ဒီဇင် ၇

The Kaladan Post

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ လုံခြုံ ရေးတပ်ခွဲ(၂)မှ တပ်ကြပ်ကြီး မြင့်လွင်သည် စစ်တောင်းမြစ် အ နောက်ဘက်ခြမ်း၌ တပ်ပိုင်မြေဟူသော အကြောင်းပြချက်ဖြင့် သိမ်းဆည်းထားသည့် တောင်သူများ၏ လယ်မြေများမှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အခကြေးငွေ ကောက်ခံနေသည်ကို သတင်း ရရှိသဖြင့် တခွဲကြဲကျေးရွာသို့ ရောက်ရှိဖမ်းဆီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၅၀၄)က သတင်းထုတ်ပြန်သည်။ အဆိုပါ တပ်ကြပ်ကြီး မြင့်လွင်သည် ဖမ်းဆီးမှုနှင့် ကတ်သက်ပြီး ပြည့်သူ့ကာ ကွယ်‌ရေးတပ်ရင်း (၃၅၀၄) ရဲ့တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့ဖမ်းဆီးခဲ့တဲ့ ဦးမြင့်လွင်ဟာ ပြန်လည်ခုခံတာမျိုးမရှိဘူး သူ့ကိုဖမ်းမိပီးတော့ သူတို့ဘက်ကစစ်ကြောင်းထိုးလာပါတယ် ဒီသတင်းကြို ရတာနဲ့တကွ မိုင်းနဲ့ကြိုတင်စောင့်ဆိုင်းတိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ၂နာရီကြာမြင့်ခဲ့ပါတယ်ဟု The Kaladan Post သို့ ပြောဆိုသည်။ထို့အပြင် ဦးမြင့်လွင် လက်ထဲမှ လက်ပစ်ဗုံး ၃ လုံး၊ သက်သေခံ ကတ်ပြား၊ ငွေသား ၁၂၀၀ ကျပ်၊ ဖုန်း ၂ လုံး၊ ၁၂ ပေ Canter ကား ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း MOD ရဲ့ညွှန်ကြားချက်နှင့်တကွ အရေးယူဆောင်ရွက် သွားမှာဖြစ်ကြောင်း တပ်ရင်းတာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။ ဦးမြင့်လွင်ဖမ်းဆီးပြီးနောက် နိုဝင်ဘာလ ၂၆ ရက်နေ့ နေ့လယ် ၂:၂၅ နာရီမှ ၄:၂၅ နာရီအထိ ဒိုးတန်းဘက်မှ အင်အား ၄၀ ခန့်နှင့် လာသော စစ်ကောင်စီတပ်ဖွဲ့အား တပ်မတော်(၆၀၄)က ကားသုံးစီးဖြင့် အင်အား ၈၀ ခန့် ထပ်မံ အားဖြည့်ကာ စုစုပေါင်း အင်အား ၁၂၀ ကျော်ဖြင့် တခွဲကြဲ – ကွမ်းအုံ – ဝမ်းမကြီး လယ်ကြားလမ်း အတိုင်း စစ်ကြောင်းထိုးလာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၅၀၄) နှင့် ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့ ပူးပေါင်အဖွဲ့က မိုင်းများဖြင့် ကြိုတင်စောင့်ဆီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုမရှိခဲ့ကြောင်း အဆိုပါတပ်ရင်းက ဒီဇင်ဘာ၄ရက်ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။  တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများဖြစ်သည့် အီနာဂါဗုံးသီး ၁ လုံး၊ လက်ပစ်ဗုံး ၂ လုံး၊ အီကွေးမန့် ၂ ခု၊ MA-11 ကျည်ဘောက် ၁ ခု၊ ဦးထုပ်စစ်ဦးထုပ် ၂ လုံး၊ ၅.၅၆ မမ ကျည် ၈၉ တောင့် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။