မေးမြန်းသူ – ဆလိုင်းဒိုခါရ်
ဖြေဆိုသူ – ဗိုလ်မှူးကြီး Col. Mong Htwam၊ Arakan ဥက္ကဋ္ဌနှင့်စစ်ဦးစီးချုပ်၊ Arakan National Council (ANC/AA)
ဆလိုင်းဒိုခါရ် – အားလုံး ပဲ မင်္ဂလာ ပါ ခင်ဗျာ။ ကျွန်တော် တို့ ဒီ The Kaladan post ရဲ့ exclusive interview ကို အမြဲတမ်း ကြည့်ရှု အားပေးတဲ့ မိဘ ပြည်သူ များ ခင်ဗျာ။ ကျွန်တော် တို့ ဒီ တစ်ခါ တော့ ANC က ဗိုလ်မှူးကြီး တစ်ဦး ကို ဖိတ်ခေါ် ပြီး တော့ မှ ကျွန်တော် တို့ လက်ရှိ ကျွန်တော် တို့ မြန်မာ နိုင်ငံ တော်လှန်ရေး မှာ ဘာ တွေ သတိချပ်ဖို့ လိုတာ လဲ ။ ပြီး တော့ ဒီ နိုင်ငံတကာ အနေနဲ့ ကျွန်တော် တို့ တော်လှန်ရေး အပေါ် မှာ တုံ့ပြန်ချက် တွေ ကို တကယ့် ကို ဝါရင့် တော်လှန်ရေး အဖွဲ့အစည်း ဦးဆောင်နေသူ တစ်ဦး ဖြစ် သလို ဒါ ဒါ တကယ့် နိုင်ငံရေး ပညာရှင် လို့ ပြော လို့ ရ မယ် ။ တကယ့် တိုင်းရင်းသား လူမျိုး တွေ ထဲ က တော်လှန်ရေး ခေါင်းဆောင် တစ်ဦး ဖြစ် တဲ့ ဗိုလ်မှူးကြီး Col. Mong Htwam ကို ကျွန်တော် တို့ ဖိတ်ခေါ်ပေးထား ပါ တယ် ။ ဆိုတော့ ကျွန်တော် တို့ ကို အခု လို အချိန် ပေးတဲ့ အတွက် ကျေးဇူးတင် ပါ တယ် ဗိုလ်မှူးကြီး ခင်ဗျာ ။
ဗိုလ်မှူးကြီး Col. Mong Htwam – ဟုတ်ကဲ့ ။
ဆလိုင်းဒိုခါရ် – ဟုတ်ကဲ့ တစ်ခါတည်း နဲ့ ကျွန်တော် မေးခွန်း လေး စ ပါ မယ် ခင်ဗျာ ။ အခု ဒီ ကျွန်တော် တို့ တော်လှန်ရေး အင်အားစု တွေ မှာ အရင် က တိုင်းရင်းသား လက်နက်ကိုင် တွေ အပါအဝင် အခု အသစ် ပေါ်လာတဲ့ တော်လှန်ရေး အဖွဲ့ဆို အမှာ အမျိုးမျိုး ဖွဲ့စည်း ပြီး မှ လှုပ်ရှားနေကြ တယ် ။ အဲ့ဒီ မှာ ဆိုရင် တော်တော် များ ဒီ ချက်ချင်း တိုက်ပွဲ ဖြစ်တဲ့ ဟာ မျိုး တွေ မြေပြင် မှာ ပွတ်တိုက်မှု ရှိတဲ့ ဟာ မျိုး တွေ လောက် ပဲ ။ ပြည်သူ တွေ အနေနဲ့ အများစု ဒီ နိုင်ငံရေး လှုပ်ရှားမှု ပုံစံ မျိုး မြင် ပြီး တော့ မှ ဒါ တော်တော်များ ဒီ အတွင်းကျကျ နဲ့ ကြိုးစား အားထုတ်နေတဲ့ အင်အားစု တွေ က လုပ်ဆောင်ချက် တွေ သိပ် မပေါ် သလို ဖြစ်နေတဲ့ အခါ ကျတော့ ဒါ ဗိုလ်မှူးကြီး တို့ အခု ANC/ AA အနေနဲ့ နိုင်ငံရေး လှုပ်ရှားမှု ပေါ့ နော် ။ အထူးသဖြင့် ချပြ လုပ် လို့ ရ သလောက် ဒါ ဘာ တွေ လုပ်နေ သလဲ ဆိုတဲ့ ဟာ လည်း ချပြပြောဆိုပေးပါ။
ဗိုလ်မှူးကြီး Col. Mong Htwam – ဟုတ်ကဲ့ ဒီ ကျွန်တော် တို့ ANC က တော့ အခု လောလောဆယ် နိုင်ငံရေးရ ပြောရရင် အမျိုးသားအဆင့် မူဝါဒ ၏ ညှိနှိုင်းရေး အဖွဲ့ ပေါ့ နော် ။ အဲ့ဒါ ဖွဲ့စည်း ပြီး တော့ ကျွန်တော် တို့ ဒီ ရခိုင် ပြည်ထောင်ဖွဲ့စည်းပုံ ရေးဆွဲရေး ကို လုပ်ဆောင် တယ် ။ ပြီး လို့ ရှိရင် ဒီ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရမှာ အခြေခံရမယ့် ကဏ္ဍအ လိုက်မှု တွေ ပေါ့ ဗျာ ။ အဲ့ဒါ စုစည်း ပြီး ရေးဆွဲတာ ကို လုပ်နေ ပါ တယ် ။ အဓိက ဦးစားပေး ပြီး တော့ မှ ဟို အဲ့ဒီ ဟာ က ကျွန်တော် ၂၀၁၈ လောက် ကတည်းက လုပ်လာတာ ဆိုတော့ ဟို ခြောက် နှစ် ကျော် ဝန်းကျင် လောက် ရှိ ပြီ ပေါ့ နော် ။ အခု ဆိုရင် ။ အဲ့ဒါ ကို ကျွန်တော် တို့ က Federal Unit တွေ ကြား ထဲ မှာ ဆွေးနွေးချပြရှင်းလင်းတဲ့ အဆင့် ကို ရောက်နေ ပြီ ဖြစ် ပါ တယ် ။ မကြာခင် အချိန် အတွင်း မှာ တော့ အဲ့ဒါ တွေ ကို ကျွန်တော် တို့ က ဒီ Online က digital တွေ အနေနဲ့ ရော Hard Copy အနေနဲ့ ပါ Publication အနေနဲ့ ရော ဟို ထုတ်ဝေသွား ဖို့ ရှိ ပါ တယ် ။ ဒါ က နိုင်ငံရေး လှုပ်ရှားမှု ဖြစ် ပါ တယ် ။ စစ်ရေး အရာ က တော့ ကျွန်တော် တို့ ဒီ မဟာမိတ် အနယ်အမြေ တွေ ပေါ့ နော် ။ AAအနယ်အမြေ တွေ မှာ ကျွန်တော် တို့ ဒီ သင်တန်း နဲ့ နည်းပညာ အကူအညီ ပေးထား ရှိ တယ် ။ Humanitarian Mission အနေနဲ့ ကျွန်တော် တို့ ဆင်းတာရှိပါတယ်ဗျ ။
ဆလိုင်းဒိုခါရ် – ဟုတ်ကဲ့ ။ ဆိုတော့ အခု လက်ရှိ အချိန် မှာ ဒါ ရခိုင် နဲ့ ချင်း ပေါ့ အထူးသဖြင့် ဒါ ရခိုင် နဲ့ ချင်း မှာ ဆိုရင် ဒါ မြို့ကြီး နှစ်မြို့သုံးမြို့လောက်ပဲ ကျန် တော့ တဲ့ အနေအထား ဖြစ် တဲ့ ပေါ့ အောင်မြင်မှု အများဆုံးနယ်မြေဆိုပြီးတော့ပြောကြ တယ် ။ ဒါပေမယ့် တစ်ဖက် မှာ ရခိုင် နဲ့ ချင်း တွေ ထဲ တောင် မှ တိုင်းရင်းသား လက်နက်ကိုင် စုဖွဲ့မှု ပုံစံ ကြားမှု ပြီး တော့ နောက်ကွယ် က နေ တရုတ် ပါဝင်မှု ရှိနေတဲ့ ရှမ်းမြောက် မှာ တောင် မှ တော်လှန်ရေး အင်အားစု တွေ နဲ့ သူ တို့ သိမ်းထားတဲ့ မြို့ တွေ ပြန်လည် လွှင့်နေရတဲ့ အနေအထား ဖြစ် တယ်။ ဆိုတော့ အခု အချိန် ကျွန်တော် တို့ တော်လှန်ရေး အင်အားစု တွေ ရဲ့ ရရှိထားတဲ့ သိမ်းပိုက်နိုင်ထားတဲ့ မြို့ တွေ အပေါ် မှာ ဆက်ထိန်းနိုင်ဖို့အတွက် ဘာ တွေ နည်းပညာ လို သလဲ ။ ဘာ တွေ သတိထား ဖို့ လို သလဲ ။ ဒီ ဟာ တွေ အပေါ် မှာ ဆရာ အနေနဲ့ ဒီ အကြံပြု ဆွေးနွေးပေးပါဦး ခင်ဗျာ ။
