မေးမြန်းသူ- ဆလိုင်း ဒိုခါရ်

ဖြေဆိုသူ- ဗိုလ်မိုက်ခဲ

ဆလိုင်း ဒိုခါရ် The Kaladan Post ကို ကြည့်နေတဲ့ ပြည်သူများခင်ဗျာ ကျွန်တော်ဒီနေ့တော့ မန္တလေးတိုင်း အခြေစိုက်နေရာအနှံ့မှာ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့နေရာမှာ တက်တက် ကြွကြွပါဝင် ပေးနေတဲ့ ကျားနက်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မိုက်ခဲနဲ့ ကျွန်တော်တွေ့ဆုံ ဆွေးနွေးမှုကို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ဆိုတော့ ဗိုလ်မိုက်ခဲရေ ကျွန်တော်တို့ကို အခုလို Interview ဖို့ အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းကို ဦးစွာပြောကြား လိုပါတယ်။ ဆိုတော့ ပထမဆုံးအနေနဲ့ ဗိုလ်မိုက်ခဲရဲ့အနေနဲ့ ဗိုလ်မိုက်ခဲ မဖြစ်လာခင်မှာ ဘယ်သူဖြစ်ခဲ့သလဲပေါ့နော်။ ပြီးတော့ ကိုယ့်ဗိုလ်မိုက်ခဲတို့ ကျားမဲအဖွဲ့က ဘယ်လိုရည်မှန်း ချက်နဲ့ ဒီတော်လှန်ရေးကို ပုံဖော်ပြီးမှ လှုပ်ရှားနေကြသလဲ ဒါကို မိတ်ဆက်ပေးပါဦးခင်ဗျာ ဟုတ်။

ဗိုလ်မိုက်ခဲ- ဟုတ်ကဲ့ ညီ ဒီတော်လှန်ရေးမဖြစ်ခင်ကတော့ ညီ့နာမည်အရင်းက ငြိမ်းရာဇာပါ။ ဒုတိယနှစ် မြန်မာစာကျောင်းသားပါခင်ဗျာ ဟုတ်။ ကိုဗစ်တွေဖြစ် အာဏာတွေသိမ်းတော့ ညီတို့တွေဒီ ကိုယ်လိုချင်တဲ့အရာပေါ့နော် လူငယ်တစ်ယောက်ရဲ့ လွတ်လပ်ခွင့်ပေါ့။ ပြီးလို့ရှိရင် တိုင်းပြည်အနာဂတ်ကို ညီတို့အေးဆေးပြန်တောင်းခဲ့တယ်ပေါ့နော် လက်သုံးချောင်း ထောင်ပြီး ပြန်တောင်းခဲ့တယ်။ ပြန်တောင်းလို့မပေးတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ တောင်းယူလို့မရဘူး တိုက်ယူမှရမယ်ဆိုတဲ့ အတွေးတွေဝင်လာတယ်။ ဒါ့ကြောင့်မို့လို့ ဒီလက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အရင်တုန်းကတော့ညီက ပုံမှန်ကျောင်းသား တစ်ယောက်ပဲ ဒီပရဟိတလုပ်ရတာကို ဝါသနာပါတယ် ညီက ဒီပရဟိတ ဒီအမှိုက် ကားမောင်းတဲ့ အလုပ်ကိုလုပ်တယ်။ ဒီရွာသန့်ရှင်းရေးအတွက်ပေါ့နော်။ ပြီးရင် Volunteer အလုပ်ဖြစ်တယ်ပေါ့နော် ကြက်ခြေနီအလုပ်ကိုလုပ်တယ်။ ကျောင်းနားတဲ့ ရက်တွေပေါ့နော် ကျောင်းပိတ်တဲ့ရက်တွေမှာဆိုလို့ရှိရင် ဒီရွာက ဒီကလေးငယ်တွေအတွက် ဒီဓမ္မ School သင်တန်းမှာ ဆရာတစ်ယောက်အနေနဲ့လည်း ညီတို့ဒီအလုပ် လုပ်ခဲ့တာတွေ ရှိပါတယ် ဟုတ်။

ဆလိုင်း ဒိုခါရ် ဟုတ်ကဲ့ အရင်တုန်းကဆိုရင် တကယ့်စိတ်ဖြူစင်ပြီးတော့ စိတ်နူးညံ့ပြီးတော့ ပရဟိတ စိတ်ပေါ့နော်။ အခုဆိုရင် ဒါအတော်လေးကို ပြောင်းပြန်ဖြစ်တဲ့ အလုပ်ကို ရွေးချယ်လိုက်တဲ့ ပုံစံမျိုးပေါ့နော်။ ဒီအပေါ်မှာရော ဘယ်လိုစပြီးတော့ လက်နက်ကိုင် လုပ်တဲ့အချိန်မှာ ကြမ်းကြမ်းတမ်းတမ်းနဲ့ ရန်သူကိုင်တွယ်ဖို့ လိုလာတဲ့ဟာမျိုး ဖြစ်လာတဲ့ အချိန်မှာ ဒါတကယ့် ရန်သူကို ကြောက်တဲ့သူဖြစ်အောင် ဘယ်လိုကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလဲမှု လုပ်လိုက်သလဲ ဘယ်လိုကြိုးစားလိုက်လဲပြောပေးပါဦး။

ဗိုလ်မိုက်ခဲ- ဟုတ်ကဲ့ပါခင်ဗျာ ဟုတ်။ အဓိကကတော့ ညီတို့ အရင်တုန်းကတော့ လက်ရေးကိုင်တဲ့ လက်ပေါ့ အခုတော့ ဂန်းကိုင်တဲ့လက်ဖြစ်နေရတာပေါ့။ ဘဝကတော့ပြောင်းပြန်တွေ ဖြစ်သွားတာတော့ အမှန်တကယ်ပဲ။ ဒီတပ်ဖွဲ့တွေထဲမှာ ညီတို့ဒီရဲဘော်ဘဝနဲ့ညီတို့နေခဲ့ဖူးတဲ့ အချိန်တွေရှိတယ်။ ညီ့ရဲ့အဓိကရည်ရွယ်ချက်က ညီတက်ထားတဲ့ ပေါ့နော် ဆေးပညာ ရပ်နဲ့ပေါ့နော် ဆေးတပ်သား တစ်ယောက်ကို လုပ်ဖို့အတွက် ရည်ရွယ်ခဲ့တာပေါ့နော်။ အဲ့မှာ ဒီမထင်မှတ်ဘဲနဲ့ပေါ့နော် ဒီကံကြမ္မာရဲ့ အနေအထားတစ်ခုအရ ဒီလက်နက်ကိုင်တဲ့ အနေအထားတစ်ခုကိုဖြစ်သွားတာပေါ့။ အဲ ညီတို့ဒီတိုင်းရင်းသား ဘက်တွေမှာလည်း စစ်ပညာသင်ကြားရတယ်။ ဒီညာဒေသမှာလည်း ညီတို့ဒီပေါ့နော်ဒီ မြင်းခြံဘလက်တိုက်ကား ဆိုပြီးတော့မဖြစ်လာခင်ပေါ့နော်။ သိပ်ပြီးတော့ မသိခင်တဲ့အချိန်တုန်းကတော့ ညီတို့ဒီ တော်တော်လေး ခက်ခဲခဲ့တဲ့အချိန်တွေ အများကြီးရှိတယ်။ တိုင်းရင်းသားဘက် ကနေပြီးတော့ ညီတို့ ဒီရဲဘော်ငါးယောက်ပေါ့နော်။ ပြီးတော့ မြေပြင်ထောက်ပို့နှစ်ယောက်နဲ့ စုစုပေါင်း ခုနှစ်ယောက်ပေါ့နော်။ ခုနှစ်ယောက်နဲ့ စတင်ပြီးတော့ ဖွဲ့စည်းခဲ့တယ်။ ထောက်ပံ့ငွေသုံး သောင်းနဲ့စတင်ပြီးတော့ ဖွဲ့စည်းခဲ့တယ်။ အဲ့မှာဆိုလို့ရှိရင် တော်တော်လေးခက်ခဲတွေ တော့အများကြီးရှိတယ်။ အိမ်မှာဆိုလို့ရှိရင် အသားဟင်း မပါရင်မစားတဲ့ကောင်က ဟိုမှာထမင်းရေတောင်မှ နပ်မှန်အောင် သိပ်မသောက်ရတဲ့ အနေအထားတွေ အများကြီးရှိ တယ်။ ပိုက်ဆံတွေကမလောက်ဘူးလေ ဒီမနက်ခင်းဆို ညီအပါအဝင်ပေါ့နော် ခေါင်းဆောင် မကလို့ဘာပဲဖြစ်ဖြစ် ဒူးမည်းရည်ကို ပေါ့နော် ကော်ဖီထုတ်နှစ်ထုတ်လောက်ဖြူး လိုက်တယ်ပေါ့ ပြီးရင်ရဲဘော်တွေ အကုန်လုံးအဲ့ဒါကို ဝိုင်းသောက်ရတယ်။ ပြီးလို့ရှိရင် ဒီနေ့လည်ခင်းဆိုရင်တော့ထမင်းကို ဒီအဝကျွေးတယ်။ နေ့လယ်ခင်း ရောက်ရင်လွှတ်ပြော နေတာ တပည့်ကိုအဝစားလို့။ နေ့လည်ခင်း ရောက်ရင်တော့စား တောထဲကရှိတဲ့ မျှစ်ခူးအရွက်တွေ့သမျှအရွက်ခူး အသီးခူး အဲ့တာနဲ့ စား အဲ့လိုမျိုးစားရပေါ့ ညနေခင်း ဆိုရင်တော့ ပုံပေးတဲ့အတိုင်းပဲစားရတယ်။ ဝဝလင်လင် စားခွင့်မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ရိက္ခာပြတ်သွားမှာစိုးလို့တောထဲမှာ။ အဲ့လိုမျိုး အနေအထားတွေ စားခဲ့ရတဲ့အရာတွေ များစွာ ရှိပါတယ်။ ရေဆိုရင်လည်း ပေါ့နော်သောက်ရတာ အဆင်မပြေဘူး ဒီဝမ်းပျက်ဝမ်းလျှော ရောဂါတွေ ဖြစ်ခဲ့ရတယ် ပေါ့ညီတို့။ နောက်ဆုံးဒီယားနာတွေပေါ့နော် အမျိုးမျိုးပါပဲ ရောဂါပေါင်းစုံကတော့ ညီတို့ခံခဲ့ရတယ်။ ဒီအခြေအနေရောက်လာတဲ့အတွက် ကျေးဇူး လည်းတင်တယ်။ ပြည်သူလူထုကို ကျေးဇူးတင်တယ်။ ဘာလို့လဲဆိုတော့ ညီတို့ရဲ့အဓိက ပစ်မှတ်ကိုကပေါ့နော် ညီတို့က စကတည်းက မြင်းခြံဘလက်တိုက်ကားဆိုပေမယ့် ညီတို့တပ်ထဲမှာက နေပြည်တော်သားတွေ လည်းပါတာပဲ ရခိုင်ကလူတွေလည်းပါတာပဲ ကချင်ကလူတွေ လည်းပါတာပဲ ဒီပလောင်ကလူတွေလည်းပါတာပဲ အဲ့လိုမျိုးကိုပေါ့နော် နယ်စုံကဖြစ်တယ် ညီတို့။ ညီတို့ကဒီမြင်းခြံကိုပဲ ပစ်မှတ်အဓိကထားမှာမဟုတ်ပေါ့ ညီတို့က ဒီအဓိက တစ်နိုင်ငံလုံးကို ပစ်မှတ်ထားတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်နိုင်ငံ လုံးမှာစစ်အာဏာရှင် ရှိတယ်ဆိုတစ်နိုင်ငံလုံးပဲ။ အဲ့အတွက် အကောင်းဆုံးကြိုးစား နေတာတွေ လည်းရှိတယ်။ ခက်ခဲတွေကတော့ များဆိုမှအများကြီးပဲ။ ထိုင်ငိုခဲ့ရတဲ့ ရက်တွေလည်း မနည်းဘူးပဲ။ ကိုယ့်ကိုယ်ပေါ့နော် Suicide လုပ်ချင်လောက်အောင် ထိပေါ့နော် ခက်ခဲခဲ့တဲ့ အရာတွေလည်းများစွာ ရှိပါတယ်။ ဒါပေမယ့်ညီတို့က လူငယ်တွေဖြစ်တယ်ပေါ့နော် ညီတို့ လျှောက်ခဲ့ပြီးတဲ့လမ်းကို နောက်ပြန်ဆုတ်စရာ အကြောင်းမရှိဘူး။ ညီတို့အရင်တုန်းကလိုပဲ ပေါ့နော် ညတစ်အေးနိုးထသွားလည်း လမ်းဘေးမှာ အိပ်နေလည်း အန္တရာယ်ကင်းတဲ့ ခေတ်ကိုပြန်ရောက်ချင်တယ်။ စိတ်လုံခြုံတဲ့ခေတ်ကို ပြန်ရောက်ချင်တယ်။ ရဲလို့စစ်သား လို့တွေ့ရင် လက်အုပ်ချီ ရတဲ့ခေတ်ကို ညီတို့ပြန်မရောက်ချင်ဘူး။ အဲ့အတွက်ကြောင့်မို့လို့ ညီတို့ကတော့ အကောင်းဆုံးကြိုးစား သွားမှာ မြို့သိမ်းနိုင်အောင်ကြိုးစားရမယ် ပြီးရင်ပြည် သူလူထုကို လွတ်လပ်ခွင့် တွေပေးမယ်။ ဒီပုံစံတွေနဲ့ညီတို့ သွားမှာဖြစ်ပါတယ်။ အခက်အခဲတွေ ကတော့ များစွာ ရှိကြမှာပေါ့။ ဘာပဲဖြစ်ဖြစ် ဘယ်လိုအခက်အခဲပဲဖြစ်ဖြစ် ညီတို့ရင်ဆိုင်ရမှာ ပဲလေနော်။ ပြိုလဲခဲ့တဲ့အချိန်တွေ ကတော့အများကြီးရှိတယ်။ ပြိုလဲတိုင်းတာပြန်ပြီးတော့ ရှုံးနိမ့်ခြင်း ဆိုလို့ရှိရင် တစ်လောကလုံးမှာ ရှုံးသမားတွေကြီး ဖြစ်နေမှာပေါ့။ ပြိုလဲတာက သူ့သမိုင်းပဲ ကျွန်တော်တို့ ပြန်ထရမှာ ညီတို့လူငယ်တွေရဲ့ သမိုင်းဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ညီတို့ကတော့ အကောင်းဆုံး ဆက်သွားမှာပါ။

