ဇန်န ၈
The Kaladan Post
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်း ဇန်နဝါရီ ၆ ရက်နေ့တွင် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေး နှစ်ခုတွင် စစ်ကောင်စီ တပ်ဖွဲ့များကို ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း Myingyan Black Tiger (MBT) သိရသည်။
အဆိုပါထုတ်ပြန်ချက်နှင့် ပြတ်သက်ပြီး Myingyan Black Tiger (MBT) ၏ တာဝန်ခံ ဗိုလ်မိုက်ခဲက “ ကျွန်တော်တို့ တိုက်ခိုက်ခဲတာနှစ်ကြိမ်ပေါဗျ ဒုတိယအကြိမ်တိုက်ခိုက်တဲ့ အချိန်မှာ စစ်တပ်ဖက်က ၁၀ ကျော်သေဆုံးခဲ့တယ်လို့သိရပါတယ် ဒါပေမယ့် အတည်ပြုနိုင်တာ ၁၀ယောက်ဆိုတော့ ကျွန်တော်တို့က ထုတ်ပြန်ချက်မှာ အဲ့လောက်ဘဲထည့်တာပါ ဒီတိုက်ပွဲနှစ်ကြိမ်အတွင်း ကျွန်တော်တို့နှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များအားလုံး အထိအခိုက်မရှိဘဲ အားလုံးဘေးကင်းပါတယ်ဟု “ The Kaladan Post သို့ပြောဆိုသည်။ အဆိုပါထုတ်ပြန်ချက်တွင် မြင်းခြံမြို့ အနောက်ဘက် ပိုက်တဲကုန်း ကျေးရွာအနီး လာရောက်ကင်းလှည့်နေသော စစ်ကောင်စီ တပ်သားများကို ဇန်နဝါရီ ၆ ရက် ည ၈ နာရီ ဝန်းကျင်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးခဲ့ပြီး ထိုတိုက်ခိုက်မှုတွင်း MA1 သေနတ် ၁ လက် နှင့် ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။ ဤစစ်ဆင် ရေးကို MBT အမှတ်(၉) တပ်ရင်းနှင့် MGN အညာသားပြောက်ကျားတပ် တို့က ပူးပေါင်းဆောင်ရွက်ခဲ့ ခြင်း ဖြစ်သည်။ အလားတူနေ့တွင် နံနက် ၅ နာရီခန့်က မြင်းခြံမြို့နယ် လေးအိမ်တန်းကျေးရွာရှိ ရွှေညောင်ပင်ဂိတ် ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကူလာသော စစ်ကောင်စီ တပ်ကိုပါ ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့သည်။ ဤတိုက်ပွဲတွင် စစ်ကောင်စီ ဘက်မှ ၁၀ ဦး သေဆုံးခဲ့ပြီး ၂ ဦး ကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဤစစ်ဆင်ရေးကို MBT အမှတ်(၉) တပ်ရင်းအပြင် Onemore စစ်ကြောင်း၊ မြင်းခြံခရိုင် အမှတ်(၂) တပ်ရင်း၊ မိုရှည်ဒါးယမ်းအဖွဲ့၊ YLK တပ်ဖွဲ့ နှင့် အမေ့လက်ရုံးတပ်ဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။