ဗိုလ်မှူးကြီး Col. Mong Htwam – ဟုတ်ကဲ့ ဒီ ကျွန်တော် တို့ ဗမာပြည် ထဲ မှာ နိုင်ငံရေး စစ်ရေး အရ ဖြစ်နေတဲ့ ဟာ က တော့ ကျွန်တော် တို့ ဒေသ တစ်ခုတည်း ကို ကွက် ပြီး တော့ စဉ်းစား လို့ မရ ဘူး ပေါ့ နော်။ ကျွန်တော် တို့ ဟို ဒေသ တစ်ခုတည်း အတွက် စစ်ရေး အရ လွတ်မြောက် ဖို့ ကြိုးစား တဲ့ အဖွဲ့အစည်း တစ်ခု ပဲ ဖြစ် ပါ စေ ။ မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာ ကို တော့ နိုင်ငံရေး စစ်ရေး အရ စဉ်းစား နိုင် ဖို့ လိုတာ ပေါ့ ။ ကျွန်တော် တို့ မြန်မာပြည်မှာ ကြည့်လိုက် မယ် ဆိုရင် စစ်ရေး အရ လှုပ်ခတ်နေတဲ့ နေရာ က ကချင် နဲ့ ရှမ်းမြောက်ရှိမယ် ။ ပြီး လို့ ရှိရင် ကရင် ရှိ မယ် ။ နောက် ရခိုင် ရှိ မယ် ။ ပြီး လို့ ရှိရင် ဗမာပြည် အလယ်ပိုင်း ရှိ မယ် ပေါ့ ဗျာ ။ ဗမာပြည် အလယ်ပိုင်း က တော့ အခု ၂၀၂၁ နောက်ပိုင်း မှာ ဖြစ်လာ တဲ့ စစ်ရေး လှုပ်ရှားမှု နယ်မြေဒေသ တွေ ဖြစ် တယ် ။ အဲ့ဒါ တွေ က လည်း တိုင်းရင်းသား ကရင် တို့ ၊ ကချင် တို့ ခုန တုန်း က ရခိုင် တို့ အပေါ် မှာ အခြေခံ ပြီး မှ သာ အင်အား ကောင်းလာမယ့် နယ်မြေဖြစ်တယ် ။ ဆိုတော့ အခု အဲ့ဒီ နယ်မြေ လေး ခု ရှိတဲ့ နေရာ မှာ ကျွန်တော် တို့ က ပြန် ပြီး ဆုံးဖြတ်ကြည့် မယ် ဆိုရင် ကရင် အဖွဲ့အစည်း တွေ အနေအထား ပေါ့ ။ ကရင် အနေအထား ကို ကြည့် မယ် ဆိုရင် ကရင် မှာ က အဖွဲ့အစည်း တွေ ကွဲတာ များ တယ် ။ နောက် တစ် ခု က စစ်တပ် က PGF နဲ့ ကရင် တော်လှန်ရေး လှုပ်ရှားနိုင်စွမ်းကို ထိန်းသိမ်းထားတာ ကို တွေ့ရ တယ် ဗျ ။ ဆိုတော့ ရှမ်း နဲ့ ကချင် ကို ကြည့် မယ် ဆိုရင် လည်း အဲ့ဒီ မှာ ရှိတဲ့ အဖွဲ့အစည်း တွေ က အင်အား ရ ရော တိုက်ခိုက်ရေး ရ ရော ကောင်း ပါ တယ် ။ ဒါပေမယ့် လည်း တရုတ် က နေ တစ်ဆင့် စစ်တပ် က အစစရာ ထိန်းချုပ်ထားတဲ့ သဘော ဖြစ် တယ် ။ ဆိုတော့ အဲ့ဒီ နယ်မြေ နှစ် ခု ကို သူ တို့ က ထိန်းချုပ် လို့ ရသွားရင် အဓိက ထိန်းချုပ်ရမယ့် အင်အား ရခိုင် မြင် တော့ တယ် ဆိုတဲ့ အနေအထား ဖြစ် တယ် ။ ဆိုတော့ အဲ့ဒီ မှာ က ရခိုင် ရဲ့ အနေအထား ကို ကျွန်တော် တို့ ပြန်ကြည့် မယ် ဆိုရင် ရခိုင် မှာ ရခိုင် နဲ့ ချင်း ရှိ တယ် ပေါ့ ဗျာ ။ ရခိုင် အနောက်ဘက် မှာ ပြော မယ် ဆိုရင် တော့ ရခိုင် နဲ့ ချင်း ကြား မှာ ရခိုင် တစ်မျိုးသားလုံး ချင်း တစ်မျိုးသားလုံး ပါဝင် တဲ့ မဟာမိတ် ဖွဲ့စည်းနိုင်မှု ကို ကျွန်တော် တို့ မတွေ့ရသေး ဘူး ဗျ ။ အဲ့ဒါ တစ်ချက် ဟာ အားနည်းချက် ဖြစ် တယ် ။ နောက် တစ်ချက် က ရခိုင် မှာ စစ်တပ် က သူ တို့ ဆုတ်ခွါရမယ့် အချိန် မှာ မကြံထိုက်တဲ့ အကြံ ပေါ့ ဗျာ ။ သူ တို့ အမျိုးဘာသာ သာသနာ ကို ကာကွယ် တဲ့ တပ်မတော် လို့ ပြော ပြီး တော့ မှ ဒီ မွတ်စလင် တွေ ကို လက်နက် တပ်ဆင် ပြီး တော့ မှ ရခိုင် ရဲ့ စစ်အင်အား ကို ရှေ့ သူ တို့ ရဲ့ အရှေ့ဖက် ကို မရောက် ဖို့ အတွက် အနောက်ဖက် ကို ပြန် ပြီး တော့ မှ ဆုတ်ခွဲသွား ဖို့ အတွက် ကြိုးစား တဲ့ ဟာ မျိုး ကို တွေ့ရ တယ် ဗျ ။ ဆိုတော့ အဓိက က သုံးချက် ပေါ့ ဗျာ နော် ။ ကျွန်တော် တို့ ရဲ့ စစ်ရေး လှုပ်ရှားမှု ဟာ ရခိုင် တစ်ခုတည်း ချင်း တစ်ခုတည်း အနောက်ဖက် တစ်ခုတည်း ကို ကွက် ပြီး တော့ ကျွန်တော် တို့ စဉ်းစား လို့ မရ ဘူး ။ ကျွန်တော် တို့ အရှေ့ဘက် မှာ ရှိတဲ့ မဟာမိတ် တွေ နဲ့ လည်း ချိန်ကိုက် လှုပ်ရှားနိုင် ဖို့ လို တယ် ။ နောက် တစ်ချက် က ခုန တုန်း က ပြော တဲ့ ရခိုင် နဲ့ ချင်း ကြား က ကွဲပြားမှု ပြဿနာ ရခိုင် နဲ့ မွတ်စလင် ကြား ထဲ က လက်နက်ကိုင် သဘောဆောင် တဲ့ လှုပ်ရှားမှု တွေ ပေါ့ ဗျာ ။ အဲ့ဒါ တွေ ကို ကျွန်တော် တို့ က ဘယ်လို ဖြေရှင်းနိုင် မလဲ ဆိုတာ ကို နည်းလမ်း ရှာဖွေ ဖို့ လို ပါ တယ် ဗျ ။
ဆလိုင်းဒိုခါရ် – အဲ့ဒီ အရာ နဲ့ ဆွေးနွေးချက် နဲ့ ပတ်သက် ပြီး တော့ မှ ကျွန်တော် နောက်ထပ် အကျယ်တစ်ဝင့် ဆွေးနွေးစေ လို တာ က အခု ဗိုလ်မှူးကြီး ဆွေးနွေး သုံးသပ် သလိုမျိုး ပဲ ကျွန်တော် တို့ ရခိုင် မှာ လည်း မတူကွဲပြား တဲ့ အင်အားစု တွေ ကြား မှာ ပဋိပက္ခ ပုံစံ မျိုး အသွင်ဆောင်လာ တဲ့ ဟာ ရှိလာ တယ် ။ ဒါ ချင်း ဆိုရင် လည်း မတူကွဲပြား တဲ့ ဟာ မဟုတ် ဘဲ နဲ့ ဟို ဒီ အချင်းချင်း ပုံစံ မျိုး ကို အသွင်ဆောင်လာတဲ့ ဟာ ဖြစ်လာ တယ် ။ နော် ဒီ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဖက်ပြော မယ် ဆိုရင် Federal Unit အလိုက် သက်ဆိုင်ရာ နယ်မြေ အတွင်း မှာ ပဋိပက္ခ တွေ က လည်း မဖြစ်မနေ စုစည်း ပြီး တော့ မှ တည်ဆောက်ရမယ့် အနေအထား ဖြစ်နေတဲ့ အခါ ကျတော့ ဒါ အရင် က ကျော်ဖြတ်လာခဲ့ တဲ့ အတွေ့အကြုံ ရ ပေါ့ နော် ။ မတူကွဲပြား တဲ့ ရခိုင် အင်အားစု တွေ စုစည်း ပြီး တော့ မှ ပေါ်ပေါက်လာတဲ့ ဟာ မျိုး ပုံစံ မျိုး ကျွန်တော် တို့ နားလည်ထား တယ် ။ ဆိုတော့ ဒီ ဟာ အပေါ် မှာ ကျွန်တော် တို့ အနေနဲ့ ဘယ်လို ကိုင်တွယ်သင့် လဲ ။ ဘာဖြစ်လို့ ကျွန်တော် မေးတာ လဲ ဆိုရင် တချို့ အဖွဲ့အစည်း တွေ က ကိုယ့် နယ်မြေ မှာ စစ်ရေး လှုပ်ရှားမှုအရ ဆိုရင် တော့ ကိုယ် က ပဲ ဖြစ်ရ မယ် ဆိုတဲ့ သတ်မှတ်ချက် ဟာ မျိုး ၊ ရပ်တည်ချက် ဟာ မျိုး ရှိ ရှိလာ တဲ့ ဟာ ရှိ တယ် ။ ဆိုတော့ ကိုယ့် အဖွဲ့အစည်း အတွင်း မှာ အင်အားကြီးမယ့် အရီး ကို ဦးတည် ပြီး တော့ မှ ဆောင်ရွက်ချက် နဲ့ ကိုယ့် အချင်းချင်း ကြား ပြိုင်ဆိုင်မှု တွေ က လည်း ဒါ မျိုး တွေ က နဲ့ အခြေခံ ပြီး တော့ မှ ပေါ်ပေါက်လာမှု ကို လည်း ကျွန်တော် တို့ သတိထားမိ စရာ တွေ တချို့ ရှိ တယ် ပေါ့ နော် ။ ဆိုတော့ အဲ့ဒီ အပေါ် မှာ ဆရာ အနေနဲ့ ဘယ်လို ဖြစ်စေချင်တာ လဲ ။ ကျွန်တော် တို့ အထူးသဖြင့် Federal Unit Level မှာ ဖြစ်တဲ့ ပြဿနာ ကို ကျွန်တော် တို့ ဘယ်လို ချဉ်းကပ် ဖြေရှင်းသင့် လဲ လို့ ဆရာ ယူဆ ပါ သလဲ ခင်ဗျာ ။
ဗိုလ်မှူးကြီး Col. Mong Htwam – ကျွန်တော် တို့ မတူကွဲပြားမှု ကို ပြော ရင် လူမျိုး တစ်မျိုးတည်း မှာ ကွဲပြားတဲ့ ကိစ္စ ရှိ တယ် ပေါ့ ဗျာ ။ နောက် တစ် ခု က လူမျိုး တစ် ခု နဲ့ တစ် ခု ကြား ထဲ မှာ ကွဲပြားတဲ့ ကိစ္စ ရှိတာ ပေါ့ ။ ဆိုတော့ ကျွန်တော် တို့ က ညီညွတ်ရေး နဲ့ ပတ်သက် ပြီး ရင် လို့ ရှိ ရင် ကျွန်တော် တို့ အချင်းချင်း တွေ ကြား ထဲ မှာ အမြင် တွေ က မတူကြတာ တွေ ရှိ တယ် ဗျာ ။ တချို့ က တော့ အဖွဲ့အစည်း တစ်ခုတည်း ဖြစ် မှ သာ အင်အား ကောင်း မယ် ဆိုပြီး တော့ မှ မျှော်လင့်ကြ တာ ပေါ့ ။ အဲ့ဒါ ဆိုတော့ ဗမာပြည် ရဲ့ လက်ရှိ အနေအထား အရ အဖွဲ့အစည်း တွေ ကွဲပြားနေ တယ် ဆိုတာ က လည်း သူ့ ဘဝ ဘဲ အရ သူ ကွဲပြား တာ ပဲ ဖြစ် တယ် ။ အဖွဲ့အစည်း တွေ ကွဲပြားခြင်း ဟာ မညီညွတ်ခြင်း မဟုတ် ဘူး ။ အဖွဲ့အစည်း တွေ ကွဲပြားတဲ့ အထဲ မှာ မှ ကျွန်တော် တို့ က ဘုံရန်သူ ဆိုတာ ကျွန်တော် တို့ မှာ သတ်မှတ်ချက် ရှိ တယ် ။ ကျွန်တော် တို့ ရဲ့ ဘုံရည်မှန်းချက် သတ်မှတ်ချက် ရှိ တယ် ။ အဲ့ဒီ ဘုံရန်သူ နဲ့ ဘုံရည်မှန်းချက် သတ်မှတ်ချက် အပေါ် မှာ ဘုံလမ်းစဉ် လုပ်ငန်းစဉ် တွေ ဆွဲရလိမ့် မယ် ဗျ ။ ဆိုတော့ အဲ့ဒီ အပေါ် မှာ ကျွန်တော် တို့ ညီညွတ်ရေး ကို တစ်ဆင့်ချင်း တည်ဆောက်သွား လို့ ရ တယ် ။ တစ်ဆင့်ချင်း တည်ဆောက်သွား လို့ ရ တယ် ဆိုတာ က ဥပမာ တပ်ပေါင်းစု အဆင့် ၊ တပ်ပေါင်းစု အဆင့် က နေ ပြီး တော့ မှ တစ်ဖွဲ့ တစ်ပါတီ ပူးပေါင်း တဲ့ အဆင့် ။ အဲ့ဒါ တည်ဆောက် လို့ ရ တယ် ပေါ့ ဗျာ ။ နောက် လူမျိုး တစ် ခု နဲ့ တစ် ခု ကြား ထဲ မှာ ဆိုရင် လည်း ကျွန်တော် တို့ က ဘာ တွေ သွား တွေ့ရ လဲ ဆိုတော့ ဒီ ကိုယ်ကျိုးစီးပွား အခြေခံ တွေ သွား တွေ့ရ တယ် ပေါ့ ဗျာ ။ ကိုယ်ကျိုးစီးပွား အခြေခံ နဲ့ နယ်မြေ စိုးမိုးခြင်း တွေ ကို သွား တွေ့ရ တယ် ။ ဆိုတော့ တကယ့် လက်တွေ့ က ကျွန်တော် တို့ လက်နက်ကိုင် အင်အား နဲ့ ဘယ်လောက် ပဲ နယ်မြေ တစ်ခု ကို စိုးမိုးထား သည် ဖြစ် စေ ။ ဒါ က တစ်ချိန် မှာ နိုင်ငံရေး အရ ဖြေရှင်း ရ မှာ ဖြစ် တယ် ။ နိုင်ငံရေးရ ဖြေရှင်းရ မှာ ဆိုတာ ဖြစ်တဲ့ အတွက် ကြောင့် သူ့ နယ်မြေ ကို ငါ ယူသွား တယ် ။ ငါ့ နယ်မြေ ကို သူ ယူသွား တယ် ဆိုတဲ့ ပုံစံ မျိုး မဟုတ် ဘဲ နဲ့ ဒီနေ့ စစ်ရေး လိုအပ်ချက် ဆိုတာ ကို ကျွန်တော် တို့ က မြင် ဖို့ လို တယ် ဗျ ။ စစ်ရေး လိုအပ်ချက် ရဲ့ ဒီ နယ်မြေ မှာ အင်အား ရှိတဲ့ အဖွဲ့အစည်း တစ် ခု က စိုးမိုး မထားနိုင် ရင် ဒီ နယ်မြေ က ရန်သူ့ လက် ထဲ ကို ရောက်သွား မှာ ဖြစ် တယ် ဆိုတဲ့ ဟာ ကို ကျွန်တော် တို့ က မြင် ဖို့ လို တယ် ။ ဘယ်သူ့ ကြား ထဲ မှာ ရှိ သည် ဖြစ် စေ ဒါ က ကျွန်တော် တို့ ကြား ထဲ မှာ မိတ်ဖက် ပဋိပက္ခ ဖြစ် တယ် ။ မိတ်ဖက် ပဋိပက္ခ ဆိုတာ က လက်နက်ကိုင် လမ်းစဉ် တွေ မဖြေရှင်းရဘူး ။ ကျွန်တော် တို့ က အချင်းချင်း အပြု သဘောဆောင် တဲ့ ညှိနှိုင်းတဲ့ နည်း နဲ့ ဖြေရှင်းရ မယ် ပေါ့ ဗျာ ။ အဲ့ဒါ ဆိုတော့ ခုန တုန်း က ကျွန်တော် ပြောတဲ့ စကား ကို ချုပ် ပြီး ပြောရရင် ညီညွတ်ခြင်း ဆိုတာ မတူကွဲပြားခြင်း ကြား ထဲ မှာ ပဲ ရှိ ပါ တယ် ဗျ ။ ဆိုတော့ တစ်ဖွဲ့ တစ်ပါတီ တည်း ဖြစ် မှ သာ ဒါ က ညီညွတ်ခြင်း ဖြစ် တာ မဟုတ် ဘူး ။ ကျွန်တော် တို့ မတူကွဲပြား တဲ့ အဖွဲ့အစည်း တွေ ကြား ထဲ မှာ ဘုံရန်သူ ဘုံရည်မှန်းချက် ဘုံ လမ်းစဉ် လုပ်ငန်းစဉ် ပေါ် အခြေခံ ပြီး တော့ မှ တပ်ပေါင်းစု အဆင့် က နေ အဆင့်ဆင့် တက် ပြီး တော့ မှ ညီညွတ်ရေး တည်ဆောက် သွား လို့ ရ တယ် ။ နောက် လူမျိုးရေး အရ မတူကွဲပြား တဲ့ ဒေသ တွေ မှာ လည်း ကျွန်တော် တို့ က ဘုံရန်သူ ကို မျက်ခြည် မပြတ် ဖို့ ပေါ့ ဗျာ ။ အဲ့ဒါ ကို ကျွန်တော် တို့ က အဓိက သတိထား ဖို့ လို ပါ တယ် ဗျ ။
ဆလိုင်းဒိုခါရ် – ဒီ NUG တို့ ဦးဆောင်နေတဲ့ ကို ပြုပြင် ပြောင်းလဲရေး ပေါ့ နော် ။ အစိုးရ အသစ် ပြန် ပေါ်လာ မယ် ဆို ပြီး တော့ မှ ကြိုးစား အားထုတ်မှုတွေအရသော်လည်းကောင်း၊ ဒီ တော်လှန်ရေး ကို အဆုံးသတ် နိုင် ဖို့ အတွက် အခု NUG တို့ ကြိုးစား အားထုတ်မှု မှာ ရော ဒါ တိတိကျကျ လေး နဲ့ အကြံပြုချက် ဟာ မျိုး ဆရာ အကြံ ပြု လို တဲ့ ဟာ ရှိ လာ ဆရာ ။
