ဩဂုတ် ၂

The Kaladan Post

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် ရေဘေးသင့် ရေရှည်စစ်ဘေးရှောင် ပြည်သူများ အား ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ shwebo Crocodile ၊ ရွှေဘိုမြို့နယ် လူ့အခွင့်အရေး တာဝန်ခံတို့မှ ပြည်တွင်း ပြည်ပ အလှူရှင်များမှရရှိသော အလှူငွေဖြင့် ဒုက္ခရောက်နေသော စစ်ဘေး ရှောင်များကို နိင်စွမ်းသည့်အားဖြင့် ပြည်သူ မှ ပြည်သူသို့ ပြန်လည်ထောက်ပံ့ လှူဒါန်းခွင့်ရသည်ကို ဝမ်းသာပီတိ ဖြစ်ရကြောင်း တာဝန်ရှိသူက The Kaladan Post သို့ သတင်း ပေးပို့ပါသည်။ ကျွန်တော် တို့သည်” ပြည်သူ့အမှုထမ်းရင်း ဘုံရန်သူကို ဖြိုဖျက်တိုက်ခိုက်နေတဲ့  အရံ စစ်သည်များ အဖြစ် တိုက်ပွဲများတွင်လည်း ပါဝင်ဆောင်ရွက်လျက်ရှိပါတယ် ပြီးတော့ ပြည်တွင်း ပြည်ပ အလှူရှင်များ ထံမှ ရရှိသော တပ်ဖွဲ့ပိုင်ရံပုံငွေများကို အသုံးပြုပြီးတော့ စစ်ဘေးရှောင်ပြည်သူများကို  လူသား စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခဲ့တာဖြစ်ပါတယ်”ဟု တာဝန်ရှိသူကဆိုသည်။ ယခုအခါ ရွှေဘိုမြို့နယ်အတွင်း ရေကြီးမှုဒဏ်ခံစားနေရသော စစ်ဘေးရှောင်အိမ်ထောင်စု (၁၀၀) စာအတွက် ဆန်သုံးပြည်နှင့် စားသုံးဆီတစ်ဗူးစီ ထောက်ပံ့ကူညီပေးခဲ့ကြောင်းသိရပါသည်။ ဤ လှူဒါန်းမှုသည် ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ ဒုတိယမြောက် ကူညီထောက်ပံ့မှု ဖြစ်ပါ သည်။ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့သည် ပြည်သူများထံမှ ရရှိသော အလှူငွေများကို စစ်ဘေးရှောင်ပြည်သူများအတွက် တိုက်ရိုက်ထောက်ပံ့ရန် အသုံးပြုထားခြင်းဖြစ်ပါသည်။ ရွှေဘို မြို့နယ်အတွင်း လူသားစာနာထောက်ထားမှုဆိုင်ရာ တာဝန်ခံတစ်ဦးရှိပြီး၊ ၎င်းသည် မြို့နယ်တစ်ခု လုံးအတွက် ဆောင်ရွက်လျက်ရှိသော်လည်း၊ ဤထောက်ပံ့မှုသည် တပ်ဖွဲ့၏ သီးသန့်ကူညီမှု ဖြစ်ပါသည်။  ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ယုံကြည်အားကိုးထိုက်သော အင်အားစု တစ်ခု အဖြစ် ရပ်တည်နိုင်မည်ဟု ယုံကြည်ထားကြောင်း တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။ ဤ လှူဒါန်းမှုသည် ဖြစ်ချင်ရာဖြစ်ရုံမဟုတ်ဘဲ၊ ဖြစ်သင့်ဖြစ်ထိုက်သည့် လူထုကူညီထောက်ပံ့မှု တစ်ရပ် ဖြစ်ပြီး၊ တပ်ဖွဲ့၏ နိုင်စွမ်းသည့်အားဖြင့် ဆက်လက်အားဖြည့်ကူညီသွားမည်ဖြစ်ကြောင်းသိရသည်။

ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့သည် ပြည်သူတွေရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ယူထားတဲ့ တပ်ဖွဲ့တစ်ခုဖြစ်ပြီး၊ ပြည်သူများအပေါ် အကြမ်းဖက်မှုများကို နှိမ်နင်းတိုက်ခိုက် ရေးတပ်ဖွဲ့အဖြစ်လည်း Shwebo Crocodile Page မှတစ်ဆင့် ဖွဲ့စည်းထားပါတယ်”ဟု တာဝန်ရှိ သူက ဆိုသည်။