတဲ့ နိုင်ငံတကာတွေရဲ့ နော် လူရိုသေ ရှင်ရိုသေပုဂ္ဂိုလ်တွေသော်လည်းကောင်း manpower ရှိတဲ့ပုဂ္ဂိုလ်တွေ သော်လည်း ကောင်း နောက်ပြီးတော့မှ organization တွေသော်လည်းကောင်း နောက်ဆုံးပြောမယ်ဆို အစိုးရတွေကိုသော်လည်းကောင်း သူတို့ရဲ့ရှေ့မှာခိုင်ခိုင်မာမာနဲ့ တစ်ခါတည်း ဟုတ်လား။ ပဋိညာဉ်စာချုပ်တွေဘာတွေချုပ်ပြီးတော့မှ နောက်ဆုံးငြိမ်းချမ်းရေးဆိုတာကတော့ ဖြစ်သွား မယ်လို့ ကျွန်တော်တို့ကတော့ အဲ့ဒီလိုမှပဲခိုင်မြဲမယ်လို့ ဒီလိုမြင်ပါတယ်။ လက်လည်း လက်ခံ ပါတယ်။ ရှိလည်းရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ တစ်ခါမှ ဟိုဒီဘက်နောက်ပိုင်းပေါ့နော်။ ဒီဘက်နောက်ပိုင်းမှာ တစ်ခါမှနိုင်ငံခြားနဲ့ နော် ပြည်ပနဲ့စစ်ဖြစ်တာ တစ်ခါမှမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တိုင်းပြည်က လွတ်လပ်ရေးကြေညာစာတမ်း မကြေညာခင် ကတည်းက စစ်ဖြစ်ခဲ့တာဘာလဲဆိုတော့ ပြည်တွင်းစစ်။ ၁၉၄၇ ထဲက KNU ဆိုတာ ပေါ်ပြီး သားလေ။ KNU ဆိုတာပေါ်ပြီးသားလေ နော်။ ဆိုတဲ့အခါကျတော့ မကြေညာခင်ကတည်း ကဖြစ်ခဲ့တဲ့ ကြေညာပြီးတဲ့နောက် တောက်လျှောက်က အခုနှစ် ၇၀ ကျော်ပါပြီ နော် စစ်ဖြစ် နေတာ။ ဒါပေမယ့် အဲ့ဒီစစ်တွေအားလုံးက ပြည်တွင်းစစ်တွေချည်းပဲ။ ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်းပဲဖြစ်နေတဲ့အရာတွေချည်းပဲ။ ဆိုတော့ တိုင်းပြည်ထဲမှာလည်း လက်နက်ကိုင်အင်အားစုတွေ၊ လက်နက်ကိုင် EROs တွေ အများအပြား ပေါ်လာတယ်။ နော်။ ရာဂဏန်းလောက်နီးပါးတောင်မှ ရှိမလားမသိဘူး။ သို့သော်လည်း သမိုင်းတုန်းကရှိခဲ့ဖူးတဲ့ ဘာသာရေးခေါင်းဆောင်လို ပုဂ္ဂိုလ်မျိုးတွေက ဥပမာအားဖြင့် ကချင်မှာဆိုရင် နော် ဒီ KBC ထဲကနေပြီးတော့မှ Reverend Doctor နော် သူက ပြီးခဲ့တဲ့ နှစ်နှစ်သုံးနှစ်က ဒါသူ နော် ထိန်းသိမ်းခံရသေးတယ်လေ။ ဟို နိုင်ငံခြားထွက်ဖို့အတွက် ဟိုဟာဖြစ်နေတဲ့အခါမှာ မန္တလေးလေဆိပ်မှာ ထိန်းသိမ်းခံရတာ။ ဒါ ဒီဆရာတော်ကြီးဆိုရင် သူငြိမ်းချမ်းရေးအတွက်လုပ်ခဲ့တယ်။ သွားခေါ်ခဲ့တဲ့ ဟိုဘက်က ကချင်ဆိုတော့လေ KIA ပေါ့ ဆရာရဲ့နော်။ ဆိုတော့ KIA, KIO, KBC ဒီအဖွဲ့တွေ နော် သွားပြီးစကားပြောတယ်။ ဒီဘက်က ဒါ ကျွန်တော် ကျွန်တော်မှတ်တာ မမှားဘူးဆိုရင် ဗိုလ်ချုပ်ခင်ညွန့် လက်ထက်မှာပေါ့ဗျာ နော်။ ဆိုတော့ အဲ့တုန်းကတော့ ပြောမယ်ဆို ဦးစောမောင် နောင်သွားလို့ ဦးသန်းရွှေပေါ့နော်။ ဆိုတော့ ဗိုလ်ချုပ်ခင်ညွန့် လက်ထက် ငြိမ်းချမ်းရေးတွေလုပ်တဲ့အခါမှာ ဒီလူတွေရှိခဲ့ပါတယ်။ အမျိုးမျိုးပေါ့နော်။ ရှိခဲ့ပါတယ်။ သမိုင်းကြောင်းကိုပြန်ကြည့်ရင်လည်း မြန်မာပြည်မှာ ဗုဒ္ဓ ဘာသာဘုန်းတော်ကြီးများက ဘုရင်တစ်ပါးနဲ့တစ်ပါးကြားထဲမှာ ငြိမ်းချမ်းရေးစကားပြော ကန့်လန့်ပြီးတော့မှ ငြိမ်းချမ်းရေးကို ကိုယ်စားလှယ် လုပ်ခဲ့တာတွေရှိခဲ့ပါတယ်။ ဒါလေး ကျွန်တော်တို့ဖတ်ဖူး မှတ်ဖူးပါတယ်။ ဖတ်တာ မှတ်ရပါတယ်။ ဆိုတဲ့အခါကျတော့ ဒီဘက် ကပြောအုံးမယ်ဆိုရင် ဘာသာရေးပုဂ္ဂိုလ်အနေနဲ့ ကျွန်တော်တို့ Missionary ပဲဖြစ်ဖြစ် နယ်တွေပါသွားပြီး သာသနာပြုနေတဲ့ ဆရာတွေပဲဖြစ်ဖြစ် Evangelist ပဲဖြစ်ဖြစ် Pastor ပဲဖြစ်ဖြစ် Reverend ပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်နေပါစေ ငြိမ်းချမ်းတယ်ဆိုတဲ့အရာကို ရှေ့ရှု ပြီးတော့ ဖော်ဆောင်ဖို့ အကျိုးအမြတ်ရမယ်ဆိုရင်တော့ ကျွန်တော့်အမြင်ကတော့ ပါဝင် သင့်ပါတယ်ဗျာ။ အထူးသဖြင့် ဆရာစောစောကပြောလိုက်တယ်။ ကျွန်တော် ချင်းတောင် ရောက်ဖူးတယ်။ အခုမှာလည်း တောင်ပိုင်းရောမြောက်ပိုင်းရော ရောက်ဖူးတယ်။ နေလည်း နေဖူးပါတယ်။ ဆိုတော့ ချင်းပြည်နယ်မှာ မြောက်ပိုင်းကဆိုရင် ကျွန်တော်တို့က 100% နီးပါး ၁၀၀ ရာခိုင်နှုန်းလောက်နီးပါး ခရစ်ယာန်တွေပဲလေ။ အသင်းတော်ဂိုဏ်းကဏတွေလည်း အများကြီးပေါ့နော်။ ဆိုတော့ ကျွန်တော်တို့ တောင်ပိုင်းမှာဆိုရင်လည်း တော်တော်များများက ဒါ ကျွန်တော်မြင်သလောက်ဆိုရင် ၈၀% လောက်က ဒါ ခရစ်ယာန်တွေပဲလေ။ နော်။ ဆိုတော့ အသင်းတော်တွေလည်း တော်တော်များများပေါ့။ ဆိုတော့ အဲ့တော့ တောင်ပိုင်းရော မြောက်ပိုင်းရောမှာ အခုကျွန်တော်တို့ ဒီတိုင်းပြည်က နိုင်ငံရေးအကြပ်အတည်း အဲ့ဒီကနေ ပြီးတော့ စစ်ရေး နောက်တော့ နော် သိပ်မပြောချင်ပေမယ့်လည်း ဒါ တော်လှန်ရေး ဖြစ်လာတာပေါ့ဗျာ နော်။ အဲ့ခါမှာ များစွာသော လက်နက်ကိုင်တော်လှန်ရေးတပ်တွေ များစွာ ပေါ်လာတာကို ကျွန်တော်တို့ သတင်းတွေမှာ တွေ့ရပါတယ်။ မြေပြင်ပကတိအခြေအနေ တွေမှာလည်း တွေ့ရပါတယ်။ အဲ့တော့ ပြောကြခြင်းရင်ဆိုရင် ဒီတော်လှန်ရေး တပ်သား တွေက ကျွန်တော်တို့ရဲ့ အသင်းသူအသင်းသားတွေပဲ။ ကျွန်တော်တို့ရဲ့ တပည့်တော်တွေပဲ။ သူတို့မှာ အသင်းတော်တွေရှိတယ်။ နော် အများစုပေါ့ဗျာ ပြောမယ်ဆိုရင် ဟုတ်လား။ ဆိုတော့ လူမျိုးဘယ်လောက်ပဲကွဲကွဲ၊ ဖလမ်းတွေ၊ ဟာခါး၊ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ဟိုဘက် ပလက်ဝဘာညာ ဘယ်လောက်ပဲ ကွဲကွဲ နော် ဒီဒါတောင်မှ ကျွန်တော်တို့ ကောင်းကောင်း သိတယ်လေ။ ဟာခါးမှာလည်းအများကြီး၊ ဖလမ်းမှာလည်းအများကြီး၊ ဒီ ကျွန်တော်တို့ တီးတိန်မှာလည်းအများကြီး။ မျိုးနွယ်စုတွေ ဘယ်လောက်ပဲ ကွဲကွဲ ကျွန်တော်တို့က ကိုးကွယ် ယုံကြည်ရာ တစ်ခုတည်းနဲ့ အသင်းတော်ဆိုတဲ့ ဘောင်ထဲမှာ ငယ်ကတည်းက ဆန်းဒေးစကူး ထဲကနေပြီးတော့ လူငယ် အဲ့ဒီကနေပြီးတော့ အသင်းသူအသင်းသားအဖြစ် ကြီးပြင်းပြီးတော့ အခုဆိုရင် နော် တော်လှန်ရေးအင်အားစုတွေထဲမှာဆိုရင် လူငယ်လူရွယ်တွေအများစုပေါ့ဗျာ ရှိနေတာပဲ။ အဲ့ခါကျတော့ နံပါတ်တစ်အနေနဲ့ကတော့ ဆရာတွေအနေနဲ့လည်း သင်းအုပ်တွေ အနေနဲ့လည်း ဓမ္မဝန်ဆောင်တွေ၊ အမှုတော်ဆောင်တွေအနေနဲ့လည်း ဘာပဲဖြစ်နေဖြစ်နေ ဘယ်လိုပုံစံမျိုးနဲ့ ငြိမ်းချမ်းနိုင်မလဲ။ ဘယ်လိုပုံစံမျိုးနဲ့ ညီညွတ်မျှတနိုင်မလဲဆိုတဲ့ နည်းလမ်းကို ဆုတောင်း အဖြေရှာပြီးတော့ ရှာဖွေပြီးတော့ ဒီဟာကို ဦးဆောင်ဦးရွက်ပြုသင့်တယ်လို့တော့ ကျွန်တော်မြင်ပါတယ်။ ဒါပေမယ့် ဦးဆောင်ဦးရွက်ပြုတယ်ဆိုတဲ့နေရာမှာ သူတစ်ပါးက လက်ခံတယ်ဆိုရင်ပေါ့လေ။ ကိုယ့်ကနေပြီးတော့ပဲ ကိုယ့်ဆန္ဒအတိုင်းကြီးနဲ့ တစ်ခါတည်း ဝုန်းဒိုင်းဆိုပြီးတော့ ထကြဲနေအုံး မဟုတ်ဘူးပေါ့။ ဟုတ်လား။ ဆိုတော့ ကဲညီအစ်ကိုတို့ ဆိုတာ မျိုးလေးပေါ့နော်။ ကဲငါ့တူငါ့သားတို့ ဆိုတာမျိုး ကဲအသင်းသူအသင်းသားတို့ ဆိုတာမျိုးလေးနဲ့ တစ်ခါတည်း ဟုတ်လား။ ပြောကြခြင်းဆိုတာ ဒါကျွန်တော် ဘောင်ထဲကပြောရင်းဗျာ။ နှုတ်ကပတ်တော် သမ္မာကျမ်းစာကိုအခြေခံပြီးတော့ “ညီ​အစ်​ကို​တို့​သည် သ​ဘော​တူ​လျက် ပေါင်း​ဖော်​ကြ​သည်​အ​ရာ​မှာ အ​လွန်​ကောင်း​ပေ၏။ အ​လွန်​တင့်​တယ် လျောက်​ပတ်​ပေ၏။ အာ​ရုန်၏​ခေါင်း​ပေါ်​မှာ​လောင်း​လျက်၊ သူ၏​မုတ်​ဆိတ်​သို့​စီး၍၊ လည်​စွပ်​တိုင်​အောင်​ကျ​သော နံ့​သာ​ဆီ​ကဲ့​သို့​ဖြစ်၏။ ဟေ​ရ​မုန်​တောင်​နှင့် ဇိ​အုန်​တောင်​ရိုး​ပေါ်​သို့​ကျ​သော နှင်း​ကဲ့​သို့ ဖြစ်၏။ ထို​သို့​နေ​ကြ​သော​အ​ရပ်၌၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​အ​မြဲ​အ​သက်​ရှင်​ခြင်း​အ​ခွင့်​တည်း​ဟူ​သော ကောင်း​ချီး​မင်္ဂ​လာ​ကို စီ​ရင်​တော်​မူ၏။” ဆာလံ ၁၃၃ ကပြောသော ဆာလံ အပိုင်း ၁ ကနေ ၃ မှာပါတဲ့အတိုင်းပဲပေါ့လေ။ ဆိုတော့ အချင်းချင်းလေးတွေကို ညီညွတ်မျှတဖို့ ပြုဖို့ အတူတကွ လက်တွဲဖို့ အတူတကွ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ ဒီလိုနေ ဦးဆောင်ဦးရွက်ပြုသင့်တယ်လို့ ကျွန်တော်မြင်ပါတယ်။ ကျွန်တော်တို့ IRIP နေတော့ အနာဂတ်မြန်မာပြည်မှာ ကျွန်တော်တို့ ကနေပြီးတော့မှ ဦးဆောင်ဦးရွက်ပြုခြင်း နေရာနဲ့ ရာထူးမဟုတ်ဘဲနဲ့ လူတွေကို အသိ အမြင်ဖွင့်ပေးပြီးတော့ ဓမ္မအသိအမြင်ဖွင့်ပေးပြီးတော့ ဓမ္မလမ်းကြောင်းပေါ်ကနေ ငြိမ်းချမ်းတဲ့ အတူတကွ လက်တွဲပြီးတော့ ယှဉ်တွဲနေထိုင်တဲ့ ပန်းပေါင်းစုံပွင့်နေတဲ့ ဥယျာဉ်ထဲက အလှပန်း ဥယျာဉ်ကြီးကဲ့သို့ ဖြစ်နေတဲ့ ဗမာပြည်ဖြစ် ကျွန်တော်တို့က အဲ့ဒီဟာလေးကို ငြိမ်းချမ်းရေးနဲ့ လက်တွဲပြီးတော့ သွားဖို့အတွက် ကျွန်တော်ကိုယ်တိုင်လည်း ဦးဆောင်ဦးရွက်ပြုတဲ့ အခန်း ကဏ္ဍကနေပွင့်မယ်ဆိုပြီးတော့ အခုချီတက်ကြတာ ဖြစ်ပါတယ် ဆရာ။ ဟုတ် ကျေးဇူးတင် ပါတယ်။

 

ဆလိုင်းဒိုခါရ် – နောက်ဆုံးပိုင်းအနေနဲ့ ဆရာ နိုင်ငံတကာနဲ့ ပတ်သက်တဲ့အပိုင်းတစ်ခုနဲ့ အဆုံး သတ်ချင်ပါတယ်။ ဆိုတော့ ဆရာ ဒါ စောန ဒီဘာသာရေးအတွင်းမှာရှိနေတဲ့ ဘာသာရေး ခေါင်းဆောင်တချို့ရဲ့ အမြင်ရှိနေသလို နိုင်ငံတကာ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာရဲ့အမြင်ဟာလည်း