ဗိုလ်မှူးကြီး Col. Mong Htwam – တိတိကျကျ အကြံပြုချင် တဲ့ အချက် ကို ပြောရ မယ် ဆိုရင် တော့ ကျွန်တော် တို့ နိုင်ငံ မှာ မတူကွဲပြား တဲ့ အင်အားစု တွေ ကို စုစည်း ဖို့ ပထမဆုံး လိုအပ်ချက် က နိုင်ငံရေး သဘောတူညီချက် ပါ ပဲ ။ ကျွန်တော် တို့ အခု Federal Charter ရှိ တယ် လို့ ပြောကြ တယ် ဗျာ ။ ဒါပေမယ့် Federal Charter ကို နိုင်ငံရေး အရ ဘယ်လောက် ထိ အပြည့်အဝ ယုံကြည်ကြ သလဲ ပေါ့ ။ တိုင်းရင်းသား လူမျိုးစု တစ်ခုချင်း စီ က အထင်ကရအဖွဲ့အစည်း တွေ က ဘယ်လောက် ထိ ယုံကြည်ကြ သလဲ ။ အဲ့ဒီ Federal Charter အပေါ် မှာ လိုက်ပါ ပြီး တော့ မှ မြေပြင် မှာ နိုင်ငံရေး စစ်ရေး အုပ်ချုပ်ရေး ရ အကောင်အထည် ဖော် မယ် ဆိုတဲ့ ခံယူချက် မျိုး ၊ ခံစားချက် မျိုး ဘယ် အဖွဲ့အစည်း တွေ ရှိကြ လဲ ။ တကယ်တမ်း ပြောရရင် တော့ On Paper ပါ ပဲ ။ လက်တွေ့ ထဲ မှာ သိပ် အကောင်အထည် ပေါ်တာ မတွေ့ရ ဘူး ။ အဲ့ဒါ ဘာ ကို ပြ လဲ ဆိုတော့ ကျွန်တော် တို့ က တိုင်းရင်းသား လူမျိုး တစ်ခုချင်း စီ ရဲ့ နောက် အဖွဲ့အစည်း တစ်ခုချင်း စီ ရဲ့ ခံစားချက် တွေ ၊ စိုးရိမ်မှု တွေ ရယ် လိုလားချက် တွေ ပေါ့ ဗျာ ။ အဲ့ဒီ Federal Charter နဲ့ မခြုံငုံ မိသေး ဘူး လို့ ကျွန်တော် တို့ အနေနဲ့ မြင်ရ တယ် ဗျ ။ ဆိုတော့ ပထမဆုံး က Federal Charter သည် လူမျိုးစု တိုင်း ၊ အဖွဲ့အစည်း တိုင်း အများစု ပေါ့ ဗျာ ။ လက်ခံနိုင် တဲ့ နိုင်ငံရေး သဘောတူညီချက် တစ်ခု ဖြစ်ရ မယ် ။ အဲ့ဒီ က မှ တစ်ဆင့် အဲ့ဒါ ကို အခြေခံ ပြီး တော့ မှ Decision Making Body က ဘယ်သူ လဲ ပေါ့ ။ အခု ဗမာပြည် မှာ ဆိုရင် CRPH က Decision Making Body လား ။ အဲ့လို CRPH က ခံယူ လား ။ NUG ကို ညွှန်ကြားချက် ပေးနိုင် တဲ့ လွှတ်တော် လိုမျိုး ခံယူ လား ။ ဒါမှ မဟုတ် ရင် ကျွန်တော် တို့ က အတိုင်ပင်ခံ သဘောမျိုး ထား တဲ့ NUCC ဟာ ကျွန်တော် တို့ ဒီ တိုင်းရင်းသား တွေ အကုန်လုံး ကို အုပ်ချုပ်မယ့် Federal ပြည်ထောင်စု တစ်ခုလုံး ကို အုပ်ချုပ်မယ့် အစိုးရ အပေါ် က Decision Making Body လား ။ အဲ့ဒါ ကျွန်တော် တို့ အနေနဲ့ က တော့ မရှင်းလင်း ဘူး ဗျ ။ မရှင်းလင်း ဘူး ဆိုတာ က ဒါ ကို အကောင်အထည် ဖော် တဲ့ လူ တွေ က တော့ တချို့ အဖွဲ့အစည်း က NUCC မှာ လည်း ပါ ပါ တယ် ။ NUG မှာ လည်း ပါ ပါ တယ် ။ အဲ့ဒီ အဖွဲ့အစည်း တွေ ကိုယ်တိုင် က မူအရ လုပ်ထုံးလုပ်နည်း အရ ရှင်း ဖို့ လို တယ် ဗျ ။ NUCC ကို ဘယ်လို အခန်းကဏ္ဍမှာ သဘောထား လဲ ။ CRPH ကို ဘယ်လို အခန်းကဏ္ဍမှာ သဘောထား လဲ ။ NUCC ဆိုတာ NUG နဲ့ ယှဉ်ပြိုင် လား ။ ဒါမှ မဟုတ် Decision Making Body လား ။ ဆိုတော့ ကျွန်တော် တို့ က တော့ ဒီလောက် ရှိ ပါ ပြီ ။ နှစ်ပေါင်း ၂၀၂၁ က ဆိုရင် တော့ လေး နှစ် လောက် ရှိ ပြီ ပေါ့ ဗျာ ။ ဒီနေ့ အချိန် ထိ နိုင်ငံရေး သဘောတူညီချက် လည်း ခိုင်မာတာ ကျွန်တော် တို့ အနေနဲ့ တော့ မတွေ့ရ ဘူး ။ နောက် တစ် ခု က NUCC, CRPH, NUG စသဖြင့် အချင်းချင်း ချိတ်ဆက် ဆောင်ရွက် တဲ့ ထဲ မှာ လည်း စနစ်ကျ တဲ့ ချိတ်ဆက် ဆောင်ရွက်မှု မျိုး Funtional ဖြစ် တဲ့ ချိတ်ဆက် ဆောင်ရွက်မှု မျိုး တော့ မတွေ့ရ ဘူး ဗျာ ။ ဆိုတော့ ဒါ တွေ ကို တော့ ပြင်ဆင် ဖို့ လို ပါ လိမ့် မယ် ဗျ ။ နောက် တိုင်းရင်းသား တွေ ရဲ့ ယုံကြည်မှု ။ တိုင်းရင်းသား တွေ ရဲ့ ယုံကြည်မှု ဆိုတာ က အခု ကျွန်တော် တို့ ပြော ကြားတာ ရှိ တယ် ပေါ့ ဗျာ ။ ဗမာ ဒီမိုကရေစီ အင်အားစု ထဲ မှာ ပြော ကြားတာ ရှိ တယ် ပေါ့ ဗျာ ။ တိုင်းရင်းသား တွေ ကို ဖိနှိပ်တာ က ဗမာ တွေ မဟုတ် ပါ ဘူး ။ စစ်တပ် ပဲ ဖြစ် ပါ တယ် ပေါ့ ။ ဆိုတော့ ဗမာ လူမျိုးစု တွေ ကို ဘာကြောင့် မယုံကြည်ကြ သလဲ ပေါ့ ။ ဆိုတော့ ဒါ က တိုင်းရင်းသား တွေ မှာ နှစ်ပေါင်း ၇၀ ဖြတ်သန်းခဲ့ ဖူး တဲ့ သမိုင်းစာမျက်နှာ တွေ ရှိ တယ် ။ အဲ့ဒီ စာမျက်နှာ တွေ က ဗမာ ဒီမိုကရေစီ အင်အားစု တွေ အနေနဲ့ နှစ်ပေါင်း ၇၀ အိမ်စာ မလုပ် ဖြစ်ခဲ့ ဘူး ပေါ့ ဗျာ ။ မဖတ်ဖြစ်ခဲ့ ဘူး ပေါ့ ။ ဆိုတော့ အဲ့ဒါ ကို အခု နေ့ချင်းညချင်း ငါတို့ က တော့ စစ်တပ် ကို တော်လှန် နေ ပါ ပြီ ။ ငါတို့ က တော့ စစ်တပ် ကို တော်လှန် နေ ပါ ပြီ ။ ငါတို့ အပေါ် မှာ ယုံကြည်မှု ပေးကြ ပါ ။ ယုံကြည်မှု မပေးတာ က လူမျိုးစွဲ ဖြစ် တယ် ။ ဒါ က ဝါဒစွဲဖြစ် တယ် ။ ဘာသာစွဲ ဖြစ် တယ် ဆိုပြီး တော့ မှ ဒါ မြင် လို့ မရ တော့ ဘူး ။ စိတ်ရှည် သည်းခံ ပြီး တော့ မှ တည်ဆောက်ရမယ့် ကိစ္စ ဖြစ် တယ် ။ ဒီနေ့ ဒီမိုကရေစီ အင်အားစု တွေ စစ်တပ် ကို တော်လှန် နိုင်တဲ့ ရသလို အရင် တုန်း က ဦးနု ပြည်သူ့ပါတီ က လည်း စစ်တပ် ကို တော်လှန် ခဲ့ဖူး တယ် ။ ဗကပ ဗမာပြည် ကွန်မြူနစ် ပါတီ ဆိုတာ က