မေးမြန်းသူ- ဆလိုင်း ဒိုခါရ်/ အယ်ဒီတာချုပ်

ဖြေဆိုသူ- မင်းဟိန်း / ဥက္ကဌမြန်မာဟိန္ဒူသမဂ္ဂ

ဆလိုင်း ဒိုခါရ် – အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ ဟိန္ဒူလူမျိုးတွေ၊ ဟိန္ဒူဘာသာဝင်တွေ၊ အထူးသဖြင့် ကိုယ်စားပြုအနေနဲ့ နွေဦးတော်လှန်ရေး မှာ ပါဝင်နေတဲ့သူတွေထဲက မြန်မာဟိန္ဒူယူနီယံအဖွဲ့ခေါင်းဆောင် တစ်ဦးကို ကျွန်တော် ဒီနေ့ exclusive interview မှာ ဖိတ်ခေါ်ပြီးတော့မှ မြန်မာနိုင်ငံမှာရှိတဲ့ ဟိန္ဒူတွေရဲ့ တော်လှန်ရေးအပေါ် ပါဝင်နေမှု အခြေအနေရော၊ နောက်ပြီးတော့မှ ဒီလက်ရှိမြန်မာနိုင်ငံ နိုင်ငံရေးအပြောင်းအလဲအပေါ် မျှော်မှန်းချက်လေးတွေကို ကျွန်တော်တို့ ဆွေးနွေးပေး သွားမှာဖြစ်ပါတယ်။ ဆိုတော့ ဆရာမင်းဟိန်းရယ်၊ အခုလို ကျွန်တော်တို့ကို အချိန်ပေးတဲ့ အတွက် ကျေးဇူးတင်ကြောင်း ဦးစွာ ပြောကြားလိုပါတယ်ခင်ဗျ။

 

မင်းဟိန်း – ကျေးဇူးပါ ဆရာ။ ဆရာတို့ ကျွန်တော်တို့ကို ဒီလိုမျိုး အခွင့်အရေးပေးတဲ့ အတွက်လည်း ကျွန်တော်တို့လည်း ကျေးဇူးအထူးတင်ပါတယ်။

 

ဆလိုင်း ဒိုခါရ် – ဟုတ်ကဲ့။ ဆိုတော့ ဒီပထမဆုံးအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ဟိန္ဒူလူမျိုးတွေက လူဦးရေ ဘယ်လောက်လောက်ရှိလဲဆိုတဲ့ ခန့်မှန်းခြေရယ်၊ ပြီးတော့ ဆရာတို့အနေနဲ့ နွေဦးတော်လှန်ရေးမှာ ဘာဖြစ်လို့ မြန်မာဟိန္ဒူယူနီယံဆိုတဲ့ နာမည်နဲ့ ပါဝင်အားဖြည့်နေသလဲ ဆိုတဲ့ဟာလေး ပထမဦးစွာ ဆွေးနွေးပေးပါဦးခင်ဗျာ။

 

မင်းဟိန်း –  ဟုတ်ကဲ့ပါ ဆရာ။ ဒီ ဟိန္ဒူလူနည်းစုအနေနဲ့ကတော့ ဗမာပြည်မှာပေါ့နော် အနည်းဆုံး တစ်သန်းကျော်ကျော်လောက်တော့ရှိမယ်ပေါ့နော်။ ဒီက ဟိန္ဒူဘာသာလို့ ပြောလာပြီဆိုရင် ဟိန္ဒူဘာသာမှာက လူမျိုးစုတွေအများကြီးရှိတယ်။ ဟိန္ဒူဘာသာကိုးကွယ်တဲ့ လူမျိုးစုက အနည်းဆုံးဗမာပြည်မှာ ၁၀ ခုလောက်ရှိမှာပေါ့နော်။ သမီးလ်တို့၊ သလန်ဂူတို့၊ ဂေါ်ယူ၊ ပုဏ္ဏားတို့ အများကြီးပဲ ၁၀ ခုလောက်ရှိမယ်။ အဲ့ဒီ ၁၀ ခုနဲ့ ဖွဲ့စည်းထားတာပေါ့။ ဂေါ်ရခါးတို့နော်။ အဲ့ဒီ အဲ့ဒီဟာတွေ အကုန်ပါမယ်။ ဆိုတော့ မြန်မာပြည်မှာရှိတဲ့ ဧရိယာနဲ့ ပြောမယ်ဆိုရင်တော့ မြန်မာပြည်မှာ ပဲခူးတိုင်းဆိုရင် ဒါ ဟိန္ဒူလူမျိုး တော်တော်များများစု အခြေကျနေထိုင်တာရှိတယ်။ သူတို့တွေက အများစုက လယ်ယာသမားတွေလုပ်တဲ့အတွက် အဲ့လိုနေရာတွေမှာနေတယ်။ ပြီးရင် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ အခြေတကျ နေတာများတယ်။ ရန်ကုန်၊ မန္တလေးမှာတော့ ရှိတယ်။ မွန်တို့ကတော့ နည်းနည်းပိုပြီးတော့ ပိုများတာပေါ့။ သူတို့တွေ အခြေချခဲ့တဲ့ သမိုင်းအရဆိုလည်း ပိုရှည်တယ်။ ဒါကတော့ ဘယ်လိုတွေ အခြေချခဲ့လဲပေါ့နော်။ တကယ်တော့ ဒီနွေဦးတော်လှန်ရေးမှာ ပါရတဲ့အကြောင်းကတော့ ကျွန်တော်တို့ ဒီ ဟိန္ဒူဘာသာကိုးကွယ်တဲ့ လူနည်းစုအနေနဲ့ အဖွဲ့အစည်းထောင်ပြီးတော့ လှုပ်ရှားခဲ့တာ တစ်ခုမှမရှိဘူး လွတ်လပ်ရေးရပြီးကတည်းက။ ကဲ့သို့ နာမည်တစ်ခုအနေနဲ့ record ကျွန်တော်တို့ သမိုင်းထဲမှာ မတွေ့ရဘူး။ ဒါပေမယ့် တစ်ယောက်ချင်းအနေနဲ့ လူတွေတော့ တွေ့ခဲ့ဖူးတယ်။ တော်လှန်ရေးမှာ လုပ်ခဲ့တဲ့ လူဆိုရင်လည်း ဗမာပြည်ကွန်မြူနစ်ပါတီမှာလည်း ဂိုရှယ်ဆိုရင် ဒါ တည်ထောင်ခဲ့တဲ့ founder, one of the founder တစ်ယောက်ပေါ့။ ဒါပေမယ့် သူကတော့ ဟိန္ဒူဘာသာ ကိုးကွယ်တဲ့ ဘင်္ဂါလီလူမျိုးပေါ့။ ဟိန္ဒူဘာသာအနေနဲ့ အဖွဲ့အစည်းဆိုပြီးတော့တော့ မရှိခဲ့ဘူး။ မရှိခဲ့ပေမယ့် ဒီနွေဦးတော်လှန်ရေး ရောက်တဲ့အချိန်မှာ ကျွန်တော်တို့တွေ ပြင်ပမှာ ရောက်နေတဲ့ ဟိန္ဒူဘာသာကိုးကွယ်တဲ့လူတွေက ဒါတစ်ခုခုလုပ်ရမယ်ပေါ့နော်။ အဲ့လိုလုပ် ရမယ်ဆိုပြီးတော့ အဓိကကတော့ ကျွန်တော်တို့ Europe က နော်ဝေတို့ဘာတို့မှာ စုနေတဲ့လူတွေက စအလုပ်ခဲ့တာပေါ့ဆရာရယ်။ အဲ့မှာ ကျွန်တော်တို့ပါဝင်ပြီးတော့ စုပြီးတော့ ရတဲ့အချိန်လေးကို ရသလိုလုပ်ပြီးတော့ run ခဲ့တာပေါ့။ အထူးသဖြင့်ကတော့ ကျွန်တော်တို့ နွေဦးတော်လှန်ရေးမှာတော့ ရန်ပုံငွေရှာဖွေတဲ့အလုပ်တွေလုပ်တယ်။ India government ကို လိုအပ်တဲ့စာတွေရေးတဲ့အချိန်ကျရင် ရေးတဲ့ကိစ္စတွေ ကျွန်တော်တို့လုပ်တယ်။ ပြီးရင် ဒီ PDF နဲ့ပတ်သက်တဲ့ အကူအညီတွေကို ကျွန်တော်တို့ တစ်ခုခု သူတို့အတွက်လိုအပ်တဲ့ မြေပြင်မှာချိတ်ဆက်မှုကိစ္စတွေဆိုရင် အဲ့လိုမျိုးပေါ့ ကျွန်တော်တို့ မြန်မာဟိန္ဒူသမဂ္ဂ ကနေပြီးတော့ တတ်နိုင်သလောက်ပေါ့နော် ပါဝင်ကူညီတာပေါ့ ဆရာရယ်။

 

ဆလိုင်း ဒိုခါရ် – ဟုတ်ကဲ့။ ဒါဆိုရင် ဆရာ လူတစ်ဦးချင်းစီရဲ့ အရပ်ရပ် ဟိန္ဒူလူမျိုးတွေ မြန်မာနိုင်ငံရေးလောကမှာ ဒါ အဖွဲ့အစည်းအနေနဲ့မရှိဘူးဆိုပေမယ့် ပါဝင်အားဖြည့်ပေးခဲ့တဲ့ ဟာတွေက တကယ်ရှိတယ်။ ဆိုတော့ ဒီ ရှစ်ဆယ့်ရှစ်မတိုင်ခင်၊ ရှစ်ဆယ့်ရှစ်နောက်ပိုင်းအပြင် လွတ်လပ်ရေးနောက်ပိုင်းပေါ်လာတဲ့ လူထုလှုပ်ရှားမှုတွေမှာ ဟိန္ဒူလူမျိုးတွေ ပါဝင်ခဲ့တဲ့ အခြေအနေဟာမျိုး၊ အထူးသဖြင့် ဒါ သပိတ်အင်အားစုတွေမှာ ပါဝင်ခဲ့တာတို့၊ နောက်ပြီးတော့ မှ ဟိန္ဒူလူမျိုးတွေအပေါ်မှာ ခေတ်အဆက်ဆက် အာဏာရရှိတဲ့သူတွေက ဖိနှိပ်မှုတွေကို အကျဉ်းချုံးလေးနဲ့ ဆွေးနွေးကြည့်ပေးလို့ရမလား။

 