ဆလိုင်း ဒိုခါရ် အဲ့ဒီထဲမှာတစ်ခုက များသောအားဖြင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအပါအဝင် မန္တလေးတိုင်း တော်တော်များက NUG နဲ့ကိုချိတ်ဆက်ပြီးမှ လုပ်ဆောင်မှုရှိတယ်။ သို့သော် ဒီကျားမဲအဖွဲ့က NUG နဲ့ အတိုင်းအတာတစ်ခုထိ ပူးပေါင်းမှုရှိပေမယ့် သူတို့အောက်ကို ဝင်တဲ့ ပုံစံမျိုး မဖြစ်တဲ့အခါကျတော့ ဒါဘယ်လို အခြေအနေကြောင့်လဲ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးမှ နည်းနည်း ရှင်းပြပေးပါလားခင်ဗျာ။

 

ဗိုလ်မိုက်ခဲ – ကျားမဲတပ်ရဲ့ဖွဲ့စည်းပုံက အဓိကကပေါ့နော် ပြည်သူသာလျှင်အစိုးရလို့ သတ်မှတ်ထားတဲ့ သဘောတရားမှာရှိတယ်။ ပြည်သူထိရင်တော့ညီတို့ကျားမဲတွေနဲ့ငြိမှာပဲ ဒါကတော့ ဒါပွင့်ပွင့်လင်းလင်း ပြောတာပေါ့နော်။ NUG ကိုညီတို့ အနေနဲ့ပေါ့နော် မလေးမစား ပြုလုပ်ထားတာ ဒီအချိန် ဒီနေ့ဒီအချိန်ထိမရှိဘူး။ အစိုးရတစ်ရပ်အနေနဲ့ ညီတို့ အသိအမှတ် ပြုထားဆဲပဲ ဖြစ်တယ်ပေါ့နော်။ ပြီးရင်ကျားမဲတပ်က NUG အောက်ကမဟုတ်လို့ ဆိုတာ မဟုတ်ပါဘူး။ ညီတို့ကျားမဲတပ်မှာ ဆိုလို့ရှိရင် NUG အောက်မှာဆိုရင်ပေါ့နော် မြင်းခြံခရိုင်အမှတ်ကိုး တပ်ရင်းအနေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ တပ်ရင်းတွေရှိတယ်။ ညီမဖော်လိုတဲ့ ပေါ့နော် EROS တပ်တွေဘက်မှာလည်းဒီ တာဝန်ထမ်းဆောင် နေတာတွေ ရှိပါတယ်။ ညီတို့ကတော့ပေါ့နော် စစ်အာဏာရှင်က ဘုံရန်သူပဲလေ ဒီအချိန်မှာ ဘုံရန်သူကို တွန်းလှန်နေတဲ့ အတွက်ကြောင့်မို့လို့ မည်သူနှင့်ကို မဆိုပူးပေါင်းပြီးတော့ တိုက်ခိုက်သွား ဖို့ရှိပါတယ်။ ဒါကိုတားဆီးလို့ ရမှာမဟုတ်ပါဘူး။ သေချာတာတစ်ခုကတော့ အာဏာရှင် ပြန်ဆန်လာမယ် ဆိုရင်လည်းမည်သူ့ကိုမဆို ညီတို့ပြန်တွန်းလှန်ဖို့ဝန်လေးနေမှာ မဟုတ် ပါဘူး။

 

 

ဆလိုင်း ဒိုခါရ် – အဓိကဒီနိုင်ငံရေးအရ ပြောမယ်ဆိုရင် ဒီအနာဂတ်မှာအဓိက ဒီအာဏာရှင်စနစ် ပြိုလဲပြီးရင် တခြားလိုချင်တဲ့နိုင်ငံရေးစနစ် မပေါ်ပေါက်သေးရင် ဆက်လက်လက်နက်ကိုင် မယ့်ပုံစံမျိုးလား သို့မဟုတ် တခြားအဖွဲ့ တော်တော်များများ Localတွေပြောသလို အာဏာရှင် စနစ်ပြီးရင်ကျွန်တော်တို့ကလက်နက်အပ်ပြီးတော့မှ ကိုယ့်အိမ်ပြန်ကြမယ် ဆိုတဲ့ဟာမျိုးလား ခင်ဗျာ။

 

ဖြေ – နိုင်ငံရေး ရည်မှန်းချက်မှာတော့ညီတို့ ပွင့်ပွင့်လင်းလင်းပြောရမယ် ဆိုရင်တော့ ညီတို့လက်နက်ကို ဖြုတ်သိမ်းချင်တယ် တော်လှန်ရေးပြီးလို့ရှိရင်ပေါ့နော် လက်နက်ထပ် ပြီးတော့ မကိုင်ဆောင်ချင်ဘူး။ အဲ့အတွက်လည်း ညီတို့ကြိုးစားနေတာ ဖြစ်တယ်ပေါ့နော်။ တစ်ခါလည်း ဒီကာလမှာ ပေါ့နော်အပြီးတိုင်အောင် ကြိုးစားဖို့လိုတယ်လို့ ညီကတော့ ယုံကြည်တယ်။ ဒါကြောင့်မို့လို့ အဲ့လိုမျိုး ကြိုးစားနေတယ်။ ကိုင်သင့်ရင်တော့ ကိုင်ရမှာပေါ့နော်။ ဖြုတ်သင့်ရင် တော့ဖြုတ်ရမယ်။ အဓိကကတော့ အခုအချိန်မှာ ပြောလို့ ရှိရင် အဖြေတစ်ခုကို ကောင်းကောင်းထွက်မှာ မဟုတ်ဘူး။ ဒါကနိုင်ငံရေး အခြေအနေပေါ် မူတည်ပြီးတော့ ညီတို့သွားရမှာ ဖြစ်တယ်။ အစောနက ပြောသလိုပေါ့နော်ဒီ ပြည်သူလူထုကို တကယ်ကာကွယ် စောင့်ရှောက် ပေးနိုင်တဲ့အစိုးရ တစ်ရပ်ပေါ်ပေါက်လာမှာ လားပေါ့။ အဲ့လိုမျိုးအစိုးရတစ်ရပ် ပေါ်ပေါက်လာမယ်ဆိုရင်တော့ ညီတို့ကရှင်းတယ်။ စစ်ဆိုရင် ရေစစ်တောင် ကောင်းကောင်း မမြင်ချင်တော့ တာမဟုတ်ဘူး တော်တော်မုန်းနေပြီ။ အဲ့အတွက်ကြောင့် မို့လို့ဒီ လက်နက် ကိုင်စရာအကြောင်းမရှိဘူး။ ဒါမှမဟုတ်ဘူး အာဏာရှင် တစ်စုထပ်ပြီးတော့ ပေါ်လာဦးမယ် ဆိုရင်လည်းညီ တို့ထပ်ပြီးတော့ တောခိုဖို့လည်း ဝန်လေးနေမှာ မဟုတ်ဘူးဗျ။ ပြည်သူကို တကယ်ကို ကာကွယ်ပေးတဲ့ အစိုးရကောင်းတစ်ရပ် ပြည်သူဟာအမိ ပြည်သူဟာအဖ ကိုယ့်တိုင်းပြည်သာ ကောင်းစားစေချင်တဲ့စိတ်ရှိတဲ့ တကယ်ကို အစိုးရတစ်ရပ် ပေါ်ပေါက် ပြီလားဆိုတာညီတို့ ပြန်သုံးသပ်ဖို့ လိုတယ်။ အဲ့လိုမျိုး အစိုးရတစ်ရပ် ပေါ်ပေါက် လာပြီ ဆိုတဲ့နေ့ အဲ့သေနတ်တွေ အကုန်လုံးကို မီးပုံရှို့တဲ့နေ့ပဲညီတို့။

 

ဆလိုင်း ဒိုခါရ် ဆိုတော့အစောနက ဒီဗိုလ်မိုက်ခဲက ပြောသွားတာလည်း စိန်ခေါ်မှုတချို့လည်း တစ်ခါတည်းနဲ့လည်း ပြောသွားတာ။ ဒါပေမယ့် ဒီနေရာမှာ ထပ်ပြီးတော့ မေးချင်တာက အခု လက်ရှိအဓိကရိက္ခာက စိန်ခေါ်မှုဖြစ်တာလား ဒီလက်နက်ခဲယမ်းလား သို့မဟုတ် တခြား နည်းပညာပိုင်းဆိုင်ရာ လားပေါ့နော်။ အဲ့ဒီမှာအဓိက စိန်ခေါ်မှုနဲ့ အခုလက်ရှိ Campaign လုပ်နေတဲ့ကိစ္စ ဆက်စပ်မှုလေးကိုလည်း နည်းနည်းထည့်ပြောပေး ပါဦးခင်ဗျာ။

 

