ဇူလိုင် ၁၃

The Kaladan Post

၂၀၂၅ ခုနှစ် ဇူလိုင်လ ၄ ရက်မှ ၇ ရက်အထိ  ညီနောင်မဟာမိတ်တပ်ရင်းများက ရွှေဘိုမြို့နယ်ရှိ ပျူရွာ (၁) ရွာနှင့် ဗျူဟာစခန်းကုန်း (၃)ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း Brave Brothers People Defense Force ၏ထုန်ပြန်ချက်အရသိရသည်။ အဆိုပါထုန်ပြန်ချက်နှင့် ပတ်သက်ပြီး Brave Brothers People Defense Force ရဲ့တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ ဒီစခန်းသိမ်းပိုက်မှုမှာ မဟာမိတ်တပ်ပေါင်းစု တပ်ရင်း (၈)ခုနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ပြီးတော့ ဒီစခန်း တွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၅ယောက်နှင့် ဗျူစောထီး ၄၀ထက်မနည်း အထိုင်ချနေထိုင်တဲ့ စခန်းဖြစ်ပါတယ်”ဟု The Kaladan Post သို့ပြောဆိုသည်။ ဇူလိုင်လ၄ရက်နေ့ မနက်ပိုင်းတွင် ဟင်္သာကြီးပျူရွာစခန်းကုန်းနှင့် ဘိုးနတ်တောင်ဗျူဟာစခန်းကုန်းကို တပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။

၎င်းတိုက် ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ Jet Fighter ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများရှိခဲ့သော်လည်း၊ နေ့လယ် ၂:၃၀ခန့်တွင် ဟင်္သာကြီးပျူရွာစခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ အပြီးသတ်သိမ်း ပိုက်နိုင်ခဲ့ပြီး ဒုတပ်ရင်းမှူး ဗိုလ်မှူးချမ်းလွင်မောင်ကိုပါ အရှင်ဖမ်းဆီးနိုင်ခဲ့သည်။ ညနေ ၃:၀၀ ခန့်တွင် ဘိုးနတ်တောင်ဗျူဟာစခန်းကုန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာ တောင် လှဗျူဟာသို့ ဆုတ်ခွာသွားခဲ့သည်။ ဇူလိုင်လ ၅ ရက်နေ့တွင် တောင်လှ ဗျူဟာစခန်းကုန်းကို တစ်ရက်တစ်ညလုံး ထိုးစစ်ဆင်တိုက်ခိုက်ပြီး မနက်အစောပိုင်းတွင် အပြီး သတ်သိမ်းပိုက်ခဲ့ပြီး နောက် ဇူလိုင်လ၇ရက်နေ့တွင် အရပ်မနားဘဲ ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ  ညနေ ၅:၀၀ ခန့်တွင် ဘိုးထွန်းကျော်ဗျူဟာစခန်းကုန်းကိုပါ ထပ်မံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတိုက်ပွဲအတွင်း ဒုတပ်ရင်းမှူး ဗိုလ်မှူးချမ်းလွင်မောင်အား အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး၊ စစ်ကောင် စီတပ်ဖွဲ့ဝင်အချို့မှာ မခေါက်ရွာနှင့် တောင်လှဗျူဟာသို့ ထွက်ပြေးသွားကြကာ လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။ ၎င်းထုတ်ပြန်ချက်တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ရွှေဘိုခရိုင်တပ်ရင်းများသည် ပျူစောထီးကပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက် နေသည့်အတွက်၊ ပြည်သူများအနေဖြင့် စစ်ရေးသတိရှိထားရန်နှင့် စခန်းများအနီးသို့ သွားလာခြင်း မပြုရန် တိုက်တွန်းထားပြီး စစ်ဆင်ရေးဖော်ဆောင်နေသော တပ်ရင်းများကို တတ်နိုင်သည့်ဘက်မှ ကူညီပံ့ပိုးပေးရန် တောင်းဆိုထားသည်။ ဤတိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း (၁၅၊ ၁၈၊ ၂၃၊ ၂၆၊ ၁၇၀၁၊ ၉၇၀၆)၊ Brave Brothers (Local PDF) နှင့် တိုက်နယ်(၄) ရွှေဘိုကျားကြီး (ပကဖ) တို့ ပူးပေါင်းစစ်ဆင်ရေးသည် ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီ၏ ထိန်းချုပ်မှုကို အားနည်းစေပြီး ဒေသခံပြည်သူများအပေါ် ဖိနှိပ်မှုများကိုလျှော့ချရန် ရည်ရွယ်သည့်အရေးပါသော အောင်မြင်မှု တစ်ခုဖြစ်သည်။