မင်းဟိန်း –  ဖိနှိပ်မှုပိုင်းကတော့ ဆရာ တော်တော်လေးကို ဝမ်းနည်းစရာ။ ဘာကြောင့်လဲဆိုတော့ ဟိန္ဒူဘာသာဝင်တွေက အထူးသဖြင့် ပညာရေး လုံးဝအားမကောင်းဘူး။ ပညာရေးမှာ မအားမကောင်းတာ မြန်မာစစ်အစိုးရအဆက်ဆက်က ကျွန်တော်တို့တွေကို အခွင့်အရေးတွေ ပုံစံပေါင်းစုံနဲ့ ပိတ်ခဲ့တယ်။ ဥပမာ ကျွန်တော်တို့မှာ အထူးသဖြင့် မှတ်ပုံတင်ပေါ့။ မှတ်ပုံတင်ဆိုရင် ၁၉၈၂ ဆိုတဲ့ ဥပဒေက တကယ်တော့ တော်တော်တော့ စကားပြောရတဲ့ဥပဒေပေါ့နော်။ ဒါ တော်တော်လေးကို အကန့်အသတ်တွေ ဖြစ်စေခဲ့တယ်။ ဥပမာ ကျွန်တော်တို့ အဘိုးတို့၊ အဘွားတို့က အိန္ဒိယမှာမွေးလာတဲ့လူတွေဆိုရင် နောက် အဘိုးတို့အဘွားတို့က မွေးလာတဲ့လူတွေဆိုရင် ကျွန်တော်တို့တွေ အောက်ကလူတွေ မြန်မာပြည်မှာဘယ်လောက်မွေးမွေး ကျွန်တော်တို့ အခက်အခဲတွေရှိလာတယ်။ ဆိုတော့ ပညာရေးက အရမ်းခက်ခဲရှိခဲ့တယ်။ နောက် plus ဟိန္ဒူဘာသာကိုးကွယ်တဲ့လူတွေကလည်း သူတို့တွေက နည်းနည်း စိတ်ကအေးတဲ့လူတွေများတယ်။ သူတို့တွေက ခေါင်းငုံ့ခံတဲ့လူတွေ ပိုများတယ်။ အဲ အဲ့လိုလူတွေများတော့ သူတို့တွေက ပေးထားတဲ့အခြေအနေ၊ အခွင့်အရေးအပေါ်မှာပဲ မူတည်ပြီးတော့ အသက်ရှင်ကြတဲ့လူတွေများတယ်။ အာဏာရှင်တွေ၊ အာဏာပိုင်တွေကို သူတို့က မေးခွန်းထုတ်တဲ့ဥစ္စာတွေ သိပ်မလုပ်ဘူး။ အဲ့ဒီတော့ ကျွန်တော်တို့ ပညာရေး တအားအားနည်းတယ်။ ဟိန္ဒူဘာသာကိုးကွယ်တဲ့လူတွေက။ တချို့လက်တစ်ဆုပ်စာတော့ ရှိပါတယ်။ ဟို သူ့ဧရိယာနဲ့သူ ရှိထားတဲ့ အခွင့်အရေးလေးတွေ ဥပမာ စစ်တပ်ထဲမှာဆိုရင်လည်း သူ့ဧရိယာနဲ့သူ အင်္ဂလိပ်ခေတ်ထဲကနေပြီးတော့ တစ်ဆက်တည်းဖြစ်နေတဲ့လူတွေ ဆက်ပြီးတော့ စစ်ထဲမှာရှိနေတဲ့ ဥစ္စာတွေပေါ့နော်။ ဟို အရာရှိ level ပုံစံမျိုးတွေရှိတယ်။ ဟိုးအရင်တုန်းကပေါ့။ ဒါပေမယ့် အဲ့ဒါတွေအကုန်လုံး ကလည်း စစ်တပ်အခြေအနေနဲ့ကြည့်မယ်ဆို ဗိုလ်မှူးကြီးတို့ ဗိုလ်ချုပ်အဆင့်လောက်မှာ ရပ်သွားတယ်။ ဟို စစ်တပ်ဆိုတာ ဟို ကျွန်တော်ပြောတာ လွတ်လပ်ရေးပြီးတော့ ပါလာတဲ့ စစ်တပ်ထဲမှာ ရှိလာတဲ့ generation ပေါ့။ အဲ့ထဲမှာ ဟိန္ဒူဘာသာဝင်ရှိတာတွေ လူတွေပါလာပါတယ်။ အဲ့ဒါကတော့ ပုံစံတစ်မျိုး။ ပညာရေးနဲ့ပတ်သက်ပြီးတော့ကျတော့ ကျွန်တော်တို့တွေဆိုရင် ဥပမာ အဘိုးအဘွားက FRC ဆိုရင် ကျွန်တော့်အဖေက မြန်မာပြည်မှာမွေးလည်း သူက FRC ပဲ။ အဲ့လိုမျိုး FRC ဆိုတဲ့ နိုင်ငံခြားသား လက်မှတ်ကိုကိုင်တဲ့သူပေါ့နော်။ အဲ့ဒါမျိုးကိုင်လိုက်တဲ့လူတစ်ယောက်ရဲ့သားက မှတ်ပုံတင်ရ နေလည်း ကျွန်တော်တို့အတွက် ပညာရေးကောင်းကောင်းသင်လို့မရဘူး။ ပညာရေး ကောင်းကောင်း သင်လို့ရမလားဆိုတာ အဲ့လို မှတ်ပုံတင်နဲ့ပတ်သက်ပြီးတော့ ဟိန္ဒူဘာသာ ဝင်တွေက မြန်မာပြည်မှာမွေးတဲ့လူဆိုရင်တောင်မှ မှတ်ပုံတင်က တော်တော်လေးကို ခက်ပြီးတော့ အသက်မွေးဝမ်းကျောင်းပညာတောင်မဟုတ်ဘူး ကျွန်တော်တို့ normal ဟိုဟာပေါ့ physics တို့ chemistry တို့ ဘာသာရပ် ဂုဏ်ထူး ဘွဲ့ယူမယ့်အချိန်မှာတောင်မှ ကျွန်တော်တို့ မှတ်ပုံတင်မရှိဘူးဆိုရင် အဲ့ဒီဘွဲ့စာရွက်ထဲမှာ ဘွဲ့ certificate ထည့်မပေးလိုက်ဘူး။ empty စာရွက်ကြီးပဲ ကျွန်တော်တို့က ယူခဲ့ရတယ်။ စာအိတ်အလွတ်ကြီးပဲ။ ဆိုတော့ မှတ်ပုံတင်ရမှ လာထုတ်ပေါ့။ အဲ့ အဲ့ဒီသဘောမျိုး။ ကျန်းမာရေးပဲတက်ခဲ့ရတယ်။ ကျန်းမာရေးကလည်း အတူတူပဲ။ ကျန်းမာရေးဆိုလည်း တော်တော်အားနည်းကြတယ်။ ပညာရေးအားနည်းပြီဆိုတော့ အဖက်ဖက်တောက်လျှောက် ဆင်းသွားပြီပေါ့နော်။ စီးပွားရေးဆိုရင်လည်း ကျွန်တော်တို့ တော်တော်အခြေခံကျတဲ့ လုပ်ငန်းတွေလုပ်မယ်။ ဆရာတို့ သိမယ်နဲ့တူတယ် ဥပမာ သူများမလုပ်ချင်တဲ့ လုပ်ငန်းတွေပေါ့ ဗမာပြည်မှာဆို သံလုပ်ငန်းတို့၊ စက္ကူပလင်းတို့ အဲ့လိုလုပ်ငန်းတွေမှာ ကျွန်တော်တို့ အဲ့ဒီ ဟိန္ဒူဘာသာကိုးကွယ်တဲ့လူတွေတော်တော်များတယ်။ အဲ့နေရာတွေမှာ တော်တော်လုပ်တယ်။ ဒါပေမယ့် တဖြည်းဖြည်းတော့ ဟို ပြောင်းလဲလာတယ်။ နောက်ပိုင်းမှာတော့ ဆောက်လုပ်ရေးဆောက်တဲ့နေရာတို့ ဘာတို့ လုပ်လာတဲ့တချို့တွေရှိ ကောင်းရှိတယ်။ နောက် ပဲလုပ်ငန်းတွေဘာတွေလုပ်မှာ လုပ်လာတယ်ပေါ့နော်။ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေမှာ။ ဆိုတော့ ဖိနှိပ်မှုနဲ့ဆိုရင်လည်း နေဝင်းတက်တဲ့အချိန်မှာဆို ကျွန်တော်တို့ ပိုင်ဆိုင်မှုတွေဆိုရင် ဒါနိုင်ငံလုံးအနေနဲ့ ဒီနေရာမှာတော့ မြန်မာနိုင်ငံသားတွေ ဆိုပြီးတော့တော့ သူက ညှာတာတော့မဟုတ်ဘူး။ တရုတ်ဆိုလည်း ခံရတာပဲ။ တရုတ်လူမျိုး အနေနဲ့လည်း သူတို့အသိမ်းခံရတာပဲလေ။ ကျွန်တော်တို့ လူနည်းစုဟိန္ဒူဘာသာဝင်တွေ ဆိုရင်လည်း တော်တော်လေးကို အသိမ်းခံခဲ့ရတဲ့လူတွေရှိတယ်။ ပစ္စည်းတွေ စီးပွားရေးတွေ ပျက်စီးသွားတယ်။ အဲ့ဒီအချိန်မှာနောက် ၁၉၇၀ ကျော်မှာဆို ကျွန်တော်တို့ ဟိန္ဒူဘာသာဝင် တွေကို အိန္ဒိယကိုပြန်ပို့တဲ့အဆင့်တွေဘာတွေပါရှိတာပေါ့နော်။ ပြန်ပို့တယ်ဆိုလို့ အိန္ဒိယဆိုလို့ လည်း ဟိန္ဒူဘာသာဝင်တွေက ကျွန်တော်တို့ ကြိုက်ပြီးသွားတဲ့ပုံစံမျိုးမဟုတ်ဘူး။ ဒါ အိန္ဒိယဆိုလို့သာသွားတာ။ တကယ်တော့ ဒီနေမြေမှာမွေးဖွားလာပြီးတော့ ကျွန်တော်တို့ တခြားနိုင်ငံသွားတဲ့ကိစ္စမျိုးဆိုတာကတော့ ပတ်ဝန်းကျင်ရပ်တည်မှုက ပြောင်းလဲသွားပြီ။ စကားတွေဘာတွေ ပြောင်းလဲသွားပြီ။ အယူအဆတွေ ပြောင်းလဲသွားပြီ။ အဲ့ဒီနေရာ ကြီးကိုသွားရတာ အင်မတန်အခက်အခဲတွေတွေ့ခဲ့ကြတယ် သူတို့တွေ။ တချို့တွေ အခုအချိန် ထိ မရပ်တည်နိုင်သေးဘူး အိန္ဒိယမှာ။ ဆိုတော့ အဲ့လိုမျိုးပုံစံမျိုးနဲ့ ကျွန်တော်တို့ ပို့တာတွေရှိ တယ်။ တရုတ်လူမျိုးတွေ ကျွန်တော်တို့ သူတို့ ပီကင်းကိုပို့တာ ဘယ်နေရာကိုပို့တယ်ဆိုတာ မကြားဖူးဘူး။ ကျွန်တော်တို့ လူနည်းစုအနေနဲ့ ဟိန္ဒူဘာသာဝင်တွေကို အဲ့လိုမျိုးပို့တာရှိတယ်။ နေဝင်းတို့က။ အဲ့လိုမျိုး ဖိနှိပ်မှုတွေကြောင့် နိုင်ငံရေးမှာကျတော့ ပါဝင်တဲ့နှုန်းကကျတော့ percentage က တော်တော်နည်းသွားတယ်။ အဲ့ဒီမှာ အယူအဆတွေ၊ အတွေးအခေါ်တွေက ပိုပြီးတော့ တော်တော်လေးကို အသံထွက်နိုင်တဲ့အဆင့်မရှိတော့ ပါဝင်မှုတွေနည်းပြီးတော့ ဒေါက်လျှောက် အသံတိတ် လူ့အခွင့်အရေးဆုံးပါးနေတဲ့ လူမျိုးစုပုံစံဖြစ်သွားတာပေါ့ ဆရာရယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ အခု ကျွန်တော်တို့ နိုင်ငံရေးတော်လှန်ရေး ထဲမှာတော့ အနုပညာသမားတွေထဲမှာလည်း တချို့ ဟိန္ဒူဘာသာကိုးကွယ်တဲ့လူတွေပေါ့နော် တချို့ရှိတာတွေတွေ့ရတယ်။ နိုင်ငံရေးသမားတွေမှာ တချို့တစ်ယောက်နှစ်ယောက်ပေါ့နော် လက်ချိုးရေလို့ရတဲ့အဆင့်တွေပါပဲ။ အဲ့လိုမျိုးတွေရှိတယ်။ အများအားဖြင့် သူတို့တွေက အကြောက်တရားတွေ ပိုကြီးတယ်။ မြန်မာပြည်ကလူတွေနဲ့ အများစုက ရှင်မယ်ဆိုရင် ဟိန္ဒူဘာသာကိုးကွယ်တဲ့လူတွေရဲ့ အကြောက်တရားက ပိုကြီးတယ်။ ဟုတ်လည်း ဟုတ်ပါတယ်။ တကယ်လို့ တစ်ခုခု နိုင်ငံရေးကြောင့် အဖမ်းခံရပြီဆိုရင် ကျွန်တော်တို့တွေကို ပိုပြီးတော့ နှိမ်တယ်။ လူမျိုးရေးနဲ့ပိုနှိမ်တယ်။ ဘာသာရေးနဲ့ပိုနှိမ်တယ်။ ပြီးသွားပြီဆိုရင် ပိုပြီးတော့ နှိပ်စက်ခံရတယ်။ အဲ အဲ့လိုမျိုးတွေကြောင့် တော်ရုံတန်ရုံဆိုရင် နိုင်ငံရေးဆိုတာ တကယ့်ကို ခါးသီးတဲ့ ဥစ္စာမျိုးပေါ့နော်။ လူ့အခွင့်အရေးဆိုတာ ကျွန်တော်တို့ ရဖို့တောင် မကြိုးစားတော့ဘူး။ ခါးသီးတဲ့ ဆေးကားကြီးလိုဖြစ်သွားတယ်။ အဲ့ဒီပုံစံမျိုးနဲ့ တချို့လူတွေ လူ့အခွင့်အရေးတွေ အပြီးသတ်ဆုံးရှုံးပြီးတော့ တကယ့်ကို ဒီလောကကြီးက ထွက်သွားတဲ့ လူတွေတောင် ရှိတယ်ဆရာ။ ဆိုတော့ ဆုံးရှုံးမှုတွေအများကြီးပဲ။ လူ့ဖိနှိပ်ခံရတဲ့မှုတွေ အများကြီးပဲ။ အဲ့ဒါတွေက တစ်ခါတစ်လေကျရင် နေသားကျသလိုဖြစ်သွားတယ်။ အဲ့လိုမျိုးပုံစံ ပေါ့နော် ဆရာ။ ကျေးဇူးပါ ဆရာ။