လည်း တကယ့် ဗမာပြည် ထဲ က တပ် ထဲ က အကြီးအကဲ တွေ ရော နိုင်ငံရေး ထဲ က အကြီးအကဲ တွေ ရော ပါ ပြီး တော့ မှ တည်ရှိနေ တဲ့ ဗမာ အစိုးရ ကို တော်လှန်တာ ဖြစ် တယ် ။ သို့ ပေမယ့် လည်း အဲ့ဒီ ပြည်သူ့ပါတီ တို့ ရော ဗကပ တို့ ရော တိုင်းရင်းသား တွေ နဲ့ ပူးပေါင်း ဆောင်ရွက်မှု မှာ ယုံကြည်မှု ရရှိတဲ့ အနေအထား မှာ အင်အား နည်း တယ် ဗျာ ။ အဲ့ဒါ သင်ခန်းစာ ယူစရာ ဖြစ် တယ် ။ ဆိုတော့ ဒီနေ့ ဗမာ ဒီမိုကရေစီ အင်အားစု တွေ က တိုင်းရင်းသား တွေ ရဲ့ နှစ်ပေါင်း ၇၀ ခံစားချက် ဘာလဲ ဆိုတာ နားလည် ဖို့ လို တယ် ။ စိုးရိမ်မှု ဘာလဲ ဆိုတာ နားလည် ဖို့ လို တယ် ။ အဲ့ဒီ အပေါ် မှာ အခြေခံ ပြီး တော့ မှ ပူးပေါင်း ဆောင်ရွက် ရေး လမ်းစဉ် လုပ်ငန်းစဉ် တွေ ကို ရှာဖွေ နိုင် ဖို့ လို ပါ လိမ့် မယ် ဗျ ။
ဆလိုင်းဒိုခါရ် – ဒါ ဒီ ချင်း တို့ ရခိုင် တို့ မှာ မြေပြင် အခု လက်ရှိ အခြေအနေ က တော့ ဒါ ထိန်းချုပ်မှုကြီးပြင်းလာတဲ့ အချိန် မှာ လွတ်လပ်ရေး ရနိုင်ခြေ ရှိ တယ် ဆိုပြီး တော့ မှ ပြောလာကြ တယ် ။ အထူးသဖြင့် ရခိုင် ပေါ့ နော် ။ ရခိုင် ဆိုရင် တော့ ကျစ်လစ် တဲ့ စုဖွဲ့မှု ရှိ တယ် လို့ ဒါ အဝေးက နေ သုံးသပ်တဲ့ သူ တွေ များ တဲ့ အချိန် မှာ ရခိုင်ဟာမျိုးဆိုရင် လွတ်လပ်ရေး ရနိုင်ခြေ ၊ နိုင်နိုင်ခြေ ရှိ တယ် ဆိုတဲ့ စိုးရိမ်ချက် ကြီး တယ် ။ အဲ့ဒီ စိုးရိမ်ချက် က ကျွန်တော် တို့ ဒီမိုကရေစီ အင်အားစု တွေ ကြား မှာ တောင် မှ စိုးရိမ်ချက် ပုံစံ မျိုး ရှိနေ တယ်။ အဲ့ဒီ ဟာ က ကျွန်တော် တို့ အနေနဲ့ ဆို နားလည် ရခက် တဲ့ ပုံစံ မျိုး ပေါ့ ။ ဘာဖြစ်လို့ လဲ ဆိုတော့ လွတ်လပ်ရေး ယူနိုင်တဲ့ သူ ဆို တကယ် အမှန်တကယ် ယူနိုင် မယ် ဆိုရင် အချင်းချင်း တောင် အားပေးသင့် တဲ့ အနေအထား ရောက်နေ ပြီ လား လို့ ကျွန်တော် တို့ တိုင်းရင်းသား တွေ ဘက် က ခံစားချက် တချို့ ရှိ တယ် ။ ဒါပေမယ့် တစ်ဖက် မှာ လည်း ရခိုင် လူမျိုး ထဲ က ကိုယ်တိုင် ကို က နိုင်ငံရေး ပါတီ ခေါင်းဆောင် တချို့ က တဲ့ လွတ်လပ်ရေး ဆိုတာ မဖြစ်နိုင် ဘူး ဆိုတဲ့ ပြင်းထန် ဝေဖန် သုံးသပ်ချက် ရှိ ပြန် တယ် ။ ဆိုတော့ ဗိုလ်မှူးကြီး တို့ ရဲ့ ရပ်တည်ချက် ပေါ့ နော် ။ သုံးသပ်ချက် က ဘယ်လို ဖြစ် မှာ လဲ ။ အဲ့ဒီ ရဲ့ စိုးရိမ်ချက် တွေ အပေါ် မှာ ရော ဘယ်လို တုံ့ပြန် ဆွေးနွေးချင် သလဲ ခင်ဗျာ ။
ဗိုလ်မှူးကြီး Col. Mong Htwam – ဟုတ်ကဲ့ ဒီ ရခိုင် လွတ်လပ်ရေး ဆိုတဲ့ ကိစ္စ နဲ့ ပေါ့ ဗျာ ။ အဲ့ဒါ နဲ့ ပတ်သက် ပြီး တော့ နှစ်ပိုင်း ပြောချင် တယ် ဗျာ ။ ပထမ တစ်ပိုင်း က စိုးရိမ်မှု အပိုင်း ။ ဒုတိယ တစ်ပိုင်း က ဖြစ်နိုင်ခြေ အပိုင်း ။ စိုးရိမ်မှု အပိုင်း မှာ စိုးရိမ်ကြ တယ် ဆိုတာ က နှစ်ပိုင်း ရှိ တယ် ပေါ့ နော်။ ခုန တုန်း က ဆရာ မေး သလို ဆိုရင် ဗမာ ဒီမိုကရေစီ အင်အားစု တွေ က လည်း စိုးရိမ်ကြ တယ် ။ နောက် တစ် ခု က ရခိုင် ထဲ က လည်း ဒါ မဖြစ်စဉ် ဘူး ။ မဖြစ်နိုင် ဘူး ဆိုတဲ့ အမြင် တွေ ရှိကြ တယ် ဆိုတဲ့ ဟာ ပေါ့ ။ ဆိုတော့ ပထမဆုံး ဗမာ ဒီမိုကရေစီ အင်အားစု ထဲ က စိုးရိမ်မှု ဆိုတာ က ဘာ ကို စိုးရိမ် တာ လဲ ပေါ့ နော် ။ သူ တို့ က တစ်ချက် ပြန် မေးရ ရင် ။ ဆိုတော့ စိုးရိမ်တာ က ရိုးရိုးသားသား စိုးရိမ်တာ လည်း ရှိ မယ် ပေါ့ ဗျာ ။ တိုင်းရင်းသား ညီအစ်ကို အချင်းချင်း အတူတကွ ပူးပေါင်းယှဉ်တွဲ ပြီး တော့ ပြည်ထောင်စု အနေနဲ့ နေချင် တယ် ။ အဲ့လို မျိုး စိုးရိမ်တာ လည်း ရှိ ကောင်း ရှိ မယ် ။ ဒါမှ မဟုတ် ဟို ဗမာ လူမျိုးကြီး ဝါဒ ပေါ့ ဗျာ ။ ပြည်ထောင်စု ဆိုတာ က တော့ ငါ တို့ ဗမာ တွေ အနော်ရထာ ခေတ် ကတည်းက စတင် ပြီး တော့ တည်ထောင်လာတာ ဖြစ် တယ် ။ ပထမ မြန်မာ နိုင်ငံ ၊ ဒုတိယ မြန်မာ နိုင်ငံ စသဖြင့် ဒါ က ရခိုင် တွေ သီးသန့် ပိုင် တာ မဟုတ် ဘူး ။ ဗမာ တွေ ရော ပိုင်တာ ဖြစ် တယ် ။ ရခိုင် ရဲ့ ကို ရခိုင် ဆုံးဖြတ် ပိုင်ခွင့် မရှိ ဘူး ဆိုတဲ့ အနေနဲ့ စဉ်းစားချက် မျိုး ဖြစ် တယ် ။ အဲ့လို စဉ်းစား ရင် တော့ ဒါ က လူမျိုးစု တစ် ခု ရဲ့ Collective Rights ကို အသိအမှတ် မပြုတာ ဖြစ် တယ် လို့ ဒါ က ကျွန်တော် တို့ အနေနဲ့ ပြောချင် တယ် ။ နောက် တစ် ခု က ရခိုင် ထဲ က လွတ်လပ်ရေး ဆိုတာ မဖြစ်သင့် ဘူး ။ မဖြစ်နိုင် ဘူး ဆိုတဲ့ ပြောဆိုချက် က ဒါ က တော့ အခု ရွေးကောက်ပွဲ ကာလ နဲ့ ဆက်စပ် ပြီး တော့ မှ တွင်ကျယ်လာတာပေါ့ ဗျာ ။ အဲ့လို ပြောတဲ့ လူ တွေ က လည်း သိပ် အများကြီး တော့ မရှိ ပါ ဘူး ။ ဆိုတော့ သူ တို့ ပြောတာ ကို ကျွန်တော် နားလည် တာ က စစ်အုပ်စု က ဆောက်ထား တဲ့ စင်မြင့် အပေါ် မှာ သူ တို့ စစ်အုပ်စု ရဲ့ စိတ်ကြိုက် ပဲ ကပြ အသုံးတော် ခံနေရ တယ် ဆိုတဲ့ သဘောထား မျိုး ပဲ မြင် တယ် ။ ဒါ က အသွင် ပဲ ဖြစ် တယ် ။ အဆံ မရှိ ဘူး ။ ရခိုင် တစ်မျိုးသားလုံး ရဲ့ ဆန္ဒ က တော့ တန်းတူရေး နဲ့ အမျိုးသား ကံကြမ္မာ ကို ဖန်တီးခွင့် ရှိ တဲ့ ပြည်ထောင်စု မှာ နေချင် တယ် ။ ဒါမှ မရှိ ဘူး ဆိုရင် တော့ ဒီ အနေအထား မှာ ကျွန်တော် တို့ က ကြိတ်မှိတ် သည်းခံ ပြီး တော့ နေ ဖို့ အနေအထား မရှိ ဘူး ။ ခွဲထွက်သင့် ရင် လည်း ခွဲထွက် လို့ ရ ရင် လည်း ခွဲထွက်ရ မှာ ပဲ ဖြစ် တယ် ။ အဲ့ဒါ က တော့ ရခိုင် အများစု ရဲ့ နိုင်ငံရေး မလုပ် တဲ့ ရခိုင် ဖြစ်ဖြစ် အစိုးရ ဌာန ထဲ မှာ ရှိ တဲ့ ရခိုင် ပဲ ဖြစ်ဖြစ် ဒါ က တော့ ရခိုင် တွေ အကုန်လုံး ရဲ့ တူညီတဲ့ စဉ်းစားချက် ဖြစ် တယ် ဗျ ။ ဆိုတော့ ဒါ က စိုးရိမ်မှု အပိုင်း နဲ့ ပတ်သက် ပြီး တော့ ပြောတာ ဖြစ် တယ် ။ ဖြစ်နိုင်ခြေ အပိုင်း နဲ့ ပတ်သက် ပြီး တော့ ပြော မယ် ဆိုရင် လွတ်လပ်ရေး ဆိုတာ က ဘယ်သူ က ကြွေးကြော်လဲ။ ဒါ က ခံယူချက် က တစ်ပိုင်း ဖြစ် တယ် ။ လွတ်လပ်ရေး ရည်မှန်းချက် အတိုင်း သွား မယ် ဆိုပြီး တော့ မှ အခု ရခိုင် မှာ တော်လှန်ရေး ကို အကြီးအကျယ် ဆင်နွှဲ နေတာ က တော့ ULA လည်း ဖြစ် တယ် ပေါ့ ဗျာ ။ လက်နက်ကိုင် တော်လှန်ရေး ကို အကြီးအကျယ် ဆင်နွှဲ နေတာ က ULA လည်း ဖြစ် တယ် ။ ULA ခေါင်းဆောင် တွေ ကိုယ်တိုင် က လွတ်လပ်ရေး လမ်းကြောင်း ကို သွား မယ် ဆိုတာ ကို သူ တို့ မပြော ဘူး ။ လွတ်လပ်ရေး လမ်းကြောင်း မဟုတ် ပါ ဘူး ။ ခွဲထွက်ရေး လမ်းကြောင်း မဟုတ် ပါ ဘူး ဆိုတာ ကို သူ တို့ Interview တွေ နဲ့ ထပ်ခါ တလဲလဲ ရှင်းလင်း တယ် ။ ဒါ က တော်လှန်ရေး ကို ဦးဆောင် နေ တဲ့ အောင်မြင် နေ တဲ့ အဖွဲ့အစည်း တစ် ခု ရဲ့ ပဋိညာဉ် ဖြစ် တယ် ။ ခံယူချက် ဖြစ် တယ် ။ နိုင်ငံရေး ဆန္ဒပိုင်း ဖြစ် တယ် ။ ဆိုတော့ ပကတိအခြေအနေ ကို ပြော မယ် ဆိုရင် တော့ လွတ်လပ်ရေး ရ ဖို့ ဆိုတာ က တော့ ဟို ထင် သလောက် တော့ မလွယ် ဘူး ပေါ့ ဗျာ ။ ပထမ တစ်ဆင့် က တော့ စစ်ရေး အရ ULA က ရခိုင် မှာ အသာစီး ရတဲ့ အနေအထား ကို ရောက်နေ တယ် ။ ဒါပေမယ့် အဆုံးအဖြတ် ပေး တဲ့ အနေအထား မဟုတ်သေး ဘူး ။ အဆုံးအဖြတ် ပေး တဲ့ အနေအထား ဆိုတာ က ဗမာ စစ်အုပ်စု တွေ ပေါ့ ဗျာ ။ ရခိုင် ကို လုံးဝ နောက် တစ်ဖန် ပြန် ပြီး တော့ ဝင်လာ ပြီး တော့ မှ နေ မရှိရအောင် တားဆီးနိုင် တဲ့ အနေအထား မှာ မရှိသေး ဘူး ။ ဗမာ စစ်အုပ်စု တစ်ခုလုံး ကို ပြိုကွဲသွား အောင် ဖြိုကွဲနိုင် တဲ့ အနေအထား မှာ မရှိသေး ဘူး ။ နောက် တစ်ချက် က နိုင်ငံတကာ ဆက်ဆံရေး နယ်မြေ မှာ ပေါ့ ။ နိုင်ငံတကာ ရဲ့ အသိအမှတ်ပြုမှု နဲ့ အိမ်နီးချင်း နိုင်ငံ တွေ ရဲ့ အသိအမှတ်ပြုမှု ကို ရအောင် အများကြီး လုပ်ယူရဦး မှာ ဖြစ် တယ် ။ ဆိုတော့ ပထမ တစ်ချက် က စိုးရိမ်တာ လည်း နည်းလမ်း မကျ ဘူး ။ ဒုတိယ တစ်ချက် က ဖြစ်နိုင်စွမ်း ရှိ ဖို့ အတွက် လည်း တော်တော် တော့ လုပ်ယူရဦး မှာ ဖြစ် တယ် ဗျာ ။
ဆလိုင်းဒိုခါရ် – နောက် ပထမ ဆရာ တစ် ခု မေး လို တာ က ဆရာ တို့ ANC နဲ့ AA ကြား မှာ အခု အချိန် မှာ ဒါ ပဋိပက္ခ ပုံစံ မျိုး မရှိ ဘူး ။ ဒါပေမယ့် တစ်ဖက် မှာ ပေါင်းစည်းနိုင်တဲ့ အလားအလာ တော့ သတိမထားမိသေး ဘူး ။ ဒီ ဟာ နဲ့ ပတ်သက် ပြီး တော့ မှ ရော ဆရာ တို့ ဒီ ရခိုင် အမျိုးသားရေး အကျိုးစီးပွား အတွက် ဒါ ULA/AA နဲ့ ANC/AA အနေနဲ့ လက်တွေ့ လုပ်ဆောင်မှု တွေ ရှိ လား ။ အနာဂတ် မှာ ရော ဒါ အပြည့်အဝ လူမျိုး အကျိုးစီးပွား အတွက် ပူးပေါင်း ဆောင်ရွက်သွား ဖို့ ဆရာ တို့ သဘောထား သို့ မဟုတ် လက်တွေ့ ခု ဆောင်ရွက်နေ ပြီးသား ဟာ မျိုး ရှိရင် အနည်းငယ် ဆွေးနွေးပေး လို့ ရ မလား ။
ဗိုလ်မှူးကြီး Col. Mong Htwam – ဟုတ်ကဲ့ ဒီ ကျွန်တော် တို့ သဘောထား က ဒီ အမျိုးသား ညီညွတ်ရေး ပေါ့ ဗျာ။ အမျိုးသား ညီညွတ်ရေး ဆိုတာ က အမျိုးသား အကျိုးစီးပွားအတွက်၊ အမျိုးသား လွတ်မြောက်ရေး အတွက် မရှိ မဖြစ် လိုအပ်တဲ့ အရာ ဖြစ် တယ် ။ ဆိုတော့ အမျိုးသား ညီညွတ်ရေး တည်ဆောက်ခြင်း ဟာ အမျိုးသား အကျိုးစီးပွား ၊ အမျိုးသား လွတ်မြောက်ရေး ရဲ့ အခြေခံ အုတ်မြစ် ဖြစ် တယ် ။ ဆိုတော့ အဲ့ဒီ အပေါ် မှာ ကျွန်တော် တို့ က ဘယ် ပုဂ္ဂိုလ် ဘယ် အဖွဲ့အစည်း နဲ့ မဆို ဘယ်လို ပုံစံ မျိုး နဲ့ ပူးပေါင်း ဆောင်ရွက်ရ သည် ဖြစ် စေ ။ ပူးပေါင်း ဆောင်ရွက် ဖို့ အစဉ်သင့် ရှိ တယ် ဗျ ။ သို့ သော် ကျွန်တော် တို့ ရဲ့ ပဋိညာဉ် က ဘာလဲ ဆိုတော့ နိုင်ငံရေး အဖွဲ့အစည်းချင်းချင်း ကျွန်တော် တို့ က ဆင့်တူ တန်းတူ ဆွေးနွေး ညှိနှိုင်း ပြီး တော့ မှ ပူးပေါင်း မယ် ဆိုတဲ့ သဘောမျိုး ရှိ တယ် ပေါ့ ဗျာ ။ ဆိုတော့ ULA ရဲ့ သဘော က တော့ သူ တို့ က တော့ လက်ရှိ အင်အားကြီး တဲ့ အပေါ် မှာ အင်အား အခြေခံ ပြီး တော့ စဉ်းစားတာ ရှိ တယ် ပေါ့ ။ ULA က တော့ အင်အား အနေအထား ဖြင့် အင်အား နည်း တဲ့ အဖွဲ့အစည်း တွေ ကို ဖျက်ဆီး လိုက် ပြီး တော့ နာ တော့ တရားဝင် ပြောတာ တော့ မဟုတ် ဘူး ပေါ့ လေ ။ ဒါပေမယ့် အဲ့လို သဘောထား တော့ ရှိကြ တယ် ဗျ ။ ဆိုတော့ နိုင်ငံရေး အဖွဲ့အစည်း တစ် ခု အနေနဲ့ ကျွန်တော် တို့ ရဲ့ မူဝါဒ တွေ က ချွတ်ချော် တိမ်းစောင်းမှု မရှိ ဘဲ နဲ့ တော့ ကျွန်တော် တို့ က အဖွဲ့အစည်း ဖျက်သိမ်းဖို့ ဆိုတာ မဖြစ်နိုင် ဘူး ။ ဆိုတော့ ညှိနှိုင်း ဆွေးနွေး တဲ့ အနေနဲ့ ပူးပေါင်း ဆောင်ရွက် မယ် ဆို လို့ က တော့ မည်သည့် အဖွဲ့အစည်း နဲ့ မဆို မည်သည့် ပုဂ္ဂိုလ် နဲ့ မဆို ကျွန်တော် တို့ က ပူးပေါင်း ဆောင်ရွက် ဖို့ ရှိ ပါ တယ် ဗျ ။
