စက်တင် ၁၈
The Kaladan Post
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာဘူတာအနီးတွင် တည်ရှိသော စစ်ကောင်စီ၏ ကင်း ပုန်းတစ်ခုကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၏ ကာကွယ်ရေးဌာနလက်အောက်ရှိ မွန်ပြည် တော်လှန်ရေးတပ် (MSRF) နှင့် ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) တို့မှ တိုက်ခိုက်ခဲ့ ကြောင်း Mon State Revolutionary Force – MSRF က ထုတ်ပြန်ထားပါသည်။
အဆိုပါထုတ်ပြန် ချက်နှင့် ပတ်သက်ပြီး Mon State Revolutionary Force – MSRF ပြောရေးဆိုခွင့် ရှိသူ မိတလညဏ်က“ ကျွန်မတို့ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဒီပြောက်ကြားစစ်ဆင်ရေး ဖော်ဆောင်ခဲ့တဲ့ အနင်းကျေးရွာ ဘူ တာအနားက ကင်းပုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးခန့်ရှိပါတယ်ရှင့် ဒါ့အပြင် ကျွန်မတို့ တိုက်ခိုက်ခဲ့ တဲ့ ကင်းပုန်းနီးတဝိုက်မှာလည်း တခြားသောစစ်ကောင်စီ ကင်းပုန်းတွေရှိနေသေးတယ်” ဟု The Kaladan Post သို့ ပြောဆိုသည်။ ယင်းတိုက်ခိုက်မှုသည် ယနေ့ စက်တင်ဘာလ ၁၈ ရက်၊ နံနက် ၁၀ နာရီခန့်တွင် စတင်ခဲ့ပြီး၊ တော်လှန်ရေးတပ်ဖွဲ့များမှ ပျောက်ကြားစစ်ဆင်ရေးနည်းဗျူဟာကို အသုံးပြုကာ စစ်ကောင်စီ၏ ကင်းပုန်းကို ထိရောက်စွာ ဖျက်ဆီးနိုင်ခဲ့သည်။ ဤစစ်ဆင်ရေးတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် အထိအခိုက်မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့သည်ကို မျက်မြင်သက်သေများဖြင့် အတည် ပြုနိုင်ခဲ့ပြီး၊ ထပ်မံထိခိုက်သေဆုံးမှုနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု MSFC ကာကွယ်ရေးဌာနမှ ထုတ်ပြန်ထားသည်။ ဤစစ်ဆင်ရေးသည် မွန်ပြည်နယ်အတွင်း စစ်ကောင်စီ၏ လှုပ်ရှားမှုများကို ထိန်းချုပ်ရန်နှင့် ဒေသခံပြည်သူများ၏ လုံခြုံရေးကို ကာကွယ်ရန် ရည်ရွယ်သည့် မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ ကြိုးပမ်းမှုတစ်ရပ်ဖြစ်သည်။ တော်လှန်ရေးတပ်ဖွဲ့များသည် ဒေသတွင်း တည်ငြိမ်ရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ဆက်လက်ကာကွယ်သွားမည်ဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။