The Kaladan Post
၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၈) ရက်နေ့
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်မှ အာဏာသိမ်းယူပြီးနောက် စစ်ခေါင်းဆောင်များ အုပ်ချုပ်ရေး စွမ်းရည်ညံ့ဖျင်းမှုနှင့် စစ်အုပ်ချုပ်ရေးအပေါ် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု မရရှိခြင်းတို့ကြောင့် အခြေခံစားသောက်ကုန်စျေးနှုန်းများ သိသာစွာ မြင့်တက်လျက်ရှိသည်။ စစ်ကောင်စီသည် အာဏာထိန်းသိမ်းရေးနှင့် နယ်မြေထိန်းချုပ်ရေးကိုသာ ဦးစားပေးလုပ်ဆောင်နေပြီး၊ တော်လှန်ရေးအင်အားစုများကလည်း စစ်ကောင်စီဖြုတ်ချရေးအပေါ် အာရုံစိုက်နေရသဖြင့် ပြည်သူများ၏ အခြေခံလိုအပ်ချက်ဖြစ်သည့် စားသောက်ကုန် စျေးနှုန်း ထိန်းသိမ်းရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှု အားနည်းလျက်ရှိသည်။
ဤအခြေအနေကြောင့် ပြည်သူများသည် နေ့စဉ်ဘဝတွင် စီးပွားရေးအခက်အခဲများနှင့် ရင်ဆိုင်နေရပြီး အထူးသဖြင့် ဆန်၊ ဆီ၊ အသားငါးနှင့် အခြားအခြေခံစားသောက်ကုန်များ၏ စျေးနှုန်းများ မြင့်တက်မှုက ပြည်သူများအား သိသာစွာ ထိခိုက်စေလျက်ရှိသည်။ ဤသို့ ကုန်စျေးနှုန်း အဆမတန်မြင့်တက်နေမှုနှင့် ပတ်သက်ပြီး ပြည်သူတစ်ဦးမှ “လမ်းတိုင်းမှာ ၁၀ မိုင်ခန့်ခြား အခွန်ကောက်ခံမှုကို စကစဖက်ကော တော်လှန်ရေး အင်အားစုဖက်ကော လုပ်ဆောင်နေတော့ ကားသမားများကလည်း စျေးနှုန်းမတင်ရင် အမြတ်မရ၊ စျေးရောင်းသူများကလည်း အမြတ်မတင်ရင်မရတာမို့ စားသောက်သူတွေအတွက်ကတော့ မရှိမဖြစ်လိုအပ်တဲ့ စားသောက်ကုန်ပစ္စည်းကိုပင် စျေးကြီးကြီးပေးစားနေတာတာပါ” ဟု The Kaladan Post ထံသို့ ပြောကြားခဲ့ပါသည်။ The Kaladan Post အနေဖြင့် ပြည်သူများ၏ အဓိက စိန်ခေါ်မှုဖြစ်သော အခြေခံ စားသောက်ကုန် စျေးနှုန်းများနှင့် ၎င်းတို့၏ သက်ရောက်မှုများကို အပတ်စဉ် တနင်္လာနေ့တိုင်း တင်ဆက်ပေးရန် ကြိုးပမ်းလျက် ရှိပါသည်။ လက်ရှိတွင် နိုင်ငံတစ်ဝန်းမှ စျေးနှုန်း အချက်အလက်များကို စုစည်းနိုင်ခြင်း မရှိသေးသောကြောင့် ရရှိထားသည့် ဒေသဆိုင်ရာ အချက်အလက်တချို့ကိုသာ မျှဝေပေးနိုင်ခြင်းဖြစ်သည်။ သို့ဖြစ်ပါ၍ The Kaladan Post အနေဖြင့် နိုင်ငံအနှံ့ရှိ ပြည်သူများအား မိမိတို့နေထိုင်ရာ ဒေသအလိုက် အခြေခံစားသောက်ကုန် စျေးနှုန်းများကို The Kaladan Post ထံ ပေးပို့ခြင်းဖြင့် ပူးပေါင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

“လမ်းတိုင်းမှာ ၁၀ မိုင်ခန့်ခြား အခွန်ကောက်ခံမှုကို စကစဖက်ကော တော်လှန်ရေး အင်အားစုဖက်ကော လုပ်ဆောင်နေတော့ ကားသမားများကလည်း စျေးနှုန်းမတင်ရင် အမြတ်မရ၊ စျေးရောင်းသူများကလည်း အမြတ်မတင်ရင်မရတာမို့ စားသောက်သူတွေအတွက်ကတော့ မရှိမဖြစ်လိုအပ်တဲ့ စားသောက်ကုန်ပစ္စည်းကိုပင် စျေးကြီးကြီးပေးစားနေတာတာပါ”
မှတ်ချက်။ ။ The Kaladan Post မှ တင်ဆက်သော စျေးနှုန်းအချက်အလက်များသည် မြေပြင်မှ ပြည်သူများ၏ ပေးပို့ချက်များအပေါ်သာ အခြေခံထားပြီး သီးခြားအတည်ပြုခြင်းများ မလုပ်ဆောင်နိုင်ကြောင်း၊ ဤအချက်အလက်များသည် နေ့စဉ်ပြောင်းလဲနိုင်သည့် သဘောရှိကြောင်း လေးစားမှုဖြင့် အသိပေးအပ်ပါသည်။ ထို့အပြင် အချက်အလက်ပေးပို့ပေးသည့် ပြည်သူများအားလုံးကို The Kaladan Post မှ အထူးကျေးဇူးတင်ရှိပါကြောင်း လေးစားစွာ မှတ်တမ်းတင်ထားသည်။ချင်းပြည်နယ် (မြောက်ပိုင်း)
အခြေခံစားသောက်ကုန်စျေးနှုန်းများ
စဉ် | အမျိုးအမည် | စျေးနှုန်း (ကျပ်) |
၁ | ဆန် (အိန္ဒယားဆန်) တစ်အိတ် | ၈၀၀၀၀ ကျပ် |
၂ | ဆီ တစ်လီတာ | ၁၀၀၀၀ ကျပ် |
၃ | ဆား တစ်ပိဿာ | ၄၀၀၀ ကျပ် |
၄ | အာလူး တစ်ပိဿာ | ၅၀၀၀ ကျပ် |
၅ | ကုလားပဲ တစ်ပိဿာ | ၁၀၀၀၀ ကျပ် |
၆ | ဓာတ်ဆီ တစ်လီတာ | ၇၀၀၀ ကျပ် |
၇ | ဒီဇာယ်ဆီ တစ်လီတာ | ၆၅၀၀ ကျပ် |
မှတ်ချက် ။ ။ မြန်မာပြည်ဘက်ကလာသည့် မည့်သည့်ပစ္စည်းမဆို ဈေးနှုန်းများလွန်သည့်အတွက် ဝယ်ယူ စားသုံးနိုင်ခြင်းမရှိဘဲ အိန္ဒိယားနိုင်ငံ ဘက်ကိုဘဲ ဝယ်ယူကြတာများသည်။
ချင်းပြည်နယ် (အလယ်ပိုင်း)
အခြေခံစားသောက်ကုန်စျေးနှုန်းများ
စဉ် | အမျိုးအမည် | စျေးနှုန်း (ကျပ်) |
