———————————————————————-
ဇူလိုင် ၂၄
The Kaladan Post
၂၀၂၅ခုနှစ်၊ ဇူလိုင် ၂၂ ရက် မွန်းလွဲ ၃ နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ရေဦးဆန်ဆိုင်ဂိတ်ကို Gue PSFတပ်ဖွဲ့နှင့်အတူ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ဗိုလ် ၁ ဦး၊ ရဲအရာရှိ ၁ ဦးအပါအဝင် ဆက်ကြေးကောက်နေတဲ့ စစ်သား ၂ ဦး နေရာမှာတင် သေဆုံးခဲ့ကြောင်း Gue Gue PSF စစ်ကြောင်း (မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့) မှ တာဝန်ခံ ဂူးဂူးက The Kaladan Post သို့ ပြောကြားခဲ့သည်။ အဆိုပါ ရေဦးဆန်ဆိုင်အကြမ်းဘက် စကစဂိတ်သည် “တပ်အင်အား ၃၀ကျော်ဖြင့် အခြေချတဲ့ဂိတ်ကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတိုက်ခိုက်မှု အတွင်း တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ကုန်ကျစရိတ် မြန်မာငွေဖြင့် သိန်းသုံးဆယ်ကျော် ကုန်ခဲ့ပါ တယ်”လို့ Gue Gue PSF စစ်ကြောင်းမှ တာဝန်က ဂူးဂူးက ပြောဆို သည်။ ထို့အပြင် Gue Gue PSF စစ်ကြောင်း (မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့)နှင့် အဟာမိတ်များသည် ပြည်သူများ၏ လွတ်လပ်ရေးအတွက် အသက်စွန့်တိုက်ပွဲဝင်နေကြပြီး တိုက်ပွဲများအတွင်း တော်လှန်ရေးရဲဘော်များသည် အန္တရာယ်များနှင့် ရင်ဆိုင်နေရသဖြင့် အကာအကွယ်လိုအပ်လျက်ရှိသည်။ ကျည်ကာဝတ်ဆုံနှင့် ဦးထုပ်များသည် ရဲဘော်များ၏ အသက်ကို ကာကွယ်ပေးနိုင်သည့် အဓိကလိုအပ်ချက်တစ်ခုဖြစ်သဖြင့် မလိုအပ်ဘဲ ရဲဘော်များ၏ အသက်ဆုံးရှုံးမှုများ မဖြစ်ပွားလေအောင် ပြည်သူတစ်ဦးချင်းစီ၏ လှူဒါန်းမှုသည် ဤလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူများ၏ လှူဒါန်းမှုသည် ရဲဘော်တွေရဲ့ အသက်ကိုကယ်တင်နိုင်သောကြောင့် တော်လှန်ပြည်သူပြီသစွာ တတ်နိုင်သမျှဖြင့် ကျည်ကာဝတ်ဆုံများ ဝယ်ယူပေးပို့နိုင်ရန်အတွက် ပါဝင်လှူဒါန်းပေးကြပါရန် Gue Gue PSF စစ်ကြောင်း (မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့)ရဲ့တာဝန်ခဲ ဂူးဂူးက တိုက်တွန်းထား ပါသည်။ ထို့အပြင် ၎င်း တိုက်ခိုက်မှုအတွင်း လက်နက်ငယ်ဖြင့် ပစ်ခတ်မှုကြောင့် ဂိတ်ရှေ့တွင် ဖုန်းသုံးနေသော စစ်ဗိုလ် ၁ ဦးနှင့် ဆက်ကြေးကောက်နေ သော စစ်သား ၂ ဦး သေဆုံးခဲ့ပြီး ၇၉ မမ ဗုံးသီးထိမှန်ခဲ့သော စစ်သား ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါသည်။ဤတိုက်ခိုက်မှုကို Gue PSF၊ Gue GUARDIAN FORCES၊ Sagaing PDF စစ်ကြောင်း (၂)၊ Democratic Guerrilla Force (DGF) နှင့် ၅/ဖိုက်တာ အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့သည်။ Gue Gue PSF မှ တာဝန်ခံ ဂူးဂူးက ပြည်သူများ အနေဖြင့် ဂိတ်အနီးတဝိုက်တွင် မလိုအပ်ဘဲ သွားလာ နေထိုင်ခြင်းများ ရှောင်ရှားရန်၊ အိမ်စီးကား များအား မှန်ချပြီး မောင်းနှင်ရန်နှင့် ညဘက် မလိုအပ်ဘဲ အပြင်မထွက်ရန် သတိပေးထားသည်။