—————————————————————————-
ဇူလိုင် ၂၃
The Kaladan Post
ရွှေဘိုမြို့နယ်၊ ညောင်ပင်သာစိုက်ပျိုးရေးကျောင်းတွင် အခြေပြုတပ်စွဲထားသော စစ်ကောင်စီတပ်စခန်း မှ စကစတပ်သားနှင့်ပျူ(၆)ဦးတို့သည် ၂၀၂၅ခုနှစ် မနက်၆နာရီခွဲခန့်တွင် ၊ဇူလိုင်လ(၂၂) ရက်နေ့တွင် ဆိုင် ကယ် (၃)စီးဖြင့် သွားလာလှုပ်ရှားနေချိန်တွင် ရွှေဘိုခရိုင်အမှတ်(၄)တပ်ရင်းမှ ကြိုတင်စောင့်ဆိုင်းကာ တိုက်ခိုက်ခဲ့ကြောင်း မဟူရာ ရွှေဘိုသား ၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါထုတ်ပြန်ချက်နှင့် ပတ် သက်ပြီး မဟူရာ ရွှေဘိုသားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့စခန်းလုံခြုံရေးအတွက် ကင်းလှည့်နေတဲ့ဆိုတာကို ကျွန်တော်တို့ဘက်က ကြိုတင်သတင်းရရှိထားလို့ ကြိုတင်စောင့်ကာတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်မှ ၄ယောက် သေဆုံးခဲ့ပြီး ၎င်းသေဆုံးသူတွေကို စစ်ကောင်စီဘက်က ပြန်လည် သယ်ဆောင်သွားပါတယ်”ဟု The Kaladan Post သို့ပြောဆိုသည်။ ထိုတိုက်ပွဲအတွင်းစစ်ကောင်စီတပ် များသည် ပန်းရံပျူရွာမှ တပ်အင်အား (၆၀)ခန့် ခန့်လောက်တပ်ကူပေးပြီး ၎င်းတပ်ကူလာတဲ့ အကောင် တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ ၄ယောက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ တပ်ကူလာသော စစ်ကောင်စီတပ်များသည် တိုက်ပွဲအပြီး လက်နက်ကြီးလက်နက်ငယ် များဖြင့် ယမ်းသပ်ပစ်ခတ်ခဲ့ကြတယ်လို့ မဟူရာ ရွှေဘိုသားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ဆက်လက်ပြော ဆိုသည်။ ရွှေဘိုခရိုင်အမှတ်(၄)တပ်ရင်းနှင့် မဟူရာရွှေဘိုသားPDFအဖွဲ့တို့မှ ပူပေါင်းပစ်ခတ်တိုက်ခိုက် ခဲ့တာဖြစ်ပြီး ဤတိုက်ခိုက်မှုအတွင် စစ်ကောင်စီဘက်မှ (၄)ဦးခန့်သေဆုံးခဲ့ပြီး ၄ဦး ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။ ထိုဖြစ်စဥ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များသည် ရန်သူ့ဘက်မှ G3သေနတ် တစ်လက်၊ ကျည်ဘောက် (၂)ခု၊ ကျည် (၁၆၈)တောင့် ၊ လက်ပစ်ဗုံး( ၁)လုံးနှင့်အတူ ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့သည်။ ဤတိုက်ခိုက်မှုသည် ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို ထိရောက်စွာ ဟန့်တားနိုင်ခဲ့သည့် အောင်မြင်မှုတစ်ခုဖြစ်ပြီး သိမ်းဆည်းရမိသည့် လက်နက်နှင့် ပစ္စည်းများသည် အနာဂတ်တွင် စစ်ကောင်စီတပ်ဖွဲ့များအား ဆက်လက်တိုက်ခိုက်ရန် အတွက် အရေးပါသော အရင်းအမြစ်ဖြစ်သည်။ လက်ရှိတွင် ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို ဆက်လက်စောင့်ကြည့်နေပြီး၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များမှ နောက်ထပ်တိုက်ခိုက်မှုများအတွက် အဆင်သင့်ပြင်ဆင်ထားကြောင်း ဤဖြစ်စဉ်သည် ဒေသတွင်း တော်လှန်ရေးအင်အားစုများ၏ ညှိနှိုင်းဆောင်ရွက်မှုနှင့် ဗျူဟာမြောက်စွမ်းရည်ကို ထင်ရှားစွာပြသခဲ့ခြင်းဖြစ်သည်။