ဖြေ –  အဓိကကတော့ ဖက်ဖက်ကတော့လိုအပ်ချက်တွေတော့ အများကြီးရှိတာပေါ့နော်။ ညီတို့ဆိုရင် ဒီလူငယ်တွေများတဲ့အတွက် ကြောင့်မို့လို့ နည်းပညာပိုင်းနဲ့ ပတ်သက်ပြီးတော့ တော်တော်ကျွမ်းကျင်တဲ့ သူရှိတယ်။ ဒရုန်းဆိုလည်း တော်တော် စကေးကျ အောင်သုံးနေတယ်။ အခုဒီတိုင်းရင်းသား ဘက်တွေမှာ မြို့သိမ်းတိုက်ပွဲတွေမှာ ညီတို့မဖော်ထုတ်တာပဲ ရှိတယ်ပေါ့နော်။ မြို့သိမ်းတိုက်ပွဲတွေမှာ ညီတို့ MPD တပ်တွေ ပါတယ်။ ညီတို့ဒီချင်းပြည်နယ် ဖလမ်းကိုပဲ တရားဝင်ထုတ်ပြန်ထား တာပေါ့နော်။ ကျန်တဲ့ဟာတွေ ဆိုညီတို့ မထုတ်ပြန်ထား တာတွေများစွာရှိတယ်။ ရန်ပုံငွေ ဘတ်ဂျက်က အဓိက အရေးကြီးဆုံးပဲ။ ညီတို့မှာစစ်အင်အား လုံလောက်ရှိတယ်။ တအားကြီး အင်အားကြီးတယ်လို့ ညီမဆိုလိုဘူး။ ဒါပေမယ့် လုံလောက်တဲ့ ပမာဏ လောက်တော့ ညီတို့မှာ စစ်အင်အားရှိတယ်။ အဓိကလိုအပ်နေတာ လက်နက်နဲ့ခဲယမ်းပဲ။ လက်နက်ခဲယမ်း လိုအပ်နေတယ်။ အခုနည်း ပညာဆိုလည်းညီတို့ နည်းပညာသာ တတ်ထားတယ်။ နည်းပညာကို အသုံးပြုပြီးတော့ပေါ့နော် တိုက်ပွဲဖော်ဆောင် မယ့် ဒရုန်းတို့ဘာတို့ တခြားနည်း ပညာနှင့်လက်နက်တွေ မရှိဘူးဆိုရင် ညီတို့ဘာမှ လုပ်လို့ရမှာမဟုတ်ဘူး။ ပညာသာတတ် ထားပြီးတော့ပေါ့နော်။ အဓိကအဲ့ဒါတွေ အားလုံးရဲ့ အနှစ်ချုပ်ကတော့ အဓိကဘတ်ဂျက်ပဲ။ ဒါ့ကြောင့်မို့ လို့ညီတို့ဆိုရင် အခုဒီကွန်မန်ဒိုတွေဆိုရင် ဖလမ်းတောင်မှ သိမ်းပြီးသွားပြီ။ ဒါပေမယ့် ညီတို့ကွန်မန်ဒိုတွေအားလုံးမှာ လက်နက်မပြည့်စုံ သေးဘူး။ အဲ့လိုမျိုး အနေအထားတွေ ရှိတယ်ပေါ့နော် ဂန်းကောင်းကောင်း မရှိသေးဘူးပေါ့။ ပြီးရင်သူတို့ရဲ့ အသက်ကို ကာကွယ်ဖို့အတွက် ကျည်ကာဦးထုပ်တို့ ကျည်ကာအင်္ကျီတို့တောင် မရှိသေးဘူး။ အဲ့အတွက်ညီတို့ ဒီအဓိကကတော့ ဒီဘတ်ဂျက်က အရေးကြီးဆုံးပါပဲ။ ဒါ့ကြောင့် မို့လို့လည်းဒီ “ကျားမဲဟိန်းသံမြို့သစ်ညံ”ဆိုပြီးတော့ ဒီလူကန်ပိန်းကို ခေါ်ရတာဖြစ်ပါတယ်။

 

ဆလိုင်း ဒိုခါရ် ဆိုတော့ကျွန်တော်တို့ သုံးသပ်မှုတွေများစွာထဲမှာ မတူတဲ့ဟာတစ်ခု ရှိတာပေါ့နော်။ အဲ့ဒီသုံးသပ်ချက်က ဘာလဲဆိုတော့ ကျွန်တော်တို့ ပြန့်ကျဲနေတဲ့တော်လှန်ရေး အင်အားစုတွေ များနေတဲ့ဟာက ကျွန်တော်တို့အနာဂတ် တည်ဆောက်မယ့် ဖက်ဒရယ်အတွက် ကောင်းဖို့ ပေါ့နော်။ အမိန့်နာခံမှု တစ်ခုအောက်မှာ ထားဖို့လိုတယ်ဆိုတဲ့ အမြင်ကြားမှာ တော်တော်လေး အမြင်မတူကြတဲ့ဟာမျိုး ဖြစ်တာပေါ့။ ဒီဟာနဲ့ ပတ်သက်ပြီးတော့မှ ဗိုလ်မိုက်ခဲတို့အနေနဲ့ ကိုယ့်အတွေ့အကြုံပေါ် အခြေခံပြီးတော့မှ ပြန့်ကျဲနေတဲ့ တော်လှန်ရေးအင်အားစုရဲ့ ထိရောက်မှုပိုင်းပေါ့နော်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့မှ အခုအင်အား တည်ဆောက်နေတဲ့ နေမှုနဲ့လည်း ချိတ်ဆက်ပြီးတော့မှ ဆွေးနွေးပေးပါဦး။

 

ဗိုလ်မိုက်ခဲ – ညီ့အမြင်ကတော့ ဒီလိုမျိုးပေါ့နော် စုစည်းကျစ်လျစ်မှုဟာ အကောင်းဆုံးလို့ ထင်တယ်။ ဒါပေမယ့် အဲ့လိုစုစည်းကျစ်လျစ်ဖို့ အတွက်ပေါ့နော် နံပါတ်တစ်အနေနဲ့ ပေါ့နော် လက်နက်ကိုင် တော်လှန်ရေးတပ်တွေ ယုံကြည်အားကိုးရလောက်တဲ့ အစိုးရတစ်ရပ်လိုနေ သေးတယ်ဗျ။ NUG ကိုမယုံ အားမကိုးလို့လား ဆိုတော့မဟုတ်ပါဘူး။ ဒါပေမယ့် အလုံးစုံယုံကြည် အားကိုးရတဲ့ ထဲမှာတော့ NUG ကပါမနေသေးဘူးဗျ ဟုတ်။ ဒါပွင့်ပွင့်လင်းလင်း ပြောတာပါ။ ပြီးရင်ပေါ့နော် တော်လှန်ရေးလက်နက်ကိုင် တပ်တွေပေါ့နော် အတုယူ စံနမူနာထားပြီးတော့ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ပေါ့နော် ဗမာတပ်တစ်ခု လောက်ရှိသင့်တယ် လို့ထင်တယ်။ ဒါမှသာလျှင် ပေါ့နော် တော်လှန်ရေးတပ်တွေက ဒီဗမာတပ်ကို ပူးပေါင်းမှာပဲဗျ။ သူတို့ရှိရင်းစွဲ နာမည်တွေ ဖြုတ်ချင်လည်းဖြုတ်မှာ မဖြုတ်ချင်လည်း မဖြုတ်ဘူးပေါ့။ ဥပမာဆိုပါစို့ ဗမာတပ်တော် ပဲထားပါစို့။ တကယ်ကို ညီတို့အားကိုးရတယ် စံထားရတယ် တကယ်ကိုတာဝန်ယူမှု တာဝန်ခံမှုရှိတဲ့တပ်ရှိတယ်ဆိုရင် ညီတို့က ဘာလို့အဖွဲ့တွေ ကွဲကြီးခံနေမှာလဲ။ ရတယ်ညီတို့ MPD တပ်အနေနဲ့ အိုကေငါတို့ကို တစ်ဝက်လွှဲပေးမှာလား ငါတို့ကိုတပ်ရင်းပေးမှာလားငါတို့ကို ရတယ် အဲ့ဒီမင်းတို့အောက်က သွားလိုက်မယ်။ တစ်ခါတည်းလုပ် ဆေးဘလန်ကို ဘယ်လိုဆွဲမလဲ။ ဒီခေါင်းဆောင်ပိုင်းတွေ ပေါ့နော်။ ရတယ်ဒီအဖွဲ့တွေ အကုန်လုံးစုံလိုက်မယ်။ တပ်တစ်ခုအနေနဲ့ချမယ်။ တပ်ပေါင်းစု တစ်ခုအနေနဲ့ချမယ်။ အာမီတစ်ခုအနေနဲ့ ထောင်ကြမယ်။ အညာကို ကိုယ်စားပြုတဲ့ တပ်ပေါ့နော်။ အဲ့ပုံစံမျိုးထောင်ကြမယ်။ ငါတို့စစ်ရေးဘလန်တွေတစ်နိုင်ငံလုံးပေါ့နော် တိုင်းရင်းသား ဘက်တွေကို ငါတို့သွားမတိုက် နိုင်ဘူး ဆိုရင်တောင်မှပဲ အညာဒေသမှာ ဘယ်လိုစစ်ရေး ဘလန်တွေဆွဲကြမလဲ။ ပြီးရင် EROS တပ်တွေနဲ့ ရောဘယ်လို ချိတ်ဆက်ကြမလဲ။ အခုက EROS တပ်တွေကိုချိတ်ဆက်နေတာက ပါသနာ ထိုးနေတဲ့ကျတော့ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆို EROS တပ်တွေအနေနဲ့ ကူညီရတာလည်း ပြန့်ကျဲတယ်ပေါ့ ထိရောက်မှုမရှိဘူး။ ဒီလိုမျိုးတစ်ခုတည်းသာ လုပ်နိုင်မယ်ဆိုလို့ရှိရင် လွန်စွာအင်မတန်မှ ကောင်းပါတယ်။ ဒါပေမယ့်အဲ့လိုမျိုး လုပ်နိုင်ဖို့ ဆိုတာလည်း လက်နက်ကိုင် တော်လှန်ရေးတပ်တွေ ယုံကြည်ရလောက်မယ့် အစိုးရတစ်ရပ်နဲ့ ပေါ့နော် ဗမာတပ် တစ်ခုရှိဖို့ လိုတယ်လို့ ညီကတော့မြင်တယ်။ အဲ့ဒါမှမဟုတ်ဘူးဆိုရင်တော့ ဒီအတိုင်းပဲ ပြန့်ကျဲနေမှာပဲ။

 

ဆလိုင်း ဒိုခါရ် ဟုတ်ကဲ့ အဲ့ဒီထဲမှာ ဒီတစ်ခုကျွန်တော်သိလိုတာက ဒီမြင်းခြံဆိုတာက ကျွန်တော်တို့ နေမြေ ပထဝီနေမြေအရကြည့်မယ်ဆိုလည်း ဗဟိုဖြစ်တယ် ဆိုတော့ ဒါဗိုလ်မိုက်ခဲတို့အဖွဲ့ အနေနဲ့လည်း ဌာနချုပ်အဆင့်မှာ စည်းခံရတဲ့ အခြေအနေ ကြုံခဲ့တယ်ဆိုတာ ကျွန်တော်တို့ သိလိုက်ရတယ်။ ဆိုတော့ ဒါပေမယ့် တစ်ဖက်မှာ ဒါဒီစိန်ခေါ်မှုတွေ ပထဝီနေမြေအရ စိန်ခေါ်မှုတွေ ကျော်လွှားပြီးတော့မှ ချင်းဘက်ကိုလည်း စစ်မျက်နှာဖွင့် ပြီးတော့မှ ဒါမဟာမိတ် တွေနဲ့ အတူတိုက်တယ်။ တခြားနယ်မြေ အပေါင်းအစုံကိုလည်း နယ်မြေအဆင့်ဆင့် ဖြတ်ကျော်ပြီးတော့မှ စစ်တိုက်တဲ့ ဟာမျိုးလုပ်တယ်။ ဆိုတော့အဲ့ဒီဟာအခြေအနေအရ ဒီအဖွဲ့များစွာနဲ့ နားလည်မှုယူထားဖို့ လိုလိမ့်မယ်လို့ ယူဆတယ်ပေါ့နော်။ ဆိုတော့အဲ့လိုအဖွဲ့ များစွာနဲ့နားလည်မှု ယူထားတဲ့နေရာမှာ ယုံကြည်မှုဘယ်လိုတည်ဆောက်သလဲ ဘယ်လို ပြေပြေလည်လည်နဲ့ကို အဖွဲ့အပေါင်းအစုံနဲ့ အလုပ်လုပ်နိုင်သလဲ။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာ အဖွဲ့တော်တော်များက တစ်ဖွဲ့နဲ့တစ်ဖွဲ့ပြီးရင်ကျန်တဲ့ အဖွဲ့တွေနဲ့သိပ်မတည့်ဘူး ဆိုတဲ့ဟာမျိုး စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဘက်မှာ ကျွန်တော်တို့ကြား နေရတာများတာပေါ့။ ဆိုတော့ စစ်ကိုင်းတိုင်း မကွေးတိုင်းကိုကျော်ပြီးတော့မှ ချင်းဘက်ကိုလာတဲ့ဟာမျိုးရှိသလို တခြားဘက်ကိုလည်း သွားနိုင်တဲ့ဟာဆိုတော့ အဲ့ဒီဟာကိုဘယ်လိုကိုင်တွယ်သလဲ အဲ့ဒါ ဆွေးနွေး ပေးပါဦး။

 