ဆလိုင်းဒိုခါရ် – ဆိုတော့ နောက်ဆုံး ပိုင်း အနေနဲ့ ဒီ စတင် လှုပ်ရှား တဲ့ အချိန် မှာ လည်း အိမ်နီးချင်း နိုင်ငံ တွေ ကြား မှာ ဒီ နိုင်ငံရေး၊ စစ်ရေးအရ ထွက်ပြေး တိမ်းရှောင် နေ တဲ့ လူငယ်လေးတွေ နဲ့ စ ပြီး တော့ မှ လှုပ်ရှားခဲ့ တယ် ဆိုပြီး တော့ ကျွန်တော် တို့ သိထားရ တယ်။ အခု အိမ်နီးချင်း နိုင်ငံ တွေ က ကျွန်တော် တို့ တော်လှန်ရေး အပေါ် မှာ မြင် တဲ့ အမြင် နဲ့ ဆရာ တို့ စတင် တော်လှန်ရေး စတင် ဖွဲ့စည်း တဲ့ အချိန် အိမ်နီးချင်း နိုင်ငံ တွေ က ပံ့ပိုးမှု သို့ မဟုတ် ဒါ ဖိအားပေးမှု တွေ အခြေအနေ ဒါ အခု အခြေအနေ နဲ့ အရင် က အခြေအနေ နှိုင်းယှဉ် ပြီး တော့ မှ ဒီ အခု လက်ရှိ ကျွန်တော် တို့ အိမ်နီးချင်း နိုင်ငံ တွေ အထူးသဖြင့် အသိအမှတ်ပြုမှု အခြေအနေ ကို ဘယ်လို လဲ ။ အားရ သလား ဆရာ ။
ဗိုလ်မှူးကြီး Col. Mong Htwam – ဟုတ်ကဲ့ ဒီ ကျွန်တော် တို့ အတွေ့အကြုံ အရ က တော့ အိမ်နီးချင်း နိုင်ငံ တွေ ရဲ့ ကူညီ တယ် ပဲ ပြောပြော ၊ ဖိအားပေး တယ် ပဲ ပြောပြော အရင် နဲ့ အခု က သိပ် ထူးထူးကဲကဲ အပြောင်းအလဲ ရှိ ပါ ဘူး ။ ဘာကြောင့် လဲ ဆိုတော့ ကျွန်တော် တို့ ဗမာပြည် ရဲ့ ကံကြမ္မာ က ဒေသတွင်း အင်အားကြီး နိုင်ငံ နှစ် ခု ပေါ့ ဗျာ ။ တရုတ် နဲ့ အိန္ဒိယ ။ အဲ့ဒီ ကြား မှာ လောင်ရိပ် မိနေ သလို ဖြစ် တယ် ။ အဲ့ဒီ နိုင်ငံ နှစ် ခု က လည်း တည်မြဲ အစိုးရ ကို ပဲ သူ တို့ က ပံ့ပိုး ကူညီချင် တဲ့ သဘော ရှိ တယ် ဆိုတာ ကျွန်တော် တို့ တွေ့ရ တယ် ။ ဥပမာ တရုတ် ဆို ပါ စို့။ သူ တို့ ရဲ့ လိုလားချက် က ဘာလဲ ဆိုတော့ မြန်မာပြည် ထဲ မှာ သူ တို့ က တည်ငြိမ်မှု ကို လိုချင် တယ် ။ တည်ငြိမ်မှု ကို လိုချင်တာ က ဒီမိုကရေစီ နည်းလမ်း ကျ ကောင်းမွန် တဲ့ အုပ်ချုပ်ရေး စနစ် နဲ့ တည်ငြိမ်မှု ကို လိုချင်တာ မဟုတ် ဘူး ။ အာဏာရှင် စနစ် နဲ့ တည်ငြိမ်မှု ကို သူ တို့ လိုချင် တယ် ။ ဗမာပြည် ဟာ ဗဟို အင်အား အာဏာ ကို ခွဲဝေပေးရ မှာ ကို သူ တို့ အတွက် စိုးရိမ်ချက် တွေ ရှိ တယ် ။ ဘာကြောင့် လဲ ဆိုတော့ သူ တို့ တရုတ် ကွန်မြူနစ် ပါတီ က တစ်ပါတီ အာဏာရှင် စနစ် နဲ့ အုပ်ချုပ်နေတာ ကို ။ ဗမာပြည် ဟာ ဒီမိုကရေစီ နည်းလမ်း ကျ တိုင်းရင်းသား တွေ ပြည်သူ တွေ အင်အား ရ မှာ ကို လည်း သူ တို့ စိုးရိမ် တယ် ။ တိုင်းရင်းသား တွေ အမျိုးသားတန်းတူရေး နဲ့ ကိုယ့်ကံကြမ္မာ ကို ဖန်တီးခွင့် ရ မှာ ကို လည်း သူ တို့ စိုးရိမ် တယ် ။ ဘာကြောင့် လဲ ဆိုတော့ သူ တို့ တရုတ် ကွန်မြူနစ် ပါတီ ရဲ့ တစ်ပါတီ အာဏာရှင် စနစ် ရယ် ။ ပြီး လို့ ရှိရင် သူ တို့ မှာ ရှိတဲ့ လူမျိုးစု ပြဿနာ ၊ နယ်မြေ ပြဿနာ တွေ ကို ဗမာပြည် က အတုယူစရာ ဖြစ် မယ် ဆိုတာ ကို သူ တို့ အနေနဲ့ စိုးရိမ်မှု ရ တယ် ဗျ ။ နောက် တစ်ချက် က ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ဆိုတာ ဟာ အနောက်တိုင်း နဲ့ အမေရိကန် ရဲ့ ဩဇာ လွှမ်းမိုးမှု ဆိုတာ မျိုး ခံယူချက် က တရုတ် မှာ ရှိ တယ် ။ ဆိုတော့ ဗမာပြည် ရဲ့ ပြုပြင် ပြောင်းလဲရေး ထဲ ကို ထဲထဲဝင်ဝင် တရုတ် က ကူညီပေး ဖို့ ဆန္ဒ မရှိ ဘူး ။ လို လည်း မလိုလား ဘူး ဆိုတာ တွေ့ရ တယ် ။ နောက် တစ်ချက် က သူ တို့ ရဲ့ အကျိုးစီးပွား ကာကွယ်ရေးသာ အဓိက ဖြစ် တယ် ။ နယ်စပ် လုံခြုံရေး ၊ နယ်စပ်တည်ငြိမ်ရေး သာ အဓိက ဖြစ် တယ် ။ အဲ့ဒီ အပေါ် မှာ အခု 1027 စစ်ဆင်ရေး တွေ ရပ်ဆိုင်းသွားတာ လည်း ကျွန်တော် တို့ မြင်ရ တယ် ။ ရှေ့ဆက်တိုးလို့ မရအောင် ဗမာ စစ်တပ် က လုပ်နိုင်ခဲ့ တာ မဟုတ် ဘူး ။ တရုတ် အစိုးရ က တစ်ဆင့် ဖိအားပေး တာ ဖြစ် တယ် ။ ဆိုတော့ တရုတ် အစိုးရ က ဘာကြောင့် ဗမာ စစ်တပ် ရဲ့ အလိုကျ လိုက်လျော ပေးရ သလဲ ဆိုတာ က သူ တို့ ရဲ့ အကျိုးစီးပွား က ဗမာ စစ်အာဏာရှင် စနစ် ရဲ့ တည်မြဲမှု ထဲ မှာ ရှိ တယ် လို့ ပဲ ကျွန်တော် တို့ အနေနဲ့ မြင် တယ် ။ ဆိုတော့ အိန္ဒိယ ကျ ပြန် တော့ လည်း ဗမာ စစ်တပ် ကို တရုတ် က အပေးအယူ လုပ်ရ သလို မျိုး သူ တို့ လည်း တရုတ် ရဲ့ အနေအထား ကို ကြည့် ပြီး တော့ မှ လိုက်လျော ညီထွေ ပြန် လုပ်ရတဲ့ အနေအထား မျိုး ကို ကျွန်တော် တို့ အနေနဲ့ တွေ့ရ တယ် ။ ဆိုတော့ ဘင်္ဂလားဒေ့ရှ် ကျ ပြန် တော့ သူ့ နိုင်ငံရေး နဲ့ သူ ဘာ မှ ဂရုစိုက် မအား ဘူး ပေါ့ လေ ။ ဆိုတော့ ထိုင်း က တော့ ဖိအားပေးတာ တော့ သိပ် မရှိ ပါ ဘူး ။ လိုအပ် သလောက် ဟို ပံ့ပိုး ကူညီ တယ် ဆိုတာ ထက် စာနာ နားလည်မှု ပေး တယ် ဆိုတဲ့ အနေအထား ပဲ ရှိ ပါ တယ် ဗျ ။
