————————————————————-
မေ ၂၈
The Kaladan Post
၂၀၂၅ ခုနှစ်၊ မေလ ၁၅ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်း အမှတ် ၉/အညာမြေ စစ်ဆင်ရေးတွင် Myingyan Black Tiger (MBT) တပ်ဖွဲ့သည် မြို့တွင်း စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့သည်။ MBT သည် Burmese Guerrilla Force (BGF) နှင့် ဗိုလ်စားပြောက်ကျားတပ်ဖွဲ့တို့၏ ပူးပေါင်းပါဝင်မှုဖြင့် မြင်းခြံမြို့ရှိ ခရိုင်ရုံး၊ ရဲသင်တန်းကျောင်း၊ ဇီးဖြူကုန်းဂိတ်စခန်းနှင့် စကားဝါဂိတ်စခန်းတို့ကို တပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ ဤစစ်ဆင်ရေးတွင် ရန်သူဘက်မှ တပ်သား ၁ ဦး၊ အမျိုးသမီး ပျူစောထီး ၂ ဦး၊ အမျိုးသား ပျူစောထီး ၅ ဦး၊ စုစုပေါင်း ၈ ဦး သေဆုံးခဲ့သည်။
အဆိုပါတိုက်ပွဲသည် လျှပ်တစ်ဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ စစ်ကောင်စီဘက်က ကျွန်ုပ်တို့၏ တိုက်ခိုက်မှုကို ကြိုတင်သိရှိထားပုံရသည်ဟုဆိုသည်။ ဖြစ်စဥ် စစ်ကောင်စီ တပ်ဖွဲ့၏ ပြင်ဆင်မှုမှာ ခန့်မှန်းထားသည်ထက် ပိုမိုကောင်းမွန်နေသည်။
သို့သော်လည်း ကျွန်ုပ်တို့ ဘက်မှ အခက်အခဲများစွာကြားမှ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း Myingyan Black Tiger (MBT) တာဝန်ခံ ဗိုလ် မိုက်ခဲက The Kaladan Post သို့ ပြောဆိုသည်။
MBT တပ်ဖွဲ့သည် ဤစစ်ဆင်ရေးမှတဆင့် မြို့သိမ်းစစ်ဆင်ရေးသို့ ဆက်လက်တိုးတက်ရန် ရည်မှန်းထားပြီး၊ မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်းအနေဖြင့် ပြည်သူလူထုအား ဤကတိကဝတ် ကို ထပ်လောင်းအတည်ပြုထားသည်။