ဇူလိုင် ၁၅

The Kaladan Post

မုံရွာမြို့အခြေစိုက် နမခမှစစ်ကောင်စီ တပ်သား(ပစ) ၃ ယောက်သည် မုံရွာမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့၊ တိုက်နယ် ၂ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ရေးအဖွဲ့နှင့်ချိတ်ဆက်ပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ရက်နေ့တွင် အလင်းဝင်လာတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန် ထားပါသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး မုံရွာမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက “ ယခုလိုအလင်းဝင်လာတဲ့သူတွေရဲ့ အချက်အလက်တွေကို မဖော်ပြတာက သူတို့မိသားစုရဲ့ လုံခြုံရေးအခြေနေကြောင့် ဖြစ်ပါတယ် ပြီးတော့ ကျွန်တော်တို့ တော်လှန်ရေးတွေ အတွက် အဲ့ဒီလိုအလင်းဝင်လာသူတွေများလေလေ တော်လှန်ရေးအောင်လေလေပါပဲဗျ ဒါ့အပြင် သွေးထွက် သံယိုမှုလည်း နည်းလာမည်”ဟု The Kaladan Post သို့ပြောဆိုသည်။

 မုံရွာမြို့နယ် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့က အလင်းဝင်လာသူများကို နွေးထွေးစွာကြိုဆိုပြီး ၎င်းတို့သည် စစ်ဆေးချက်အရ စစ်ရာဇဝတ်မှုများနှင့် ပတ်သက်မှုမရှိတဲ့ သူတွေဖြစ်သောကြောင့် သူတို့ဖြစ်စေ ချင်တဲ့ အတိုင်းအတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးနေပါတယ်ဗျဟု ဆက်လက်ပြောဆိုသည်။ ထို့အတူ ယခုနှစ် ဇူလိုင် ၃ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ အတင်းအဓမ္မစစ်မှုထမ်းခိုင်းခံရသူ တပ်သား ၄ ဦးသည် မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) တိုက်နယ် ၂ တိုက်ခိုက်ရေးအဖွဲ့နှင့် ချိတ်ဆက်ပြီး အလင်းဝင်ရောက်ခဲ့ကြသည်။ ၎င်းတို့ သည် စစ်ကောင်စီမှ ပေါ်တာအစားထိုးအဖြစ် စစ်မှုထမ်းခိုင်းခံရသူများဖြစ်ပြီး အောက်ခြေအုပ်ချုပ် ရေးမှူးများက ငွေကြေးရှိ သူများ၏ သားသမီးများအစား ၎င်းတို့ကို စစ်မှုထမ်းရန် အတင်းအကြပ်  စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အလင်းဝင်လာသူများကို စစ်ကောင်စီက ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (PDF) ထံသို့ထွက်ပြေးပါက ပစ္စည်းများသိမ်းဆည်းပြီး သတ်ဖြတ်မည်ဟု ခြိမ်းခြောက် ခဲ့သော်လည်း၊ ၎င်းတို့သည် သတ္တိရှိရှိ ထွက်ပြေးလာခဲ့ကြသည်။ ပကဖအဖွဲ့က ၎င်းတို့အားနွေးထွေး စွာကြိုဆိုကြပြီး၊ စစ်ကောင်စီ၏ လိမ်ညာမှုများကို သိရှိခဲ့ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် မည်သည့်အကြောင်းကြောင့်ဖြစ်စေ အလင်းဝင်လာ သူများအား အမြဲကြိုဆိုထားပြီး၊ လုံခြုံမှုနှင့် ပြည်သူ့ချစ်ခြင်းကို ခံစားလိုသူများအား ချက်ချင်းဆက် သွယ်ရန် တိုက်တွန်းထားသည်။ ယခုအလင်းဝင်လာသူများသည် သူတို့၏လုံခြု့ရေးအခြေနေ ကြောင့် လက်နက်များမယူဆောင်နိုင်ခြင်း ဖြစ်ကြောင်းသိရသည်။