 

ဆလိုင်း ဒိုခါရ် – ဟုတ်ကဲ့။ အဲ့ဒီမှာ ဆရာပြောတဲ့အထဲမှာ နည်းငယ်ပါသွားပြီပေါ့နော်။ ဆရာတို့ အခုလက်ရှိ နွေဦးတော်လှန်ရေးမှာ အခုလောလောဆယ်ဆရာပြောတဲ့ဟာက မြန်မာဟိန္ဒူ ယူနီယံကနေဆို fundraising မှာပါတယ်၊ ပြီးတော့ PDF ထောက်ပံ့ကြေးတွေမှာပါတယ်။ ဆိုတော့ ဒီလက်ရှိတော်လှန်ရေးမှာ ကျွန်တော်တို့အနေနဲ့ ကဏ္ဍပေါင်းစုံပေါ့နော်။ သပိတ်၊ နောက်ပြီးတော့မှ သံတမန်ရေးရာနဲ့ တိုက်ပွဲဝင်နေတဲ့ဟာရှိတယ်၊ လက်နက်ကိုင်ရှိတယ်၊ နောက် CDM စသဖြင့်ရှိတယ်။ ပြီးတော့ အခုတချို့ ဖမ်းခံပြီးတော့မှ ထောင်ထဲရောက်နေတဲ့ ဟာမျိုးရှိတယ်။ ဆိုတော့ ဒီကဏ္ဍတွေမှာ ကျွန်တော်တို့ လက်ရှိဆရာတို့ အချက်အလက် ရရှိသလောက်ပေါ့နော် အဲ့ဒီမှာ ဟိန္ဒူလူမျိုးတွေ၊ ဟိန္ဒူဘာသာဝင်တွေ ဘယ်ကဏ္ဍတွေမှာ ပါဝင်နေသလဲဆိုတဲ့ဟာ အချက်အလက်ပေါ်အခြေခံပြီးမှ ဆွေးနွေးပေးပါဦးဗျ။

 

မင်းဟိန်း – နွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ထောင်ထဲမှာ ကျနေတဲ့ လူတွေရှိတယ်။ လက်ချိုးရေလို့ရတယ်။ ဒါပေမယ့် နွေဦးတော်လှန်ရေး စဖြစ်တဲ့အချိန်မှာ တော့ ပါဝင်တဲ့လူငယ်တွေ အများကြီးပဲ။ တော်တော်များများ ပါခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သူတို့ တော်တော်လေးကို နောက်ဆုတ်ပြီး ရှောင်သွားတယ်။ အခုလက်ရှိလည်း ပြည်တွင်းထဲမှာ သူတို့ ဘယ်လိုပြောမလဲ နိုင်ငံရေးတော့မလုပ်တော့ဘူး။ ဒါပေမယ့် အနောက်ကွယ်ကနေပြီးတော့ တစ်ခုခု အဲ့လိုမျိုး ကူညီတဲ့ ပံ့ပိုးတဲ့ ဥစ္စာလေးတွေတော့ လုပ်တာပေါ့နော် လူမသိအောင်။ ဒါပေမယ့် တော်တော်လေးကို ရပ်သွားတယ်။ တချို့တွေဆို စီးပွားရေးကို ပုံမှန်လိုမျိုး ပြန်လုပ်နေကြတဲ့ပုံစံမျိုးတွေရှိတယ်။ Plus ကျွန်တော်တို့ ဒီ ပြည်တွင်းထဲမှာရှိတဲ့ ဟိန္ဒူဘာသာဝင်အဖွဲ့အစည်းတွေရှိတယ်။ တော်တော်ကြီးကြီးမားမား။ Central Board တို့၊ ကျန်တဲ့ အများကြီးပဲ အဲ့ဒီလူတွေဆို so-called ပေါ့နော်။ so-called ဆိုတော့ နာမည်တပ်ပြီးတော့ သူတို့ကိုယ်သူတို့ လူကြီးလုပ်ထားတဲ့အဖွဲ့အစည်းတွေ ဒီလူတွေက ဘုရားကျောင်းတွေကိုလုံး အုပ်ချုပ်ထားတယ်။ ဘုရားကျောင်းကရတဲ့ ပိုက်ဆံတွေနဲ့ သူတို့ personal အသုံးပြုတာတွေတော့ရှိတာပေါ့လေ။ အဲ့လိုမျိုးတွေနဲ့ စကစရဲ့ တကယ့်ကို အကြီးအကဲနောက်လိုက်တွေလိုဖြစ်နေတယ်။ အဲ့လိုလူတွေက ဒီ ဟိန္ဒူဘာသာ လူငယ်တွေဝင်တွေ သူတို့တွေရဲ့ စောင့်ကြည့်မှုကနေ သူက မလွတ်တော့ ကျွန်တော်တို့ ဒီပါဝင်မှုကို သိပ်ပြီးတော့ သိပ်ချီပြလို့မရဘူး။ မရတော့ အဲ့ဒါတွေ နိုင်ငံရေးတွေမှာ သိပ်ပြီးမပါဝင်ခဲ့ရဘူး။ လောလောဆယ်ဆိုရင် ထောင်ထဲမှာကျနေတဲ့လူ အချို့ရှိတယ်။ ကျွန်တော်တို့ဆီမှာ နာမည်အတိအကျ ကောက်ဖို့၊ စာရင်းအတိအကျကောက်ဖို့ဆိုတာ အင်မတန်ခက်တယ်။ တချို့တွေက ထောင်ကျနေရင်တောင်မှ ကျွန်တော်တို့ကို နာမည်မပေး ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနာမည်ကြောင့် သူတို့ထပ်ပြီးတော့ ကျန်ခဲ့တဲ့မိသားစုတွေ ထပ်ခံရမှာတွေ၊ နောက် ထောင်ထဲမှာထပ်ပြီးတော့ အဲ့ဒီသတင်းတစ်ခုခုက ပေါက်လို့ ထောင်ထဲမှာ ထပ်ပြီးအနှိပ်စက်ခံရမှာတွေ အဲ့ဒါတွေကိုထပ်ကြောက်လို့ သတင်းတွေမပေး ဘူး။ ဒါပေမယ့် ကျွန်တော်တို့လက်ထဲမှာတော့ ရှိတာပေါ့နော်။ အချို့လက်ထဲတွေရှိတယ်။ ထောင်ထဲမှာ ဆုံးသွားတဲ့လူတွေရှိတယ်။ တချို့ PDF တွေမှာ join ပြီးတော့ လုပ်နေတာတွေရှိတယ်။ လက်ရှိ တူဒေးမှာ လုပ်နေတာတွေရှိတယ်။ တချို့ထောင်ကျပြီးတော့ လည်း ပြန်လွတ်လာတဲ့ အနုပညာရှင်တွေထဲမှာလည်း ရှိတာတွေတွေ့ရတယ်။ အထူးသဖြင့် ဒီနွေဦးတော်လှန်ရေးမှာတော့ တခြားအရင်က ပါဝင်မှုတွေထက် ပိုပြီးတော့တော့ မာမာကျောကျော ပါဝင်လာတယ်။ ဒါပေမယ့် ပါဝင်မလာပြီးတဲ့နောက်ပိုင်းမှာတော့ ထပ်ပြီးတော့ အားအင်တွေပြန်ယုတ်လျော့သွားတာတော့ တွေ့ရတယ်။ အထူးသဖြင့် ဟိန္ဒူဘာသာဝင်တွေပေါ့။ သူတို့တွေက ဟို ကျွန်တော်တို့ ပါဝင်ချင်တယ်ဆိုရင်တောင်မှ မိဘတွေက သူတို့တွေက အကြောက်တရားတွေ သူတို့တွေက ကိုင်ထားတာဆိုတော့ ဟုတ်လည်းဟုတ်တယ်။ တကယ်အကြောက်တရားဆိုတာလည်း တကယ်ကြောက်စရာ ကောင်းတယ်။ ဘဝပျက်သွားအောင် နှိပ်စက်တတ်တဲ့လူတွေဆိုတော့ စကစဆိုတော့ အဲ့လိုမျိုးတွေ အခက်အခဲတွေကြောင့် အခု ပါဝင်တဲ့ဥစ္စာတွေက အဲ အဲ့လိုအခြေအနေတွေ ဖြစ်နေတာပေါ့နော်။ ပြည်ပရောက်နေတဲ့လူတွေတောင်မှ တချို့တွေက ပါဝင်မှုတော်တော် ခက်တယ်။ online မှာ မျက်နှာပြတာတွေဘာတွေဆိုရင် ဘာကြောင့်လဲဆိုတော့ အနောက်ကလူတွေက မလုံခြုံဘူး။ ကြောမလုံဘူးပေါ့နော်။ ဒါပေမယ့် တဖြည်းဖြည်း တချို့လူတွေကတော့ လူငယ်တွေကို ကျွန်တော်တို့ educate လုပ်တယ်။ ပြောတယ်။ တချို့မိသားစုတွေကလည်း ဗမာပြည်မှာ တချို့မနေတော့ဘူး။ ယာယီ အိန္ဒိယကို ပြောင်းသွားတဲ့လူတွေရှိတယ်။ အဲ့လိုလူမျိုး လူငယ်မျိုးတွေနဲ့ပတ်သက်တဲ့ ဟို ဆိုရင်တော့ သူတို့တွေက ပိုပြီးတော့ ပါဝင်တာပေါ့နော်။ အဲ့လိုအခြေအနေတော့ရှိပါတယ်ဆရာ။