ဗိုလ်မိုက်ခဲ- ညီတို့တပ်က တော်တော်များများမှာရှိတယ်။ မြန်မာနိုင်ငံရဲ့ပေါ့နော် တော်တော် များများမှာ ညီတို့တပ်တွေရှိတယ်။ ဘယ်လိုပြောရမလဲ အလုံးစုံမရှိဘူးဆိုပေမယ့်လည်း ပေါ့နော် နေရာစုံ မရှိဘူးဆိုပေမယ့်လို့ တိုင်းဒေသကြီးတွေနဲ့ ပတ်သက်ပြီးတော့ တော်တော် များများ ရှိပါတယ်။ နယ်တော့မကျော်ဘူး နယ်လည်း မကျော်ပါဘူး။ ပြီးတော့ဒီမှာ မဟာမိတ် ဖွဲ့စည်းရေးပေါ့။ မဟာမိတ်ဖွဲ့စည်းရေးမှာတော့ ညီတို့အနေနဲ့က နှစ်မျိုးရှိတယ်။ မဟာမိတ်နဲ့ ညီနောင် မဟာမိတ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ ညီနောင်မဟာမိတ် ဆိုတာကတော့ ညီတို့နဲ့သေတူ ရှင်တူပေါ့နော် အမြဲတမ်းအတူတူရှိ နေတဲ့တပ်တွေပါ။ ညီတို့တိုက်တဲ့ တိုက်ပွဲတိုင်းမှာဆို သူတို့ပါတယ်။ တော်တော်များများပေါ့နော်။ သူတို့ကျတော့ ဒီနိုင်ငံရေးရော ဒီစစ်ရေးရောမှာပါ ဒီသဘောတူညီချက်ပေါ့နော် စာချုပ်ချုပ်ထားတဲ့ တပ်တွေဖြစ်တယ်။ ညီနောင်မဟာမိတ် ဆိုတာကတော့ ဘယ်လိုအခက်အခဲမျိုးမှာ ပဲရှိရှိ ဥပမာဆိုပါစို့ ညီတို့ ဒီPeacock Generation Force (PGF) ပေါ့နော် PGF ဆိုလို့ရှိရင် ညီတို့ရဲ့ညီနောင်မဟာမိတ် သူတို့ ဘယ်လိုမျိုးပဲ အခက်အခဲရှိရှိ သူတို့မှန်နေသရွေ့ညီတို့က MPD တပ်ကသူတို့နဲ့ အတူအမြဲတမ်း ထပ်ကြပ် မကွာရှိနေမှာ။ ညီတို့ဘာလို့ပဲ အခက်အခဲရှိရှိ သူတို့တပ်က အမြဲတမ်းရှိနေမှာပေါ့။ ဒီလိုမျိုး ညီနောင် မဟာမိတ်တပ်တွေလည်း ညီတို့မှာရှိတယ်။ မဟာမိတ် ဆိုတာကတော့ အလျဉ်းသင့်ရင် သင့်သလိုပေါ့နော် ရှိတဲ့စစ်ရေးနယ်မြေမှာ ကိုယ်နဲ့မသိသိ သိသိပေါ့နော် ညီနောင်မဟာမိတ်ကောက် မဟာမိတ်ကောက်ဖွဲ့လိုက်တယ်ပေါ့ ပြီးရင် စစ်အာဏာရှင်ကို အတူတူတွန်းလှန်မယ်ပေါ့ ဒီလိုတပ်တွေလည်းရှိတယ်။ အကွဲကွဲတွေ ကတော့အများကြီးပဲ။ ဘာကြောင့်လဲဆိုတော့ အညာဒေသမှာက ဘာတွေပြဿနာဖြစ်နေလဲ ဆိုတော့ကျတော့ စစ်ရေးကိုဦးဆောင်တဲ့လူတွေသည် တော်တော်များများက သေနတ်တောင် ကောင်းကောင်း မပစ်တတ်တာတွေပါတယ်။ ပြီးလို့ရှိရင် ဒီစစ်ကန်စစ်ပညာကို မသင်ထားဘဲနဲ့ပေါ့နော် တွန်းလှန်ချင်တဲ့စိတ် တစ်ခုတည်းနဲ့ပေါ့နော် လက်နက်စွဲကိုင် တာတွေရှိတယ်။ ဒါက တကယ်ပါ။ ဒီလိုမျိုးပြောတဲ့ကျညီ အဲ့လိုဝိုင်းတော့ ဆဲကြလိမ့်မယ် ဒါက တကယ်ကိုမြေပြင်မှာ ရှိနေတဲ့အနေအထားတွေရှိတယ်။ အဲ့လိုမျိုး အနေအထားတွေမှာ ကျတော့ တစ်ခါတစ်လေ စစ်ပလန်ဆွဲရတာတွေမတူတော့ဘူး။ ဘယ်လိုမှကို မတူတော့ဘူး။ ညှိလို့နှိုင်းလို့ မရတော့တဲ့ အတိုင်းအတာတွေရှိတယ်။ ပြီးရင်အရပ်သားစိတ်ပေါ့ အရပ်သား စိတ်မပျောက် နိုင်သေးဘူး ပေါ့နော်။ စစ်ပွဲတစ်ခုမှာ ဆိုလို့ရှိရင် ညီတို့က ညီနောင်မဟာမိတ်တပ်က စပွင့်ပွင့်လင်းလင်းပဲ ညီတို့ကစစ်မိန့်နဲ့သွားတာ ပြီးမှပြန်ပြီးတော့ ကန်တော့ရရင် ကန်တော့ရ ကန်တော့ရ ကန်တော့ရ ညီတို့ကြီးတာတွေ ငယ်တာတွေမသိဘူး စစ်မိန့်ပဲ အမိန့်တစ်ခုကိုပဲ သွားမှာပေါ့နော်။ အဲ့ပုံစံမျိုးနဲ့သွားတဲ့အခါမှာ တစ်ခါတစ်လေ ကျတော့လည်း နားလည်မှု အကွဲအပြဲတွေများစွာရှိတယ်။ ဒါပေမယ့်ဒီ ရပါတယ်။ အဆင်ပြေပါတယ်။ ဒီအခြေအနေ တစ်ခုကလောလောဆယ်မှာ ၂၀၂၄ ကျော်ကျော်မှာ တော်တော်လေး ပြန်ပြီးတော့ စည်းလုံးလာတယ် နားလည်မှု ရှိလာတယ်လို့ ပြောလို့ရတဲ့ အခြေအနေ တစ်ခုမှာရှိပါတယ်။

 

ဆလိုင်း ဒိုခါရ် အထူးသဖြင့်တစ်ခုမဟူရင်တောင်မှ အချင်းချင်းလက်တွဲနိုင်ဖို့အတွက် အစောနက ဒီဗိုလ်မိုက်ခဲတို့ဆိုရင်တော့ ညီနောင်မဟာမိတ် ဆိုတဲ့အောက်ကနေ သွားနိုင်တာပေါ့။ ဒီအခင်း အကျင်းအခု ညီနောင်မဟာမိတ်ဖွဲ့စည်းတဲ့ ပုံစံနဲ့ကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ အခုမန်းလေး ဘက်မှာရှိနေတဲ့အင်အားစုတွေ ပြန့်ကျဲနေတဲ့ဟာကို လက်တွေ့မှု ပိုခိုင်မာလာအောင် လုပ်ဖို့အတွက် အဓိကဘာလိုအပ်မလဲ။ ဥပမာအနေနဲ့ အခြေခံအချက် ဘယ်လောက်လောက် လိုမလဲ ဒါဆွေးနွေးပေးပါဦး။

 

ဗိုလ်မိုက်ခဲ –  ဟုတ်ကဲ့ ဒါတွေအားလုံးကို ခြုံကြည့်လိုက်မယ်ဆို အစောနက ညီပြောသလိုပဲပေါ့နော် လက်နက်ကိုင်အားလုံးက ယုံကြည်ရလောက်တဲ့ အစိုးရကောင်း တစ်ရပ်ပေါ်ပေါက်ဖို့ လိုတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ကယုံကြည်နေတယ် ဆိုလို့ရှိရင် သူ့စကားကို ကျွန်တော်တို့ နားထောင်မှာပဲလေ လူအားလုံးက။ မင်းတို့တော့ဒီတပ်တွေ အားလုံးပေါင်းပြီးတော့ ရော့ဒီလိုမျိုးဗျူဟာတစ်ခုဖွဲ့စည်းလိုက် အေးရော့မင်းတို့တော့ ဒီလိုစစ်ကြောင်း တစ်ခုဖွဲ့စည်း လိုက် မင်းတို့တော့ ဒီလိုတပ်မဟာတစ်ခု ဖွဲ့စည်းလိုက်ကွဆိုရင် ကျွန်တော်တို့က အလံတစ်ခု အောက်က ဘက်တံဆိပ်တစ်ခုအောက်က သွားလို့ရတဲ့ တပ်တွေဆိုလည်း ဒါကစည်းလုံးမှုက ကွဲစရာကို အကြောင်းမရှိဘူး။ အဲ့လိုမျိုး မရှိတဲ့အတွက်ကြောင့် မို့လို့ဒီလိုမျိုးတွေ ဖြစ်တယ်လို့ ထင်တယ်။ ပြီးရင်ပေါ့နော် လက်နက်ကိုင် တပ်တွေ အားကိုးယုံကြည် ရလောက်တဲ့ ပေါ့နော် အာမီတပ်တစ်ခုလိုပဲ။ အာမီဖြစ်ချင်ဖြစ် မဖြစ်ချင်နေပေါ့နော် တပ်တစ်ခုလိုပဲပေါ့လေ။ အဲ့လိုမျိုးတပ်ရှိဖို့လိုတယ်။ ဒါမှသာလျှင် ပေါ့နော် အားလုံးက ဒီယုံကြည်အားကိုးတယ် ဆိုလို့ရှိရင် ဒီအမိန့်တစ်ခု အောက်က သွားရတာတွေရှိတယ်။ ညီတို့တပ်ဆိုရင်လည်း ညီတို့နဲ့ တိုက်တဲ့အချိန်မှာ ညီတို့ရဲ့ ညီနောင် မဟာမိတ်တပ်တွေဆိုရင် ဘယ်သူ့ရဲ့ဦးဆောင်မှုပဲဖြစ်ဖြစ် ညီတို့က ယုံကြည်အားကိုးတဲ့ အတွက်ကြောင့်မို့ သူတို့အမိန့်တစ်ခုတည်းပဲ။ တပ်တွေပဲ ဘယ်လောက်ပဲ ပေါင်းထား ပေါင်းထားပေါ့နော်။ အမိန့်တစ်ခုတည်းနဲ့ သွားတာဖြစ်တဲ့အတွက် စည်းလုံးမှုက ဒီပုံစံနဲ့ပဲ ဖြစ်နေတယ်။ ဒီလိုမျိုး ကောင်းကောင်း ဖြစ်ဖို့လိုတယ်။ ဒီလိုမျိုးဖြစ်ဖို့ ဆိုရင်လည်း ဘတ်ဂျက် တောင့်တောင့်ဖို့လိုတယ်။ ဘဏ္ဍာရေးပိုင်းဆိုင်ရာကလည်း တော်တော်လေး ခိုင်မှရမယ် ပေါ့နော်။ ဒီလိုအနေအထားမှ သွားမှရမယ်။ လောလောဆယ် အနေအထားမှာ ညီညွတ်ဖို့ စည်းလုံးဖို့ဆိုလို့ရှိရင် ဘယ်လိုအချက်တွေ ဘယ်လိုအချက်တွေ ဆိုတာထက် ဟိုနော် တပ်မှူးတွေ အကုန်လုံးပေါ့နော် ခေါင်းဆောင်ပိုင်းတွေ အကုန်လုံးပေါ့နော် တွေ့ဆုံပြီးတော့မှ သဘောထားတွေကို ပွင့်ပွင့်လင်းလင်း ချပြဖို့လိုတယ်။ တစ်ယောက်ရဲ့ သဘောထား၊ တစ်ယောက်ရဲ့ စစ်ရေးပလန်၊ တစ်ယောက်ရဲ့ နိုင်ငံရေးရပ်တည်ချက်။ ဒီပုံစံမျိုးတွေကို ပွင့်ပွင့်လင်းလင်းချပြပြီဆိုမှ ဒီထဲကမှ အားသာချက် အားနည်းချက်ကို အားလုံးရှာကြံပြီးတော့ ညီတို့ဒီအဖြေတစ်ခုကို ရှာလိုက်မယ်ဆိုရင်တော့ ကောင်းမွန်တဲ့ အပြောင်းအလဲတစ်ခုပေါ့နော် ဖြစ်သွားမယ်လို့ ညီယုံကြည်တယ်။ ဘာလို့အခုလို စကားပြောတုန်းဆိုတော့ ညီတို့လက်ရှိလောလောဆယ်မှာ မညီလို့ ဒီလောက်ကြာနေတာဗျ။ ညီတို့စစ်တောင် ကောင်းကောင်းတိုက်လို့မရဘူး။ ဒါအညာမှာဆိုလို့ရှိရင်။ ညီတို့ဒီစခန်း တိုက်မယ်ဆိုလို့ရှိရင် အဲ ပကဖတွေအနေနဲ့က ဟာတိုက်ခွင့်မရှိဘူး။ နယ်ကျော်လို့မရဘူးကွ။ ဒီလိုမျိုးကိစ္စရပ်တွေ တော်တော်ဖြစ်တယ်။ ညီတို့နဲ့ဆိုလို့ရှိရင် အပြန်အလှန်တော်တော်လေး ဖြစ်ကြတယ်။ နော် ကျွန်တော်တို့ ညီတို့အနေနဲ့က မူဝါဒရှင်းတယ်။ မတားနဲ့ တိုက်မှာပဲ။ ဒီလိုမျိုးတွေဆိုတော့ ပဋိပက္ခတွေက တော်တော်လေးဖြစ်တယ်။ တစ်ခါတစ်လေ အပြစ်ခံရတဲ့ အတိုင်းအတာတွေ ပါရှိတယ်။ ညီတို့တပ်ဆိုလို့ရှိရင်။ အဲ့လိုမျိုးတွေအထိ ရှိခဲ့ဖူးတယ်။ အဲ့လိုမျိုး ဆိုတော့ကျတော့ ဒါတွေကိုဖြေရှင်းဖို့ဆိုလို့ရှိရင် ပေါ့နော် တပ် တပ် တပ်မှူးတွေ အကုန်လုံးပေါ့နော် ခေါင်းဆောင်ပိုင်းတွေအကုန်လုံးက အစည်းအဝေးထိုင်ဖို့လို တယ်။ တွေ့ဆုံဖို့ လိုတယ်။ ပွင့်ပွင့်လင်းလင်း ချပြနိုင်ဖို့လိုတယ် ပေါ့နော်။ ဒီလိုမှမဟုတ်ဘူး ဆိုရင်တော့ မလွယ်ဘူး။