၁ | ဆန်(ဧရာမင်း) တစ်အိတ် | ၁၉၀၀၀၀ ကျပ် |
၂ | ရိုးရိုးဆန်(မှော်ဘီ) တစ်အိတ် | ၁၄၀၀၀၀ ကျပ် |
၃ | ဆီ(ပဲဆီ) တစ်လီတာ | ၁၈၀၀၀ ကျပ် |
၄ | စားအုန်းဆီ တစ်လီတာ | ၁၂၀၀၀ ကျပ် |
၅ | ဆား (အိုင်အိုဒင်း) တစ်ပိဿာ | ၃၀၀၀ ကျပ် |
၆ | အာလူး (ဒေသထွက်) တစ်ပိဿာ | ၇၀၀၀ ကျပ် |
၇ | ကုလားပဲ တစ်ပိဿာ | ၁၈၀၀၀ ကျပ် |
၈ | ဓာတ်ဆီ တစ်လီတာ | ၁၀၀၀၀ ကျပ် |
၉ | ဒီဇာယ်ဆီ တစ်လီတာ | ၁၀၀၀၀ ကျပ် |
စစ်ကိုင်းတိုင်း (အနောက်ခြမ်း)
အခြေခံကုန်စျေးနှုန်းများ
စဉ် | အမျိုးအမည် | စျေးနှုန်း (ကျပ်) |
၁ | ဆန်(ပေါ်ဆန်းမွှေး) တစ်အိတ် | ၁၃၀၀၀၀ ကျပ် |
၂ | ရိုးရိုးဆန်(မှော်ဘီ) တစ်အိတ် | ၈၅၀၀၀ ကျပ် |
၃ | ဆီ(ပဲဆီ) တစ်လီတာ | ၁၃၀၀၀ ကျပ် |
၄ | စားအုန်းဆီ တစ်လီတာ | ၇၀၀၀၀ ကျပ် |
၅ | ဆား (အိုင်အိုဒင်း) တစ်ပိဿာ | ၂၀၀၀ ကျပ် |
၆ | အာလူး တစ်ပိဿာ | ၄၀၀၀ ကျပ် |
၇ | ကုလာပဲ တစ်ပိဿာ | ၁၄၀၀၀ ကျပ် |
၈ | ဓာတ်ဆီ တစ်လီတာ | ၇၀၀၀ ကျပ် |
၉ | ဒီဇာယ် ဆီ တစ်လီတာ | ၇၀၀၀ ကျပ် |
မကွေးတိုင်း (အနောက်ခြမ်း)
အခြေခံကုန်စျေးနှုန်းများ
စဉ် | အမျိုးအမည် | စျေးနှုန်း (ကျပ်) |
၁ | ဆန် (ပေါစားမွှေး) | ၁၅၀၀၀၀ ကျပ် |
၂ | ရိုးရိုးဆန် တစ်အိတ် | ၁၀၅၀၀၀ ကျပ် |
၃ | ဆီ (ပဲဆီ) တစ်လီတာ | ၁၆၀၀၀ ကျပ် |
၄ | စားအုံးဆီ တစ်လီတာ | ၁၀၀၀၀ ကျပ် |
၅ | ဆား တစ်ပီဿာ | ၂၅၀၀ ကျပ် |
၆ | အာလူး တစ်ပိဿာ | ၄၅၀၀ ကျပ် |
၇ | ကုလားပဲ တစ်ပိဿာ | ၇၀၀၀ ကျပ် |
၈ | ဓာတ်ဆီ တစ်လီတာ | ၇၀၀၀ ကျပ် |
၉ | ဒီဇာယ် တစ်လီတာ | ၆၇၀၀ ကျပ် |
ကချင်ပြည်နယ် (တောင်ပိုင်း )
အခြေခံစားသောက်ကုန်စျေးနှုန်းများ
စဉ် | အမျိုးအမည် | စျေးနှုန်း (ကျပ်) |
၁ | ဆန်( ပေါစားမွှေး) တစ်အိတ် | ၂၁၀၀၀၀ ကျပ် |
၂ | ရိုးရိုးဆန် | ၁၆၀၀၀၀ ကျပ် |
၃ | ဆီ (ပဲဆီ )တစ်လီတာ | ၁၈၀၀၀ ကျပ် |
၄ | စားအုံးဆီ | ၁၂၀၀၀ ကျပ် |
၅ | ဆား တစ်ပိဿာ | ၃၀၀၀ ကျပ် |
၆ | အာလူး တစ်ပိဿာ | ၇၀၀၀ ကျပ် |
၇ | ကုလားပဲ တစ်ပိဿာ | ၇၅၀၀ ကျပ် |
၈ | ဓာတ်ဆီ တစ်လီတာ | ၁၀၀၀၀ ကျပ် |
၉ | ဒီဇာယ် တစ်လီတာ | ၉၅၀၀ ကျပ် |