ရွှေဘိုမြို့နယ်တွင် စကစကြောင်းထိုးပြီး ပြည်သူများဖမ်းဆီးခံရ၍ ထောင်နှင့်ချီထွက်ပြေး

မေ ၁၈ The Kaladan Post ၂၀၂၅ခုနှစ် မေလ ၁၄ ရက်မှစ၍ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးကာ တခွန်တိုင်ရွာ ဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင်ပြည်သူများအပါအဝင် အမျိုးသား ၃ ဦးကို ဖမ်းဆီးထားပြီး လက်နက်ကြီးပစ်ခတ်မှု၊ ပစ္စည်းဖျက်ဆီးမှုများကြောင့် တခွန်တိုင်၊ ညောင်ကန်၊ ကြောင်ပန်းကန်အပါအဝင် ရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဆေးဝါး၊ စားနပ်ရိက္ခာပြတ်လပ်မှုနှင့်အတူ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောကြားသည်။ ၇။ စကစဂိတ်တိုက်ခိုက်မှု စစ်သားနှင့် ပျူစောထီး ၃ ဦး သေဆုံး