 

ဆလိုင်း ဒိုခါရ် အခု ဒီမြို့သိမ်းတိုက်ပွဲမှာ ဗိုလ်မိုက်ခဲတို့အဖွဲ့အစည်း ပါခဲ့ပြီးပြီပေါ့နော်။ အဲ့ဒီပါခဲ့တဲ့ မြို့သိမ်းတိုက်ပွဲအတွေ့အကြုံအရ အခု ဗိုလ်မိုက်ခဲတို့မှာရှိတဲ့ အင်အား၊ လက်နက်ခဲယမ်းနဲ့ အခုလာမယ့် Campaign ကနေ ရရှိတယ်ဆိုရင် ဗိုလ်မိုက်ခဲတို့အနေနဲ့ မြို့သိမ်းတိုက်ပွဲတစ်ခု ဖော်ဆောင်လို့ရပြီလို့ ယုံကြည်မှုရှိလား။

 

ဗိုလ်မိုက်ခဲ- ဟုတ်ကဲ့ ယုံကြည်မှုရှိပါတယ်။ အဓိကတော့ မြို့သိမ်းရတာက အဲ့လောက်ကြီး ညီတို့မခက်ပါဘူး။ ဒါက ညီတို့လေကြွားတာလည်း မဟုတ်ဘူး။ လက်ရှိ အနေအထားမှာရှိတဲ့ ညီတို့ရဲ့တပ်အင်အားနဲ့ လက်နက်ခဲယမ်းနဲ့ဆိုရင်တောင်မှ သိမ်းလို့ရတဲ့အနေအထားမှာ ရှိတယ်။ ဒါပေမဲ့ ညီတို့မှာက ပြန်လည်ထိန်းကျောင်း နိုင်ဖို့လိုတယ်။ အဓိက ဒီမြို့ကို သိမ်းပြီးသွားရင် ဘယ်လောက်အထိပေါ့နော် ညီတို့ထိန်းနိုင်မှာလဲ။ ဘယ်လောက်အထိ ဘတ်ဂျက် အင်အားတောင့် လဲပေါ့။ ဘယ်လောက်အထိ ခဲယမ်းတွေရှိနိုင်မလဲပေါ့။ ပြီးရင် ပြည်သူလူထု ပေါ့နော်။ အဆောက်အဦးဆိုတာ ပြိုကျသွားရင် ပြန်ဆောက်လို့ရတယ်။ ပြည်သူလူထုရဲ့ အသက်အန္တရာယ်ကိုရော ဘယ်လောက်အထိ ကာကွယ်ပေး နိုင်ဦးမှာမလဲပေါ့။ လေကြောင်း ချိန်းခြောက်မှုကိုရော ဘယ်လောက်အထိ ဟန့်တား နိုင်မလဲဆိုတဲ့ အကြောင်း ပြချက်တွေများစွာရှိပါတယ်။ ကြိုတင်ပြီးတော့ ပြင်ဆင်ထား ရမလဲဆိုတာတွေရှိတယ်။ အဲ့လိုမျိုး အနေအထားတွေမှာဆိုလို့ရှိရင် ညီတို့ဒီ Campaign ခေါ်ရတာဖြစ်တယ်။ အဓိက အားဖြင့် ညီတို့ကွန်မန်ဒိုတပ် ဆိုတာကတော့ အခေါ်တော့ ကောင်းတာပေါ့ ကွန်မန်ဒိုတပ်ဆို တာ။ ညီတို့ဆီက ကွန်မန်ဒိုတွေဆိုရင် ကျည်ရာကင်းတဲ့လူ သိပ်မရှိတော့ဘူး။ တကယ်တမ်း တော့ အသေခံတပ်ပါပဲ။ ရှေ့ဆုံးကနေ တိုက်ရတာ။ တစ်ခါတစ်လေ ပြောင်းတွေဆွဲလုရတဲ့ အတိုင်းအတာတွေရှိတယ်။ ကျည်ကုန်တယ် ဆိုရင်တောင်မှ။ ဒီလိုမျိုးတပ်တွေရှိတယ်။ ရှယ်ပြင်ရတဲ့ အနေအထားတစ်ခုမှာ ကိုယ်ကံဆိုးလို့ ကိုယ်ခံရတာ ပြဿနာမရှိဘူး။ ကံကကြမ်းဖြစ်လို့ ခံရတယ်ဆိုရင်တော့ သိပ်ပြီးအဓိပ္ပာယ် မရှိဘူး။ ဒါကြောင့်မလို့ ဒီ Campaign ကိုခေါ်ရခြင်းဖြစ်တယ်။ Campaign အောင်တယ် ဆိုရင်လည်း ညီတို့ အဲ မှန်းထားတာကတော့ နှစ်မြို့လောက်တော့ သိမ်းဖို့ရည်မှန်းထားတယ်။ မဖြစ်နိုင်ဘူး ဆိုရင် တောင် တစ်မြို့ကတော့ သေချာပေါက်သိမ်းနိုင်ဖို့ အဲ ယုံကြည်တယ်ဗျ ညီတို့။

 

ဆလိုင်း ဒိုခါရ် ဆိုတော့ အခုဒီ ကျွန်တော် ချင်းညီနောင် မဟာမိတ်အဖွဲ့အစည်း မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်တဲ့ ဟာတွေကို အထူးသဖြင့် ကြည့်မယ်ဆိုရင် ဗျူဟာအဆင့် ထက်တောင်မှ အင်အားပိုကောင်းတဲ့ မင်းတပ်ဟာမျိုးပါတာပေါ့နော်။ ဆိုတော့ မင်းတပ်ဟာ မျိုးမြို့သိမ်း တိုက်ပွဲ အကုန်ကျစရိတ်တွေကို တော်လှန်ရေး ဦးဆောင်နိုင်တဲ့သူတွေနဲ့ အနီးကပ် တီးခေါက် ကြည့်တဲ့အချိန်မှာ အရင်ကတည်ဆောက်ခဲ့တဲ့ အင်အားအတွက် တည်ဆောက်ခဲ့တာ တစ်ကဏ္ဍပေါ့နော်။ ဒီမြို့သိမ်းတိုက်ပွဲအတွက်ပြင်ဆင်မှုက ဒေါ်လာ တစ်သန်းဝန်းကျင် လောက်ပဲရှိတယ်။ အဲ့ဒီဟာနဲ့ မြို့ကိုသိမ်းတဲ့အပြင် ထိန်းနိုင်တယ်။ ဆိုတော့ အခုဒီ ဗိုလ်မိုက်ခဲတို့ဆိုရင်လည်း သိန်း ၇၀၀၀ လောက်နဲ့ သိန်း ၇၀၀၀ လောက်ဆိုတာ ဒါ အင်မတန် အဲ့ဒီထက်တောင် နည်းတဲ့ငွေပမာဏပေါ့နော်။ မြို့သိမ်း တိုက်ပွဲအတွက် ပြင်ဆင်မှုလုပ်ရဲတယ်။ ဘာဖြစ်လို့ သန်း ၂၀၀ ကျော်ကျော်သုံးလာခဲ့တဲ့ NUG က အခုအချိန်ထိ မြို့တစ်မြို့မှ မသိမ်းသေးတာလဲ။ ပြောချင်တာက NUG ကိုဝေဖန်မှုမျိုး ပုံစံမျိုး မဟုတ်ဘဲနဲ့ အဓိက စစ်ရေးမှာ မြေပြင်အတွေ့အကြုံအရ ဘာလိုအပ်ချက်ကြောင့် ဒီလို ဖြစ်သွားတယ်လို့ မြင်သလဲ။ အဲ့ဒါ ဆွေးနွေးပေးပါဦး။

 