ဆလိုင်းဒိုခါရ် – အဲ့ဒီ မှာ ကျွန်တော် တို့ တော်လှန်ရေး ကို အများစု က ဆီးရီးယား အခြေအနေ ဟာ မျိုး ဖြစ်နိုင် တယ် ဆိုတဲ့ ဟာ မျိုး သုံးသပ်ချက် ရှိ တယ် ။ ဒါပေမယ့် ဆီးရီးယား နဲ့ မတူတာ က ဆီးရီးယား မှာ တော်လှန်ရေး လုပ်နေတဲ့ အင်အားစု ကို အိမ်နီးချင်း တူရကီ တို့ အနောက်အုပ်စု တွေ က တိုက်ရိုက် ပံ့ပိုး တဲ့ ဟာ ရှိခဲ့ တယ် ။ ဒီ အာဏာရ အစိုးရ ကို လည်း ရုရှား က ပံ့ပိုးခဲ့ တဲ့ ဟာ ရှိ တယ် ။ ကျွန်တော် တို့ စစ်ကောင်စီ ကို အမှန်တကယ် ဖြိုချနိုင် ဖို့ အတွက် အိမ်နီးချင်း နိုင်ငံ တစ် နိုင်ငံ ရဲ့ စစ်ရေး နိုင်ငံရေး သို့မဟုတ် ဒါ နည်းပညာ ပိုက်ဆံ အကူအညီ လို နေ ပြီ လို့ ဆရာ ယူဆ လား ။ ပြီး တော့ က ဆီးရီးယား ပုံစံ မျိုး အောင်မြင်မှု ရ ဖို့ အတွက် အဲ့ဒီ အပေါ် မှာ ဘယ်လို သုံးသပ် လဲ ဆရာ ။
ဗိုလ်မှူးကြီး Col. Mong Htwam – တော်လှန်ရေး တစ်ခု ထဲ မှာ အကူအညီ လို လား ဆိုတာ က တော့ လို တယ် ပေါ့ ဗျာ ။ နိုင်ငံတကာ က ပဲ ဖြစ်ဖြစ် ဒေသတွင်း အိမ်နီးချင်း နိုင်ငံ တွေ က ပဲ ဖြစ်ဖြစ် အကူအညီ တစ်ခု ရှိတာ နဲ့ မရှိတာ နဲ့ က တော့ အများကြီး ကွာ တာ ပေါ့ ။ ဒါပေမယ့် ကျွန်တော် တို့ ဗမာပြည် ရဲ့ ခုန တုန်း က ကျွန်တော် ပြော သလို ပေါ့ လေ ။ ဒေသတွင်း အင်အားကြီး နိုင်ငံ နှစ် ခု ကြား ထဲ မှာ လောင်ရိပ် မိ နေ တယ် ။ အဲ့ဒီ နိုင်ငံ တွေ ကိုယ်တိုင် က လည်း ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ကို ဗမာပြည် မှာ ဖြစ်ပေါ် မှာ ကို လိုလားမှု မတွေ့ရ ဘူး ဗျာ ။ နှစ်ချက် ရှိ တာ ပေါ့ ။ ဗမာပြည် ရဲ့ အရေးက ပထမ တစ်ချက် က ဒီမိုကရေစီရေး ဖြစ် တယ် ။ နောက် တစ်ချက် က တိုင်းရင်းသား တွေ ရဲ့ အမျိုးသား တန်းတူရေး နဲ့ ကိုယ့်ကံကြမ္မာ ကို ဖန်တီးခွင့် ကိစ္စ ဖြစ် တယ် ။ ဆိုတော့ အဲ့ဒီ အရာ နှစ် ခု လုံး က အိန္ဒိယ အနေနဲ့ ရော တရုတ် အနေနဲ့ ရော ဗမာပြည် မှာ အဲ့လိုမျိုး ပြုပြင် ပြောင်းလဲရေး ဖြစ် မှာ ကို လက်ခံနိုင် တဲ့ အနေအထား မျိုး မတွေ့ရ ဘူး ။ အဲ့ဒီ အပေါ် မှာ လည်း သူ တို့ ဆီ က အကူအညီ မျှော်လင့်တာ က အများကြီး အလှမ်းဝေး တယ် လို့ မြင် ပါ တယ် ဗျ ။
ဆလိုင်းဒိုခါရ် – အို ဆိုရင် ဗိုလ်မှူးကြီး အနေနဲ့ နောက်ဆုံး ကျွန်တော် တို့ ရဲ့ တိုင်းပြည် က ဘယ်လို ဦးတည်သွားနိုင် လဲ ။ Failed State သွားနိုင်ခြေ ရှိ သလား ။ သို့ မဟုတ် ဟို ဒီ တိုင်း ပဲ ရေရှည် ပြည်တွင်း ပဋိပက္ခ နဲ့ ရုန်းကန် နိုင်ခြေ ရှိ လား ။ ဘယ်လို မြင်မြင့် သလဲ ခင်ဗျာ ။ ဒီ ပေါ် နောက်ဆုံး အနေနဲ့ သုံးသပ်ပေးပါဦး ။
ဗိုလ်မှူးကြီး Col. Mong Htwam – ကျွန်တော် တို့ တိုင်းပြည် ဘယ် အနေအထား ကို သွား မလဲ ဆိုတော့ ဘယ် အုပ်စု က နိုင်ငံရေး စစ်ရေး အရ အသာစီး ရ သလဲ ပေါ့ ဗျာ ။ ဆိုတော့ အခု အနေအထား က အရက တော့ ကျွန်တော် တို့ က တော့ တစ်ဖက် က ပြော ရင် တော့ မတည်မငြိမ် အနေအထား လို့ ပြော လို့ ရ တယ် ။ စစ်ရေး အရ ကျွန်တော် တို့ တော်လှန်ရေး အင်အားစု တွေ က တော်တော် လွှမ်းမိုး ထားနိုင်တဲ့ အနေအထား ရှိ တယ် လို့ ကျွန်တော် တို့ သုံးသပ် လို့ ရ တယ်။ စစ်ဆင်ရေး နယ်မြေ တွေ ကျယ်ပြန့်နေ တယ် လို့ ကျွန်တော် တို့ သုံးသပ် လို့ ရ တယ် ။ သို့ သော် တစ်ဖက် က လည်း အဲ့ဒီ ဟာ ကို ပဲ နိုင်ငံတော် အာဏာ အထိုင် က နေ ပြီး တော့ မှ စစ်တပ် က လည်း သူ တို့ နည်း အလျောက် တုံ့ပြန်နိုင်တာ တွေ့ရ တယ် ဗျ ။ ဥပမာ အခု ဆိုရင် ရွေးကောက်ပွဲ ပြန် လုပ် မယ် ဗျာ ။ ဘာပဲ ဖြစ်ဖြစ် ရွေးကောက်ပွဲ က တော့ မရှိတာ ထက် စာရင် ရှိတာ ပို ကောင်း တယ် ဆိုပြီး တော့ မှ ထောက်ခံတဲ့ ပြည်သူ လည်း ရှိ တယ် ။ ထောက်ခံတဲ့ နိုင်ငံ လည်း ရှိ တယ် ။ နောက် တစ်ချက် က စစ်ရေး အရ က လည်း ကျွန်တော် ခုန တုန်း က ပြော သလို ပေါ့ ။ အဓိက လှုပ်ရှားနိုင်တဲ့ အဖွဲ့အစည်း တွေ က ကချင် နဲ့ ရှမ်းမြောက် မှာ ရှိ တယ် ။ အဲ့ဒီ ဟာ တွေ ကို တစ်ခါ တရုတ် က နေ ပြီး တော့ မှ သူ တို့ က တစ်ဆင့် ဖိအားပေး နိုင် တဲ့ အနေအထား ရှိ တယ် ဆိုတော့ သူ တို့ အတွက် စစ်ရေး ဘောင် လည်း ပို ပြီး တော့ မှ ကျဉ်းလာ တဲ့ သဘော ရှိ တယ် ။ ဆိုတော့ ဘယ် အနေအထား ရောက်နိုင် လဲ ဆိုတော့ ဒီ အခု ကာလ ရွေးကောက်ပွဲ လွန် တဲ့ အခါ မှာ နိုင်ငံရေး ရ တော့ စစ်တပ် က အသာစီး ရ ပြီ ။ အစိုးရ တစ် ခု ပြောင်းသွား တဲ့ ပုံစံ မျိုး တော့ ဖြစ် တာ ပေါ့ ဗျာ ။ ဆိုတော့ အဲ့ဒီ အနေအထား ကို လက်မခံနိုင် ဘဲ နဲ့ ကျွန်တော် တို့ ဘက် က ကြံ့ကြံ့ခံ မယ် ဆိုရင် တော့ ဒါ က Prolong Protracted Warfare ပေါ့ ။ အဲ့ဒီ အတိုင်း ပဲ ကျွန်တော် တို့ ဖြစ်သွားနိုင်တဲ့ သဘော ရှိ တယ် ဗျ ။
ဆလိုင်းဒိုခါရ် – ဟုတ်ကဲ့ ဗိုလ်မှူးကြီး အခု လို မအားတဲ့ကြား က နဲ့ ကျွန်တော် တို့ The Kaladan Post ကို အချိန် ပေးတဲ့ အတွက် ကျေးဇူး အများကြီး တင် ပါ တယ် ခင်ဗျာ ။
ဗိုလ်မှူးကြီး Col. Mong Htwam – ဟုတ်ကဲ့ ပါ ဗျာ ။