 

ဆလိုင်း ဒိုခါရ် – ဟုတ်ကဲ့။ ဒီကြားထဲမှာ ကျွန်တော်တို့ သတင်းစောင့်ကြည့်မှုတွေအရ ဒါ ဟိန္ဒူဘုရားကျောင်းတွေကို target ထားပြီးမှ တိုက်ခိုက်ခံရတာ ကျွန်တော်တို့သိရ သလောက်ဆို သုံးကြိမ်ထက်မနည်းပေါ့နော်။ ဒါပေမယ့် ဒီ ဆရာတို့ မြန်မာဟိန္ဒူ ယူနီယံအပါအဝင်၊ ဟိန္ဒူယူနီယံက ကန့်ကွက်စာတွေက လွဲပြီးတော့မှ ကျန်တာ ဘာထွေထွေ ထူးထူးမှမရှိတော့ဘူးပေါ့နော်။ နောက်ပြီးတော့မှ မြန်မာဟိန္ဒူယူနီယံကလည်း အခုအချိန်မှာ ဒါ နည်းပညာပိုင်းဆိုင်ရာအရ စိန်ခေါ်မှုတွေရှိတဲ့အခါကျတော့ တခြား NGO တွေလို စနစ်တကျ ဟိန္ဒူလူမျိုးတွေအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မှတ်တမ်းလုပ်ပြီး တော့မှ ဒါတင်ပြ၊ ဆွေးနွေးတာတွေ၊ စည်းရုံးတာတွေဟာ နည်းနည်း လိုအပ်ချက်ရှိ နေသေးတယ်လို့ ကျွန်တော်တို့ ဒါ အကြမ်းဖျင်းပြောလို့ရတာပေါ့။ ဆိုတော့ အဲ့ဒီအပေါ်မှာ ဘယ်လိုခံစားသလဲ။ ဘာဖြစ်လို့ အနီးအနားမှာ တကယ့် ဟိန္ဒူလူမျိုးအများဆုံးနေထိုင်တဲ့ အိန္ဒိယဟာမျိုးလည်း ရှိနေပေမယ့် ဒါအဲ့လို ဟိန္ဒူဘုရားကျောင်းတွေ တိုက်ခိုက်ခံရတဲ့အချိန်မှာ အိန္ဒိယသံရုံးကနေလည်း ဘာမှ စာထုတ်ပြန်တာမရှိတဲ့အခြေအနေဖြစ်တဲ့အခါကျတော့ အဲ့ဒီ အပေါ်မှာ ဘယ်လိုခံစားလဲဆရာ။

 

မင်းဟိန်း – ဆရာ တကယ်တော့ ကျွန်တော်တို့က ပြည်တွင်းထဲမှာရှိတဲ့ ဟိန္ဒူဘာသာဝင်တွေက အိန္ဒိယဆို မွေးစားအမေလို ချစ်တဲ့ပုံမျိုး စိတ်တော့ရှိကြတယ်။ မြန်မာပြည်ကတော့ ကိုယ့်ရဲ့မိခင်လိုချစ်တာပေါ့နော်။ ဒါပေမယ့် အိန္ဒိယအနေနဲ့ကျတော့ ကျွန်တော်တို့အပေါ်မှာ ပြန်ပြီးတော့ ကြည့်တဲ့ပုံက ပုံစံတစ်မျိုး ကျွန်တော်တို့ကို အိန္ဒိယနိုင်ငံသားမဟုတ်တဲ့ပုံစံ၊ သိပ်ပြီးတော့ စာရင်းမသွင်းတဲ့ဥစ္စာမျိုး ပုံစံမျိုး သတိထားမိတယ်။ ဒါပေမယ့် ဒါကလည်း တစ်ခုပြန်စဉ်းစားရင် သူတို့ရဲ့ လက်ရှိ government ရဲ့ policy လည်းဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီ မိုဒီ government က စကစနဲ့လည်း လက်တွဲပြီး လုပ်နေတဲ့ တချို့ကိစ္စတွေရှိနေသလို ဟို သူတို့ရဲ့ နိုင်ငံရေး power balancing လုပ်နေတဲ့ Chinese government နဲ့လည်း အတူတူ ဟို counter လုပ်နေရတဲ့ကိစ္စမျိုးတွေ ရှိကောင်းရှိနိုင်တယ်။ ဒါကတော့ သူတို့ High Level, government level policy တွေ ဘယ်လိုတွေသွားနေလဲတော့ မသိဘူးပေါ့နော်။ အဲ့ဒီအခြေအနေမျိုးမှာ ကျွန်တော်တို့ ဒီဘက်ကို အသံပေးထွက်တဲ့ဥစ္စာမျိုးတွေကို သူတို့ သိပ်ပြီးတော့ စိတ်မဝင်စားဟန်ဆောင် တာလားလည်းမသိဘူး။ ဒါပေမယ့် လောလောဆယ်အထိကတော့ ကျွန်တော်တို့ ဘုရားကျောင်းတွေထိတာတွေ အများကြီးရှိတယ်။ ဟိန္ဒူလူမျိုးစုတွေ ဗုံးကြဲခံရပြီး ဆုံးသွားတဲ့လူတွေရှိတယ်။ အခုလက်ရှိ ကရင်ပြည်နယ်ထဲမှာဆိုရင် စကစဗုံးကြဲပြီးတော့ တစ်ရွာလုံးထွက်ပြေးနေရတဲ့အခြေအနေမျိုးတွေရှိတယ်။ ကျုံဒိုးလိုဧရိယာမှာပေါ့နော်။ တော်တော်များများတွေ ခံနေရတယ်။ နောက် ဟိန္ဒူဘာသာဝင်တွေအနေနဲ့ သူတို့လူ့အခွင့် အရေးချိုးဖောက်ခံရတယ်ဆိုတာကို သူတို့တွေက သေသေချာချာ ကျွန်တော်မပြောတတ်ဘူး။ ခုနကလိုမျိုးပေါ့ ပညာအားနည်းတယ်ဆိုတဲ့ ဥစ္စာက အခုအချိန်ထိ အဲ့ဒါတွေက ထိခိုက်မှုတွေရှိတာ။ အခုအချိန်ထိ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ဒီ collection လုပ်မယ်ဆိုရင် ဥပမာ Google Form လောက်နဲ့ ပုံတွေ၊ စာတွေတင်ဖို့ ပုံစံမျိုးလုပ်ပေး လိုက်လို့ရတယ်။ ဒါပေမယ့် သူတို့တွေက အဲ့ဒီဟာကို မလုပ်တတ်ဘူး။ စကားပြောတာ တောင်မှ သူတို့တွေက နည်းနည်း ရှက်ရှက်လင်းလင်း မပြောတတ်ဘူး ဗမာစကားကို။ ဆိုတော့ အရမ်းခက်တယ်ဆရာ။ နည်းပညာပိုင်းမှာလည်း သူတို့တွေရဲ့ လေ့လာလိုက်စားမှုက အားနည်းတာ ဘာကြောင့်လဲ။ ပညာရေးကြောင့်။ နောက် ကျွန်တော်တို့ အနီးစပ်ဆုံး ဟိန္ဒူဘာသာအကြီးဆုံးနိုင်ငံ တခြားဘာသာတွေနဲ့မတူဘူး။ ဒီ Christian တို့၊ Islam တို့ ပတ်ဝန်းကျင်တွေက တော်တော်ကြီးတယ်။ တော်တော်စည်းလုံးတယ်။ ဒါပေမယ့် ဟိန္ဒူဘာသာနဲ့ပတ်သက်ပြီးတော့ အဓိကကတော့ အိန္ဒိယကတော့ အိန္ဒိယအိမ်နီးနားချင်း လည်းဖြစ်တယ်ဆိုတော့။ ဒါပေမယ့် သူတို့ အိန္ဒိယသံရုံးကလည်း များသောအားဖြင့်က စကစနဲ့ လက်တွဲပြီးလုပ်နေတဲ့လူတွေများတယ်။ နောက် ပြည်တွင်းထဲမှာရှိတဲ့ ဟိန္ဒူအဖွဲ့အစည်း တွေကလည်း သံရုံးကို အဝင်အထွက်လုပ်တယ်။ ရန်ကုန်မှာရှိတဲ့ အိန္ဒိယသံရုံးပေါ့နော်။ အဝင်အထွက်လုပ်တယ်ဆိုတာက စကစကောင်းကျိုး၊ ကောင်းတဲ့ဥစ္စာတွေကို သူတို့တွေက ရှင်းသွားပြီးတော့ lobby လုပ်ပေးနေတဲ့ပုံမျိုးပေါ့နော်။ အဲ့လိုကိစ္စမျိုးတွေ ကျွန်တော်တို့ ကြားသိရတယ်။ ပြည်တွင်းထဲမှာရှိတဲ့ ဟိန္ဒူတွေက။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ personal interest တွေပါတာပေါ့နော်။ ကိုယ်ရေးကိုယ်တာကိစ္စတွေပါတော့။ ကျွန်တော်တို့ လူနည်းစုတွေ တကယ်ခံနေရတယ်၊ ဟိန္ဒူဘာသာဝင်တွေ တကယ်ခံနေရတဲ့ဟာတွေကို ကိုယ့်လူမျိုးက ကိုယ့်ကို အလုပ်ခံရတယ်ဆိုတော့ ဆရာတကယ်တော့ အိန္ဒိယ government က ကျွန်တော်တို့ကို မကြည့်ဘူးဆိုတာကို နိဂုံးပြန်ချုပ်မယ်ဆိုရင် သူတို့ မသိတာလည်း ဖြစ်မယ်။ အသံတွေပေါင်းစုံနဲ့ သံရုံးကို အဝင်အထွက်လုပ်တဲ့ channel ကို အဓိကထားပြီး နားထောင်လို့ neglect လုပ်သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ကတော့ ထိုးဖောက်နေပါတယ်။ ထိုးဖောက်တယ်ဆိုတာကတော့ စာတွေ တတ်နိုင်သလောက် ပို့တယ်။ နောက် သမီးလ်နာဒုပြည်နယ်မှာရှိတဲ့ အစိုးရပါတီဝင်တွေရှိတယ်။ အဲ့ဒီပါတီဝင်က လူတချို့နဲ့လည်း ချိတ်ဆက်မှုတွေတော့လုပ်တယ်။ သူတို့တွေကလည်း ကျွန်တော်တို့ကို စိတ်ဝင်စားတယ်။ ဒါပေမယ့် မခက်တာ သမီးလ်နာဒု state က နိုင်ငံရေးသမားတွေက ဘယ်လောက်စိတ်ဝင်စားစား၊ central government က စိတ်ဝင်စားမှ ကျွန်တော်တို့က အဆင်ပြေမှာဆိုတော့ အဲ့ဒီ politics ထဲမှာလည်း ကျွန်တော်တို့က တော်တော်လေးကို
ပိုပြီးတော့ ပိုခက်တယ်ပေါ့နော်။ အဲဒီအခက်အခဲတွေက နည်းနည်းကြုံတွေ့ရတယ်။ အဲဒီလမ်းကြောင်းတွေမှာ ကျွန်တော်တို့ အခက်အခဲတွေ တွေ့နေရတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ဆက်ပြီးတော့ ဒီအတိုင်း ဆက်နိုင်သလောက်တော့ ဆက်လုပ်သွားဖို့တော့ ရှိတယ်။ ဆက်လုပ်လည်း လုပ်နေပါတယ်။

 

ဆလိုင်း ဒိုခါရ် – တစ်ဖက်မှာ ဒါ အိန္ဒိယက စစ်ကောင်စီနဲ့ လက်တွဲတယ်ဆိုပေမဲ့ မိုဒီအစိုးရက သူ့ဘာသာသူ ဟိန္ဒူအမျိုးသားရေးပါတီအနေနဲ့ သူကြွေးကြော်ပြီးတော့မှ ကိုယ်အစိုးရ ဖွဲ့လာတဲ့ဟာ ဖြစ်တယ်။ ဆိုတော့ တစ်ဖက်မှာ ဘင်္ဂလားဒေ့ရှ်မှာ ကြီးတယ်ဆိုရင်တော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေး ရှုပ်ထွေးထွေးမှုတွေမှာ ဟိန္ဒူလူမျိုးတွေ၊ ဘာသာဝင်တွေ Target ထားခံပြီးတော့မှ ဖိနှိပ်မှုကြုံလာနဲ့ကို ချက်ချင်းနဲ့ ဝင်ပြီးတော့မှ ကူညီပေးနေတဲ့ဟာ ကျွန်တော်တို့ တွေ့ရတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ ဟိန္ဒူလူမျိုးတွေကိုကျတော့ သူမျက်ကွယ်ပြုနေတာ။ ကျွန်တော်တို့ မြင်နေရတာက ဒါ ဘုရားကျောင်းတွေ တိုက်ခိုက်ခံ ရတာတွေကအစ နောက်ပြီးမှ တခြား ခေတ်အဆက်ဆက် စနစ်ကျင့်သုံးလာတဲ့ ဟာတွေက အပြင် ဒီစစ်ကောင်စီလက်အောက်မှာ ခါးသီးတဲ့ အသုံးအနှုန်းတွေ သုံးပြီးတော့မှ ဖိနှိပ်တဲ့ဟာတွေ ဘာတွေ ရှိတာပေါ့နော်။ ဟို လွန်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ခုထဲမှာလည်း ဒါ ဟိန္ဒူလူမျိုးတွေကို စော်ကားတဲ့ အသုံးအနှုန်းကို တကယ့် မြန်မာနိုင်ငံ ရုပ်ရှင် ထုတ်လုပ် ရေးအဖွဲ့က အတည်ပြုပေးပြီးတော့မှ ပြသခွင့်ပြုတဲ့ ဟာမျိုးအပြင်ပေါ့နော်။ ဆိုတော့ ဒါ မိုဒီ အနေနဲ့ ကြွေးကြော်ထားတဲ့ ဟိန္ဒူအမျိုးသားရေးပါတီအနေနဲ့ ဒါမျိုးကိုကျတော့ မျက်ကွယ် ပြုတဲ့ဟာက ဆရာတို့ ဘယ်လိုမြင်လဲ၊ ဘယ်လိုခံစားလဲ။

 

မင်းဟိန်း – ကျွန်တော်ထင်တာတော့ အမျိုးသားရေးဝါဒကို promote လုပ်တဲ့ ဝါဒကိုသုံးတဲ့ မိုဒီ Government ကတော့ မဲရဖို့ပဲ လုပ်တာဆရာ။ ကျွန်တော် နိုင်ငံရေးသမားစကားတစ်ခုပဲ ထင်တယ်။ တကယ့် တကယ် စိတ်ထဲမှာ တကယ့်အမျိုးသားရေးကို တကယ် တန်ဖိုးထားတဲ့ လူဆိုရင်တော့ ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်နေမှ မဟုတ်ဘူး။ အိမ် ဗမာပြည်မှာ ဖြစ်နေမှ မဟုတ်ဘူး။ တရုတ်ပြည်မှာ ဟိန္ဒူထေရ်ဘာသာဝင်တွေ လူနည်းစုတွေ ရှိလို့ သူ့တိုင်းတာ လူနည်းစုတွေ ရှိလို့ တစ်ခုခု အသံထွက်ရမယ်ဆိုရင်လည်း သူထွက်ပေးရမဲ့ အနေအထား သူ့တာဝန်ရှိတယ်။ ကျွန်တော်ထင်တာတော့ ဒါက နိုင်ငံရေး ဟို slogan ပေါ်ပဲ ဖြစ်မယ်လို့ တူတယ်။ အမျိုးသား ရေးဆိုတာ သူပါတီ အနိုင်ရရှိရေးအတွက်ပဲ။ ဘာ နောက်တစ်ခုက ကြည့်မယ်ဆိုလည်း ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဘန်ဂါလီလူမျိုးပေါ့နော်။ politician တွေက အိန္ဒိယရဲ့ ပါလီမန်ထဲမှာ ဘန်ဂါလီလူမျိုးတွေ ရှိတယ်။ politician တွေရှိတယ်။ ကျွန်တော်တို့ ဗမာပြည်မှာရှိတဲ့ ဟိန္ဒူဘာသာဝင်လူတွေက အိန္ဒိယရဲ့ ပါလီမန်ထဲမှာ မရှိဘူး။ အဲဒီတစ်ခုလည်း ကွာခြားတာလည်း ဖြစ်နိုင်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဘက်က အသံပိုထွက်နိုင်တယ်။ ဘင်္ဂလားဒေ့ရှ်မှာ လူနည်းစု ဟိန္ဒူဘာသာဝင် လူနည်းစုတွေက အနှိပ်စက်ခံရတဲ့ အချိန်၊ အဖိနှိပ်ခံရတဲ့ အချိန်မှာဆိုရင် သူတို့ ပါလီမန်ထဲမှာ အသံထွက်လာပြီဆို သူ တစ်ယောက်ယောက်က အသံထွက်ပေးလို့ရတယ် ဆရာ သိလား။ ကျွန်တော်တို့ ဗမာပြည်မှာ ရှိတဲ့ ဟိန္ဒူဘာသာဝင်တွေ အနေနဲ့ကကျတော့ အဲဒီ level အထိမှာ ပေါက်ပေါက် ရောက်ရောက် ရှိနေတာ မတွေ့ရဘူး။ အဲဒီတော့ အဲဒီလို ကွာခြားမှုပေါ်မှာလည်း ရှိသလို ကျွန်တော်ထင်တယ် အခုနက slogan တစ်ခုအနေနဲ့ပဲ သူလုပ်နေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ တကယ်တော့ သူ သူ့ပြည်တွင်းရေးမှာ သူ့အာဏာရရှိဖို့ချည်းပဲ ထင်တယ် ဆရာ။

 

ဆလိုင်း ဒိုခါရ် – ဟုတ်။ တစ်ဖက်မှာတည် ကျွန်တော်တို့ မွတ်စလင်တွေဆိုရင် သူတို့ လူ့အခွင့်အရေး လှုပ်ရှားတဲ့ သူတွေကလည်း အတိုင်းအတာတစ်ခုအထိ စနစ်တကျနဲ့ ကို သူတို့ လှုပ်ရှားနိုင်တယ်။ နောက် တစ်ခုခု သူတို့ ကြုံတယ်ဆို မွတ်စလင်နိုင်ငံတွေက ဝင်ကူပြီးတော့မှ အသံထွက်ပေးတဲ့ဟာ ရှိတယ်။ နောက် ခရစ်ယာန်အပါအဝင် ဒီ မြန်မာနိုင်ငံမှာ တခြား လူနည်းစုတိုင်းရင်းသားတွေဆိုရင် သူတို့ တစ်ခုခု ကြုံတယ်ဆိုရင် အနည်းဆုံးပေါ့ အသံထွက်ပေးတဲ့ နိုင်ငံ ရှိတယ်။ နောက်ပြီးမှ အခု လက်ရှိ ကျွန်တော်တို့ လေ့လာချက်အရဆိုရင်တော့ ဒါ ခရစ်ယာန်တွေ ဘုရားကျောင်း ဖျက်ဆီးခံရမှုတွေဆိုရင်တော့ စနစ်တကျနဲ့ ကို ပြုစုထားတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ ဆိုတော့ ဆရာတို့ ဟိန္ဒူ Union အနေနဲ့ အဲဒီလို ဟိန္ဒူနိုင်ငံတွေကို ဆရာတို့ ကြုံတွေ့တဲ့ အခက်အခဲတွေ တင်ပြနိုင်ဖို့အတွက် သော်လည်းကောင်း ပြီးတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ ဟိန္ဒူလူမျိုးတွေ ဖိနှိပ်ခံ အခြေအနေ ဟာမျိုးကို ပိုပြီးတော့မှ စနစ်တကျ နိုင်ငံတကာ UN အဆင့်ဟာမျိုးတွေ တင်ပြနိုင်ဖို့အတွက် ဘယ်လို ဆောင်ရွက်ဖို့ ဆန္ဒရှိသလဲ။ အဲဒီအပေါ်မှာ ဘာ စိန်ခေါ်မှုတွေ ကြုံနေသလဲ ဆရာတို့။