မင်းအောင်လှိုင်က အပြီးတိုင် ဖြိုရခက်မယ့် အာဏာရှင် Institution တစ်ခုကို ပိုင်ဆိုင်တည်ထောင်ထားတဲ့ စစ်တပ်ကို ပိုင်ဆိုင်ထားတဲ့ သူဖြစ်တယ်ဆိုတဲ့ အမြင်နဲ့ကို ဟိုနောက်ပိုင်း မင်းအောင်လှိုင်အပေါ်မှာ ဆက်ဆံရေးတွေ တိုးပြီးတော့မှ လုပ်ဆောင်လာကြတဲ့ဟာရှိတယ်။ အဲ့ဒီဟာကိုရော ဆရာအနေနဲ့ အထူးသဖြင့် လူနည်းစုဖြစ်တဲ့ ဘာသာ ခရစ်ယာန်ဘာသာကို ဦးဆောင်နိုင်တဲ့သူတစ်ဦးအနေနဲ့ ဘာတောင်း ဆိုချင်သလဲ နိုင်ငံတကာကို။

 

သိက္ခာတော်ရဆရာသရာပေသရု –   ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်တော် နိုင်ငံတကာမှာ ရှိနေတဲ့ အထူးသဖြင့်တော့ အသင်းအဖွဲ့တွေနဲ့တကွ ဘာသာရေးခေါင်းဆောင်များ၊ Reverend တွေ၊ Pastor တွေ၊ နောက်တစ်ခုက သမ္မာကျမ်းစာကို ဝန်ခံပြီးတော့ ကျမ်းစာကိုလက်ခံပြီး ကျမ်းကျိမ်တဲ့ နိုင်ငံတကာမှာရှိတဲ့ နိုင်ငံတော်အစိုးရ ခေါင်းဆောင် President သမ္မတပဲဖြစ်ဖြစ် ဝန်ကြီးချုပ်ပဲဖြစ်ဖြစ် နော် ဒီပုဂ္ဂိုလ်တွေကို ကျွန်တော် မေတ္တာရပ်ခံပြောချင်တယ်။ အဲ့ဒါ ဘာလဲဆိုရင် ကျွန်တော်တို့ တိုင်းပြည်မှာ Democracy မထွန်းကားသမျှ ဘာသာရေး လွတ်လပ်ခွင့်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ဆက်ပြီးမထွန်းကားဘူးဆိုရင် ရှိလည်းရှိလာ မှာမဟုတ်ဘူး။ ဘာသာရေးချုပ်ချယ်မှုတွေ၊ ဘာသာရေးကန့်သတ်မှုတွေ၊ ဘာသာရေး နှိပ်ကွပ်မှုတွေ မြောက်များစွာရှိမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ကျွန်တော်ပြောမယ်။ ကျွန်တော်တို့တိုင်းပြည်ထဲမှာ ဘယ်လောက်ပဲ အရည်အချင်းရှိ၊ ဘယ်လောက်ပဲတော်တော် တတ်တတ်၊ ဘယ်လောက်ပဲစွမ်းအားရှိရှိ ဗုဒ္ဓဘာသာမဟုတ်ဘူးဟေ့ တိုင်းရင်းသားဖြစ်တယ် ၊ ခရစ်ယာန်ဖြစ်တယ်ဆိုရင် တိုင်းပြည်မှာ ကြီးမားတဲ့ရာထူးရခဲ့တာ ခေတ်အဆက်ဆက်မှာ မရှိခဲ့ပါဘူး။ လွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်ကမှ အရပ်သားတစ်ပိုင်းအစိုးရတက်လာတဲ့အခါမှာ ဒုသမ္မတဆိုတာမျိုးတွေဖြစ်လာတယ်နော် ပြီးတော့မှ လွှတ်တော်ဥက္ကဌဆိုတာမျိုးတွေ ဖြစ်လာတယ်။ စသဖြင့်ပေါ့လေ ဒီလိုနေရာမျိုးလေးတွေဖြစ်လာတာ။ ဒါကတော့ ဒီမိုကရေစီ လမ်းကြောင်းကိုစပြီးတော့ လျှောက်လှမ်းနေတဲ့အချိန်ကာလမို့လို့။ အဲ့တော့ နောက်တစ်ခုက ဟို ရန်ကုန်မြို့ကြီးတွေမှာဆိုရင်လည်း ကျွန်တော်တို့ Christmas ပွဲကို မြို့လယ်ခေါင်မှာ ဆင်နွှဲ ဆင်နွှဲ ဆင်နွှဲနဲ့ တစ်ခါတည်း အားလုံးက။ အဲ့ဒါတွေ ကျွန်တော်ပြောအုံးမယ် ဆရာရေနော်။ ပြည်သူပြည်သား၊ တိုင်းသူပြည်သားကိုကြည့်တော့ ပြည်သူပြည်သားတွေမှာ ဘာအမုန်းတရား မှ မရှိဘူးဆရာ။ ဘာမနာလိုချင်စိတ်မှမရှိဘူး။ Christmas ပွဲတွေဆို ကျွန်တော်တို့ ရန်ကုန်မြို့ မှာ ဝိုင်းချီပြီးတော့မှ ကျင်းပပြုလုပ်တာစီစဉ်တာ။ အဲ့ဒီ ဗိုလ်ချုပ်လမ်းမပေါ်မှာ တစ်လျှောက် မှာ ကျွန်တော်တို့ ဒီဘက်ဗိုလ်ချုပ်လမ်း ဗိုလ်ချုပ်ဈေးထောင့်က နော် ကသီဒြယ် အင်္ဂလီကန် ဘုရားကျောင်းကနေပြီးတော့ ဟို စိန်ပေါလ်ထိ အလန်းမပေါ်မှာ ဆင်နွှဲ ဆင်နွှဲ ဆင်နွှဲလုပ်ပြီး Christmas ပွဲကို သုံးရက်လောက်လုပ်တဲ့အခါမှာ ဟာ ရန်ကုန်မြို့မှာရှိနေတဲ့ တခြားဘာသာ တွေ အစ္စလာမ် ဘာသာဝင်တွေနော် နောက်ပြီးတော့မှ ဟိန္ဒူတွေ နောက်ပြီးတော့မှ ဗုဒ္ဓဘာ သာတွေ နက်ခရစ်ယာန်တွေ လက်တွဲပြီးတော့ ပျော်ရွှင်ပြီးတော့မှ ဈေးတွေဝယ်ကြဟေ့။ တစ်ခါတည်း သီချင်းတွေနားထောင်ကြ၊ ကကြဟေ့။ ပြဿနာလုံးဝ တစ်ခုတည်းမှာ မရှိဘူးဗျာ။ ဒီဟာကတော့ မှိုင်းတိုက်လို့သာလျှင် သွေးထိုးလှုံ့ဆော်လို့ တစ်စုံတစ်ဖွဲ့ ကနေပြီးတော့ မှိုင်းတိုက်လို့ သွေးထိုးလှုံ့ဆော်လို့သာလျှင် ဒါတိုင်းပြည်ထဲမှာ အဲ့ဒီဟာမျိုး မီးမွှေးလို့သာလျှင် လူတွေက ရုတ်တရက် သွေးပူပြီးတော့မှ ပုန်ကန်ကြတာပါ။ အဲ့ခါကျတော့ ကျွန်တော်က နိုင်ငံတကာမှာရှိနေတဲ့ အစိုးရအသီးသီးနဲ့တကွ အထူးသဖြင့်တော့ စောစောက ကျွန်တော်ပြောတယ်။ ကျမ်းစာကိုအခြေခံပြီး ကျမ်းကျိန်တဲ့ အစိုးရခေါင်းဆောင်တွေကိုလည်း ပြောချင်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်း ပြီးတော့ တရားမျှတ လွတ်လပ် စစ်မှန်တဲ့ ဒီမိုကရေစီထွန်းကားအောင် ကူညီကြပါ။ နှုတ်၏ဆောင်မခြင်းစကားနဲ့ Statement နဲ့ Speak out လုပ်ခြင်းအားဖြင့်သော်လည်းကောင်း