ဗိုလ်မိုက်ခဲ – အဲ ဒါကတော့ ညီတို့ အမြဲတမ်းပြောနေကျ စကားရှိတယ်ပေါ့နော်။ ဒါညီတော်တို့က ဒီမြေပြင် NUG ကလူကြီးတွေနဲ့ တစ်ခါတစ်လေမှာ တွေ့တာရှိတယ်။ ညီတို့က ပွင့်ပွင့် လင်းလင်းပဲပြောတာပေါ့နော်။ ဘာကြောင့် တော်လှန်ရေး ဒီလောက်ကြာ နေတာလဲ။ ခင်ဗျားတို့ အလုပ်မလုပ်နိုင်သေးလို့လို့ ညီတို့ကတော့ တည့်ပဲပြောတာပေါ့။ ဒီစကားကို ပြောတဲ့ အခါမှာ ပေါ့နော် မင်းလုပ်ပါလားလို့ ပြောချင်ပြောလည်းမယ်ပေါ့နော်။ အဲ ဒါက ပွင့်ပွင့်လင်းလင်း ပြောတာပဲ။ အဲ NUG အနေနဲ့ ပေါ့နော်။ မလိုအပ်တဲ့ ကဏ္ဍတွေမှာ တအားသုံးတယ်လို့ ညီမြင်တယ်။ ဥပမာဆိုပါစို့ ပညာရေးပေါ့။ ဒီအချိန်မှာ ပညာရေးက ညီတို့ မလိုအပ်ဘူးလား မဟုတ်ဘူး။ ပညာရေးက လိုအပ်ပါတယ်။ ဒါပေမဲ့ စာသင်ကျောင်းတွေမှာ စစ်ကောင်စီမှာက လူသားချင်းစာနာထောက်ထားတဲ့အရာ မရှိဘူး။ သူတို့မှာ စစ်ဥပဒေ လောဆိုတာလည်း မရှိဘူး။ တောက်လျှောက်ပေါ့ သူတို့မိုက်ချင်သလို မိုက်နေတာ။ အဲ့လိုမျိုး အနေအထား တွေမှာဆို ကျောင်းသား၊ သူငယ်ချင်းတွေပေါ့နော်။ လေယာဉ်ဗုံးကျဲခံရတာတွေ များစွာရှိ တယ်။ ဒါ ဟိုနော် ဒီပညာရေးနဲ့ပတ်သက်ပြီး အားမပေးရာမရောက်ဘူး။ ဒီလိုမျိုး အခန်းကဏ္ဍ တွေမှာ သိပ်ပြီးတော့ ပေါ့နော် လုံးဝကိုယ်ကထိန်းချုပ်နိုင်ပြီ။ လေကြောင်းရန် ကိုလည်း ကာကွယ်နိုင်ပြီဆိုတဲ့ အနေအထားတစ်ခုမှာ လုပ်သင့်တယ်လို့ ညီတို့ထင်တယ်။ ပြီးရင်ပေါ့နော် လူမှုဝန်ကြီးဌာနတွေ။ ဥပမာ စည်ပင်ဝန်ကြီးဌာနတို့၊ လျှပ်စစ်ဝန်ကြီးဌာနတို့။ အခုအချိန်မှာ ကျွန်တော်တို့ ပိုင်နေတာ၊ ပိုင်တာလည်း ဘာမှမရှိသေးဘူးလေ။ ဒါတွေကို လျှောက်ဖွဲ့ပြီးတော့ သိရဲ့လား။ ဘတ်ဂျက်သုံးစွဲတာတွေက မဖြစ်သင့်ဘူးလို့ ထင်တယ်။ အဲ ပွင့်ပွင့်လင်းလင်း ဝေဖန်ရမယ်ဆိုရင် ဝန်ကြီးဌာနများတာ အိပ်ကပ်ထဲကို ပြန်ထည့်ဖို့ လားတောင်မှ ညီတို့တစ်ခါတစ်လေ ပြန်တွေးတဲ့အတိုင်းအတာတွေရှိတယ်။ ဘာလို့လဲဆို တော့ ညီတို့တော်လှန်ရေးတပ်တွေဆီမှာကြတော့ ချပေးတဲ့ ဂန်းတွေ၊ ကျည်တွေက လုံလောက်တဲ့ ပမာဏမရှိဘူး။ တစ်ခါတစ်လေ ချပေးတဲ့ဟာတွေက အစုတ်တွေ။ ညီတို့ ဒီမှာပြန်ဖိုင်းရတာတွေ များစွာရှိတယ်။ ညီတို့ဆီမှာ ဂန်းကောင်းတာဆိုလို့ ဘာလဲ။ ပြည်သူပေးတဲ့ ထောက်ပံ့ငွေနဲ့ ဝယ်ထားတဲ့ဟာတွေပဲရှိတယ်။ ကိုယ်ကိုယ်တိုင်ဝယ်ထားတဲ့ ဟာတွေပဲ ကောင်းတာ။ တိုင်းရင်းသား EROsတပ်တွေက ချပေးတဲ့ဟာတွေလောက်ပဲ ကောင်းတာ။ ကျန်တာတွေက မကောင်းဘူး။ အဲ့လိုမျိုးအနေအထားတွေမှာရှိတယ်။ အဲ့တော့ တော်တော်လေးကို ဆိုးဆိုးဝါးဝါးဖြစ်တယ်ပေါ့နော်။ အညီမဖော်လိုတဲ့ ပေါ့နော်။ ဒီအကြီးပိုင်း အကြီးပိုင်းအနေနဲ့ ညီတို့ညှိဖူးတယ်။ ကျွန်တော်တို့ဒီမြို့ကိုသိမ်းချင်တယ်။ ဘတ်ဂျက်ကတော့ ဒီလောက် လောက်ကျနိုင်တယ်။ လက်နက်ခဲယမ်းက ဒီလက်နက်ခဲယမ်းတွေ လိုတယ် ပေါ့နော်။ ကျွန်တော်တို့ ဒီမြို့ကိုသိမ်းပြီးသွားရင် ဒီမြို့သိမ်းပြီးလို့ရတဲ့ ရန်သူ့လက်နက်ပဲ ဖြစ်ဖြစ်၊ ဘယ်အပိုင်းပဲ ဖြစ်ဖြစ်ပေါ့နော်။ ဥပမာ ဒီအခွန်ဘဏ္ဍာပိုင်းပဲဖြစ်ဖြစ် ရတဲ့ဟာရဲ့ ၅၀% ကို ခင်ဗျားတို့ကို ပြန်ပြီးတော့ ပြန်လှူပေးမယ်။ လက်နက်တွေလည်း ခင်ဗျားတို့ငှားတဲ့ လက်နက်တွေလည်း ပြန်အပ်ပေးမယ်။ ကျွန်တော်တို့ကို ဒီမြို့ကိုသိမ်းဖို့အတွက် ဒါတွေကူညီ ပေးနိုင်မလားလို့ ပြောတဲ့အချိန်မှာ မင်းတို့က လုပ်နိုင်စွမ်း ဘယ်လောက်ရှိလို့ လဲဆိုပြီးတော့ အဲ့ဒါ မေးခံရတဲ့အပိုင်းတွေ အထိရှိတယ်။ အဲ့အချိန်ကနေ စပြီးတော့ ညီတို့အနေနဲ့ တပ်ကို ပြန်ပြင်ဆင်တယ်။ နာမည် ခေါင်းဆောင်ပိုင်းတွေ ပေါ့နော် ပြန်ပြီးတော့ အစည်းအဝေး ထိုင်ဖြစ်တာရှိတယ်။ ငါတို့ မျှော်ကိုးနေလို့တော့ မရတော့ဘူး ဒီကောင်တွေကို သိရဲ့လား။ သူတို့မြို့သိမ်းမှာ ဆိုလို့ရှိရင် ငါတို့ တောင်းမွေးထောက်ရလိမ့်မယ်ပေါ့။ ငါတို့အညာသားတွေ ငါတို့ ပြည်သူကိုပဲ အားကိုးရမယ်။ အဲ့တော့ ငါတို့ဘယ်သူ ငါတို့မြို့သိမ်းနိုင်အောင် မလုပ်နိုင် ဘူးလားပေါ့။ ငါတို့လူစုဆွဲပြီးတော့ စစ်ဆင်ရေးမျိုးပေါ့နော်။ အညာဒေသမှာရော မဖြန့် နိုင်တော့ဘူးလား။ ငါတို့ချမယ်။ အဲ့အချိန်မှာ ညီတို့တပ်အင်အားကို ပြန်တည် ဆောက်တယ်။ ဒီအစား အသောက်ပိုင်းကို တော်တော်လေးချွေပစ်လိုက်တယ်။ ချွေပြီးတော့ ရတဲ့ဟာ လက်နက် လက်နက် လက်နက်ပဲ။ ခဲယမ်း ခဲယမ်း ခဲယမ်းပဲ။ စစ်ယူနီဖောင်းတောင်မှပဲ ညီတို့ ကောင်းကောင်း မရှိတဲ့အပိုင်း အတိုင်းအတာတွေမှာ ရှိတယ်။ အဓိက လက်နက်နဲ့ ခဲယမ်းပိုင်းကို ဦးစားပေးပြီး ညီတို့တပ်ပြင်ဆင်တယ်။ တိုင်းရင်းသား EROsတွေနဲ့ ချိတ်ဆက်တယ်။ ပြီးရင် ညီတို့မြို့သိမ်းဖို့ ရပြီဆိုတဲ့အချိန်လောက်ကြတော့ ငါတို့ မြို့သိမ်းရအောင်ပေါ့။ အိုကေ သိမ်းမယ်ဆိုရင်ရော ငါတို့ဘယ်လောက်ထိ ခံနိုင်ရည် ရှိမလဲဆိုတဲ့ အတိုင်းအတာတွေရှိတယ်။ ဒါ့အတွက်ကြောင့်မလို့ ကျွန်တော်တို့ဗျူဟာ မြောက်လက်နက်တွေကို အဲ ပေါ့နော် ပြင်ဆင်ဖို့ညီတို့ကြိုးစားရတယ်။ ဒီလိုမျိုး အတိုင်းအတာ တွေကတော့ များစွာရှိပါတယ်။ သိပ်ပြီးတော့တော့ ညီတို့ဒီမျှော်ကိုးနေမှာ မဟုတ်ဘူး။ မျှော်ကိုးနေမှာ မဟုတ်ဘူးဆိုတာ မယုံကြည်လို့မဟုတ်ဘူး။ ကိုယ့်အားကိုယ်ကိုးမှရမယ်။ ပြည်သူလူထုကို ကောင်းကောင်းနေစေချင်တယ်။ ပြည်သူလူထုကို ပေါ့နော် မြန်မြန်ပေါ့နော် ဒီဝဋ်ကြွေးက နေပြီးတော့ ပြန်ပြီးလွတ်မြောက်စေချင်တယ် ဆိုလို့ရှိရင် ပေါ့နော် ညီတို့အညာ သားတွေ အညာတပ်တွေ ကိုယ်ကိုယ်တိုင် ကြိုးစားမှရမယ်။ ဘယ်သူ့ကိုမှ အားကိုးနေလို့ မရဘူး။ အထူးသဖြင့် ဘာတွေက အခက်အခဲဆုံးလဲဆိုတော့ စစ်ရေး Mission တိုင်ပင်တဲ့ အခါမှာ ညီတို့ကပိုပြီးတော့ အခက်အခဲတွေ့ရတယ်ပေါ့နော်။ အဲ ဒီအကြီးပိုင်းတွေနဲ့ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ တော်တော်များများက နေရာလာယူထားကြတာ။ အခြေခံစစ်ပညာ သင်တန်းတောင်မှ ကောင်းကောင်း မတက်ရတဲ့ဟာတွေရှိတယ်။ သေနတ်တောင် ဘယ်လို မောင်းတင် ဘယ်လိုပစ်ရမယ်ဆိုတာ မသိတဲ့အပိုင်းတွေပါပဲ။ အဲ တစ်ခါတစ်လေ သူတို့က စစ်ရေးပိုင်းတွေမှာ ဦးဆောင်ထားတဲ့အခါ ညီတို့မှာ တော်တော်လေးဒုက္ခရောက်တယ်။ ဘယ်လိုမှကို တိုင်ပင်လို့ မရဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ စိတ်ကူးယဉ်ဆန်ဆန်နဲ့ စစ်တိုက်လို့ မရဘူးလေ။ သေနတ်ပစ်တာက လွယ်တယ်။ စစ်တိုက်တယ်ဆိုတာ လွယ်တာမှ မဟုတ်တာ။ ဒီလိုစစ်ရေးဗျူဟာ ဆိုတာရှိတယ်။ အဲ့လိုမျိုးအနေအထားတွေ ရှိတဲ့အတွက် ကြောင့်ပေါ့။ အချိန်အတိုင်း အတာတစ်ခုအထိတော့ ညီတို့အဆင်ပြေသွားမယ် လို့တော့ ညီတို့ထင်ပါတယ်။ အခက်အခဲတွေကတော့ များစွာရှိတယ်။ ဒီအခက်အခဲ တွေကိုသိလို့ ပြန် အချိန်မီ ပြန်ပြင်ဆင်နိုင်တယ် ဆိုရင်တော့ တော်လှန်ရေးရဲ့ အရွှေ့အပြောင်းက တော်တော်လေး မြန်မြန်ဆန်ဆန် ကောင်းမွန်တဲ့ဘက်ကို ရောက်နိုင်တယ်။ တကယ်လို့ ပြန်မပြင်ဆင် နိုင်ဘူး ဆိုလည်း ပြဿနာမရှိဘူး။ ညီတို့ တူရာတူရာ တပ်တွေစု သွားလိုက်မယ်။ အညာတပ်တွေ အညာမှာမြို့သိမ်းနိုင်လိမ့်မယ်လို့ ညီတို့ထင်တယ်။ အဲ့အချိန်ကြမှ အုပ်ချုပ်ရေးယန္တရား ကတော့ လာလုပ်လို့ရမှာ မဟုတ်ဘူးပေါ့။

 

ဆလိုင်း ဒိုခါရ် ဆိုတော့ အခုကျွန်တော်တို့ဒီ ဝန်ကြီးဌာနတစ်ခုကို သိန်း ၁၅၀ သုံးတယ်လို့ ပြောတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနအားလုံးကိုနဲ့ တွက်မယ်ဆိုရင် သိန်း ၂၀၀၀ နဲ့ ၃၀၀၀ ကြား တစ်လ တစ်လ ဒီဝန်ကြီးဝန်လေး အသုံးစရိတ်သီးသန့်နဲ့ကို သိန်း ၃၀၀၀ ဝန်းကျင် ကုန်တယ်ပေါ့နော်။ ဒီသိန်း ၃၀၀၀ ဝန်းကျင်က local တွေ လက်နက်တပ်ဆင် ပေးမယ်ဆိုရင် ခန့်မှန်းချေ ဘယ်လောက်လောက် တပ်ဆင်ပေးလို့ရမလဲ။ အခုပြောမယ်ဆိုရင် သိန်း ၇၀၀၀ နဲ့တောင်မှ မြို့သိမ်းတိုက်ပွဲ campaign လုပ်နေတဲ့အခါကြတော့ သိန်း ၃၀၀၀ သူတို့ရဲ့နှစ်လစာလောက်ပဲ ရှိတယ်ပေါ့။ သူတို့ရဲ့ဝန်ကြီးဌာန နှစ်လစာတို့က မြို့သိမ်း တိုက်ပွဲအတွက် ဗိုလ်မိုက်ခဲတို့ ရည်မှန်းထားတဲ့ငွေကြေး ပမာဏဖြစ်နေတယ်။ ဆိုတော့ ဒီလစဉ် NUG ကအသုံးစရိတ် သိန်း ၃၀၀၀ ခန်းက local မှာအင်အားတည်ဆောက်ရင် ဘယ်လောက်အထိ သက်ရောက်မှုရှိလဲ။ ထိရောက်မှုပိုင်းဆိုင်ရာအပိုင်း နည်းနည်း ဆွေးနွေးပေးပါဦး။

