စက်တင် ၂၃
The Kaladan Post
ကချင်ပြည်နယ်၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းနှင့် ဆေးရုံကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက် အချိန်- မနက် ၉ နာရီ အချိန်တွင် Peacock Drone Team နှင့် မဟာမိတ်အဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း Peacock Drone Team – Myaung တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါသည်။
my အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး Peacock Drone Team – Myaung တပ်ဖွဲ့၏ တာဝန်ရှိသူ က “ ကျွန်တော်တို့ တော်လှန်ရေးမဟာမိတ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ ကျောက်ရစ်ရဲစခန်းမှာ စစ်ကောင်စီတပ်အင်အား ၂၀၀ခန့် ရှိတဲ့စခန်းဖြစ်ပါတယ် ဒီတိုက်ခိုက်မှုအတွင်းမှာ ကျွန်တော် တို့ဘက်က ဒရုန်းတစ်စီး စက်ချို့ယွင်းမှုဖြစ်ပြီး ပျက်ကျတာကြောင့် ပျက်စီးဆုံးရှုံးသွားပါတယ်ဟု “ The Kaladan Post သို့ ပြောဆိုသည်။ ၎င်းတိုက်ခိုက်မှုကို တော်လှန်ရေးပူးပေါင်းတပ်များက Fixed-wing ဒရုန်း ၉ စီးကို အသုံးပြုခဲ့ပြီး ဗုံးသီး ၁၂ လုံးဖြင့် တိုက်ခိုက်ခဲ့ကြသည်။ ၎င်းတိုက်ခိုက်မှု အတွင်း တော်လှန်ရေးတပ်ဖွဲ့ဖက်မှ ဒရုန်းတစ်စီး ဆုံးရှုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက် ဒဏ်ရာရမှုနှင့် သေဆုံးမှုအသေးစိတ်ကို လက်ရှိတွင် မသိရသေးမသိရသေးပေ။ ထို့အပြင် ၎င်းစစ်ဆင်ရေးများ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ပစ္စည်းများ ထပ်မံဖြည့်တင်းရန် လိုအပ်နေပါသဖြင့် ကူညီထောက်ပံ့လိုသူများ၊ လှူဒါန်းလိုသူများအနေဖြင့် Peacock Drone Team နှင့် ဆက်သွယ်နိုင်ပါ ကြောင်း ၎င်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။