 

မင်းဟိန်း – ဟုတ်ကဲ့ ဆရာ။ အဲဒီကိစ္စတွေကတော့ record အနေနဲ့ကတော့ အခု ကျွန်တော်တို့ ဆီမှာ ဘုရားကျောင်းကိစ္စ၊ ဗုံးကြဲခံရတဲ့ ကိစ္စမျိုးတွေ၊ ဖျက်ဆီးခံရတဲ့ ကိစ္စမျိုးတွေ၊ ရွာကို ဗုံးကြဲပြီးတော့ ပြည်သူတွေ ထွက်ပြေးသွားတာတွေ၊ လူ ၁၄၊ ၅ ယောက် တစ်ခါတည်း ဆုံးသွားတာတွေ အဲဒီ record တွေတော့ ကျွန်တော်တို့ record တော့ လုပ်ထားတယ်။ ဒီတော့ တော်လှန်ရေးကာလမှာ side က နှစ်ဖက်လုံးမှာ ကျွန်တော်တို့တွေ အားသာချက်၊ အားနည်း ချက် ဒီပြည်သူတွေ ခံရတာတွေ ရှိတယ်ပေါ့နော်။ အဲဒါမျိုးတွေ အကုန်လုံးကတော့ ကျွန်တော်တို့ record လုပ်ထားတယ်။ အခုနကလိုမျိုး ဟိန္ဒူဘာသာဝင်နိုင်ငံတွေကို ဘယ်လိုပုံစံမျိုးနဲ့ ထိတွေ့မလဲ။ ကျွန်တော်တို့တွေကို ဘယ်လိုအသံပြုပေးမလဲဆိုတာတော့ ကျွန်တော်တို့ အခု တမီလ်နာဒူးပြည်နယ်က ပါတီကိုတော့ ကျွန်တော်တို့ ထိ ထိတွေ့နေတယ်။ နောက် သီဟိုဠ်ဂါ သမန်နဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ ထိတွေ့ဖို့ ရှိတယ်။ အဲ အဲဒါမျိုးတွေတော့ နည်းနည်း ချိတ်ဆက်နေတာတွေတော့ ရှိပါတယ်။ တစ်ခါတစ်လေကျရင် ဒီ ဟိန္ဒူဘာသာဝင်ပဲ။ ဒါပေမဲ့ ဗမာပြည်မှာ နေတဲ့လူတွေက ကျွန်တော်တို့ personally လည်း ကူညီတောင်းတဲ့ ပုံစံမျိုးတွေက သိပ်မတွေ့ရဘူး။ ဟို တကယ်တော့ အဲဒါတွေက တကယ်လိုတယ်။ ဒါတွေက ကျွန်တော်တို့ရဲ့ ခြေလှမ်းသစ်တွေပေါ့နော်။ ဒီခြေလှမ်းသစ်တွေ ဒီလိုမျိုး တခြား ဟို နိုင်ငံမှာရှိတဲ့ ဘာသာတူ နိုင်ငံတွေကို သွားပြီးတော့ lobby လုပ် အခု တင်ပြ တောင်းဆိုပြီးတော့ ကျွန်တော်တို့ ဒီ အသံထုတ်ပေးဖို့ဆိုတာ ကျွန်တော်တို့ ဒါ လမ်း လမ်းသစ်တစ်ခုကို ဖောက်ရမှာဆိုတော့ ကျွန်တော်တို့ အဲဒါတွေ လုပ်ဖို့တော့ အခန်းကဏ္ဍ တွေတော့ စဉ်းစားနေပါတယ်။ အခု ပထမဆုံးအနေနဲ့ကတော့ အဲဒီ အိန္ဒိယ Political Group တွေနဲ့တော့ စပြီးတော့တော့ ချိတ်ဆက်ထားတာတွေတော့ ရှိပါတယ် ဆရာ။ UN နဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ တို့ထိဖို့ လိုပါတယ်။ အဓိကကတော့ အခုနက ပြောသလိုမျိုးပေါ့နော်။ အခုနက documentation နဲ့ systematic သွားဖို့ ဥစ္စာက လက်တွေ အများကြီးလိုတယ်။ ကျွန်တော်တို့မှာ အခုဆို ရန်ပုံငွေပွဲအတွက်တွေ လုပ်ပြီးတော့ တော်လှန်ရေးကို ကူညီတာတွေ ရှိတယ်။ အခုနကလိုမျိုး နိုင်တဲ့ ကိစ္စတွေကို မြေပြင်မှာ ရှိနေတဲ့ အခက်အခဲရှိတဲ့ ကိုယ့်ဟိန္ဒူဘာသာဝင်တွေ အခက်အခဲရှိတယ်ဆိုရင် ကျွန်တော်တို့ တတ်နိုင်သလောက် ကျွန်တော်တို့ ကူညီပေးတာတွေ ရှိတယ်။ plus ဟို ဟို financially တောင် မဟုတ်ဘူး။ ဒီ သူတို့ဘက်က နေပြီးတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဥစ္စာဆိုရင် ဥပမာ UN က လူ့အခွင့်အရေး အဖွဲ့အစည်းတွေ ဘန်ကောက်မှာ ထိုင်တယ်ဆိုရင် သူတို့တွေနဲ့ ချိတ်ဆက်ပြီး စကားပြောတာတွေ ရှိတယ်။ ခုနကလိုမျိုး ကျယ်ပြန့်တဲ့ ပုံစံမျိုးကိုတော့ ကျွန်တော်တို့ ဒီမှာ UN တို့ ဘာတို့ ဆက်ပြီးတော့တော့ ထိုးဖောက်ဖို့ ဆက်လုပ်ရမှာပေါ့နော်။ ဒီတော်လှန်ရေး မပြီးမချင်း။

 

ဆလိုင်း ဒိုခါရ် – ဟုတ်ကဲ့။ ဆိုတော့ အခုလက်ရှိ အိန္ဒိယနိုင်ငံဘက်ဆိုရင် ဒါ ဟိန္ဒူလူမျိုးတွေ အပါအဝင် ဒါ အထူးသဖြင့် ချင်းလူမျိုးတွေနဲ့ ဒါ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းက ဒါ ဗမာတချို့နဲ့ ဝင်ပြီးတော့မှ ကိုယ်လုံနေကြတာ ရှိတယ်။ သို့သော် Mizoram နဲ့ Nagaland က ပြည်နယ်သူ ပြည်နယ်သားတွေက လွဲပြီးတော့မှ အိန္ဒိယက policy အရ သိပ်မကြိုဆိုတဲ့ ဟာ ဖြစ်တယ်ပေါ့နော်။ ဆိုတော့ ဟိန္ဒူလူမျိုးတစ်ဦးအနေနဲ့ အိန္ဒိယရဲ့ အခုလုပ်ဆောင်ချက်ကို ဘယ်လိုမြင်သလဲ။ အားရသလား။ တကယ်လို့သာ ဒီ အခု ခိုလှုံနေတဲ့ မြန်မာနိုင်ငံ ပြည်သူတွေကိုယ်စား သူတို့ ခေါင်းဆောင်တွေ ကို စကားပြောခွင့်ရမယ်ဆိုရင် မြန်မာနိုင်ငံက အခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လိုပြော ပြောပေးချင်သလဲ ပေါ့နော်။ ဘယ်လိုခံစားသလဲ ဒီအပေါ်မှာ။

 

မင်းဟိန်း – ဒီဟာကတော့ အိန္ဒိယ government ကို အားရလား မေးတဲ့ ဥစ္စာကတော့ လုံးဝအားမရဘူးလေ။ သူက စစ်လက်နက်နဲ့ ပစ္စည်းတွေတောင်မှ စကစကို ရောင်းတယ် တချို့ပစ္စည်းတွေ တွေ့ရတယ်။ ဆိုတော့ အခုလိုမျိုး ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ စစ်ဘေးရှောင်ဒုက္ခသည်တွေ အခက်အခဲရှိတဲ့ လူတွေ အဲဒီမှာ သွားပြီးတော့ နေနေတာတွေ ရှိတယ်။ တချို့အခု သိပ်မကြာသေးဘူး။ လွန်ခဲ့တဲ့ တစ်လလောက်ကဆိုရင် သူတို့ဘက်က သတ်ပြီးတော့ ပြန်ပို့လိုက်တာတွေ ရှိတယ်။ အဲဒါမျိုးတွေက အင်မတန်ကို မလုပ်သင့် မလုပ်ထိုက်တဲ့ ဥစ္စာ။ ကျွန်တော်တို့ တရားရေးက တာဝန်ယူပြီးတော့ သူတို့ ဖြေရှင်းပေးရမယ့် ကိစ္စတွေ ရှိတယ်။ ဟိန္ဒူဘာသာဝင်၊ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင် တော့ သူတို့လူမျိုး လူကြီးတွေနဲ့ တွေ့ရ တွေ့တဲ့အချိန် ဘာပြောချင်လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံသားတွေ အခက်အခဲဖြစ်နေတဲ့ အချိန်မှာ ကျွန်တော်တို့ကို အခွင့်အရေးလေးတွေ ကာကွယ်ပေးပါ။ အချိန်တိုအတွင်းမှာ ယာယီကာကွယ်မှုကို သေသေချာချာပေးပါ။ ကျွန်တော်တို့ အမြဲတမ်းလာပြီး နေမှာ မဟုတ်ဘူး သူတို့နိုင်ငံမှာ။ ဒီလိုမျိုး စစ်ကောင်စီ စစ်ကပ်စ စကစနဲ့ အခက်အခဲတွေ ဖြစ်နေတဲ့ အချိန်မှာ ကျွန်တော်တို့ကို ကောင်းမွန်တဲ့ ယာယီကာကွယ်ပေးပါ။ ပညာရေး၊ ကျန်းမာရေး အထူးသဖြင့် ကျွန်တော်တို့ အဲဒါတွေ ကာကွယ်ပေးပါ။ ပြီးသွားရင် စကစနဲ့ ပတ်သက်ပြီးတော့ စီးပွားရေးတွေ လုပ်တဲ့ ဥစ္စာမှာ အထူးသဖြင့် စစ်လေယာဉ်ဆီ၊ စစ်လက်နက်ပစ္စည်းတွေဆိုရင် ဆက်ပြီးတော့ အရောင်းအဝယ် မလုပ်ပေးချင်ဘူး။ မရောင်းစေချင်ဘူး။ support မလုပ်စေချင်ဘူး။ နယ်ခြားကုန်သွယ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း သူတို့တွေ စကစရဲ့ လက်ထဲကို ဒေါ်လာတို့၊ ရူပီးတို့ ရောက်မယ့် ပိုက်ဆံတွေကို ကျွန်တော်တို့ မလုပ်စေချင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီပိုက်ဆံတွေ အကုန်လုံးက စစ်လက်နက်ပြန်ဝယ်ပြီးတော့ ကျွန်တော်တို့ ပြည်သူတွေကို ပြန်သတ်မှာ ဆိုတော့ အဲဒါမျိုးတွေကို ကျွန်တော်တို့ မလုပ်စေချင်ဘူး။ အဲဒီ အဲဒီလိုမျိုးတွေတော့ ကျွန်တော်တို့ ပြောချင်ပါတယ် ဆရာ။