 

ဗိုလ်မိုက်ခဲ – ဟုတ်ကဲ့ သိန်း ၃၀၀၀ လောက်ဆိုရင်တော့ အလက် ၂၀၊ အလက် ၃၀ လောက်နဲ့ ခဲယမ်းလေး ၂၀၀ စီလောက်တော့ ရမယ်လို့ ညီတို့ထင်တယ်။ ဒါက ဒီတစ်လတပေါ့။ နောက်ထပ် လတွေမှာလည်း အဲ့လိုမျိုး ဖြစ်ဖြစ်သွားလိုက်လို့ ရှိရင်တော့ တော်တော်လေး ကောင်းတာပေါ့။ ဒီတော်လှန်ရေး တပ်တွေထဲမှာပေါ့နော် မိသားစုတပ်တွေဆိုတာလည်း ရှိတယ်။ ဒီတပ်ငယ်တွေ ရှိတယ်ပေါ့နော်။ အဲ့ဒါမျိုးတွေ အနေနဲ့လည်း ပူးပေါင်း စေချင်တယ်ပေါ့ နော်။ သူ့တပ်ကိုယ့်တပ်သူ ခွဲခြားဆက်ဆံတာမျိုးမရှိဘူး။ လမ်းတစ်ခု အောက်ကပဲ သွားစေချင်တယ်ပေါ့။ ဒီပုံစံမျိုးနဲ့ ညီတို့သွားဖို့ရှိတယ်။ ညီတို့အနေနဲ့ကတော့ ဖိတ်ခေါ်တယ်။ ညီတို့နဲ့နီးစပ်တဲ့ local PDF တွေဆိုရင် ညီတို့ကဖိတ်ခေါ်တယ်။ ကျားမဲတပ် အနေနဲ့နေမလား။ စစ်ရေးစည်းကမ်းကတော့ ဒီပုံစံရှိတယ်။ နိုင်ငံရေးရပ်တည်ချက်က ဒီပုံစံရှိတယ်။ နိုင်ငံရေး မူဝါဒက ဒီပုံစံရှိတယ်။ စစ်ရေးရည်မှန်းချက်က ဒီလောက်ထိရှိတယ်။ ခင်ဗျားတို့ ပေါင်းမလား ဆို ပေါင်းတဲ့တပ်တွေလည်း ရှိတယ်။ အဓိကကတော့ လက်နက်ခဲယမ်းကို ပေါ့နော် ကောင်းကောင်းလေး ပြည့်စုံအောင်ဖြည့်နိုင်ရင်တော့ ပိုမိုက်တာပေါ့။ အဓိက လက်နက်ခဲယမ်း ပိုင်းမှာမဖြေဘဲနဲ့ အခြားစောနက ပြောလိုပေါ့နော် ညီ ဝန်ကြီးဌာနပိုင်းတွေမှာ ဖြည့်နေတဲ့ အတွက်ကြောင့်မလို့ ဒီလောက်ကြန့်ကြာ နေရတဲ့ အပိုင်းတွေမှာလည်း ရှိတယ်။ တလသိန်း ၃၀၀၀ ညီတို့ ပွင့်ပွင့်လင်းလင်းပြောပြရမယ်ဆို ညီတို့ကိုသာပေးလိုက်။ ညီတို့သုတ်လိုက်မယ် အဲ့ဒီ နှစ်လကို တစ်မြို့လုံးလောက်နဲ့ သုတ်လိုက်မယ် ညီတို့။

 

ဆလိုင်း ဒိုခါရ် ဆိုရင် အဲ့ဒီမှာ တစ်ချက် မေးခွန်းရှိတာက အခုလောလောဆယ် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ အညာတွေထဲမှာ သဘောထားကွဲလွဲမှု အမြဲတမ်းဖြစ်တာက NUG လက်အောက်ခံတပ်နဲ့ local တွေကြားလား၊ local အချင်းချင်းကြား ပိုဖြစ်တာလား။ ဒီအပေါ်မှာ ကျွန်တော်မေးရတဲ့ အကြောင်းအရင်းက local တွေကို ပြည်သူတွေက ကူညီတယ်ဆိုရင် local အချင်းချင်းပြဿနာဖြစ်ရင် ဖြေရှင်းပေးနိုင်မယ့်သူရှိလားဆိုတဲ့ မေးခွန်းကြီးကလည်း ရှိနေတာပေါ့။ ဆိုတော့ local အချင်းချင်းကျတော့ တည့်ပြီးတော့မှ local နဲ့ NUG လက်အောက်ခံတွေကျမှ မတည့်တဲ့ဟာမျိုးလား။ ဒီဟာနဲ့ပတ်သက်ပြီးတော့မှ နယ်မြေ အခြေအနေလေး ဆွေးနွေးပေးပါဦး။

 

ဖြေ – ဒါကတော့ ညီတို့က ဒီအပြည့်အဝကြီး ပြောလို့မရဘူးဗျ။ နယ်မြေမျက်နှာပြင်တွေအရ မတူဘူးပေါ့နော်။ ပတ်ဝန်းကျင် အနေအထားတွေမတူဘူး။ ညီတို့ဒီဘက်မှာ ဆိုလို့ရှိရင် ဘယ်လိုပြောရမလဲ ဒီ များသောအားဖြင့် ဒီပကဖတွေနဲ့ အဆင်မပြေတာရှိတယ်။ NUG ရဲ့လက်အောက်ခံတပ် အချင်းချင်းဖြစ်တဲ့ ပေါ့နော် ပကဖနဲ့တပ်ရင်းပေါ့။ အဲ အဲ့ဒါတောင်မှပဲ ပဋိပက္ခက နည်းနည်းလေးဖြစ်တဲ့ အပိုင်းတွေမှာပါတယ်။ တပ်ရင်းရှင်းရှင်းဆို အိုကေတယ်။ Local နဲ့ ပေါ့နော် တပ်ရင်းနဲ့ တည့်ပြီးတော့ local နဲ့ ပကဖနဲ့မတည့်တာရှိတယ်။ ညီတို့ ဒီဘက်မှာဆိုလို့ရှိရင် ပကဖဆိုရင် တော်တော်လေး ဒီမုန်းတီးကြတဲ့ အပိုင်းမှာပါတယ်။ ပကဖက ပေါ့နော် တော်တော်လေး ဆိုးဝါးတဲ့အပိုင်းမှာ ပါတယ်ပေါ့နော်။ ပိုဆိုးတာ ဘာလဲဆိုတော့ ဒီရပ်ကျေးတွေမှာ ဆိုလို့ရှိရင် ဒီစစ်ပညာမသင်တဲ့ ပေါ့နော် လက်နက် ပေးပြီးတော့ အခွန်ကောက်ခိုင်းတဲ့ ကိစ္စတွေ။ ဒီကိစ္စတွေက တော်တော်လေးကို ပြဿနာ တက်တဲ့အပိုင်းတွေမှာ ပါတယ်။ စစ်ရေးကို နားမလည်တဲ့အတွက် စစ်ရေးကိုဝင်စွက်ဖက် တဲ့အခါ တကယ့်စစ်တိုက်တဲ့ ကောင်တွေနဲ့တွေ့တဲ့ အခါကြတော့ ပဋိပက္ခဖြစ်တယ်။ အဲ့လိုမျိုး အနေအထားတွေ များစွာရှိတယ်။ နေရာဒေသအရ ပေါ့နော် အတိအကျပြောလို့ မရဘူးဆိုတာ အခြားနယ်မြေ အနေအထားတွေ ကြမှာတော့ တော်တော်ကောင်းတဲ့ ပကဖတွေ ညီတို့တွေ့ ခဲ့ဖူးတယ်။ စစ်လည်းတိုက်တယ်။ ပြည်သူကိုလည်း တကယ်ကာကွယ်ပေးတယ်။ တကယ်လည်း အနစ်နာခံတယ်။ ကိုယ်ပိုင်ရှိတဲ့ လယ်မြေယာတောင်မှပဲ ရောင်းပြီးတော့ တကယ် အလုပ်လုပ်နေတဲ့ ပကဖတပ်တွေလည်း ရှိရံသာပဲ။ အဲ့ဒီအဲ့ဘက်တွေမှာ ကြတော့ လည်း တချို့ local တွေကြတော့လည်း လက်နက်ကိုင်ပြီးတော့ လူစုဝလုပ်နေတာတွေ ရှိတယ်။ အဲ့တော့ကြတော့ နယ်မြေအနေအထားအရ ဘယ်သူကမှန်တယ် ဘယ်သူကမှား တယ်ဆိုတာ ညီတို့က တစ်သတ်မတ်တည်း ပြောလို့မရဘူး။ အနေအထားတစ်ခု အရကတော့ ညီတို့ဒီ အတပ်ပိုင်းခေါင်းဆောင်တွေ ပေါ့နော် လက်နက်ပေါ်မှာ သာယာမသွားတမ်းမဲ့ အာဏာရှင်ကို တော်လှန်ရင်းနဲ့ အာဏာရှင်ဆန်ဆန် စိတ်လေးတွေပေါ့နော် မရှိတမ်းမယ် ပေါ့နော်။ အဲ့ဒါလေးတွေအားလုံးကို ဖြေလျှော့ပြီးတော့ ဒီအချိန်ဟာ စစ်ကောင်စီကို တော်လှန်ဖို့ ဘုံရန်သူကို တော်လှန်ဖို့ အကောင်းဆုံးအချိန်ဖြစ်တယ်။ နိမ့်နေတဲ့အချိန်မှာ ညီတို့ကို တွန်းတာက အကောင်းဆုံးပဲ။ နိမ့်နေတဲ့အချိန်မှာ အားပြန်ပြီးတော့ ပေးလိုက်မယ်။ အသက်ရှုခွင့် ပေးလိုက်မယ်ဆိုရင် ညီတို့မလွယ်နိုင်ဘူးနော်။ အဲ့လို အနေအထားတွေမှာ ပေါ့နော် ခေါင်းဆောင်ပိုင်းတွေ ရှင်းရှင်း ညီတို့စောနကပြောသလို တွေ့ဆုံပြီးတော့ ညှိနှိုင်းတာ စကားပြောတာက အကောင်းဆုံး အဖြေတစ်ခုလို့ ညီထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဟိုလိုကြီး ဘယ်သူကောင်းတယ် ဘယ်သူမကောင်းဘူးဆိုတာ ညီမပြောချင်ဘူး။ နှစ်ဦးနှစ်ဖက်လုံးမှာ ရန်ဖြစ်တယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် နှစ်ယောက်လုံး သဘောထား မညီလို့ပဲ။ တစ်ယောက်နဲ့တစ်ယောက် နှစ်ယောက်လုံးက နားလည်ခွင့်လွှတ်မှု မပေးနိုင်လို့ ဒါရန်ဖြစ်တယ်လို့ ညီတို့ထင်တယ်။ ဒီတပ်မှာလည်း အဲ့လိုပဲပေါ့နော်။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့မတည့်ဘူးဆိုတာ နှစ်ဖက်လုံးမှာ နားလည်မှု ကွဲလွဲနေတယ်လို့ ညီတို့ထင်တယ်။ ဒါကြောင့်မို့လို့ ဒါတွေကို အချိန်မီပြုပြင်ညှိနှိုင်း နိုင်မယ်ဆိုရင်တော့ အဆင်ပြေမယ်လို့ ညီကထင်တယ်။

 

ဆလိုင်း ဒိုခါရ် နောက်ထပ်တစ်ခု ကျွန်တော်မေးလိုတာကလေ အချင်းချင်းတွေကြားမှာ သဘောထား ကွဲလွဲမှုတွေကို တချို့ပြည်သူတွေရော တချို့တော်လှန်ရေးကို ဝေဖန်သုံးသပ်တဲ့ သူတွေရော စိုးရိမ်မှုတွေရှိတယ်။ အဲ့လောက်ကြီး စိုးရိမ်စရာကောင်းလား။ ဗိုလ်မိုက်ခဲတို့ဆို မြေပြင်မှာ ကြုံနေတဲ့အခါဆိုတော့ သဘောထားကွဲလွဲမှုတော့ ဖြစ်တော့ဖြစ်မှာပေါ့။ ဒါပေမဲ့ အဲ့လောက်ကြီး ကောင်းကြောက်စရာ ကောင်းလား။ တော်လှန်ရေးကို ထိခိုက်ရလောက်တဲ့ အထိ စိုးရိမ်စရာကောင်းလား။ ကောင်းနေပြီလားအခု။