လက်၏ဆောင်မခြင်း ပေးကမ်းပါဝင်လှူဒါန်းမှုအားဖြင့်သော်လည်းကောင်း အကြံအဉာဏ် Idea ပေးခြင်းအားဖြင့်သော်လည်းကောင်း ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းပြီး တော့မှ ဒီမိုကရေစီထွန်းကားဖို့ ပြုနေသော ပုဂ္ဂိုလ်များ၊ Institute အသင်းအဖွဲ့များကို အားပေး အားမြှောက်ပြီးတော့မှ ကူညီပံ့ပိုးခြင်းအားဖြင့်သော်လည်းကောင်း ကျွန်တော်တို့ တိုင်းပြည်ကို ဒီမိုကရေစီထွန်းကားအောင် ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ရောက်အောင် ကူညီကြပါ၊ ဆွဲခေါ်ကြပါ၊ အားပေးကြပါလို့ ကျွန်တော် မေတ္တာရပ်ခံတောင်းဆိုလိုပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဒါမှသာလျှင် သာယာလှပဝပြောပြီးတော့ ငြိမ်းချမ်းတဲ့ စစ်မှန်တဲ့ လွတ်လပ်ခြင်း၊ စစ်မှန်တဲ့ တရားမျှတခြင်း၊ စစ်မှန်တဲ့ ဘာသာပေါင်းစုံ လက်တွဲနေထိုင်ပြီးတော့မှ ဒေသတွင်း ထဲမှာလည်း အေးချမ်းတဲ့ တိုင်းပြည် ဒေသတွင်းရဲ့အေးချမ်းမှုနဲ့ တည်ငြိမ်မှုကိုလည်း အထောက်အကူပြုတဲ့ တိုင်းပြည်ဖြစ်လာမယ်လို့ ကျွန်တော်အဆိုပြုချင်ပါတယ်။ ဘာကြောင့် လဲဆိုရင် အခုလက်ရှိ ကျွန်တော်တို့ တိုင်းပြည်မှာ အကြပ်အတည်း၊ အခက်အခဲတွေနဲ့ အခု စစ်ရေးတွေ အကြီးအကျယ်ဖြစ်တဲ့အခါမှာ အိမ်နီးချင်းတိုင်းပြည်တွေမှာ ဂယက်ရိုက်ခတ် တယ်။ အထူးသဖြင့်ဆိုရင် ထိုင်းလဲန်းလိုနော် ထိုင်းနိုင်ငံလိုတိုင်းပြည်မျိုးမှာ ပြည်တွင်း ကနေပြီးတော့ မြန်မာပြည်တွင်းကနေပြီးတော့မှ ဒီအမျိုးမျိုးသောဒုက္ခတွေ၊ အမျိုးမျိုးသော ဘေးအန္တရာယ်တွေ၊ အမျိုးမျိုးသော ဖိနှိပ်မှုတွေဖြစ်လာတဲ့အခါမှာ ပြေးလာတဲ့သူတွေ မြောက် များစွာ တရားမဝင်ရောက်လာတာဆိုတာ နေ့တိုင်းနေ့တိုင်းပဲ။ မကြားချင်အဆုံး မမြင်ချင်မှ အဆုံး လူ ၁၀ နဲ့ချီ ရာနဲ့ချီ နေ့စဉ်နဲ့အမျှ ဖမ်းမိနေတယ်။ ဒါ ဖမ်းမိတာပဲရှိသေးတာနော်။ မဖမ်း မိတဲ့သူတွေကလည်း ရာနဲ့ချီရှိသေးတယ်။ ဆိုတဲ့အခါကျတော့ အိမ်နီးချင်း ဒေသပဲ တိုင်းပြည် တွေအနေနဲ့လည်း ငြိမ်းချမ်းမှုတည်ငြိမ်မှု အလွန်အမတန်ထိခိုက်ပါတယ်။ ဂယက်ရိုက်ခတ် ပါတယ်။ အဲ့ဒီကနေပြီးတော့ ကြားထဲမှာမှ “တောမီးလောင်တောကြောင်လက်ခ မောင်းခတ်” ဆိုတဲ့ စကားအတိုင်းပဲ။ ကြားထဲကနေ မသမာတဲ့ စီးပွားရေးသမားတွေ၊ ကြားထဲ ကနေ မသမာတဲ့သူတွေရဲ့ လူကုန်ကူးမှုပြဿနာတွေ၊ မူးယစ်ဆေးဝါး ကုန်ကူးမှုပြဿနာတွေ၊ ဟုတ်လား။ မတော်မတရားတဲ့ ဥပဒေဘောင်အတွင်းကနေပြီးတော့ ဖြစ်ပျက်လာတဲ့ ကုန်ကူး မှုတွေ၊ စီးပွားရေးတွေ၊ ရာဇဝတ်မှုတွေ၊ ဒုစရိုက်မှုတွေ ထူးပြောလာတာ။ အဲ့ဒါဘာကြောင့် လဲဆိုရင် ဒီတိုင်းပြည်မငြိမ်ချမ်းလို့ မငြိမ်သက်လို့ပဲဖြစ်တယ်။ အဲ့တော့ ဒီတိုင်းပြည် မြန်မာ ပြည်ငြိမ်ချမ်း ငြိမ်သက်မှသာလျှင် ဒေသတွင်းတိုင်းပြည်တွေအနေနဲ့လည်း ဒီငြိမ်းချမ်း ငြိမ်သက်တဲ့ နော် တည်ငြိမ်တဲ့ တည်ငြိမ်မှ စီးပွားရေးလုပ်လို့ရမယ်လေဆရာ။ တည်ငြိမ်တဲ့ အခါမှသာလျှင် ဖွံ့ဖြိုးတိုးတက်မှုကို လုပ်လို့ရမယ်လေဆရာ။ အဲ့ခါကျတော့ ဒီတည်ငြိမ်တဲ့ စီးပွားရေးတွေကို တည်ဆောက်ပြီးတော့ ဒေသတွင်းနဲ့တကွ ကမ္ဘာထဲမှာ ငြိမ်းချမ်းမှုနဲ့ လှပမှုကို ဖြစ်စေလာနိုင်မယ်လို့ ကျွန်တော်မြင်ပါတယ်။ ခံလည်းခံယူပါတယ်။ ဒါကြောင့်မို့လို့ ဒီဟာကို တောင်းဆိုလိုပါတယ်။ နိုင်ငံတကာမှာရှိနေတဲ့ နိုင်ငံတော်အစိုးရများနဲ့တကွ တာဝန်ရှိ တဲ့ပုဂ္ဂိုလ်များ အထူးသဖြင့် ကျွန်တော် တည့်တည့်ပဲပြောပါရစေဗျာ။ ခရစ်ယာန်ပေါ့နော်။ သမ္မာကျမ်းစာကိုကိုင်ပြီး ကျမ်းကျိန်တဲ့ President တွေ၊ ဝန်ကြီးချုပ်တွေ၊ တိုင်းပြည်တွေ၊ လွှတ်တော်အမတ်တွေ၊ လွှတ်တော်ကော်မတီတွေနဲ့တကွ နိုင်ငံတကာမှာရှိနေတဲ့ အမှုတော် ဆောင်တွေ၊ Pastor တွေ၊ Reverend တွေ၊ Missionary တွေ၊ Evangelist တွေ ကျွန်တော်တို့ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းနဲ့ လွတ်လပ်တရားမျှတခြင်း အပေါ်ကို သွားရောက်ဖို့ အတွက် လက်တွဲကြပါ၊ ဖေးမကြပါ၊ ကူညီကြပါလို့ တောင်းဆိုရင်း ကျွန်တော် တင်ပြ လိုပါတယ်။ ဟုတ် ကျေးဇူးတင်ပါတယ်။

 

ဆလိုင်းဒိုခါရ် – ဟုတ်ကဲ့ဆရာ ကျွန်တော်တို့ကို အခုလိုအချိန်အများကြီးပေးပြီးမှ ဆွေးနွေးပေး တဲ့အတွက် ကျေးဇူးတင်ပါတယ်။

သိက္ခာတော်ရဆရာသရာပေသရု –   ကျေးဇူးတင်ပါတယ် ဆရာ။