 

ဆလိုင်း ဒိုခါရ် – ဟုတ်ကဲ့။ ဆိုတော့ အခုအချိန်မှာ ဟိန္ဒူလူမျိုးတွေ ဆိုရင်တော့ မြန်မာနိုင်ငံမှာ ကြုံတွေ့တဲ့ အခက်အခဲတောင်မှ ကမ္ဘာသိအောင် အော်ပေးမယ့်သူတွေက မရှိရှာတဲ့ အနေအထား။ အဲဒီကြားထဲမှာ အိန္ဒိယက အနည်းအကျဉ်းနဲ့ နည်းပညာလိုအပ်တဲ့ ဘဏ္ဍာငွေ ပံ့ပိုးပေးမှ လိုအပ်တဲ့ ထောက်ပံ့လေးတွေ ပေးပြီးတော့မှ ဟိန္ဒူလူမျိုးတွေအပေါ်မှာ စစ်ကောင်စီ ဘာကျူးလွန်နေသလဲဆိုတဲ့ ဟာတွေကို စောင့်ကြည့်ရမယ့် အစား စစ်ကောင်စီနဲ့ စောနဆရာ ပြောသလို လက်တွဲပြီးမှ နောက်ဆုံးပိတ် ဝန်ကြီးချုပ်မိုဒီတွေ ကိုယ်တိုင်က တကယ် စစ်ကောင်စီနဲ့ ကို တန်းတူ နိုင်ငံတကာ platform ဟာမျိုးမှာ ထိုင်ပြီးတော့မှ မျက်နှာချင်းဆိုင် တွေ့ဆုံတဲ့ ဟာမျိုးကို လုပ်လာတဲ့ အပေါ်မှာ အိန္ဒိယရဲ့ လက်ရှိလုပ်ဆောင် ချက်က သူတို့ အိန္ဒိယနိုင်ငံအတွက် အကျိုးရှိတယ်လို့ ထင်လား။ ဆရာ့အနေနဲ့ မြန်မာနိုင်ငံသား ကြီးပြင်းလာခဲ့တဲ့ သူတစ်ယောက်အနေနဲ့ သူတို့ ကိုယ်ကျိုးကိုယ်ကြီးတယ်လို့ ပြောလို့ရမလား။ ဆရာ့အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီးတော့ သုံးသပ်ပေးပါလား ဆရာ။

 

မင်းဟိန်း – ဟုတ်ကဲ့။ ဒီ တရုတ်အစိုးရအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဟုတ်တယ်။ သူက ဒီ စစ်ကောင်စီကိုတောင် သူ warning ပေးတယ် ဒီ တရုတ်လူမျိုးစုတွေ၊ သူ့မှာ နေထိုင်တဲ့ လူတွေကို အနှောက်အယှက်မဖြစ်အောင် တစ်ခုခုဖြစ်တယ်ဆိုရင် သူတို့အတွက် ထိရောက်တဲ့ အရေးယူမှုတွေ ရှိတယ်ဆိုတဲ့ ဥစ္စာမျိုး ကျွန်တော်တို့ သတိထားမိတယ်။ ဒါပေမဲ့ အိန္ဒိယက အဲဒါမျိုးတွေ မလုပ်နိုင်ဘူး။ မလုပ်လည်း မလုပ်ဘူး။ ကျွန်တော်ထင်တယ် သူတို့ရဲ့ အမျိုးသားရေးဝါဒက သူတို့ပါတီ နိုင်ဖို့အဆင့်လောက်ပဲ ဆရာ။ ကျွန်တော်တို့ ဟိန္ဒူဆိုပြီး သူတို့ တကယ် ဟိန္ဒူဆိုပြီး ရှိတဲ့ လူတွေ မဟုတ်ဘူး။ အကျိုးအမြတ် အကျိုးအမြတ်ကို ကြည့်တဲ့ လူတွေလို့ပဲ ထင်တယ်။ တကယ်တော့ ဝမ်းနည်းစရာ ဆရာ။ ဒီလိုမျိုး လူသတ်သမားနဲ့ လက်တွဲပြီးတော့ နှုတ်ဆက်ထားတာတွေ platform တစ်ခုမှာပေါ့နော်။ ဟို စကားထိုင်ပြောတာတွေက လူသတ်သမားနဲ့ စကားထိုင်ပြောတယ်ဆိုတာ တကယ်တော့ အင်မတန်ကို ရွံရှာဖို့ကောင်းတယ် မိုဒီအစိုးရက။ တကယ်ဆို သူ boycott လုပ်ရမှာ။ မင်းအောင်လှိုင်နဲ့ တွေ့တဲ့ အချိန်မှာဆိုရင် နိုင်ငံရေး အခွင့်အရေးတွေ ဘာအခွင့်အရေးတွေ လိုချင်လဲတော့ မသိဘူး။ မင်းအောင်လှိုင်ဆီကနေပြီးတော့။ ဒါပေမဲ့ အဲဒါမျိုးတွေက မဖြစ်သင့်တဲ့ ကိစ္စပေါ့နော်။ သိက္ခာ တအားကျတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံး ဒီမိုကရေစီကို နိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရတစ်ခုလုပ်ပြီးတော့ ဒီလိုမျိုး ကမ္ဘာပေါ်မှာ အဆိုးဆုံး dictatorship လူသတ်ကောင်နဲ့ တွဲပြီးတော့ ထိုင်တယ်ဆိုတာကြီးက တော်တော်လေးကို တွေ့ရတာ မဆီလျော်ဘူး ဆရာ။ အဲဒီတော့ ကျွန်တော်ထင်တဲ့ အိန္ဒိယဆီမှာ policy ကတော့ အမျိုးသားရေးနဲ့ policy က ဒီ အပြည်ပြည်ဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့် မြန်မာပြည်မှာ ရှိတဲ့ ဟိန္ဒူဘာသာဝင်တွေအတွက်တော့ မဟုတ်ဘူး ဆရာ။ ဘာကြောင့်လဲဆိုတော့ အသိသာကြီးပဲ။ ကျွန်တော်တို့ ဟိန္ဒူဘာသာ ဘုရားကျောင်းတွေ နှစ်နဲ့ ရာနဲ့ ချီထားတဲ့ ဘုရားကျောင်းကြီးတွေ ရှိတယ်။ အဲဒီ ဘုရားကျောင်းတွေ တချို့ထိ သွားတာတွေ ဖြူးတို့ဘာတို့မှာ ရှိတယ်။ ဖြူးတို့ဘာတို့မှာ ရှိတဲ့ ဟိန္ဒူဘာသာဝင်တွေက ဟင်ဒီစကားပြောတဲ့ ဟိန္ဒူဘာသာဝင်တွေ ဆရာ။ သမန်စကားမဟုတ်ဘူး။ သမန်စကားဆိုတာ အိန္ဒိယရဲ့ တောင်ပိုင်းတိုင်းမှာ။ အိန္ဒိယရဲ့ လက်ရှိ central government မှာ စကားပြောနေတဲ့ လူတွေက မြောက်ပိုင်းတိုင်းက လူတွေက ပိုပြီး အုပ်ချုပ်နေတယ်။ ဒီ central government မှာ။ အဲဒီလို သူတို့ရဲ့ လူမျိုးစု တကယ့်ကို လာတဲ့ လူနည်းစုရဲ့ ခံရတဲ့ ဥစ္စာတောင် သူတို့ မကြည့်ဘူးဆိုရင် အင်မတန်ကတော့ တော်တော်လေးကို ပြောရခက်တယ် ပေါ့နော်။ ကျွန်တော်တို့ မြန်မာနိုင်ငံသား ဟိန္ဒူဘာသာကိုးကွယ်တဲ့ လူအနေနဲ့ကတော့ အဲဒီ အိန္ဒိယအစိုးရ၊ central government ရဲ့ လုပ်ဆောင်မှုတွေကဆိုရင် အင်မတန် ရွံရှာဖို့ကောင်းတယ်။ စကစနဲ့ လုပ်ရပ်နဲ့ တစ်ထပ်တည်းလို့ပဲ မြင်ချင် မြင်တယ် ကျွန်တော်တို့ မျက်စိထဲမှာ။ စကစလို လူမျိုးနဲ့ အတူ လက်ဆက်ဆံပြီးတော့ စီးပွားရေး အကျိုးအမြတ်တွေ လုပ်နေတယ်။ စစ်လက်နက်ပစ္စည်းတွေ ရောင်းနေတယ်။ ပြီးတော့ ကျွန်တော်တို့ တော်လှန်ရေးသမား တော်လှန်ရေးတပ်သား ရဲဘော်တွေကို ပြန်ပြီးတော့ သတ်ဖြတ်ပြီးတော့ ဘာမှ action မယူပေးတဲ့ ကိစ္စတွေအပေါ်မှာတော့ ကျွန်တော်တို့ ဆက်ပြီးတော့တော့ ဘာမှ အခွင့်အရေးတွေ မျှော်လင့်စရာတော့ မရှိဘူး။ သို့သော် အိန္ဒိယ government အနေနဲ့ ကို ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့အနေနဲ့ အခု အထူးသဖြင့် Myanmar Hindu Union အနေနဲ့ က တာဝန်ကတော့ ကျွန်တော်တို့ စာတွေ ဆက်ပြီးရေးနေရမယ်။ သူတို့ကို ထပ်ပြီးတော့ educate လုပ်ရမယ်။ သူတို့ နားပိတ်နေတာကို နားကြားအောင် ထပ်ပြီးလုပ်ဖို့တော့ ကျွန်တော်တို့ ပိုပြီးတော့ နှစ်ဆ၊ သုံးဆ ထပ်လုပ်ရမှာပေါ့နော်။ ကျွန်တော်တို့ အသံတိတ်နေ အသံတိတ် ဟို လူ့အခွင့်အရေး ဆုံးရှုံးနေတယ်ဆိုတာ သူတို့သာ သေသေချာချာ ဂရုစိုက်မယ်၊ collection တွေ သေသေချာချာလုပ်မယ်ဆိုရင် ကျွန်တော်တို့ အဲလို ဖြစ်မှာ မဟုတ်ဘူး။ သူတို့ဆီမှာ တာဝန်လည်း ရှိတယ်။