 

ဗိုလ်မိုက်ခဲ- အဆိုးဘက်က ကြည့်မယ်ဆိုရင်တော့ ကြောက်စရာ တအားကောင်းတယ်ပေါ့။ ဘာကြောင့် လဲဆိုတော့ ကိုကိုတူတူလေး သူတို့ဒီ စစ်ကောင်စီဘက်တောင်မှပဲ သူတို့ အချင်းချင်း စကားတွေများနေပြီ။ တစ်တပ်နှင့်တစ်တပ် မှားပစ်မိတယ်ဘာညာဆိုရင် ညီတို့ တအားပျော်တယ် သိရဲ့လား။ ဟာ ကိုယ်လုပ်စရာမလိုဘူး။ သူတို့အချင်းချင်း ပြုတ်နေတယ် ဆိုပြီးတော့။ အဲ့လိုပဲ စစ်ကောင်စီဘက်ကလည်း အဲ့လိုတွေးနေလိမ့်မယ်။ ညီတို့ NUG နဲ့ကွဲပြားတွေ၊ တပ်တွေနဲ့ ပကဖတွေကြားပေါ့နော်။ local တွေကြားမှာ အကွဲပြဲတွေကို သူတို့လည်း ဝမ်းသာနေကြလိမ့်မယ်။ တစ်ဖက်လူအတွက် ခွန်အားတစ်ခုဖြစ်တာပေါ့။ ဒီအနေအထားက ကြည့်ရင်တော့ တော်တော်လေးကိုဆိုးတယ်။ ပြည်သူလည်းစိတ်ဆင်းရဲ ရတယ်ပေါ့နော်။ ကောင်းတဲ့ဘက်က ပြန်ကြည့်မယ်ဆိုရင် ကြတော့လည်း အဲ့လောက်ကြီး စိုးရိမ်စရာ မလိုဘူး။ ဘာကြောင့်လဲဆိုတော့ ၂၁ ပေါ့နော် ရာစုလူငယ်တွေဖြစ်တဲ့ အတွက်ကြောင့်မို့ အဲ့လောက်ကြီးညံ့တဲ့ အထဲမှာတော့ မပါဘူး။ ဖြည်းဖြည်းချင်းနဲ့ ပေါ့နော် သဘောထား သဘောပေါက်တယ်ပေါ့နော်။ အခုက ဘယ်လိုဖြစ်နေလဲ ဆိုတော့ လူငယ်တွေက သဘောပေါက်တယ်။ လူငယ်တွေက တော်တော်နားလည် ပေးတယ်။ တစ်ခါတစ်လေ လူကြီးတွေက ကလေးဆန်ချင်တဲ့ အပိုင်းတွေပါတယ်။ အဲ့တော့ အဲ့လိုဖြစ်နေတာ မြေပြင်မှာ။ တစ်ခါတစ်လေ ကိုယ် လူငယ်တွေက လျှော့ပေးရတာ။ သိရဲ့လား။ ကလေးပြန်ထိန်းရတာ။ လူကြီးတွေကဆိုးပြီးတော့ ဖတ်ခနဲဆို ဘယ်လောက်တွေ ချိန်းခြောက်ပြီးတော့ မာန်ကြွားနေ တာတွေ အဲ့ဒီကအပိုင်းတွေပါတယ်။ ဒါပေမဲ့ လူငယ်တွေက စကားက သိပ်အများကြီး မပြောဘူး။ ညီတို့ကတော့ တွေ့ရင်ရယ်ပဲ ရယ်ပြလိုက်တာပဲ။ အေးအေး ဆေးဆေးပဲ။ ဘာလို့လဲဆိုတော့ နိုင်ငံရေးရည်မှန်းချက်တူတဲ့၊ စစ်ရေးရည်မှန်းချက် တူတဲ့ လူငယ်တပ်တွေက ဖြည်းဖြည်းချင်းနဲ့ ပေါင်းစည်းလာမယ်လို့ ယုံကြည်တယ်။ တော်လှန်ရေးကိုတော့ ဆိုးဆိုးဝါးဝါး ထိခိုက်မယ့် အထဲမှာတော့ ပါမယ်လို့ညီမထင်ဘူး။ ဘာကြောင့် လဲဆိုတော့ လမ်းကြောင်းတူရင် ညီတို့ဆုံကိုဆုံမှာပဲ။ လမ်းဆုံတစ်ခုမှာ တွေ့ကို တွေ့မှာပဲ။ အဲ့အချိန်ကျလို့ ရှိရင် လူငယ်တပ်တွေ ပိုပြီးတော့ ပူးပေါင်းသွားလိမ့်မယ်။ နိုင်ငံရေး စစ်ရေးရည်မှန်းချက် တူတဲ့တပ်တွေ ပူးပေါင်းသွားလိမ့်မယ်။ အဲ့အချိန်မှာ အင်အားကောင်းတဲ့ တပ်ကြီး တစ်ခုဖြစ်လာလိမ့်မယ်။ အဲ့အချိန်မှာ ပြည်သူကိုပေါ့နော် ပြည်သူဘက်ကနေပြီးတော့ ပေါ့နော် ရန်သူကိုလည်း ကာကွယ်ပေးနိုင်မယ့် တပ်မျိုးပေါ့နော်။ ပြည်သူကို ချိန်းခြောက်နေတဲ့ ပေါ့နော်။ ဒါက ညီသဘောတရားကို ပြောတာပေါ့နော်။ မိတ်ဆွေရန်သူလို့ တပ်မျိုးကိုလည်း ညီတို့ ကာကွယ်ပေးနိုင်မယ့် တပ်မျိုးတွေ ပေါ်ပေါက်လာလိမ့်မယ်။ မကြာခင် အချိန်မှာလည်း ပေါ်ပေါက်လာဖို့ ရှိတယ်။ ဒီလိုတပ်တွေက ရှိကိုရှိနေတယ်။ အပေါ်ကိုပေါ်ပေါက်လာလိမ့်မယ် လို့ ညီကတော့ ယုံကြည်တယ်ဗျ။

 

ဆလိုင်း ဒိုခါရ် ဆိုတော့ ဒီနောက်ဆုံးအနေနဲ့ ဗိုလ်မိုက်ခဲတို့လုပ်နေတဲ့ campaign နဲ့ကိုချိတ်ပြီးတော့မှ ပြည်သူတွေကို ခွန်အားလေးပေးပေးပါဦး။ အဓိက လိုတာထက်မစိုးရိမ်ဖို့နဲ့ အခုချိန်မှာ ဗိုလ်မိုက်ခဲတို့အနေနဲ့လည်း ဘယ်လိုအကောင်းဘက်ကနေ ရလဒ်ထွက်အောင် တတ်နိုင်သ လောက် ကြိုးစားနေတာလဲ။ အဲ့ဒါလေးကို ဆွေးနွေးပေးရင်းနဲ့ ပြည်သူတွေလည်း ခွန်အား ပေးပေးပါဦး ကျွန်တော်တို့။

 

ဗိုလ်မိုက်ခဲ- ဟုတ်ကဲ့။ အဓိကကတော့ ညီတို့ရှေ့မှာပြောခဲ့သလိုပဲပေါ့။ ညီတို့က ပြည်သူကိုပေါ့နော် မျက်နှာမူတဲ့တပ်ဖြစ်တယ်။ ပြည်သူကသာလျှင် ညီတို့ရဲ့ အစိုးရဖြစ်တယ်ဆိုတဲ့ မူဝါဒကို ညီတို့ကကျင့်သုံးတာဖြစ်တဲ့အတွက် သေချာတာ တစ်ခုကတော့ ပြည်သူကိုထိခိုက်မှုမရှိအောင် ထိခိုက်မှုရှိခဲ့တယ်ဆိုရင်တောင် ထိခိုက်မှု နည်းအောင် ပေါ့နော်။ ဥပမာ ပေါ့နော် အဆောက်အဦး ထိခိုက်ပျက်စီးမှုနည်းအောင် ဒီပုံစံမျိုးတွေနဲ့ ညီတို့ဒီတိုက်ခိုက်ဖို့အတွက် စစ်ရေးပလန်တွေ ညီတို့လူငယ်တပ်တွေ အားလုံးမှာ ရှိတယ်ဗျ။ အဲ့လိုပုံစံမျိုးရှိတဲ့အတွက် သိပ်တော့စိုးရိမ်စရာမလိုဘူး။ မကြာခင် အချိန်အတွင်းမှာလည်း ညီတို့ဒီအညာမှာ ရှိတဲ့မြို့တွေကို ပေါ့နော် ပြည်သူပျော်ပျော်ရွှင်ရွှင်နဲ့ ပေါ့နော် နေထိုင်လို့ရနိုင်လိမ့်မယ်လို့ ညီတို့မျှော်လင့်တယ်။ အဲ့အတွက်လည်း အကောင်းဆုံး ကြိုးစားသွားမှာဖြစ်တယ်။ ဘာလို့အခုလို စကားမျိုး ပြောလဲဆိုတော့ ညီတို့ ဒီငါးလပိုင်း တစ်ရက်နေ့က ညီတို့ MPD တပ်ရဲ့သုံးနှစ်ပြည့်တည်ထောင်ခြင်းဖြစ်တယ်။ ဒါပေမဲ့ ညီတို့သုံးနှစ်ပြည့် တည်ထောင်ခြင်းကို မလုပ်ခဲ့ဘူး။ သေချာတာတစ်ခုကတော့ ညီတို့ နောက်ထပ်ပေါ့နော် နှစ်ပတ်လည်နေ့တွေ အခမ်းအနားတွေ လုပ်မယ်ဆိုရင်တောင်မှ ညီတို့တောထဲမှာ လုပ်မှာမဟုတ်ဘူး။ မြို့ပြမှာလုပ် မှာ။ အဲ့လိုမျိုး ရည်မှန်းချက်လည်း ညီတို့မှာလည်း ရှိတယ်။ အဲ့အတွက်ကြောင့်မလို့ ညီတို့မြို့ကမဖြစ်မနေကို သိမ်းကိုသိမ်းမှာပဲ။ အဲ့အတွက်ကြောင့်တော့ ပြည်သူတွေအနေနဲ့ အဓိကအားဖြင့် ပေါ့နော် စိတ်ရှည် သည်းခံပြီးတော့ ဓမ္မဘက်ကနေပြီးတော့ ပူးပေါင်းပါဝင် ပေးပါလို့ ညီကတော့ မေတ္တာရပ်ခံ ချင်တယ်။ ဟုတ် အဓိကကတော့ ဒီပြည်သူတွေအနေနဲ့ ပေါ့နော် အခုအချိန်အထိ ပေါ့နော် ဒီပြာပုံကြားမှာ လက်သုံးချောင်းထောင်ပေးထားတဲ့ အညာကပြည်သူတွေ တော်လှန် ပြည်သူတွေ အားလုံးကို ညီတို့ကျေးဇူးတင်တယ်။ မကြာခင် အချိန်မှာ မြို့ပေါ်မှာပေါ့နော် သပြေပန်းနဲ့ ကြိုရမယ့်အချိန်တစ်ခုကို ရောက်လာမယ်လို့ ညီကတော့ပြောချင်တယ်။ သေချာတာ တစ်ခုကတော့ သပြေပန်းစိုက်ထားဖို့ပဲ ညီကမှာချင် ပါတယ်။

 

ဆလိုင်း ဒိုခါရ် ဟုတ်ကဲ့ပါ ဒီဗိုလ်မိုက်ခဲတို့အဖွဲ့ campaign လုပ်တဲ့ဟာ target ထက် အဆပေါင်း များစွာပြည့်ပြည့်ဝဝနဲ့ မြို့သိမ်းတိုက်ပွဲအတွက်လုံလောက်တဲ့ဘတ်ဂျက်အပြင် တခြားမြို့တွေ ဆက်လက်တိုက်ပွဲဝင်နိုင်ဖို့အတွက် လုံလုံလောက်လောက်နဲ့ ဘတ်ဂျက် ရပါစေလို့ ကျွန်တော် တို့ ဆန္ဒပြုပါတယ်။ ဆိုတော့ အခုလိုအချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

 

ဖြေ – ဟုတ်ကဲ့ပါ အစ်ကို ညီတို့ဘက်ကလည်း ကျေးဇူးအများကြီးတင်ပါတယ်။