ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ အနောက်ရဲ ကျေးရွာအား ဧပြီလ ၁၁ရက်နေ့တွင် စစ်ကောင်စီမှ အလေကြောင်းအသုံးပြုကာ ပေါင်၅၀၀နှစ်လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲခြင်းဖြစ်သည်။  အဆိုပါ ပေါက်တောမြို့နယ်ရှိ အနောက်ရဲကျေးရွာသည် အာရက္ခတပ်တော် အေအေ ကသိမ်ပိုက်ထားသော နယ်မြေတွင်တည်ရှိပြီး မွတ်ဆလင်အများစုနေထိုင်သော ကျေးရွာဖြစ်ကာ ဒေသခံများသေဆုံးမှုမရှိကြောင်းကို သိရှိရပါသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုနှင့် စပ်လျဉ်းပြီး “ “အနောက်ရဲ ရွာတို့၊ ကြိမ်နီပြင် တို့ဆိုတာ ဒုက္ခသည်စခန်းတွေပါ။

 

မြစ်ကမ်းနားမှာ နေပြီး တစ်ပိုင်တစ်နိုင် ငါးရှားနေတဲ့ ရွာတွေ ဖြစ်ပါတယ်။ အခုလို စစ်ရေးနဲ့ မဆိုင်တဲ့ ရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်တော့ ကျနော်တို့ အရမ်းစိုးရိမ် နေရပါတယ်။ ကျနော်တို့မှာ သွားစရာ၊ ထွက်ပြေးပုန်းရှောင်စရာ နေရာလည်း မရှိဘူး။ နောက်ထပ် စစ်ကောင်စီက လေကြောင်းတိုက်လာမှာကို အရမ်းကို ကြောက်နေရပါတယ်” ဟု  ‌ဒေသခံတစ်ဦးမှ Western News သို့ ပြောဆိုခဲ့ပါသည်။