 

ဆလိုင်း ဒိုခါရ် – ဟုတ်ကဲ့။ ဒီ နောက်ဆုံးပိုင်းအနေနဲ့ ကျွန်တော်မေးချင်တာက အခု ကျွန်တော်တို့ အိန္ဒိယက ကမ္ဘာလုံးမှာ တရုတ်နဲ့ ကို ရင်ဘောင်တန်းနိုင်တဲ့ နိုင်ငံဆိုပြီးတော့မှ ပြည်သူတချို့ ကလည်း ကြွေးကြော်နေကြတယ်။ တကယ့်အနောက်နိုင်ငံ အင်အားကြီးနိုင်ငံတွေနဲ့ လည်း ယှဉ်နိုင်တယ်ဆိုပြီးတော့ ပြောကြတယ်။ ဒါပေမဲ့ တစ်ဖက်မှာ သူ့အိမ်နီးချင်းမှာ ဖြစ်ပွားနေတဲ့ မီးလောင်နေတဲ့ ကိစ္စဟာမျိုးကို အစိုးရကလည်း စောနက ကျွန်တော်တို့ တောက်လျှောက် ဆွေးနွေးသလို ငြိမ်တယ်။ ပြည်သူတွေဆိုရင်လည်း တကယ့်နယ်စပ်ထိစပ်တဲ့ မြန်မာဘက် ခြမ်းရော၊ အိန္ဒိယဘက်ခြမ်းရော ခွနေထိုင်တဲ့ လူမျိုးတွေက လွဲပြီးတော့မှ ကျန်တဲ့ လူမျိုးတွေ က မြန်မာနိုင်ငံအရေးကို သိပ် စိတ်ဝင်စားပြီးမှ အသံထွက်ပေးတဲ့ ဟာ နည်းတယ်ပေါ့။ နောက်တစ်ဖက်မှာ ဆိုရင် အနောက်နိုင်ငံတွေက media တွေအပါအဝင် လွတ်လပ်တဲ့ media တွေဆိုရင်တော့ မြန်မာနိုင်ငံပြည်တွင်းအထိကို ဝင်ပြီးတော့မှ မြန်မာနိုင်ငံအခြေအနေကို တင်ဆက်တဲ့ ဟာတွေ ရှိနေတယ်ပေါ့နော်။ ဒါပေမဲ့ အိန္ဒိယ သတင်း media တွေဆိုရင်လည်း တော်ရုံတန်ရုံ ဒါ အဲဒါမျိုးလုပ်ပြီးတော့မှ အိန္ဒိယအစိုးရတွေက မြန်မာ့အိမ်နီးချင်းမှာ ဖြစ်နေတဲ့ ဟာကို ပိုသိအောင် လုပ်တဲ့ ဟာမျိုးတွေလည်း မရှိဘူး။ နောက်တစ်ချက်မှာ အဲဒီမှာဆိုရင်လည်း ဒီ နိုင်ငံရေးပါတီတွေက ယနေ့အချိန်အထိ လွှတ်တော်ဟာမျိုးမှာပေါ့နော်။ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးမှ အကြိမ်ကြိမ် ဆွေးနွေးပြီးမှ မူဝါဒတွေ ထွက်လာအောင် မေးခွန်းထုတ်တာလည်း မရှိဘူး။ ဆိုတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ ဟိန္ဒူအမျိုးသားရေးသမား တစ်ဦးအနေနဲ့ သူတို့တွေကို ဘယ်လိုမြင်သလဲ။ အခု နောက်ဆုံး ဘာစကား ပါးချင်သလဲ ပေါ့နော်။

 

မင်းဟိန်း – ပထမပိုင်း ကျွန်တော်ပြောခဲ့တယ်။ မြန်မာပြည်မှာ ရှိတဲ့ ဟိန္ဒူတွေ ရှိတယ်။ ကျွန်တော်တို့ သမိုင်းတောက်လျှောက် အနှစ် ၇၀ ကျော်လောက်က ကျွန်တော်တို့က အသံတိတ် နှိပ်စက်ခံထားရတာ။ သူတို့ ပညာရေး၊ ကျန်းမာရေးတွေမှာ အထူးသဖြင့် ပညာရေးပေါ့နော်။ အခု ပြည်တွင်းထဲမှာ ရှိတဲ့ အခု central board တို့ ဘာတို့မှာ ရှိတဲ့ စီးပွားရေးသမားကြီးတွေ၊ ဟိန္ဒူဘာသာဝင် စီးပွားရေးသမားအကြီးတွေ ရှိတယ်။ အဲလိုလူတွေ ကလည်း စကစနဲ့ တွဲပြီးတော့ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်အတွက် လုပ်နေတာတွေ ရှိတယ်။ သူတို့က အမျိုးသားရေးဆိုပြီး မရှိဘူး။ ဒီပြည်တွင်းထဲမှာ ရှိတဲ့ ဟိန္ဒူဘာသာဝင် အမျိုးသားရေးဆိုတဲ့ ဝါဒီ မရှိဘူး။ သူတို့ဆီမှာ personal interest ပဲ ရှိတယ်။ အဲဒီအချိန်တွေမျိုးမှာ ကျွန်တော်တို့ ဟိန္ဒူဘာသာဝင်တွေ ဖိနှိပ်ခံနေရတဲ့ ကိစ္စကို ပိုပြီးတော့ ကောင်းလာအောင် လုပ်နိုင်တဲ့ အရည်အချင်းတော့ တစ်ခုမှ ရှိမယ်လို့ မမြင်ဘူး။ အဲဒါ ကျွန်တော်တို့ လက်ထဲမှာပဲ ရှိတယ်။ ကျွန်တော်တို့ ကြိုးစားရမယ်။ အပြင်မှာ ရှိတဲ့ လူတွေ၊ ပြည်တွင်းထဲမှာ အသံတိတ် underground နဲ့ ပေါ့နော် join ပြီးတော့ လုပ်ပေးနေတဲ့ လူတွေက တာဝန်ရှိတယ် ဆရာ။ အစ္စလာမ် ဘာသာဝင်နဲ့ ရှိတဲ့ နိုင်ငံတွေ သူတို့ လူမျိုးစုအတွက် ကို အရမ်း မတ်တပ်ရပ် stand လုပ်ပေးတယ်။ တစ်ခုခုဆို ကာကွယ်ပေးတယ်။ ဘာပဲဖြစ်ဖြစ် အသံထွက်ပေးတယ်။ ဟိန္ဒူဘာသာနဲ့ ပတ်သက်ပြီးတော့ တကယ်ကို ဘာမှ မရှိဘူး။ အဲဒီလိုမျိုး အားနည်းချက်တွေ ရှိတယ်။ UK parliament မှာတောင်မှ မြန်မာပြည်မှာ ရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေ အနှိပ်စက်ခံရတဲ့ အသံကို ထွက်ပေးတယ်။ အရမ်းတန်ဖိုးရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက အမျိုးသားရေးလို့ထက် ပြောမယ်ဆိုရင် သူတို့ လူမျိုးစုတစ်ခုရဲ့ ဟို ဘယ်လိုပြောမလဲ တစ်သားတည်း ဖြစ်နေတာပေါ့နော်။ တူတူ ဘာသာဝင်ခြင်းကို သူကာကွယ်ပေးတယ်ဆိုတဲ့ စိတ်မျိုးတွေပေါ့။ အဲ ဒါပေမဲ့ ဟိန္ဒူဘာသာမှာ မရှိဘူး။ ကျွန်တော်တို့ UK မှာဆိုလည်း ဟိန္ဒူဘာသာဝင် politician တွေ ရှိတယ်။ culture ချင်း မတူဘူးနဲ့ တူတယ် ဆရာ။ နောက်တစ်ခု ပြန်ကြည့်မယ်ဆိုရင်လည်း သို့သော်လည်း ကျွန်တော်တို့ဘက်ကတော့ လက်ရှိ နွေဦးတော်လှန်ရေး ကြုံတွေ့နေရတဲ့ အပေါ် မူတည်ပြီးတော့ ဒီလမ်းကြောင်းက အခွင့်အရေးပဲ ကျွန်တော်တို့အတွက်။ ကျွန်တော်တို့ ဖောက်လည်း ဖောက်နေတယ်။ ဒါပေမဲ့ ဒီလမ်းကြောင်းက ကျွန်တော်တို့ အရင်ထဲက ဆက်စပ်ပြီးတော့ ဖောက်လာတဲ့ လမ်းမဟုတ်တဲ့အတွက် အချိန်ကတော့ ပေးရမှာပေါ့နော်။ ကျွန်တော်တို့ဆီမှာ အခက်အခဲတွေတော့ ရှိတယ်။ ဟို ကျွန်တော်တို့ အဲဒီလမ်းကိုတော့ ဆက်ပြီးတော့ ထိုးဖောက်ရမယ်။ ဆက်ပြီးတော့ အောင်မြင်အောင် လုပ်ရမယ်။ နောက်ဆုံးအဆင့် ဆရာခုနက ပြောသွားသလို အိန္ဒိယ government ရဲ့ ပါလီမန်ထဲမှာ ဟိန္ဒူဘာသာဝင်တွေရဲ့ အခက်အခဲဖြစ်နေတဲ့ ဥစ္စာကို debate လုပ်ပြီးတော့ policy တစ်ခု ထွက်လာအောင် လုပ်ပေးနိုင်အောင် လုပ်ရမယ်လို့ ကျွန်တော်တို့က ပိုပြီးတော့ အခု စဉ်းစားမိတယ် ဆရာ။ ကျွန်တော်တို့ ဆက်ပြီးတော့ ကြိုးစားရမှာပေါ့နော် ဆရာ။

 

ဆလိုင်း ဒိုခါရ် – ဟုတ်ကဲ့။ ဒါ ဆရာတို့ Myanmar Hindu Union အနေနဲ့ ဒါ မြန်မာနိုင်ငံမှာ ရှိတဲ့ ဟိန္ဒူလူမျိုးစုတွေအတွက် စဉ်းစားထားတဲ့ ရည်မှန်းချက်တွေ အောင်မြင်ပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်။ အခုလိုအချိန်ပေးတဲ့အတွက်လည်း ကျွန်တော်အများကြီး ကျေးဇူး တင်ပါတယ် ဆရာမင်းဟိန်း။

 

မင်းဟိန်း – ကျေးဇူးပါ ဆရာ။ ဆရာဒီလို အခု အခွင့်အရေးပေးပြီးတော့ မေးပေးတဲ့အတွက်လည်း ကျေးဇူးပါ။